Category Archives: သတင်း

သွေးချင်းချင်းနီသော်လည်း ဦးမညွတ်

စစ်အာဏာရှင်စနစ်ဘက်မှ ၂၀၁၅ ခုမတိုင်မီ ခုအချိန်ကတည်းက အကြမ်းဖက်နည်းဗျူဟာကို မိုက်မိုက်ကန်းကန်း ကျင့်သုံးတော့မည်ဖြစ်ကြောင်း သေနတ်သံပေးအချက်ပြလိုက်ပေပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲမှု၊ ကျောင်းသားများအကြားသွေးခွဲမှုတို့ကို တဖက်က လုပ်ရင်း အကြမ်းဖက်ဖိနှိပ်မှုတို့ကို ဟန်ချက်ညီညီပေါင်းစပ်ကျင့်သုံးနေခြင်း ဖြစ်သည်။ သူတို့တလျှောက်လုံး ကျင့်သုံးလာခဲ့သော လက်သုံးတော် နည်းလမ်းဟောင်းများကို အခြေအနေနှင့်အညီ တိုးချဲ့ကျင့်သုံးလာခြင်း ဖြစ်သည်။ လိုင်ဇာဗိုလ်သင်တန်းကျောင်းကို အမြောက်နှင့် ထုခြင်းမှအစ၊ သပိတ်နှင့် ဆန္ဒပြပွဲများကို ဖမ်းဆီးထောင်ချ ဖိနှိပ်ခြင်း၊ ကိုပါကြီးကို သတ်ဖြတ်ခြင်း၊ ထောင်နှင့်ချီသော အိုးအိမ်မဲ့ ပြည်သူများ၏ တဲအိမ်များကို အကြမ်းဖက် ဖျက်ဆီးခြင်းအလယ်၊ ယခု လက်ပံတောင်း ပစ်ခတ်သတ်ဖြတ်မှုအဆုံး စစ်အာဏာရှင်စနစ်ဘက်မှ (ငါ့ကုလားက ဓားပါတယ်) ဟု ပြည်သူလူထုအား အသိပေးခြိမ်းခြောက်နေခြင်း ဖြစ်ပေသည်။ အာဏာပိုင်တို့၏ စော်ကားအနိုင်ကျင့်မှု လုပ်ဟန်လည်း ဖြစ်သည်။ လူ့အရိုင်းအစိုင်းတို့အုပ်စိုးသော တိုင်းပြည်ဝယ် လယ်သမားထု သွေးအိုင်ထုထဲ နစ်နေစဉ် လယ်သမားအရေးကို လျစ်လျူမရှုဘဲ အလေးအနက်ထားသူ အင်အားစုကသာ သမိုင်းတွင် လယ်သမားထု ထောက်ခံမှု ရရှိပြီး နောက်ဆုံးတွင် အဆုံးသတ် အောင်ပွဲကို ဆွတ်ခူးနိုင်မည် ဖြစ်သည်။… Read More »

Paradise of Hunters- ပမာအလား

Paradise of Hunters- မုဆိုးများရဲ့ သုခဘုံတဲ့။   – မျက်မှောက် ဗမာပြည်နိုင်ငံရေးအခြေအနေမှာ စစ်အုပ်စုနဲ့ ဦးသိန်းစိန်စစ်အစိုးရ လုပ်ပုံကိုင်ပုံတွေကို မြင်တွေ့ရတိုင်း Paradise of Hunters- မုဆိုးများရဲ့ သုခဘုံ ဖန်တီးသလို လုပ်နေကြတာလားလို့ မကြာခဏအတွေးရောက်မိတယ်။ ၁၉၁၈ ခုနှစ် ဗမာပြည်ကို ဘုရင်ခံ ဆာဟာကုတ် ဘတ္တလာ  ခရစ္စမတ် ရက်သတ္တပတ်အဖြစ် လာစဉ်တုန်းကပါ။ ဘုရင်ခံနဲ့ အမဲပစ်မယ့် သားသတ်အဖွဲ့တွေ သားကောင်ပေါ၊ သားကောင်စုံတဲ့ ကသာခရိုင်၊ နမ့်ပေါင်းကျေးရွာအနီး သစ်တောကြိုးဝိုင်းသို့ မလာမီ ရက်ပေါင်းများစွာကတည်းက တောကြပ်တွေ၊ တောခေါင်းတွေက သစ်တောဧရိယာ စတုရန်းမိုင်ပေါင်းများစွာအတွင်း နေရာပေါင်းများစွာ ဆားတွေ လိုက်ပုံပေးထားရတယ်။ သားကောင်တွေဆိုတာက အငန်ဓာတ် ကြိုက်တတ်ပေသကိုး။ ဆားပုံလျော့သွားရင် ပြန်လည်ဖြည့်တင်းဖို့ အမြဲတမ်း ကြည့်ရှုစစ်ဆေးနေကြရတယ်။ ဒါက သားကောင်တွေကို ဖြားယောင်သွေးဆောင်ရတဲ့ လုပ်ငန်း။ ဒီရက်တွေ အတောအတွင်း ငှက်ကလေး ကြက်ကလေးများကို မပစ်ရ၊ သေနတ်သံ မပေးရလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ သတ်ပွဲမတိုင်မီ တောကောင်တွေ လန့်သွားမှာ… Read More »

