တခြားကမ္ဘာက ဂြိုဟ်သားများ
ဗမာပြည်က တောနဲ့မြို့ကြားမှာ ချောက်ကမ်းပါးကြီးခြားနေတယ်။ အဲဒီချောက်ကမ်းပါးကြီးက ချမ်းသာ၊ ဆင်းရဲ ကွာဟချက် ချောက်ကမ်းပါးကြီး။ တောနဲ့မြို့ဟာ ကမ္ဘာတခုစီက လူတွေလို ဖြစ်နေတယ်။ တောကလူတွေ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသောက်၊ ဘယ်လိုတွေး၊ ဘယ်လိုခေါ်သလဲဆိုတာကို မြို့ကလူတွေ နားမလည်နိုင်ဘူး။ မြို့ကလူတွေနဲ့ ပတ်သက်ရင်လည်း တောကလူတွေရဲ့ စိတ်ထဲမှာ အလားတူ။ တပြည်တည်းနေ၊ တရေတည်း သောက်၊ တမြေတည်းမှာ ကြီးပြီး လူလူချင်း အဆင့်အတန်း ကွဲပြားကွာဟနေတာဟာ ရင်နာစရာလည်း ကောင်းတယ်။ အဲသလို အဆင့်အတန်းကွာဟ ကွဲပြားတဲ့စနစ်ကို သိသိနဲ့ လျစ်လျူရှု မသိဟန်ဆောင်နေကြတာဟာလည်း ရှက်စရာ ကောင်းတယ်။ ဘဝချင်းသိပ်ကွာတယ်။ ဘာ့ကြောင့်ကွာသလဲလို့ မေးရင် မွေးတဲ့နေရာမှားလို့ ကွာတယ်လို့ ဆိုရတော့မလိုဖြစ်နေတယ်။ အင်္ဂလိပ်စကားလုံးမှာတော့ အဲသလို မွေးရပ်ကလေး ကွာသွားတာနဲ့ ဖြစ်ပေါ်လာမယ့် ဘဝတခုလုံး၊ အနာဂတ်တခုလုံး၊ ကံကြမ္မာတခုလုံး အစစအရာရာ ကွဲပြားသွားတာကို Accident of Birth ကြောင့် ဘဝချင်းခြားနားသွားရတယ်လို့ ပြောလေ့ရှိကြတယ်။ သူမွေးချင်ရာ မွေးတဲ့သဘောကြောင့် ဘဝချင်းကွာ ခြားသွားရတယ်ဆိုတဲ့… Read More »
