ဗိုလ်မင်းအောင်လှိုင်ရဲ့ အလိမ်အညာဒီတခါ ယုံပြန်ရင် ယုံသူတို့အပြစ်။
ဗိုလ်မင်းအောင်လှိုင်ရဲ့ အလိမ်အညာဒီတခါ ယုံပြန်ရင် ယုံသူတို့အပြစ်။ လှဝင်း စစ်အုပ်စုအဆက်ဆက် တိုင်းပြည်နှင့်ပြည်သူအပေါ် တရားမဲ့အုပ်စိုးခြင်း နည်းစနစ်များတွင် စစ်ဗျူရိုကရေစီယန္တရားဖြင့် ဖိနှိပ်အုပ်ချုပ်ခြင်း၊ ၂၀၀၈ ခြေဥ စသည့် မတရားသောဥပဒေ အမိန့်အာဏာတို့ဖြင့် စစ်အာဏာကို ခိုင်မြဲစေပြီး ပြည်သူအပေါ် စစ်ကျွန်ပြုခြင်း၊ တရားမဲ့ ဖက်ဆစ်ဆန်ဆန် သတ်ဖြတ်ခြင်း၊ စစ်ပြုခြင်း စသော နည်းနာများကျင့်သုံးသလို အခြားတဖက်တွင်လည်း လိုလျှင် အလွယ်ကတိပေး၍ မလိုလျှင် အလွယ်ကတိဖျက်ခြင်းအပါအဝင် လိမ်လည်လှည့်ဖြားခြင်းနည်းနာအမျိုးမျိုးတို့ကို ကျင့်သုံးလေ့ရှိပါသည်။ ဗိုလ်စောမောင်က ရွေးကောက်ပြီးလျှင် စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြောပါသည်။ မပြန်ပါ။ ရွေးကောက်ပွဲအနိုင်ရပါတီအား အာဏာလွှဲမည်ဟု ပြောပါသည်။ ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာမပေးချင်တော့ အနိုင်ရပါတီရဲ့ တာဝန်က အခြေခံဥပဒေဆွဲရမှာပါဟု လိမ်ပါသည်။ လက်တွေ့မှာ အခြေခံဥပဒေကို စစ်အာဏာအကျိုးစီးပွားအတွက် သူတို့က စိတ်ကြိုက်ရေးဆွဲခိုင်းပါသည်။ တကယ်တမ်းမှာ ၂၀၀၈ အခြေခံဥပဒေကို စစ်အုပ်စုက ရွေးဆွဲခဲ့တာပါ။ ရွေးကောက်ပွဲရလဒ်က သူတို့အကျိုးစီးပွားနဲ့ မကိုက်လျှင် ရွေးကောက်ပွဲက မသမာဟု လိမ်ပါသည်။ ဗိုလ်စောမောင်စ၍ ဗိုလ်မင်းအောင်လှိုင်လက်ထက်ထိ ရွေးကောက်ပွဲက သူတို့အကျိုးစီးပွားနှင့် မကိုက်ညီ၍ သူတို့… Read More »