အနှစ်မဲ့တဲ့ ကြက်ဆူပင်ပါလား

(နိုင်ငံတခုရဲ့အသက်က ဒီအခြေခံဥပဒေပဲ။) တဲ့။   ဗိုလ်မင်းအောင်လှိုင်က သူ့ရဲ့ အင်တာဗျူးထဲမှာ အဲသလို ထည့်သွင်းပြောကြားသွားတယ်။ အခြေခံဥပဒေရဲ့ အမှားအမှန် ပြဿနာကို ထည့်ပြောမသွားဘူး။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ဖို့။ တနည်းဆိုရင် အာဏာကို သူတို့သားစဉ်မြေးဆက် ချုပ်ကိုင်ထားဖို့ ရေးဆွဲထားတဲ့ ဥပဒေလား၊ ပြည်သူတွေရဲ့ ဘဝ လုံခြုံရေး အေးချမ်းသာယာရေး၊ တိုင်းပြည်စည်ပင်ဝပြောစေရေးအတွက် ရေးဆွဲထားတဲ့ ဥပဒေလားဆိုတာတော့ ခွဲခြားပြောဆိုဖို့ ဝေလာဝေး၊ သူကိုယ်တိုင်မှ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေမှာတောင် မဟုတ်ပါ။ ပြည်သူလူထုအကျိုး နက်နက်ရှိုင်းရှိုင်း အကျိုးပြုမယ်ဆိုတဲ့ စိတ်ဓာတ်မရှိတာကတော့ သေချာပါတယ်။   ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတခုရဲ့ အသက်-လို့ သူပြောတဲ့အတိုင်းပါပဲ။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ရေးကို တံတိုင်းလို ကာဖို့ ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေကြောင့် ပြည်သူလူထုကြီး ဒုက္ခပင်လယ်ဝေနေရတယ်။ အသက်တွေ သေပေးနေရတယ်။ တိုင်းပြည်သွေးချောင်းစီးနေရတယ်။ တိုင်းရင်းသားပြည်သူတွေ အလောင်းချင်း ထပ်နေရတယ်။ ကျောင်းသားသူငယ် ကလေးအရွယ် လူမမယ်တွေကအစ လမ်းပေါ်ထွက် ဆန္ဒပြနေရတယ်။ ဒီအခြေခံ ဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘဲ ကာချုပ်ပြောတဲ့ မူ (၆) ချက်ကြောင့် အတုအယောင် ငြိမ်းချမ်းရေးဆိုတာတောင် အကောင်အထည် မပေါ်ဘဲ လေထဲမှာ ချာချာရမ်းပြီး တိုးလိုးတန်းလန်းကြီးဖြစ်နေရတယ်။ ဒီလိုအခြေခံဥပဒေဟာ နိုင်ငံတခုရဲ့ အသက်လို အရေးပါတယ်ဆိုရင် မကောင်းတဲ့… Read More »

