Category Archives: ထုတ်ပြန်ကြေညာချက်

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၆ နှစ်မြောက်မွေးနေ့အတွက် ပါတီဗဟိုရဲ့ အမှာစကား

ဒီနေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ (၈၆) နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ပြည်တွင်းဒေသအသီးသီးက လက်နက်ကိုင် တိုက်ပွဲဝင်နေကြ တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မှူး ၊ တပ်သားများနဲ့ အတူ ပါဝင်တက်ရောက် အထိမ်းအမှတ် ပြုကြရတာကြောင့် ဝမ်းမြောက်မိပါတယ်။ ရဲဘော်အားလုံးကို အလေးနီပြုလိုက်ပါတယ်။ ပါတီ စတင် ထူထောင်ခဲ့ချိန်မှစ ဒီနေ့ထိ ပြည်သူလူထုနဲ့ ပါတီအကျိုးအတွက် လုံးပန်းတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်များအားလုံးကိုလည်း ဦးညွှတ်အလေးပြုလိုက်ကြောင်း ပြောလိုပါတယ်။ ပါတီရဲ့သမိုင်းမှာ မြေအောက်ပါတီအဖြစ်၊ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ ပါတီအဖြစ် အနိမ့်အမြင့်၊ အတက်အကျ ကာလအသီးသီးကို ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာပါတီဟာ မြေအောက်ပါတီ အနေအထားရော၊ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ပါတီ အနေအထားနဲ့ပါ ပုံစံနှစ်မျိုးလုံးနဲ့ ရပ်တည်တိုက်ပွဲ ဝင်နေတဲ့ကာလ ဖြစ်ပါတယ်။ ၁၉၉၀ မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြေအောက်ပါတီအဖြစ် ရပ်တည်ရင်း ဗမာပြည်ရဲ့ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွဲခဲ့ပါတယ်။ မြေအောက်ပါတီအဖြစ်ရပ်တည်ရင်း လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲနိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းမှုကို တလျှောက်လုံး လုပ်လာရင်းက ၂၀၂၁ မှာ နွေဦး… Read More »

အင်အားပြင်း ငလျင်ကပ်ဘေးသင့် ပြည်သူများအတွက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက် (၂၉.၃.၂၀၂၅)

NUCC ကျင်းပတဲ့ပြည်သူ့ညီလာခံ မတက်ရောက်ဖြစ်ကြောင်း ပြန်ကြားလွှာ

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်၂/၂၀၂၁၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။ ဗမာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူ့အုံကြွမှုကြီးမှာ အချိန်အားဖြင့် လဝက်ပင် ကျော်သွားလေပြီ။ ဤမျှရှည်ကြာစွာ တိုက်ပွဲဝင်နေကြသော ဗမာပြည် ပြည်သူလူထုကြီးကို အလေး အနက် ချီးကျူးဂုဏ်ပြု အားပေးထောက်ခံသွားရမည် ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးတွင် ပါဝင်နေသူများအနက် မနည်းလှသောရာခိုင်နှုန်းမှာ တနေ့လုပ်မှ တနေ့စားရသူများဖြစ်ပြီး သူတို့သည် အလုပ်ပျက်ခံ၊ အအိပ်ပျက်အစားပျက်ခံပြီး တိုက်ပွဲဝင်နေကြဆဲလည်း ဖြစ်သည်။ သူတို့မဲထည့်ရွေးချယ်ပေးလိုက်သော ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ကြိုးစားရာက အာဏာသိမ်းမှုပြုလိုက်သော စစ်အုပ်စုကို ပြည်သူလူထုကြီးက လွန်စွာရွံရှာမုန်းတီးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်လာကြသည်။ ဤသည်ကိုလည်း အသိအမှတ်ပြုရပေမည်။ တိုက်ပွဲမည်သို့အဆုံးသတ်မည်ကို အသေအချာမပြောနိုင်သေးသော်လည်း တိုက်ပွဲ မည်သို့ စတင်ခဲ့သည်ကိုတော့ တကမ္ဘာလုံးက မှန်ကန်တိကျစွာသိနေကြသည်။ ဗမာပြည် သမိုင်းမှာ ပေါ်ပေါက်ခဲ့သောယခင့်ယခင်က လူထုတိုက်ပွဲကြီးများနည်းတူ၊ အုပ်စိုး သူများ/ စစ်အာဏာရှင်များဘက်က စတင်ဖန်တီးခဲ့ခြင်းကြောင့် လူထုများ လမ်းပေါ်သို့ ရောက်ရှိ လာကြခြင်းဖြစ်သည်ဆိုသောအချက်ကိုမည်သူမျှမငြင်းကွယ်နိုင်ပေ။ စစ်အာဏာရှင်များသည် အာဏာကို လုယူရရှိထားသူများ… Read More »

ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သောဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက်

          ယနေ့ဖြစ်ပေါ်နေသည့် လူထုအုံကြွမှုကြီးနှင့်ပတ်သက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံရေးကော်မီတီ၏ထုတ်ပြန်ကြေညာချက် ၂/၂၀၂၁ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ   ၂၁  ရက် ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။ ဗမာပြည်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်သူ့အုံကြွမှုကြီးမှာ အချိန်အားဖြင့် လဝက်ပင် ကျော်သွားလေပြီ။ ဤမျှရှည်ကြာစွာ တိုက်ပွဲဝင်နေကြသော ဗမာပြည် ပြည်သူလူထုကြီးကို အလေး အနက် ချီးကျူးဂုဏ်ပြု အားပေးထောက်ခံသွားရမည် ဖြစ်ပေသည်။ ဤတိုက်ပွဲကြီးတွင် ပါဝင်နေသူများအနက် မနည်းလှသောရာခိုင်နှုန်းမှာ တနေ့လုပ်မှ တနေ့စားရသူများဖြစ်ပြီး သူတို့သည် အလုပ်ပျက်ခံ၊ အအိပ်ပျက် အစားပျက်ခံပြီး တိုက်ပွဲဝင်နေကြဆဲလည်း ဖြစ်သည်။  သူတို့မဲထည့် ရွေးချယ်ပေးလိုက်သော ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ ကြိုးစားရာက အာဏာသိမ်းမှုပြုလိုက်သော စစ်အုပ်စုကို ပြည်သူလူထုကြီးက လွန်စွာရွံရှာမုန်းတီးပြီး ပြတ်ပြတ်သားသား ဆန့်ကျင်လာကြသည်။ ဤသည်ကိုလည်း အသိအမှတ်ပြုရပေမည်။ တိုက်ပွဲမည်သို့အဆုံးသတ်မည်ကို အသေအချာမပြောနိုင်သေးသော်လည်း တိုက်ပွဲ မည်သို့ စတင်ခဲ့သည်ကိုတော့ တကမ္ဘာလုံးက မှန်ကန်တိကျစွာသိနေကြသည်။ ဗမာပြည် သမိုင်းမှာ ပေါ်ပေါက်ခဲ့သော ယခင့်ယခင်က လူထုတိုက်ပွဲကြီးများနည်းတူ၊ အုပ်စိုးသူများ/ စစ်အာဏာရှင်များဘက်က စတင်ဖန်တီးခဲ့ခြင်းကြောင့်… Read More »

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁

လတ်တလောအခြေအနေနဲ့ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သဘောထား ထုတ်ပြန်ချက်-၁/၂၀၂၁ ရက်စွဲ။ ။ ၃၁- ၁- ၂၀၂၁ တပ်မတော်အနေနဲ့အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း သတင်းစာရှင်းလင်းပွဲမှာ တပ်ဘက်က ပြောကြားလိုက်တာနဲ့ တဆက်တည်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေအားလုံး၏ Mother law ဖြစ်ပြီး မလေးစား မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမှာဖြစ်ကြောင်း ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ဗြောင်ပြောလာပြန်ပါတယ်။ အဲဒီနောက်၊ လုံခြုံရေး တင်းကျပ်ထားတဲ့ နေပြည်တော်မှာ စစ်တပ်ကိုယ်စားလှယ်များနဲ့ ဒီချုပ်ကိုယ်စားလှယ်များ တွေ့ဆုံတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တပ်ဘက်က ရွေးကောက်ပွဲရလဒ်ကို လက်မခံလိုတဲ့ သဘောထားဖော်ပြမှုနဲ့ အတူ လွှတ်တော်ရွှေ့ဆိုင်းဖို့ ကာလုံခေါ်ပေးဖို့တင်းတင်းမာမာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်တွေဟာ ၁၉၅၈ ပထမအကြိမ် စစ်တပ်က တရားဝင်အာဏာသိမ်းလို့ရအောင် တာတေစနေသား ဦးနုကို အကျပ်ကိုင် လက်မှတ်ထိုးခိုင်းသလို ဒီချုပ်ကို အကျပ်ကိုင်တဲ့သဘောပါပဲ။ ဒါဟာ သမိုင်းတပတ် လည်လာပြန်တာလား။ ၂၀၀၈ အောက်မှာ ဝင်မိသမျှ အစိုးရတွေဟာ ဒီလို စစ်အာဏာခြိမ်းခြောက်မှု၊ ၂၀၀၈ ခြေဥကို ကိုင်ပြီး အနိုင်ကျင့် ဗိုလ်ကျမှု၊အကျပ်ကိုင်မှုတွေ၊ စစ်ကိုယ်စားလှယ် တမတ်သားနဲ့ ထိန်းချုပ်မှုတွေ တောက်လျှောက် ရင်ဆိုင်နေရဦးမှာပါ။ ရင်ကြားစေ့ပေါ်လစီ မအောင်မြင်ကြောင်း… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက်

