ကျောင်းသားသမဂ္ဂ အဓွန့်ရှည်ပါစေသတည်း
ရင်ကမွေးလည်းသားကျောကမွေးလည်းသားကိုယ့်သားမှကိုယ့်သားကျောင်းသားတဲ့ငါ့သား ဗမာပြည်မှာ ပဒေသရာဇ်မင်းဆက်ပြတ်ပြီးနောက် ခေတ်သစ်ပညာရေး၊ ကျောင်း၊ ကျောင်းသားတွေ ပေါ်လာကတည်းက ကျောင်းသားနဲ့ မိဘပြည်သူများဟာ ခွဲလို့မရအောင် တလှေထဲစီး၊ တခရီးထဲသွား၊ တိုက်ပွဲတွေဝင်ပြီး အောင်ပွဲတွေ ဆင်ခဲ့ကြပါတယ်။ ၁၉၂ဝ ခုနှစ် သပိတ်ကစလို့ လို့ပဲ ဆိုကြပါစို့။ ပြည်သူတွေရဲ့ အဲဒီကိုလိုနီဘဝလွတ်မြောက်ရေး တိုက်ပွဲတွေကစလို့ ဒီနေ့အထိ မိဘပြည်သူတွေနဲ့ လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်ခဲ့/နေတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲတွေဟာ ဗမာနိုင်ငံသမို်င်းထဲကနေ ဖယ်ရှားပစ်လို့ မဖြစ်နိုင်သလို ဒီတိုက်ပွဲတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာဟာလည်း ဗမာပြည်နိုင်ငံရေးလောကက လူပုဂ္ဂိုလ်တဦးချင်း၊ ဒါမှ မဟုတ် အဖွဲ့အစည်းတခုချင်းကို တိုင်းတာတဲ့စံတမျိုး…