ရေသောက်မြစ်

ကိုပါကြီးအမှုကို ရေဝေးမှာတင် ပြည်ဖုံးကားမချဘဲ  အမှုမှန်ပေါ်ပေါက်အောင် ရေဆုံးရေဖျားလိုက်ဖို့ ပြည်သူထဲမှ တောင်းဆိုသံများ ပေါ်ထွက်လာပါတယ်။   ဒါနဲ့တချိန်တည်း စစ်အာဏာပိုင်တွေနဲ့ စစ်အစိုးရက ဒီအမှုမှာ စစ်တပ်ဘက်က မီးကုန်ယမ်းကုန် ကာကွယ်မယ်ဆိုတဲ့သဘောနဲ့ သက်သေခံမယ့်သူတွေ၊ ရှေ့နေတွေကအစ ဖိအားပေးခြိမ်းခြောက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။   ပြည်သူများဘက်က စစ်တပ်နဲ့ စစ်အစိုးရ သတ်ဖြတ်လုပ်ကြံတာ ကိုပါကြီးတယောက်တည်းမက ကချင်ပြည်နယ်က မဆွန်လွတ်ရွယ်ဂျာကအစ ၊ ရှမ်းပြည်နယ်၊ပလောင်ဒေသ၊ မန္တလေးမြို့ပေါ်မှာ၊ ရန်ကုန်မြို့ပေါ်မှာ စသဖြင့် ဗမာပြည်အနှံ့အပြားက စာရင်းတွေ တက်လာနေပါတယ်။ ဒါဟာ ပြည်တွင်းစစ်အတွင်း စစ်တပ်က အရပ်သားပြည်သူတွေကို မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာ၊ ပြည်သူ့အိုးအိမ်ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးရမ်းကားတာတွေ စာရင်းမတင်သေးဘဲ တဦးချင်းအသတ်ခံရတဲ့ ကိစ္စများကိုသာ ပြောကြားနေကြတာ ဖြစ်ပါတယ်။ သတ်တဲ့အထဲမှာ ရဲတပ်ဖွဲ့လည်း ပါပါတယ်။   စစ်တပ်ကိုသာ လူသတ်ခွင့် ပေးထားတာ မဟုတ်ပါ။ လူသတ်လိုင်စင်ကို ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုနဲ့ စစ်အစိုးရက စစ်တပ်ကိုသာမက ရဲတပ်ဖွဲ့ရော၊ စွမ်းအားရှင်တွေရော၊ သူတို့က လူသတ်ဓားတွေ၊ လူသတ်လက်နက်တွေနဲ့ သတ်စေအမိန့်တွေ၊ ပြည်သူ့အိုးအိမ်ဖျက်ဆီးမိန့်တွေ၊ မီးတိုက်ခွင့်တွေ… Read More »

ကြီး ၁၄ ကြီး

ကြီးဆယ့်လေးကြီးတဲ့။             ဗိုလ်သိန်းစိန်စစ်အစိုးရက ကြီးကိုးကြီးအစည်းအဝေး ကျင်းပမယ်လို့  ကြေညာလိုက်တော့ ဆရာရွှေပြည်ဧရေးပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ နပမ်းဆံသီချင်းထဲက “နောက်တခါလာပြန်ပြီတမျိုး”ဆိုတာကို သတိရလိုက်မိတယ်။             ဗိုလ်နေ၀င်းလက်ထက်တုန်းက စပါးပြီးစပါး-မယားပြီးမယားဆိုတဲ့ ဆိုရိုးစကား ပေါ်ထွက်ခဲ့သလို အခု ဗိုလ်သိန်းစိန် လက်ထက်မှာတော့ အစည်းအဝေးပြီးအစည်းအဝေး၊ ကော်မရှင်ပြီးကော်မရှင်လို့ ပြောရမလို ဖြစ်နေပါကလား။ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို မပြီးနိုင်မစီးနိုင် နှစ်နဲ့ချီအချိန်ဆွဲထားပြီး စစ်အစိုးရအတွက် နိုင်ငံရေးအမြတ်၊ သူတို့လူတဦးချင်းအတွက် စီးပွားရေးအမြတ်တွေ ထွက်လာအောင်ဖန်တီးနိုင်တာဟာ ကမ္ဘာမှာဒီအစိုးတခုရပဲ ရှိမယ်ထင်တယ်။             ဒီတခါထိုးဇာတ်က အမေရိကန်သမ္မတအိုဘားမား လာမယ့်အချိန်နဲ့ တွက်ပြီးလုပ်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်တဦးက အင်တာဗျူးတခုမှာ ပြောသွားတာ ကြားလိုက်ရတော့ သူပြောတာ အကျိုးအကြောင်း ကိုက်ညီတယ်လို့ အောက်မေ့မိတယ်။ ဒါ့အပြင် ဆွေးနွေးပွဲမစမီ နာရီပိုင်းအတွင်းမှာပဲ အိုဘားမားကနေ ဗိုလ်သိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဆီကို ဖုန်းဆက်လိုက်တယ်ဆိုတော့ ဒီအချက်ဟာ ပိုသေချာသွားတယ်။ အိုဘားမားကလည်း ခေါင်းငြိတ်ပြတဲ့သဘော။ ဒါကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဖျက်သိမ်းပြတာ၊ နိုင်ငံရေးအကျဉ်းသား (သူတို့ကတော့ ဒီလို မပြောပါ။ နောက်ပြီး ရာဇဝတ်အကျဉ်းသားက အများစုပါ။)… Read More »

