Category Archives: ဆောင်းပါး

“ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့ အနှစ်(၂၀)ကျော်ခရီး”

“ပြည်ချစ်ဝါဒလမ်းစဉ်ရဲ့ အနှစ်(၂၀)ကျော်ခရီး” (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး) ပြည်ချစ်ဝါဒလမ်းစဉ်ကို ပါတီက ၂၀၀၁ ခုနှစ် မှာချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီလမ်းစဉ်ရဲ့ခရီးဟာ အနှစ်(၂၀) ကျော်ခဲ့ပါပြီ။ အကွေ့အကောက် အတက်အဆင်းတွေ အခက်အခဲတွေနဲ့ဖြတ်ကျော်ခဲ့ရတဲ့ ဒီခရီးဟာ ပြည်ချစ်ဝါဒလမ်းစဉ်အတွက်တော့ သမိုင်းဖြတ်သန်းမှုထဲမှာ အစမ်းသပ်ခံရင်း မှတ်ကျောက်တင်ခဲ့ရတဲ့ စာမျက်နှာတွေပဲ ဖြစ်ပါတယ်။ ပါတီရဲ့အခြေခံလုပ်ငန်းစဉ်ဟာ ဗမာပြည်လူ့အဖွဲအစည်းကြီးရဲ့ မျက်မှောက်သမိုင်းခေတ်ကာလကြီးကို မာ့က်စ်ဝါဒ ရပ်တည်မှု၊ အမြင်၊ နည်းနာနဲ့ ပိုင်းခြားစိတ်ဖြာသုံးသပ်ပြီး ချမှတ်ထားတဲ့လမ်းစဉ်(ဝါ) (ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး PDR) ဖြစ်ပါတယ်။ ပြည်ချစ်ဝါဒလမ်းစဉ်ကတော့ အခြေအနေရဲတောင်းဆိုချက်အရ ချမှတ်ခဲ့တဲ့ နည်းပရိယာယ်လမ်းစဉ်သာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က ပါတီဟာ မိမိရဲ့အတ္တဘာဝအင်အား အနိမ့်ဆုံးရောက်ရှိနေတဲ့အခြေအနေမှာ ယူဂျီပါတီဘဝနဲ့ ရှေ့ဆက်ဖို့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်။ ပါတီနဲ့တော်လှန်ရေး ဆက်လက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် ပြည်ချစ်ဝါဒလမ်းစဉ်နဲ့ ထိန်းညှိလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မိမိအတ္တဘာဝအခြေအနေ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့အခြေအနေကို တော်လှန်တဲ့အကောင်းမြင်ဝါဒနဲ့ရှုမြင်သုံးသပ်ပြီး အမှီခိုကင်းကင်းနဲ့ ဆုံးဖြတ်ချမှတ်ခဲ့တဲ့ “ကိုယ်ထူးကိုယ်ချွန်” ပဲဖြစ်ပါတယ်။ ပြည်ချစ်ဝါဒလမ်းစဉ်ဟာ ဗမာပြည်ရဲ့ပထဝီနိုင်ငံရေးကို အလေးထားတဲ့စဉ်းစားမှုဖြစ်တယ်။ မျက်မှောက်ကာလ… Read More »

ဆရာသန်းထိုက်အောင်ရဲ့ ၂၁ စာစဉ်အညွှန်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုသုတေသနဌာနက ထုတ်ဝေသည့်  ၂၁- စာစဉ်အညွှန်း

