ကမ္ဘာ့အလုပ်သမားတိုက်ပွဲသတင်း
ဗီယက်နမ် ဆမ်ဆောင်းကုမ္ပဏီက အဓိကရုဏ်း ဇန်နဝါရီလ ၉ ရက်နေ့မှာ ဗီယက်နမ် ယင်ဘန် စက်မှုဇုံရှိ ဆမ်ဆောင်း မိုလ်ဘိုင်းဖုန်းစက်ရုံမှာ အဓိကရုဏ်း တစ်ခု ဖြစ်ပွားခဲ့တယ်။ ဟနွိုင်းမြို့ မြောက်ဖက် ၆၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ အဲ့ဒီစက်ရုံမှာ ဖုန်းတပ်ဆင်သူနဲ့ ထုတ်လုပ်သူ အလုပ်သမား တစ်သောင်းကျော် အလုပ်လုပ်ပါတယ်။ လုံခြုံရေးအစောင့်တွေက အလုပ်သမားတချို့ကို စက်ရုံထဲကို အစားအသောက်မယူဖို့ ပြောရာကနေ ရန်ဖြစ်ကြတာလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြကြတယ်။ မျက်မြင်တွေ ပြောတာကတော့ အစောင့်တစ်ယောက်က အလုပ်သမားတစ်ယောက်ကို သတိမေ့တဲ့အထိ ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအဓိကရုဏ်းမှာ အလုပ်သမား ၁၁ ဦး ထိခိုက်ဒဏ်ရာရပြီး ၅ ဦးက စိုးရိမ်ရပါတယ်။ အစောင့်တွေရဲ့ မော်တော်ဆိုင်ကယ် ၁၀ စီး နဲ့ ကွန်တိန်နာ ၃ စီး မီးရှို့ဖျက်ဆီးခံရပါတယ်။ ထိုင်ငုယင် မြို့နယ်ပြည်သူ့ကော်မတီဥက္ကဌ ဒွန်နောက်လောင်က အဓိကရုဏ်းမှာပါဝင်တဲ့သူတွေကို ဥပဒေအရ အရေးယူမယ်၊ နောင်မှာ အလားတူအဖြစ်မျိုး မဖြစ်အောင် ကာကွယ်သွားမယ်လို့ ကြေညာသွားပါတယ်။ မျက်မြင်သက်သေ အင်ဂျင်နီယာ… Read More »