စစ်တပ်ရဲ့ဘီလူးပါးစပ်ကို ခြေမနဲ့ဖြဲပြီး အစွယ်တွေပြသခဲ့တဲ့ ကိုပါကြီး

ကိုပါကြီးကို ကျွန်တော်မသိ။ မတွေ့ဖူး၊ ၀န်ခံရရင် နာမည်တောင် မကြားဖူးပါဘူး။ ဒါပေမဲ့ အခုတော့ သူ့နာမည်၊ သူ့ဘ၀ဟာ ကျွန်တော့်အာရုံထဲမှာ အမြဲထိပ်ဆုံးနေရာ ရောက်နေပါတယ်။             မဖြူနှင်းထွေး၊ ကိုပါကြီး၊ တလတောင် မကြာဘူး၊ ဒီအစိုးရလက်ထက်မှာ မတရားချုပ်ချယ်သတ်ဖြတ်တယ် ဆိုတာတွေဟာ စိပ်သထက်စိပ်လာနေတာ သတိထားမိကြပါလိမ့်မယ်။ ဒါ့အပြင် ဗိုလ်သိန်းစိန်စစ်အစိုးရက သူတို့နဲ့မတူသူတွေအပေါ် ကိုင်တွယ်မှုတွေဟာ ကြမ်းသထက်ကြမ်းလာ၊ ဖမ်းဆီးသတ်ဖြတ်ခွင့်တွေကိုလည်း အတိုင်းမသိခွင့်ပြုတာ ပိုပြီးများသထက်များလာတာ တွေ့နေရပါတယ်။             “ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်”ဆိုတဲ့ဆင်ခြေကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ဗမာပြည်ရဲ့ ပထမဆုံးစစ်အစိုးရ (သူတို့အခေါ်“အိမ်စောင့်အစိုးရ”) လက်ထက်မှာ ဗိုလ်အာဠာဝကကို သတ်လိုက်တဲ့ကိစ္စကို ပြန်သတိရမိပါတယ်။ ဗိုလ်အာဠာကို  ဖမ်းမိတာက စစ်ကိုင်းတောင်ပေါ်မှာ ဗိုလ်အာဠာက ဆေးလာကုနေတုန်း ဖမ်းခဲ့တာပါ။ အဲဒီနောက်မှာ သူ့ကို မန္တလေးနန်းတွင်းထဲက စစ်ထောင်ထဲမှာ ချုပ်ထားပြီး စစ်ဆေးပါတယ်။ ဗိုလ်အာဠာဆိုတာက ဂျပန်ခေတ်တလျှောက်လုံး မန္တလေးမှာရှိတဲ့ ဘီအိုင်အေတပ်နဲ့ နေလာခဲ့တာဆိုတော့ သူဟာဗိုလ်မှူးဗထူးလို့ပဲ မန္တလေးက မြို့မျက်နှာ ဖုံးတွေ၊ သံဃာတော်တွေကအစ မန္တလေးသူ… Read More »

အစွဲဟောင်းတွေ ချွတ်ချိန်တန်ပြီ