Category စိန်ရတုအထိမ်းအမှတ်

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၄)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၄)—-ထွန်းဇင်အောင် အပိုင်း (၄) ရုရှားတော်လှန်ရေးမှာရှိတဲ့ တိုက်ပွဲပုံစံတွေက အတော့်ကိုအမျိုးစုံတာမို့ ဥရောပက ဓနရှင်တော်လှန်ရေးတွေနဲ့ယှဉ်ကြည့်ရင် ကွဲပြားပါတယ်။ ၁၉၀၂ ခုနှစ်တုန်းက ကောက်စ်ကီးက တစိတ်တပိုင်းအရ ကြိုတင်ဟောကိန်းထုတ်တဲ့အနေနဲ့ ဒီလိုပြောဖူးတယ်။ နောင်တချိန်ပေါ်ထွက်လာမယ့် တော်လှန်ရေး (ရုရှားတော့ ‘ဖြစ်ချင်မှဖြစ်မယ်’ လို့ သူကထပ်ပြောတယ်) က အစိုးရကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့တိုက်ပွဲမျိုးထက် လူထုလူတန်းစားနှစ်ရပ်ကြားကတိုက်ပွဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ရုရှားမှာ အနောက်က ဓနရှင်တော်လှန်ရေးတွေမှာထက် အဲဒီဒုတိယတိုက်ပွဲမျိုး (လူထုလူတန်းစားနှစ်ရပ်ကြားက တိုက်ပွဲမျိုး) ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်…

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၃)—-ထွန်းဇင်အောင် (အပိုင်း) (၃) ကျွန်တော်တို့ အခုပြောတဲ့တိုက်ပွဲကို ထုံးစံအတိုင်း အကဲဖြတ်နေကြတာက ဒါဟာ အစိုးရမဲ့ဝါဒဖြစ်တယ်၊ ဘလန်းကီးဝါဒ ဖြစ်တယ်၊ အကြမ်းဖက်ဝါဒဟောင်း ဖြစ်တယ်၊ လူထုနဲ့ကင်းကွာနေတဲ့ လူတချို့ရဲ့လုပ်ရပ်တွေဖြစ်တယ်၊ အလုပ်သမားတွေကို စည်းမဲ့ကမ်းမဲ့ ဖြစ်စေတယ်၊ လူထုလူတန်းစားအလွှာစုံကို သူတို့နဲ့ ကင်းကွာသွားစေတယ်၊ အရေးတော်ပုံကို ဖရိုဖရဲဖြစ်စေပြီး တော်လှန်ရေးကို ထိခိုက်စေတယ်။ ဒီလိုအကဲဖြတ်မှုကို ထောက်ခံတဲ့ ဥပမာတွေကို သတင်းစာတွေမှာ နေ့စဉ်အစီရင်ခံနေတဲ့ အဖြစ်အပျက်တွေမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အဲသလို ဥပမာတွေက…

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-(ထွန်းဇင်အောင်)

ဗီ အိုင် လီနင်ပြောက်ကျားစစ် – အပိုင်း(၂)—-ထွန်းဇင်အောင် မာ့က်စ်ဝါဒရေးရာ အဆိုပြုချက်တွေကို ထူထောင်ပြီးပြီမို့ ကျွန်တော်တို့ ရုရှားတော်လှန်ရေးကို ကြည့်ကြစို့။ တော်လှန်ရေးကဖန်တီးခဲ့တဲ့ တိုက်ပွဲပုံစံတွေရဲ့ သမိုင်းကြောင်းအရဖြစ်ထွန်းမှုကို ပြန်စဉ်းစားကြည့်ရအောင်။ အရင်ဆုံး အလုပ်သမားတွေရဲ့ စီးပွားရေးသပိတ်တိုက်ပွဲတွေ (၁၈၉၆-၁၉၀၀) ရှိခဲ့တယ်။ နောက် အလုပ်သမားတွေနဲ့ ကျောင်းသားတွေရဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေရှိတယ် (၁၉၀၁-၁၉၀၂)။ လယ်သမား သူပုန်ထမှုကြီးတွေရှိတယ် (၁၉၀၂)။ ဆန္ဒပြပွဲတွေနဲ့ အမျိုးမျိုးအဖုံဖုံ ပေါင်းစပ်ထားတဲ့ လူထုနိုင်ငံရေးသပိတ်တွေရဲ့အစ (ရော့စ်တော့ ၁၉၀၂၊ ၁၉၀၃ ခုနှစ် နွေရာသီ သပိတ်တိုက်ပွဲတွေ၊ ၉ ရက်…