ဆရာသန်းထိုက်အောင်ရဲ့ ၂၁ စာစဉ်အညွှန်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုသုတေသနဌာနက ထုတ်ဝေသည့်  ၂၁– စာစဉ်အညွှန်း သန်းထိုက်အောင် ရာဇဝင်ကထိက ဘဝတက္ကသိုလ်  ဩဂုတ် ၂၀၂၄  ဆရာသန်းထိုက်အောင်ပြုစုတဲ့ အောက်ပါ “၂၁- စာစဉ် အညွှန်း”ကို ပို့လိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုသုတေသနဌာနက ထုတ်ဝေသည့် ၂၁– စာစဉ်အညွှန်း မာတိကာ  အပိုင်း (၁) ၁။ နိဒါန်း                                                                                      ၅-၇   ၁၊ ၁။ ၂၁- စာစဉ် နောက်ခံသမိုင်းအကျဉ်း                                          ၇-၁၀   ၁၊ ၂။ စီစဉ်ထားရှိပုံ                                                                         ၁၀-၁၅  ၁၊ ၂၊ ၁။ အက္ခရာစဉ်                                                                       ၁၅-၁၆  ၁၊ ၂၊ ၂။ အသုံးပြုသည့် အတိုကောက်စာလုံးများ                                ၁၆-၁၇  ၁၊ ၂၊ ၃။ ချန်လှပ်ထားသည့်ကဏ္ဍများ                                               ၁၇ ၁၊ ၃။ နိဒါန်းအတွက် ကျမ်းကိုးစာရင်း                                                ၁၇-၁၈    အပိုင်း (၂) ၂။ အညွှန်း                                                                                   ၁၉  ၂၊ ၁။ စာရေးသူအမည်ကဏ္ဍ                                                           ၁၉-၆၂ ၂၊ ၂။ ပညာရပ်ကဏ္ဍ (ဆောင်းပါးများ)                                               ၆၃-၈၇ အပိုင်း (၃) ၃။ ၂၁- စာစောင်နှင့် ချိတ်ဆက်ရယူဆောင်ရွက်ခြင်း                            ၈၈-၉၃   ၂၁– စာစဉ်အညွှန်း အပိုင်း (၁) ၁။ နိဒါန်း             ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်ဝေခဲ့တဲ့၊ ထုတ်ဝေနေဆဲ စာစောင်ဂျာနယ် သုံးခုရှိပါတယ်။ ပြည်သူ့အာဏာဂျာနယ်၊ အရေးတော်ပုံဂျာနယ်နဲ့ ၂၁– စာစဉ်တို့ ဖြစ်ပါတယ်။ ပြည်သူ့အာဏာနဲ့ အရေးတော်ပုံဂျာနယ် တို့ကတော့ ထုတ်ဝေနေဆဲဂျာနယ်တွေ… Read More »

ဆရာ သန်းထိုက်အောင် ပြုစုထားတဲ့၂၁- စာစဉ်အညွှန်း

ဆရာ သန်းထိုက်အောင် ပြုစုထားတဲ့ ၂၁- စာစဉ်အညွှန်း (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ် ၂၁ – စာစည်အညွှန်းစာတမ်းရဲ့ နိဒါန်းနဲ့ ၂၁-စာစဉ် နောက်ခံသမိုင်းအကျဉ်း ဖြစ်ပါတယ်။ ၂၁- စာစဉ်အညွှန်း စာတမ်းအပြည့်အစုံကိုတော့ ပါတီဝဘ်ဆိုက်မှာ တင်ပြမှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။ အပိုင်း (၁) ၁။ နိဒါန်း ဗမာပြည်ကွန်မြူနစ်ပါတီက ထုတ်ဝေခဲ့တဲ့၊ ထုတ်ဝေနေဆဲ စာစောင်ဂျာနယ် သုံးခုရှိပါတယ်။ ပြည်သူ့အာဏာဂျာနယ်၊ အရေးတော်ပုံဂျာနယ်နဲ့ ၂၁- စာစဉ်တို့ ဖြစ်ပါတယ်။ ပြည်သူ့အာဏာနဲ့ အရေးတော်ပုံဂျာနယ်တို့ကတော့ ထုတ်ဝေနေဆဲဂျာနယ်တွေ ဖြစ်ပါတယ်။ ၂၁- စာစဉ်ကတော့ ၂၀၁၀ ခုနှစ်ကတည်းက ထုတ်ဝေမှု မရှိတော့ပါ။ ဂျာနယ်သုံးခုစလုံးဟာ သူ့ဟန်သူ့သဏ္ဌာန်နဲ့ ရပ်တည်နိုင်ကြပါတယ်။ ပြည်သူ့အာဏာဂျာနယ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏အာဘော်နဲ့အညီ မူဝါဒခိုင်ခိုင်မာမာ ရင့်ကျက်ပြည့်ဝတဲ့ဟန်နဲ့ ဣန္ဒြေရှိရှိရပ်တည်နေပါတယ်။ အရေးတော်ပုံဂျာနယ်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၏ကြွေးကြော်သံဆိုတဲ့အတိုင်း လှုပ်ရှားရုန်းကန်တော်လှန်တဲ့အသွင် ဆောင်ပါတယ်။ ၂၁- စာစဉ်ကတော့ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်မယ့် အသိပညာဖြန့်ဖြူးပေးတဲ့ ပညာရပ်ဆိုင်ရာစာစောင်တခုနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဂျာနယ်တစောင်ချင်းစီအလိုက် ထုတ်ဝေထားတဲ့စာစောင်စာအုပ်တွေ များလာတာနဲ့အမျှ… Read More »

