Category Archives: သတင်း

ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက်

(တော်လှန်ရေး အင်အားစုများအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းနေခြင်း နှင့် ပတ်သက်၍ (ဗကပ) ၏သဘောထား) ရက်စွဲ – ၂၀၂၆ ခုနစ် မတ်လ ၂ရက် ၁၉၄၈ ခုနှစ်မှ စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေးသမိုင်းစဉ်တွင် လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခကို လက်နက်နှင့် တိုက်ခိုက်ဖြေရှင်းခဲ့သော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ နှစ်ဖက်အဖွဲ့အစည်းမှ တော်လှန်ရေး ရဲဘော်များ ကျဆုံးသွားခဲ့ကြရသည်။ နှစ်ဖက် အဖွဲ့အစည်းအတွက် အကျိုးမရှိ။ ရန်သူသာ အမြတ်ထွက်သည်။ ပြည်သူလူထု ထိခိုက်နစ်နာရသည်။ တော်လှန်ရေးသမိုင်းက သင်ကြားပေးလိုက်သည့် သွေးနှင့် ရင်းခဲ့ရသော သင်ခန်းစာ ဖြစ်သည်။ ဤသင်ခန်းစာအပေါ် အခြေပြု၍ ဘုံရန်သူကို ဦးတည်တိုက်ရေး လမ်းကြောင်းကို တော်လှန်ရေးက တောင်းဆိုချမှတ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ မျက်မှောက်အခြေအနေတွင်လည်း ဘုံရန်သူကို ဦးတည်တိုက်ရေးလမ်းကြောင်းသာ မှန်ကန်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက အလေးအနက်ယုံကြည်သည်။ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပဋိပက္ခသည် ပြည်သူတွင်းပဋိပက္ခ၊ မိတ်ဖက်ပဋိပက္ခသာ ဖြစ်သည့်အတွက် ရန်-ငါ ပဋိပက္ခသဖွယ် လက်နက်အင်အားသုံးပြီး မဖြေရှင်းသင့်။ ထိုဖြေရှင်းနည်းသည် ရန်သူစစ်အုပ်စုနှင့် စစ်တပ်ကိုသာ… Read More »

ငါးနှစ်ပြည့်ခဲ့ပြီ

(အရေးတော်ပုံ စာတည်းအဖွဲ့ အာဘော်) ၂၀၂၁ – ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့်ပြီ။ပြည်သူလူထုကြီး အသက်သွေးချွေး အိုးအိမ်မြေယာတွေ စွန့်လှူပြီး မိတကွဲ ဖတကွဲ ဖြတ်သန်းရတဲ့ ငါးနှစ်တာပဲ။ ပြည်သူ့သားသမီးတွေ အာဇာနည်သူရဲကောင်းအဖြစ် အသက်ပေးတိုက်သွားခဲ့ကြတဲ့ ငါးနှစ်တာပဲ။ ဦးစွာ သည် ၂၀၂၁ တော်လှန်ရေးကြီးကို ရရာလက်နက်ကိုင်စွဲ စတိုက်သူတွေလဲ ဖြစ်၊ အဓိက ထောက်ပံ့ပေးသူလဲ ဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် မလျှော့သော ဇွဲလုံ့လနဲ့ ဆက်တိုက်နေသူလဲ ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူနဲ့ တော်လှန်နေသူအပေါင်းကို အလေးအနက် အမွန်အမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ သည်ငါးနှစ်မှာ တော်လှန်ရေးဟာ မရှိရာက ရှိလာတယ်။ တော်လှန်ရေးအင်အားတွေ တိုးလာတယ်။ လက်နက်ကျည်ဆန်တွေ လက်မဲ့ကနေ လက်ရှိ ဖြစ်လာတယ်။ ပြောက်ကျားနယ်မြေတွေ၊ တော်လှန်ရေးဒေသနဲ့ အခြေခံစခန်းတွေ၊ စိုးမိုးနယ်မြေတွေ တိုးလာတယ်။ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူလူထု အတွင်းမှာလည်း သာမန်ကာလတွေမှာထက် တော်လှန်‌ရေးကာလ အတွင်းမှာသာ အလျင်အမြန် ရှင်းရှင်းလင်းလင်း ရရှိနိုင်တဲ့ နိုင်ငံရေး အသိတွေကို လည်း ရရှိလာတယ်။ သို့သော် တော်လှန်ရေးကား မအောင်သေး။… Read More »