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ (ကိုတူး)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ဆိုရင်စစ်သုံးစစ်ကို လုံးဝချေမှုန်းပစ်ရမယ်။ ကိုတူး မူရာမာယာတွေကြွယ်လွန်းတယ် ပြောရမလား။ ကြောက်ကန်ကန်တယ် ပြောရမလား။ ၂၁ ရက်နေ့ ညနေပိုင်းမှာ အာဆီယံအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သေချာပေါက်သွားရောက်မယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း Nikkei Asia ဂျပန်သတင်းဌာနက ဖော်ပြပါလာတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင်တက်မှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ အာဆီယံဟာ နိုင်ငံတကာမျက်နှာစာမှာ စစ်အုပ်စုအတွက် (ရှားရှားပါးပါး လူရာသွင်းဆက်ဆံပြီး) ကိုယ်တိုင်ပါဝင်ခွင့်ရတဲ့ ဒေသတွင်း နိုင်ငံစုံအဖွဲ့အစည်းဖြစ်လို့ ခေါင်းရှောင်ဖို့လည်း ခက်မှာပါ။ ကိုဗစ်ကပ်သင့်ကာလမှာ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးအဖြစ်…

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ (ညီဌေးကျော်)

ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ညီဌေးကျော် ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ဖို့ခက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်လို့ နိုင်ငံရေးသုခမိန်များ ပညာရှင်ဆိုသူများက (ခေတ်စကားနဲ့ပြောရရင်) ဂျင်းထည့်လိုက်တာကို ဒေါ်စုဟာ(rule of Law)အရ ရိုကျိုးလိုက်နာခဲ့သော်လည်း၊ ပြင်ချင်လည်း ရတယ်၊ ဖျက်ချင်လည်း ရတယ်၊ ဘာရေးထားထား လုပ်ချင်သလိုလုပ်လို့ရကြောင်း ဗိုလ်မင်းအောင်လှိုင်က အာဏာသိမ်းပြီး ပြသလိုက်ပါတယ်။ မဲမသမာမှုကြောင့် အာဏာသိမ်းရတာပါလို့ ဗိုလ်မင်းအောင်လှိုင်က လူရယ်စရာစကားနဲ့ ဆင်ခြေပေးပေမယ့် တကယ့်အကြောင်းရင်းက စစ်သူကြီးမင်းဆက် နန်းဆက်မပြတ်ဖို့နဲ့ သက်ဦးဆံပိုင်အာဏာဓား ထက်သထက် ထက်စေဖို့ပဲ ဖြစ်ပါတယ်။ အနှစ်နှစ်အလလ မျိုသိပ်ထားရတဲ့ လူထုကြီးက…

ဗမာပြည်သမိုင်းထဲက ပြည်တွင်းစစ် (မောင်သန်းမြရွှေ)

ဗမာပြည် လွတ်လပ်ရေးရပြီး ၃ လတောင်မပြည့်သေးခင် ၁၉၄၈ မတ်လ ၂၈ ညမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရုံးကိုစီးနင်း တပြည်လုံးရှိ ပါတီခေါင်းဆောင်များကို ဖမ်းဆီးရာမှ ပြည်တွင်းစစ်စတင်တယ်။ လွတ်လပ်ရေးနဲ့အတူ ၁၉၄၇ ဖွဲ့စည်းပုံအောက်မှာ တရားဝင်ရပ်တည်နေတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီကို အာဏာရ ဖဆပလပါတီအတွင်းမှ ဆိုရှယ်လစ်ပါတီအုပ်စုဖြစ်တဲ့ ဖဆဆိုရှယ် များက အလစ် အငိုက်ယူ အကြမ်းဖက်ဖမ်းဆီးကာ ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်လာ တယ်။ ပြည်သူ့ရဲဘော်နဲ့ တော်လှန်တဲ့ဗမာ့တပ်မတော် အင်အားစုများက ဗကပအပေါ် တဖက်သတ်ဖိနှိပ်မှုကို ဆန့်ကျင်ကာ ပြည်တွင်းစစ်ရပ်စဲရေး လက်ဝဲညီညွတ်ရေး (လွတ်လပ်ရေးအတွက်…