Category Archives: အရေးတော်ပုံဂျာနယ်

ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ

ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ ဇော်လတ် (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေရဲ့ ပြောစကားတွေကြားလိုက်ရပါတယ်။ “ ရဲဆေးတင်တယ်”ဆိုတဲ့ စကားက ဒီတခါတော့ အသုံးအနှုန်းနဲ့ ဖြစ်ရပ်က ကွက်တိပဲလို့ ဆိုရမယ်။ ဘာလို့လဲဆိုတော့ “ကျီးကန်းပြင် – ကိုးတန်ကောက် – ငါးခူရအရေး ” မှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားရတဲ့ သူ့လက်အောက်က ရဲတပ်ဖွဲ့အတွက် ရဲဆေးတင်ပေးဖို့ အဓိကသွားရတဲ့ ခရီးစဉ်မို့ပဲ။ သူက ဘိုလိုလည်းပြောပါတယ်။ “ moral courage ရအောင် ငါပြန်လုပ်ပေးမယ်” တဲ့။ ရဲဆေးတင်ပုံ တင်နည်းကတော့ သင်းတယ်။ (ဗကပ)နဲ့ တိုက်ခဲ့ဖူးသူကို ပွဲထုတ်ပြီး ရဲဆေးတင်ရတာဖြစ်တယ်။ စစ်ဗိုလ်စစ်သားထဲမှာတော့ (ဗကပ)နဲ့ စစ်တိုက်ရတာက သူတို့အကြား မှာ ကြွားစရာ၊ ဂုဏ်ယူစရာတစ်ခုပဲ ထင်ပါတယ်။ ဒီအချက်နဲ့ သူတို့စစ်ဗိုလ်တွေ အချင်းချင်းအကြားမှာလည်း အပြန်အလှန် ကျောကြပုံပေါ်တယ်။ ပြည်ထဲရေးဝန်ကြီးတင် (ဗကပ)နဲ့ ရဲဆေးတင်နေတာ မဟုတ်ပါ။ စစ်တပ်ပိုင် “မြဝတီသတင်းစာ” အာဘော်ကနေ ၃… Read More »

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ်

ငြိမ်းချမ်းရေးလား၊ ဝေးသေးတယ် (စောအယ်ထူး) (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) ခေတ်သစ်ဗမာပြည်သမိုင်းမှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရင်းနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်ခဲ့ရတာဖြစ်တယ်။ ကိုလိုနီနယ်ချဲ့စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်နိုင်တဲ့ အချိန်မှာ အမျိုးသား စည်းလုံး ညီညွတ်ရေးစိတ်ဓာတ်ဟာ အမြင့်ဆုံးအဆင့်ကိုရောက်တတ်ပြီး ကိုလိုနီနယ်ချဲ့စနစ်ကို ဆန့်ကျင်ရာမှာ တွေဝေယိမ်းယိုင်မှုတွေ ပေါ်ပေါက်တဲ့ အခါမှာ အမျိူးသားစည်းလုံးရေး စိတ်ဓာတ်ဟာလည်း လျော့ရဲလာကာ အမျိုးသားစည်းလုံး ညီညွတ်ရေးလုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိတတ်ကြပါတယ်။ ဒီလိုအမျိုးသားစည်းလုံးညီညွတ်ရေးကို အဆင့်ဆင့်၊ အကွေ့အကောက်၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်လာကြရင်းနဲ့ ဒုတိယ ကမ္ဘာစစ်ကြီးကာလကို ရောက်လာလာတဲ့အခါ နယ်ချဲ့ဖက်ဆစ်ဂျပန်ကိုတော်လှန်ဖို့ လုံးပန်းကြရင်းနဲ့ တည်ဆောက်လိုက်တဲ့ အမျိုးသား စည်းလုံးညီညွတ် ရေးဟာ သမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ရရှိလိုက်ကြပါတယ်။ ဒါကြောင့်လည်း နယ်ချဲ့ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာ တွန်းလှန်အောင်ပွဲခံလိုက်ပါတယ်။ ဒီအောင်ပွဲအရှိန်ဟာ ဗမာပြည်ကို လွတ်လပ်ရေးပန်းတိုင်အထိ တွန်းပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖက်ဆစ်ဂျပန်ကို အောင်မြင်စွာတော်လှန်အပြီး လွတ်လပ်ရေးတိုက်ပွဲမှာ ရင်ဆိုင်ရတာက ဖက်ဆစ်ဂျပန် မဟုတ်ဘဲ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့သမားဖြစ်နေပြန်တယ်။ အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးမှာ အောင်နိုင်သူဖြစ်ပေမယ့်… Read More »

ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ်

ကျန်းမာရေးစောင့်ရှောက်မှုသည် ရောင်းကုန်မဟုတ် ကျော်ဇင်မင်း အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇ အညာကိုမရောက်တာကြာပြီဖြစ်သော ကျွန်တော့်အတွက် ညောင်ပြာသာဒ်ကြီးကို တွေ့လိုက်ရသည်နှင့် ခံစားချက်တို့ ထက်မြက်နိုးကြား လာလေသည်။ ညောင်ပြာသာဒ်ပင်ကြီးကား ခန်းနားကြီးကျယ်လှသည်။ အုံ့အုံ့ဆိုင်းဆိုင်းရှိလှသည်။ အံ့ဘနန်း ထူးခြားဆန်းကြယ်လှသည်။ ညောင် ပင်ကြီးမှသည် ကြီးမားထယ်ဝါသော အကိုင်းကြီးတွေ အဖက်ဖက်သို့ ဖြာထွက်နေသည်။ ထိုဖြာထွက်နေသောအကိုင်းကြီးတွေမှသည် ညောင်မုတ်ဆိတ်တွေ မြေသို့ တွဲရရွဲကျဆင်းနေကြသည်။ ညောင်မုတ်ဆိတ်တို့သည် အမြစ်မှသည် ပင်စည်အဖြစ်သို့ ကြီးထွား သန်မာ လာပြန်သောအခါ ညောင်ပင်ကြီး အောက်တွင် ညောင်ပင်တွေ အများကြီးပေါက်နေသလို ဖြစ်နေသည်။ ညောင်မုတ်ဆိတ်တွေက ဘယ်တပင်ညာတပင် ပေါက်နေရာ တံခါးပေါက်တွေလို ဖြစ်နေကြသဖြင့် ထိုအပေါက်တွေကို ညောင်တံခါးတွေဟုလည်း ခေါ်ကြသည်။ ညောင်ပြာသာဒ်ပင်ကြီးသည် နန်းတော်ကြီးနှင့်ပင်တူနေသေး တော့သည်။ ညောင်တံခါးပေါက်တခု၏ အလည်တွင် ကျောက်ရေအိုးစင်တခုကို တွေ့ရသည်။ ရေအိုးအသစ်လေးတွေက ရေတွေ စိမ့်ဖြာ စိုရွှဲနေသည်။ ရေအိုးဘေးခင်းထားသောသဲပေါ်တွင် မြက်ပင်လေးတွေနှင့် စိမ်းစိမ်းစိုစိုဖြစ်နေသည်။ ရေကုသိုလ်ပြုသူ၏စေတနာကို စိမ်းစို နေသော မြက်ပင်ကလေး များပေါ်တွင် တွေ့မြင်နေရသည်။ ငယ်ငယ်က အလယ်တန်းစကားပြေတွင်… Read More »

အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ

အခြေခံအကြောင်းရင်းကိုမမေ့သင့်ကြပါ ရဲဘော်ဖိုးသံချောင်း အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ကျွန်တော်တို့နိုင်ငံမှာဒီနေ့ဖြစ်ပျက်နေတာတွေ တော်တော်များများဟာ မျက်စိလည်စရာလို ဖြစ်နေပါတယ်။ ဒီမိုကရေစီစကားတွေ တဖောင်ဖောင် ပြောနေတဲ့အကြားက နိုင်ငံရေးအကြောင်းပြုတဲ့ အပြောအဆို-အရေးအသား အကြောင်းပြုပြီး အဖမ်းခံနေရတာတွေ ဆက်လက် တွေ့မြင်နေရတာ၊ ငွေကုန်ကြေးကျ အမြောက်အမြားခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ၂၁ပင်လုံညီလာခံကြီးတွေ တခြိမ်းခြိမ်း ကျင်းပနေတဲ့အကြားက တိုက်ပွဲတွေ တရံ မလပ်၊ စစ်ပြေးဒုက္ခသည်တွေ အပြေးမရပ်ဖြစ်နေရတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်နေတယ်ဆိုတဲ့အချိန်မှာ အလုပ်သမားပြဿနာတွေ တိုးသထက် တိုး၊ ကျွန်ပြုခံရ တယ်ဆိုတာမျိုးအထိဖြစ်၊ လယ်သမားမြေ ဆုံးရှုံးမှုတွေ များသထက်များဖြစ်နေရတာ၊ တရားဥပဒေစိုးမိုးရေးစကားတွေ စီစီညံ အောင်ကြားနေရတဲ့အကြားကပဲ ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲဖောက်ကားမှုပြဿနာဟာ ဆိုးသထက်ဆိုးလာနေတာ- ဒါတွေ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာကို ဗမာ နိုင်ငံသားတိုင်းက သိချင်နေကြပါတယ်။ နောက်ပြီး တယ်လီဖုန်းကိုင်တဲ့လူတွေ များသထက်များလာ၊ အင်တာနက်တက်သူတွေ များသထက်များလာ၊ အနေရာရာမှာ ပြည်ပက သင်တန်းတွေပေးတာတွေ များသထက်များလာနေတဲ့အကြားက ဒီနိုင်ငံမှာကျောင်းသားလူငယ်တွေနဲ့ မိဘတွေရဲ့မကျေနပ်မှုတွေဟာ လျော့သွား တယ်မရှိဘဲ ဘာကြောင့်တိုးသထက်တိုး များလာနေရတာလဲ။ ပြည်ပက အကူအညီမျိုးစုံ… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၆)

aydb2-6

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၅)

aydb2-5

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၄)

AYDB2-4