ပါတီတည်ဆောက်ရေးကို အလေးထားဆောင်ရွက်ကြ။

ပါတီတည်ဆောက်ရေးကို အလေးထားဆောင်ရွက်ကြ။ (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်တီ ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ဒီနှစ်၂၀၂၄ မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သက်တမ်း (၈၅)နှစ် ပြည့်ပြီဖြစ်ပါတယ်။ ကွန်မြူနစ်စနစ်ကိုယုံကြည်သူများဖြစ်ကြတဲ့ ပါတီရဲ့ပထမမျိုးဆက်ရဲဘော်များစုစည်းကာ မာက်(စ်)ဝါဒ၊လီနင်ဝါဒအခြေခံမူများအပေါ် အခြေခံပြီး၊ ကိုယ့်ရှေ့က ဝါရင့်ကွန်မြူနစ်ပါတီများရဲ့အတွေ့အကြုံနဲ့သင်ခန်းစာများကိုလေ့လာကာ၊ ဗမာပြည်လူ့အဖွဲ့အစည်းကို ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်ကိုရေးဆွဲချမှတ်ပြီး ပါတီကိုထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ဖို့ ပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီဝင်များတိုးချဲ့စည်းရုံးသိမ်းသွင်းကာ၊ ပါတီကလာပ်စည်းများဖွဲ့စည်းပြီး ပါတီရဲ့လမ်းစဉ်အတိုင်းလုပ်ငန်းများ အကောင်အထည်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ခေတ်အဆက်ဆက်ပါတီဝင်များဟာ သူ့ခေတ်မှာရှိနေတဲ့ပြဿနာများကို ရင်ဆိုင်တိုက်ပွဲဝင်ရင်း ချီတက်လာခဲ့တဲ့သမိုင်းခရီးရှည်ကြီးလည်း ဖြစ်ပါတယ်။ ၁၉၄၈၊ ၁၉၅၈၊ ၁၉၆၈၊ ၁၉၇၈၊ ၁၉၈၈ စသဖြင့် သမိုင်းခရီးစဉ်တလျှောက် မတူတဲ့ ပြဿနာ၊ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားတိုက်ပွဲဝင်ရင်း (၈၅)နှစ်ခရီးကိုဖြတ်သန်းလာခဲ့တယ် လို့ ဆိုရပါလိမ့်မယ်။ ဒီ ခရီးစဉ်အတွင်းမှာ ပါတီဝင်ရဲဘော်များဟာ ပါတီရဲ့လမ်းစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ ပါတီဝင်တယောက်အဖြစ်ခံယူရင်း ကိုယ့်သက်ဆိုင်ရာလုပ်ငန်းဌာနအမျိုးမျိုးမှာ ကျရာတာဝန်ကိုပါဝင်ထမ်းဆောင်ရင်း ဖြတ်ကျော်လာခဲ့ကြရာမှာ တသက်တာ အကောင်းဆုံးလုပ်နိုင်ခဲ့သူများရှိသလို၊ အကောင်းဆုံးမလုပ်နိုင်ခဲ့ကြသူများလည်း ရှိခဲ့တာပါပဲ။ သူရဲကောင်းများရှိခဲ့သလို၊သူရဲဘောကြောင်သူများလည်း ရှိခဲ့တယ်လို့ဆိုရမှာပါ။ ပုံမှန်အားဖြင့် ပါတီတခု တိုက်စွမ်းရည်ကောင်းဖို့ ပါတီဝင်ကောင်းများနဲ့ပါတီကလပ်စည်းကောင်းများအပေါ်မှာအခြေခံထားတဲ့ အဆင့်ဆင့်ပါတီအဖွဲ့အစည်းများရှိဖို့… Read More »

