Category ပါတီစိန်ရတု

ပါတီတည်ထောင်သည့် (၇၅) နှစ်မြောက်အထိမ်းအမှတ်အတွက် ဗြိတိန်ကွန်မြူ နစ်ပါတီက ပေးပို့သည့် သဝဏ်လွှာ

သို့ တာဝန်ခံ နိုင်ငံတကာဆက်သွယ်ရေးဌာန ဗမာပြည်ကွန်မြူ နစ်ပါတီ ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်။   အကြောင်းအရာ။      ။ ဗမာပြည်ကွန်မြူ နစ်ပါတီတည်ထောင်သည့် (၇၅) နှစ်မြောက်အထိမ်းအမှတ်အတွက် သဝဏ်လွှာပေးပို့ခြင်း။   ချစ်လှစွာသောရဲဘော် –   ရဲဘော်တို့၏ ပါတီတည်ထောင်သည့် (၇၅) နှစ်မြောက်အထိမ်းအမှတ်အတွက် ဗြိတိန်ကွန်မြူနစ်ပါတီက သဝဏ်လွှာပေးပို့ရင်း ရဲဘော်တို့နှင့်တသားတည်းရှိကြောင်း ဖော်ပြအပ်ပါသည်။   ၁၉၃၉ ခုနှစ်ဆီက ဗမာပြည်ကွန်မြူ နစ်ပါတီမှ ရဲဘော်များနှင့် ကျွန်တော်တို့ပါတီမှ ရဲဘော်များသည် ဗြိတိသျှနယ်ချဲ့သမားနှင့် နိုင်ငံတကာဖက်ဆစ်အင်အားစုတွေကို…

သံမဏိပန်းတပွင့်ရဲ့ ၇၅ နှစ်ခရီး

  သူဟာ မုန်တိုင်းလည်းမကြောက် လေကြမ်းလည်း မရမ်းတဲ့ သံမဏိပန်းတပွင့် ကြွားကြွားဝင့်ဝင့် ပွင့်ဖူး ထူးလှတဲ့ စိန်ရတုတိုင် သူ မယိုင်လဲခဲ့ဘူး။   သူဟာ သမိုင်းဆရာ အဘိဓမ္မာဆရာ ရာဇဝင်ထဲက ကဗျာတပုဒ် နာနာသင်မှတ်ခဲ့ရတဲ့ ကျမ်းစာအုပ်လည်း ဖြစ်ရဲ့။   သူဟာ အရုဏ်ဦးရဲ့သစ္စာ မိုးသောက်ကြယ် ရိုးမတွေရဲ့အထက်အောက်ကနေ မီးပွားတွေ လွှင့်ထုတ် အမိုက်အမှောင်ကို တွန့် ဆုတ်စေခဲ့။   သူဟာ လွတ်မြောက်ရေးတရားဟောသလို ထွက်ရပ်လမ်းကိုလည်း ကိုယ်တိုင်ဖောက် တပ်ဦးကိုပဲ အမြဲရောက်ခဲ့။   သူဟာ…

မုန်တိုင်းထဲက ဝါးပင်ပျို

အဖိုးကြီး ခင်ဗျားလည်း အသက်ကြီးပြီနော် အသက်ကြီးပြီသာဆို တောင်ဝှေးလည်းမလိုသေးပါလား။   ခင်ဗျားမှာတော့ သွေးထဲမှာ မအိုဆေးတွေ စီးဆင်းနေလေသလား။   ခင်ဗျားမတော့ဗျာ အလန်းဇယား*တွေလို လမ်းသလားနေလိုက်တာ ခင်ဗျာ့လက်တွေခြေတွေမှာ မော်တာတပ်ထားလေရော့သလား။   လမ်းမတွေကတော့ အသက်ရှူကျပ်နေတုန်းပဲဗျ ကြွက်စုတ်တွေကမှန်ဘီလူးထုတ်ပြီး ဗိုလ်ချုပ်လမ်းပေါ်မှာသန်းရှာကြတယ်။ လမ်းမလျှောက်ရဲသူတွေကတော့ စကားကို မပီကလာပီကလာပြောကြတယ်။ ဟောဒီလို တရားမျှတမှုတွေ အိပ်မောကျနေဆဲညဥ့်သန်းခေါင်ကြီးမှာ ဆိုင်ကယ်စီးဓါးသမားတွေ လမ်းသလားနေကြတယ်။ မျက်နှာမဖော်ဝံ့သူတွေက ရီမုတ်ကွန်ထရိုး** ကိုင်ပြီး အဆက်ဆင်*** ဂိမ်းကို ကစားကြတယ်။   ခင်ဗျားကတော့ လူတွေကြားမှာ တပေါင်းလေလို ဝှစ်ကနဲရောက်လာပြီး…