ကိုဗစ်လွန် ပုံမှန်အနေအထားသစ်(ညီဌေးကျော်)
ကိုဗစ်လွန် ပုံမှန်အနေအထားသစ် (ညီဌေးကျော်) ဩဂုတ်လလယ်မှာစတင်လာတဲ့ COVID-19 ဒုတိယလှိုင်းဟာ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ရန်ကုန်ကို ဗဟိုပြုပြီး အကြီးအကျယ်ပျံ့နှံ့နေပါပြီ။ (၁၆−၁၀−၂၀၂၀ ည ၈ နာရီသတင်းအရ စုစုပေါင်းအတည်ပြုလူနာ ၃၃၄၈၈ ဦး၊ သေဆုံး ၇၉၉ ဦး ရှိပြီဖြစ်ပါတယ်)။ ဘယ်လောက်ထိ တိုးဦးမလဲ၊ ဘယ်တောါ့ထိန်းချုပ်နိုင်မလဲက ရေရေရာရာမရှိပါဘူး။ သာမန်လူထုသာမက ဆေးဝန်ထမ်းတွေ ဘုန်းကြီးတွေ သီလရှင်တွေ စစ်သားရဲသားတွေ ဝန်ထမ်းနဲ့အလုပ်သမားတွအထိ ပျံ့နှံ့နေပါပြီ။ ကျောင်းတွေပိတ်ထားလို့ တော်တော့တယ်။ (ရွေးကောက်ပွဲက ကိုဗစ်နဲ့တန်းတူမက ပိုအရေးကြီးတာကြောင့်) လူစုလူဝေးနဲ့ ဟေးလားဝါးလား မဲဆွယ်ပွဲတွေတော့ခွင့်ပြုထားပါတယ်။ ကုလသမဂ္ဂကော ပြည်သူတရပ်လုံးကပါ ရခိုင်စစ်ပွဲရပ်ဖို့ ကိုဗစ်ကိုထိထိရောက်ရောက် တညီတညွတ်တည်းတိုက်ဖို့ တိုက်တွန်း ပြောကြားကြသော်လည်း ၂၀၀၈အောက်က စစ်ခရိုနီ+ လစ်ဘရယ် ရင်ကြားစေ့အစိုးရက မလုပ်ဘူး။ ရခိုင်ကတဆင့် ရန်ကုန်ကို ပြန့်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းရဲ့ ကူးစက်မှုနှုန်းနဲ့သေဆုံးမှုနှုန်း ဂရပ်မျဉ်းက ထောင်တက်နေပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးဗဟိုဥက္ကဋ္ဌ အတိုင်ပင်ခံပုဂ္ဂိုလ်က အကောင်းမြင်မျှော်လင့်ချက် ရုပ်သံမိန့်ခွန်းတွေ ဘယ်လောက်ပဲချွေနေနေ ဗမာပြည်ရဲ့ ချည့်နဲ့နေတဲ့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်စွမ်းအားစုတွေ ခြေကုန်လက်ပန်း ကျလာနေပါပြီ။ ရန်ကုန် နောက်ဆုံးတိုက်ပွဲလည်း (၆ ပတ်ကျော်ပြီ) မထိန်းချုပ်နိုင်သေးကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော် ပြောခဲ့ကြတာ… Read More »