(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း)

(၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကြီးရဲ့ လတ်တလောအကြောင်းရင်းနဲ့ အရင်းခံ အကြောင်းရင်း) ဥဩချို (ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် အရေးတော်ပုံဂျာနယ်မှာ ဖော်ပြမယ့်ဆောင်းပါး) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့တဲ့ ၁၉၄၈ မတ်လ ၂၈ ရက် ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးဟာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲ။ ဒါဟာ ဗမာပြည် ပြည်တွင်းစစ်ဘယ်လို ပေါက်ဖွားလာသလဲဆိုတာနဲ့ သဘောချင်းအတူတူပဲ။ တချို့က လွတ်လပ်ရေးအပေါ် အာဏာရ ဖဆပလအစိုးရနဲ့ ကွန်မြူနစ်ပါတီ သဘောကွဲလွဲပြီးမသင့်မြတ်လို့ လက်နက်ကိုင်တိုက်ကြပြီး ပြည်တွင်းစစ်ဖြစ်တယ်လို့ အပေါ်ယံရှုမြင်ရေးသားပြောဆိုနေကြတာ ရှိပါတယ်။ တချို့ကလည်း ဖဆပလ ဝန်ကြီးသခင်တင်ရဲ့မီးခွက်မှုတ်သတင်းကို သတင်းစာတွေထဲမှာထည့်ရာက အစ သခင်သန်းထွန်းက ကွန်မြူနစ်သတင်းစာတိုက်ကို လာဖျက်ဆီးရဲဖျက်ဆီးကြည့်၊ ဗားကရာချောက်ကို ဆိုရှယ်လစ်အရိုးတွေနဲ့ ဖို့ပစ်မယ်လို့ ကြိမ်းဝါးတာကြောင့် ပြည်တွင်းစစ်ဖြစ်တာလို့ ရေးသူကရေးကြပါတယ်။ ဒီလိုပြောဆိုရေးသားချက်တွေဟာ ၁၉၄၈ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိမှုကို ပေါ့တန်စေခဲ့တယ်။ ၁၉၄၈ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံ ပြည်သူလူထုကြီးနဲ့ အုပ်စိုးသူ ဖဆလပအစိုးရတို့အကြားဖြစ်ပွားနေတဲ့ လူတန်းစားပဋိပက္ခကို… Read More »