ဂျီသရီး (G-3) ဖြစ်လာမှာလား

လှကျော်ဇော နှစ်သစ်ကူးကာလထရန့်ရဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ဗုံးကြဲပြီး သမ္မတဇနီးမောင်နှံပြန်ပေးဆွဲခန်းကတော့ တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ တနေ့ ဗင်နီဇွဲလားတော့ ခံရတော့မယ်-ဆိုတာ လူတွေရိပ်မိထားပေမယ့် ဒီလောက် မြန်ဆန်ဗြောင်ကျလိမ့်မယ် လို့တော့ တွက်မထားကြပါဘူး။ ဖြစ်လာတော့လည်း အားလုံးဝိုင်းကန့်ကွက်သူကကန့်ကွက် အားပေးသူကအားပေးနဲ့ ထောင့်အသီးသီးက ခွဲခြမ်းစိတ်ဖြာမှုအစုံစုံနဲ့ ပွက်လောရိုက်သွားပါတယ်။ တချို့ဝေဖန်ချက်တွေဟာအတော်စုံလင်ကောင်းမွန်ပြည့်စုံလှပါတယ်။ ဒါတွေ ရသမျှလိုက်ဖတ်ရင်း အာရုံထဲရောက်လာတဲ့အကြောင်းအရာတွေကို ရေးချင်လာပါတယ်။ ၁။ အမေရိကန်အစိုးရနဲ့ပြည်တွင်းအခြေအနေ။ ဒါကိုအကောင်းဆုံးပြောပြသွားသူများဟာ အမေရိကန်များပဲဖြစ်ပါတယ်။ (က)။ လွှတ်တော်အမတ်-ဘာနီဆောင်းဒါးရဲ့ ပြောစကားများ။ —ထရန့်ရဲ့ဒီလိုနိုင်ငံတကာဥပဒေတွေကိုဖောက်ဖျက်လုပ်ဆောင်မှုဟာ အမေရိကန်ကိုရော ကမ္ဘာကြီးကိုပါ ပိုမိုမတည်မငြိမ်ဖြစ်စေမှာ ဖြစ်ပြီး၊တခြားနိုင်ငံများအတွက် မကောင်းတဲ့အစဉ်အလာတရပ် ဖြစ်စေနိုင်တယ်။ ဒါ့အပြင်ထရန့်ဟာ ကိုယ့်နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကိုရော ဥပဒေကိုရော မထေမဲ့မြင်လုပ်ရာလည်း ကျတယ်။ —ထရန့်မဲဆွယ်စည်းရုံးစဉ်က-အမေရိကန်ပထမ-ဆိုတဲ့ ကြွေးကြော်သံတင်ခဲ့ပြီး သူ့ကိုယ်သူလည်း-ငြိမ်းချမ်းရေးဖော်ဆောင်သူလို့ ပြောနေတာပါ။ ဒါပေမဲ့ အခုတို့ဆီမှာ ပြည်သူ(၆၀)ရာနှုန်းဟာ တလတလ အလျင်မမီနိုင်အောင် ဖြစ်နေတယ်။ ကျန်းမာရေးစနစ် တခုလုံးလည်း ပြိုလဲမတတ်ဖြစ်‌နေပြီ။ ပြည်သူအတော်များများဟာလည်း အိုးအိမ်မဲ့တွေဖြစ်နေကြတာ၊အိမ်လခတွေမပေးနိုင်ကြတဲ့အဖြစ်တွေရောက်နေကြတာ။ ဥာဏ်ရည်တုတွေပေါ်လာလို့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရမဲ့အရေး။ ဒါတွေကိုသမ္မတဖြစ်တဲ့ ထရန့်ကဖြေရှင်းမပေးရုံမက နိုင်ငံကိုလည်း စစ်ပွဲတပွဲဆီခေါ်သွားဖို့လုပ်နေပြန်ပြီ။ ဒီလိုကိုယ့်နိုင်ငံကိုတောင် ကောင်းအောင်မအုပ်ချုပ်နိုင်ဘဲနဲ့များ… Read More »

ပြည်ချစ်စိတ်ဓာတ် စွဲကိုင်ပြီး စစ်သုံးစစ် အမြစ်ဖြတ်ရေးနဲ့ အတွေးအခေါ် တော်လှန်ရေးကို ဆင်နွှဲကြ

