Category စိန်ရတုအထိမ်းအမှတ်
သံမဏိပန်းတပွင့်ရဲ့ ၇၅ နှစ်ခရီး
သူဟာ မုန်တိုင်းလည်းမကြောက် လေကြမ်းလည်း မရမ်းတဲ့ သံမဏိပန်းတပွင့် ကြွားကြွားဝင့်ဝင့် ပွင့်ဖူး ထူးလှတဲ့ စိန်ရတုတိုင် သူ မယိုင်လဲခဲ့ဘူး။ သူဟာ သမိုင်းဆရာ အဘိဓမ္မာဆရာ ရာဇဝင်ထဲက ကဗျာတပုဒ် နာနာသင်မှတ်ခဲ့ရတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ရဲ့။ သူဟာ အရုဏ်ဦးရဲ့သစ္စာ မိုးသောက်ကြယ် ရိုးမတွေရဲ့အထက်အောက်ကနေ မီးပွားတွေ လွှင့်ထုတ် အမိုက်အမှောင်ကို တွန့် ဆုတ်စေခဲ့။ သူဟာ လွတ်မြောက်ရေးတရားဟောသလို ထွက်ရပ်လမ်းကိုလည်း ကိုယ်တိုင်ဖောက် တပ်ဦးကိုပဲ အမြဲရောက်ခဲ့။ သူဟာ…
The Fire Next Time
The Fire Next Time by Maung Shwe Oh Many an anniversary we have marked over the past six decades and more, not just 8888, but 7th July and Bo Aung Gyaw Day too, and most recently the Saffron Revolution. They…
မုန်တိုင်းထဲက ဝါးပင်ပျို
အဖိုးကြီး ခင်ဗျားလည်း အသက်ကြီးပြီနော် အသက်ကြီးပြီသာဆို တောင်ဝှေးလည်းမလိုသေးပါလား။ ခင်ဗျားမှာတော့ သွေးထဲမှာ မအိုဆေးတွေ စီးဆင်းနေလေသလား။ ခင်ဗျားမတော့ဗျာ အလန်းဇယား*တွေလို လမ်းသလားနေလိုက်တာ ခင်ဗျာ့လက်တွေခြေတွေမှာ မော်တာတပ်ထားလေရော့သလား။ လမ်းမတွေကတော့ အသက်ရှူကျပ်နေတုန်းပဲဗျ ကြွက်စုတ်တွေကမှန်ဘီလူးထုတ်ပြီး ဗိုလ်ချုပ်လမ်းပေါ်မှာသန်းရှာကြတယ်။ လမ်းမလျှောက်ရဲသူတွေကတော့ စကားကို မပီကလာပီကလာပြောကြတယ်။ ဟောဒီလို တရားမျှတမှုတွေ အိပ်မောကျနေဆဲညဥ့်သန်းခေါင်ကြီးမှာ ဆိုင်ကယ်စီးဓါးသမားတွေ လမ်းသလားနေကြတယ်။ မျက်နှာမဖော်ဝံ့သူတွေက ရီမုတ်ကွန်ထရိုး** ကိုင်ပြီး အဆက်ဆင်*** ဂိမ်းကို ကစားကြတယ်။ ခင်ဗျားကတော့ လူတွေကြားမှာ တပေါင်းလေလို ဝှစ်ကနဲရောက်လာပြီး…
သဘာဝအနီနဲ့ ထာဝရအနီ
တမျိုးရှိုးထုတ်ကာ မကြွားလိုသော်လည်း ဟိုး မိုးကုတ်က ပတ္တမြားဆိုတာ ဒို့လူထုနဲ့သာဆိုင်ရာ သဘာဝရတနာဖြစ်ကြောင်း ကမ္ဘာသူ ကမ္ဘာသားအပေါင်း သိကြပါတယ်။ သဘာဝပတ္တမြားဟာ မြေသားများအောက်ရော ကျောက်လွှာအထပ်ထပ်တွင်ပါ ဓာတ်အင်အားများစွာပေါင်းပြု နှစ်ထောင်သောင်းသိန်းသန်း စုစည်း ဖြစ်တည်ပြီး လာခဲ့တာပါ။ ဤအနီကျောက်များထဲမှ ငမောက်မည်ခေါ် ပြည်တော်တန်လို့မှတ်ထား ပတ္တမြားနီခဲ ရွဲရွဲလဲ့လဲ့ကို နယ်ချဲ့ရဲ့ဗိုလ် ခိုးယူသွားခဲ့တယ်။ ဗိုလ်စလေဒင်သက်သက်လား နယ်ချဲ့လက်ချက်လား အငြင်းပွားရန်မလိုပါ။ ယခင်တချိန်တခါက ဦးမကောင်း ကင်းဝန်ဟာ အင်္ဂလန်မှာရောက်စဉ် ဟိုဘုရင်ကို ပြောပြလိုက်ရာ လွန်စွာအံ့သြ လိုချင်ဇောကပ်ခါ စာချုပ်တွေ…
လွမ်းကြပါတော့
(၁) ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူလူထုအပေါင်းတို့ စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော် သံလွင်ပေါ်ကနေ ဧရာဝတီ ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း မြစ်ရိုး၊ ချောင်းဖျား လျှိုကြား၊ မြောင်ကြား တောကြား၊ လယ်ကွင်း အိမ်တွင်း၊ တဲတွင်း ဆားကျင်း၊ သတ္တုတွင်း မိုင်းတွင်းတွေထဲ လူထုထဲအနှံ့ ဖြန့်ကျက်လိုက်တဲ့ အသံ ထားဝယ်သံ သြသြကြီးနဲ့ ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း ပဌမဆုံးသော ပြည်သူတရပ်လုံးသို့ မိန့်ခွန်းဟာ မြရာတောလယ် ကြွေခ ကြယ်စင်မြများကို အလေးပြုရင်း အရှင်းလင်းဆုံး ဖော်ပြ အလယ်ရိုးမရဲ့…