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မီတီ ၏ရခိုင်ဒေသအတွင်း ပျံ့နှံ့လာနေသော Covid – 19 ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ထုတ်ပြန်ကြေညာချက် ၁။ ယခုအခါ COVID-19 ကူးစက်မြန်ရောဂါသည် ရခိုင်ဒေသအတွင်း အလျှင်အမြန်ပျံ့နှံ့နေကြောင်းသတင်းများ ကြားသိနေရပါသည်။ ဩဂုတ်လ ၁၆ မှ ၂၃ ရက်နေ့ည ၈ နာရီအထိ ရောဂါပိုးတွေ့ရှိသူ ၅၉ ဦးအထိရှိလာပြီ။ တပြည်လုံး ကူးစက်ခံရသူစုစုပေါင်း ၄၅၀ ဦး ရှိခဲ့ပြီ။ ကျန်းမာရေးဝန်ကြီးဌာနသတင်းများအရ ယခုကူးစက်မှုမှာ မျိုးဗီဇပြောင်းလဲနေသော ဗိုင်းရပ်စ်အမျိုးအစား ဖြစ်နိုင်သောကြောင့် ကူးစက်မှုနှုန်း ဆယ်ဆမြန်ကြောင်းနှင့် ဒုတိယလှိုင်း တကြော့ပြန်လာတာဖြစ်နိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှလည်း ကာကွယ်ဆေးစမ်းသပ်ခြင်းနှင့် ကာကွယ်ဆေးလူတိုင်းစေ့ဖြန့်နိုင်ရေးမှာ နှစ်ချီကြာဦးမှာဖြစ်ကြောင်း သတိပေးထားသည်။         ၂။ ယခုအခါ ရခိုင်ဒေသတွင်း ရောဂါထိန်းချုပ်ရေးအတွက် ရပ်ကွက် မြို့ရွာအလိုက် ပိတ်ဆို့ထားခြင်း Lockdown- နေထိုင်မှု ကန့်သတ်ထားခြင်း၊ ညမထွက်ရအမိန့်ထုတ်ထားခြင်းများကို ဆောင်ရွက်ထားကြောင်း ကြားသိရပါသည်။ ရခိုင်မြောက်ပိုင်းတွင် အင်တာနက်ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ထားသည်မှာလည်း ကြာလှပါပြီ။ ရခိုင်နှင့်မွတ်စလင် ဒုက္ခသည်စခန်းများနှင့် လတ်တလော စစ်ဘေးရှောင်စခန်းများတွင်လည်း သိန်းနဲ့ချီသောလူများ ပြွတ်သိပ်လျက်ရှိနေသည်။ သူတို့၏ဒုက္ခများကိုလည်း နားလည်ပေးသင့်ပါသည်။ ၃။ ကမ္ဘာနှင့်ချီဖြစ်ပွားနေသော စီးပွားရေးအကျပ်အတည်းနှင့် ကိုဗစ်ကပ်အောက်တွင် ပြည်တွင်းစစ်ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာ စသော အသည်းအသန်ပြဿနာပေါင်းစုံနှင့်… Read More »