ရဲဘော်ဇင်ထွန်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ နှစ်သစ်ကို ကျူးကျော်စစ်နဲ့ စဖွင့်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီကိစ္စကို အားရဝမ်းသာ ဖြစ်နေသူတွေ သိပ်မရှိပါဘူး။ အမေရိကန်ရဲ့ မဟာမိတ် တိုင်းပြည်တွေကတောင် သူတို့နဲ့ မဆိုင်ဘူးလို့ လက်ရှောင်ကြတယ်။ အမှားနဲ့ အမှန်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြား နားလည်သူတွေကတော့ တညီတညွတ်တည်း ပြစ်တင် ရှုတ်ချကြပါတယ်။ ပြဿနာက ဗင်နီဇွဲလားအရေးနဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး။ ဒိန်းမိတ် လက်အောက်ခံ ဂရင်းလန်းကျွန်းကိုပါ သူလိုချင်ကြောင်း ပြောနေတာက ဒီ့ထက် ဆိုးဝါးတာတွေ ဖြစ်လာဦးမယ့် သဘောပါ။ လီနင်ပြောခဲ့သလိုပဲ နယ်ချဲ့စနစ်ဟာ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့်ပါ။ နယ်ချဲ့အရင်းရှင်တွေက ကမ္ဘာကြီးကို သူတို့ စိတ်တိုင်းကျ လှီးဖြတ် ခွဲဝေယူကြပြီး အနေအထားသစ်မှာ ဖြစ်ပေါ်တိုးပွားလာရင်း အကြပ်အတည်းတွေ ထပ်မံဆိုက်လာတဲ့အခါ ထပ်မံ မကျေနပ်နိုင်ကြ၊ မရောင့်ရဲ မတင်းတိမ်နိုင်ကြ ဖြစ်ကြပါတယ်။ တခါထပ်ပြီး အချင်းချင်း စစ်ခင်းကြကာ ကမ္ဘာကြီးကို လှီးကြ ဖြတ်ကြပြန်ပါတယ်။ စီးပွားရေးသမားကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်က သူ့ရှေ့က… Read More »

ဗင်နီဇွဲလားကို နယ်ချဲ့ ကျူးကျော်တာ သိပ်ရှင်းတယ်

ရဲဘော်အောင်စိုး (ဗင်နီဇွဲလား ပဋိပက္ခကို သုံးသပ်ခြင်း) ဗင်နီဇွဲလားအကြောင်းပြောကြပါစို့။ ဗင်နီဇွဲလားသမ္မတကို ဗမာမီဒီယာအတော်များများ၊ နိုင်ငံရေးသမားအတော်များများက အာဏာရှင်ဆိုပြီး ပုံဖော်နေကြတယ်။ ဆန်းတော့မဆန်းပါဘူး။ ကားလ်မာ့စ်ကိုလည်း အာဏာရှင်၊ လီနင်ကိုလည်းအာဏာရှင်၊ မော်စီတုံးကိုလည်း အာဏာရှင်ဆိုပြီး လစ်ဘရယ်တွေပုတ်ခတ်ကြတာဟာ ထုံးစံပဲမဟုတ်လား။ ကျနော်တို့ကို တရုတ်နဲ့ပေးစားပြီး ရန်လုပ်တာကလည်း ထုံးစံပဲမဟုတ်လား။ ဒါတွေကို ကျနော်တို့က အရေထူပြီးသားပါ။ မမှုပါဘူး။ ဒါပေမယ့် ပြောစရာတွေကတော့ရှိပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဝင်ဖမ်းလိုက်တဲ့ကိစ္စကို အာဏာရှင်တယောက်ကို အင်အားကြီးဒီမိုကရက်တစ်နိုင်ငံကြီးတနိုင်ငံက ဝင်ဖမ်းပစ်လိုက်ပြီး ဗင်နီဇွဲလားကို ဒီမိုကရေစီဇာတ်သွင်းလိုက်ပြီဆိုတာလောက်ပဲမြင်ရင် အလွန်မိုက်လုံးကြီးတဲ့အမြင်ပဲလို့ ပြောချင်တယ်။ အဲ့တော့ နောက်ကွယ်က တကယ့်အကြောင်းရင်းတွေက ဘာတွေလဲ။ တစ်အချက်က အကျိုးစီးပွားပြဿနာပါ။ ဗင်နီဇွဲလားက အာဏာရှင်နိုင်ငံမို့လို့ ထရမ့်က ပညာပြလိုက်တယ်၊ ဆုံးမလိုက်တယ်ဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ နောက်ကွယ်မှာ အကျိုးစီးပွားပြဿနာကြီးအကြီးကြီးရှိနေပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ တရားဝင်ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ ကမ္ဘာမှာ ရေနှံသိုလှောင်မှုအကြီးဆုံးနိုင်ငံကြီးပါ။ နီကိုလပ်စ်မာဒူရိုမတိုင်ခင်က ဗင်နီဇွဲလားသမ္မတဟောင်း ဟျူဂိုရှားဗက်စ် အာဏာမရခင်အထိတော့ အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ ဆက်ဆံရေးဟာ အဆင်ပြေခဲ့ကြပါတယ်။ အမေရိကန်အနေနဲ့ ဗင်နီဇွဲလားရဲ့ ရေနံတွေကို အကန့်အသတ်မရှိဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်… Read More »

