အမှန်တကယ် ပြောင်းလဲပစ်ရမယ့် အရင်းခံကိစ္စနှစ်ခု
ကွန်မြူနစ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ အရင်းရှင်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် စစ်တပ်ဟာ နိုင်ငံတော်အစိုးရရဲ့အမိန့်ကို နာခံရတာချည်းပဲ ဖြစ်တယ်။ ယုတ်စွအဆုံး ဘုရင့်နိုင်ငံတော်မှာလည်း စစ်တပ်ဟာ ဘုရင့်အမိန့်ကို နာခံရတာဖြစ်တယ်။ ဒါဟာ အစဉ်အလာတရပ်လို၊ လုပ်ထုံးလုပ်နည်းတစ်ရပ်လို ကမ္ဘာ့နိုင်ငံတွေမှာ ကျင့်သုံးကြတယ်။ စစ်တပ်နဲ့ကာချုပ်ဆိုတာ အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန၊ ဝန်ကြီးရဲ့ လက်အောက်မှာရှိရတာဖြစ်တယ်။ ၁၉၆၂ ခုနှစ်ကစပြီး ဗမာပြည်မှာတော့ ဒီအစဉ်အလာ ဗိုလ်နေဝင်းကစပြီး ချိုးဖောက်ခဲ့တယ်။ စစ်တပ်ဟာ တိုင်းပြည်အထက် မှာ အစိုးရရဲ့အထက်မှာအမြဲရှိမယ်ဆိုတာကို သဘောတရားတခုသဖွယ် ကျင့်သုံးခဲ့လာကြတယ်။ စစ်အုပ်စုက ဘယ်လောက်အထိ မိုက်မိုက်မဲမဲ ပြောကြဆိုကြသလဲဆိုတော့ “တပ်မတော်သာအမိ – တပ်မတော်သာအဖ” ဆိုတဲ့ အထိဖြစ်တယ်။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်” လို့ ကပြောင်းကပြန် လုပ်ခဲ့ကြတယ်။ အဲဒီလိုအချက်တွေထဲမှာ အဆိုးတကာ့ အဆိုးဆုံးအချက်ကတော့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည် ” ဆိုတဲ့ အချက်ပါပဲ။ ဒီအချက်နဲ့ အရာအားလုံးရဲ့အထက်မှာ၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းမှာ စစ်တပ်က ကန်ထရိုက်ယူထားပါတယ်။ စစ်တပ်ကို နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်က… Read More »
