ငါးနှစ်ပြည့်ခဲ့ပြီ
(အရေးတော်ပုံ စာတည်းအဖွဲ့ အာဘော်) ၂၀၂၁ – ပြည်သူ့တော်လှန်ရေးကြီး ငါးနှစ်ပြည့်ပြီ။ပြည်သူလူထုကြီး အသက်သွေးချွေး အိုးအိမ်မြေယာတွေ စွန့်လှူပြီး မိတကွဲ ဖတကွဲ ဖြတ်သန်းရတဲ့ ငါးနှစ်တာပဲ။ ပြည်သူ့သားသမီးတွေ အာဇာနည်သူရဲကောင်းအဖြစ် အသက်ပေးတိုက်သွားခဲ့ကြတဲ့ ငါးနှစ်တာပဲ။ ဦးစွာ သည် ၂၀၂၁ တော်လှန်ရေးကြီးကို ရရာလက်နက်ကိုင်စွဲ စတိုက်သူတွေလဲ ဖြစ်၊ အဓိက ထောက်ပံ့ပေးသူလဲ ဖြစ်၊ ကြံ့ကြံ့ခိုင်ခိုင် မလျှော့သော ဇွဲလုံ့လနဲ့ ဆက်တိုက်နေသူလဲ ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူနဲ့ တော်လှန်နေသူအပေါင်းကို အလေးအနက် အမွန်အမြတ် ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်။ သည်ငါးနှစ်မှာ တော်လှန်ရေးဟာ မရှိရာက ရှိလာတယ်။ တော်လှန်ရေးအင်အားတွေ တိုးလာတယ်။ လက်နက်ကျည်ဆန်တွေ လက်မဲ့ကနေ လက်ရှိ ဖြစ်လာတယ်။ ပြောက်ကျားနယ်မြေတွေ၊ တော်လှန်ရေးဒေသနဲ့ အခြေခံစခန်းတွေ၊ စိုးမိုးနယ်မြေတွေ တိုးလာတယ်။ တော်လှန်ရေး အင်အားစုများနဲ့ ပြည်သူလူထု အတွင်းမှာလည်း သာမန်ကာလတွေမှာထက် တော်လှန်ရေးကာလ အတွင်းမှာသာ အလျင်အမြန် ရှင်းရှင်းလင်းလင်း ရရှိနိုင်တဲ့ နိုင်ငံရေး အသိတွေကို လည်း ရရှိလာတယ်။ သို့သော် တော်လှန်ရေးကား မအောင်သေး။… Read More »