၂၁ ရာစုမှာ တကြော့ပြန်ပေါ်လာတဲ့ ၁၈ ရာစု တော်လှန်ရေးရဲ့ ကြွေးကြော်သံ

ကြည်မြအောင် ဗမာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ကာလနဲ့ မရှေးမနှောင်းမှာပဲ ကမ္ဘာ့အရင်းရှင်နိုင်ငံကြီးများမှာ အထူးသဖြင့် အမေရိကမှာ လူငယ်များရဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ကျယ်ပြန့်လာပါတယ်။ ၂၀၁၉ ခုနှစ် ဝန်းကျင်မှာ စတင်ပြီး အရှိန်အဟုန်ရလာတဲ့ ဒီလှုပ်ရှားမှုမှာ ထောင်စုနှစ်မျိုးဆက် (millennial) နဲ့ ‘Z’ မျိုးဆက်လို့‌ ခေါ်ကြတဲ့ “ဂျန်ဇီး” လူငယ်တွေ ပါဝင်ကြပါတယ်။ သူတို့ ရဲ့ တွစ်တာနဲ့ တစ်တော့လို ဆိုရှယ်မီဒီယာတွေမှာ “သူဌေးတွေကို စားကြစို့” ဆိုတဲ့ ကြွေးကြော်သံက တစတစနဲ့ ကျယ်လောင် မည်ဟည်းလာခဲ့ပြီး မြေပြင်က သပိတ်တိုက်ပွဲတွေမှာလည်း ပင်တိုင် ကြွေးကြော်သံ ဖြစ်လာတယ်။ ပုလိပ်သတ်လို့ သေသွားတဲ့ ဂျော့ဖလွိုက် အရေးအခင်း တလျှောက်နဲ့ အနောက်နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့သွားတဲ့ နောက်ဆက်တွဲ ဆန္ဒပြပွဲများနဲ့ သပိတ်တိုက်ပွဲများမှာလည်း ဒီကြွေးကြော်သံက လူငယ်ထုရဲ့ ကြွေးကြော်သံ၊ လူငယ့်အသံ ပါပဲ။ “သူဌေးတွေကို စားကြစို့” ဆိုတဲ့စကားက ပြင်သစ် အဘိဓမ္မာဆရာ ရူးဆိုးရဲ့ အတွေးအခေါ်မှာ မြစ်ဖျားခံတယ်လို့ ဆိုကြပါတယ်။… Read More »

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး – ပြည်တွင်းငြိမ်းချမ်းရေး

ရဲဘော်ကိုတူး မင်းအောင်လှိုင်စစ်ကော်မရှင်က ရွေးကောက်ပွဲတုနဲ့အတူ စစ်ရေးထိုးစစ် နိုင်ငံရေးထိုးစစ် သံတမန်ရေးထိုးစစ်တွေတပြိုင်တည်း လုပ်လာနေတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ခွက်ခွက်လန် ရှုံးနိမ့်သွားပြီးနောက် (၂၀၀၈ ခြေဥကို ကိုယ်တိုင်ချိုးဖောက်ကာ) အာဏာသိမ်းခဲ့တဲ့ မအလစစ်အုပ်စုဟာ၊ တရားဝင်မှုပြန်ရဖို့ တခြားနည်းလမ်း မရှိတော့တာကြောင့် ရွေးကောက်ပွဲတု ကျင်းပဖို့ပြင်နေတယ်။ သူတို့ဟာ လူသေအလောင်းပုံပေါ်မှာ မဲလိမ်မဲခိုးကာ မဟားတရား အတည်ပြုထားတဲ့ ၂၀၀၈ နာဂစ်စစ်ခြေဥကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားနေတယ်။ရွေးကောက်ပွဲတုနဲ့အတူ ဖိနှိပ်ရေးဥပဒေအမျိုးမျိုးကိုလည်း ထုတ်နေတယ်။ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးခြင်းဆိုင်ရာ ဥပဒေများဖြစ်တဲ့ ပုဒ်မ ၅ (နေအိမ် ပရဝဏ်များထဲသို့ သက်သေမပါဘဲ ဝင်ရောက်ရှာဖွေခြင်း တားမြစ်ချက်)၊ ပုဒ်မ ၇ (တရားရုံးခွင့်ပြုချက် မလိုဘဲ ရက်အကန့်အသတ်မရှိ ချုပ်နှောင်မှု တားမြစ်ချက်)၊ ပုဒ်မ ၈ (ဝရမ်းမပါဘဲ အိမ် အခန်း အဆောက်အဦး ပရဝဏ်အတွင်း ရှာဖွေမှုတားမြစ်ချက်) … တို့ကို ရပ်ဆိုင်းကြောင်း ကြေညာတယ်။ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ… Read More »