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့

တပ်တည်ဆောက်ရေးလမ်းညွှန်တချို့ ငြိမ်းမောင်ဦး (ဗမာပြည် ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက်ပါတီမွေးအထိမ်းအမှတ်အဖြစ်ထုတ်ဝေမည့် အရေးတော်ပုံဂျာယ်နယ်တွင် ထည့်သွင်းဖော်ပြမည့် ဆောင်းပါး) ၁၉၈၉-ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဆုံးရှုံးမှုကြီးဟာ ပါတီသမိုင်းမှာ အကြီးမားဆုံးအထိနာမှုကြီးဖြစ်ခဲ့တယ်။ ထိချက်ပြင်းလှတဲ့ တော်လှန်ရေးလောကဓံမှာ ပါတီဟာအလူးအလဲခံခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေး(AS) ဆုံးရှုံးခဲ့ရသလို အခြေခံဒေသ၊ တပ် အားလုံးနီးပါးဆုံးရှုံး ပျောက်ကွယ်သွားခဲ့ရပေမယ့် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး(PDR) အလံကို ဆက်လက်ကိုင်စွဲပြီး( UG ) မြေအောက်ပါတီအနေနဲ့ ဆက်လက်ရပ်တည်ခဲ့တယ်။ ရန်သူကလက်နက်နဲ့ဖိနှိပ်လာရင် လူထုကလက်နက်နဲ့ တုံ့ပြန်တိုက်ခိုက်တာတရားတယ်ဆိုတဲ့မူကိုတလျှောက်လုံး ရပ်ခံခဲ့တယ်။ ရေရှည်မြှုပ်နှံ အခွင့်အခါကောင်းကိုစောင့် ဆိုတဲ့လမ်းညွှန်အတိုင်း အခွင့်အလမ်းကောင်းကိုစောင့်ရင်း (AS) လက်နက်ကိုင်တော်လှန်ရေးပြန်လည်ရှင်သန်လာဖို့အခိုင်အမာ စည်းရုံးပြင်ဆင်ခဲ့တယ်။ အနှစ် ၃၀ ကျော် ယူဂျီပါတီအဖြစ် လူထုကြားမှာရပ်တည်ရင်း ဥပဒေတွင်း ဥပဒေပ လူထုလူတန်းစားတိုက်ပွဲများမှာ ပေါင်းစပ်ပါဝင် လှုပ်ရှားခဲ့တယ်။ …၂၀၂၁-ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ ပြည်သူတရပ်လုံးရဲ့အုံကြွမှုကြီးနဲ့အတူနိုင်ငံရေး ဒီရေမြင့်မှုကြီးတရပ်ဖြစ်ပေါ်လာပြီး တပြည်လုံးအနှံ့အပြားလက်နက်ကိုင်အုံကြွတိုက်ခိုက်မှုတွေပေါ်လာခဲ့တယ်။ ပါတီအနေနဲ့ ဒီအခွင့်အလမ်းကောင်းကို မိမိရရဆုပ်ကိုင်ခဲ့တယ်။ တော်လှန်တဲ့ပြည်သူ့စစ်ပွဲကို လက်တွေ့ဦးဆောင်ဖို့ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ကို ၂၀၂၁-ခုနှစ် မတ်လ(၁၅)ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲကိုအဓိကထား တခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ပေါင်းစပ်ဆိုတဲ့ နည်းပရိယာယ်လမ်းစဉ်က လက်တွေ့လမ်းညွှန်ဖြစ်လာချိန်မှာ တပ်တည်ဆောက်ရေး စာမျက်နှာဟာ အရေးကြီးတဲ့..… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ပြည်သူ့အာဏာဂျာနယ်နှင့် အရေးတော်ပုံဂျာနယ်တို့အတွက် စာတည်းအဖွဲ့အမှာစာ အပိုင်း(၁) ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ရောက်လျှင် မိမိတို့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သက်တမ်းသည် ၈၅ နှစ်တင်းတင်း ပြည့်ပါတော့မည်။ မိမိတို့အနေနှင့် ဗမာပြည်နိုင်ငံရေးသမိုင်းတွင် သက်တမ်းအရှည်ဆုံးပါတီကြီးတရပ်အဖြစ် ဂုဏ်ပြုရင်း ဥဒါန်းရင့်ကျူးရမည့်ကာလ၊ တဆက်တည်း …ကျလာသည့်တာဝန်များကို ၂ ဆတိုး ကြိုးပမ်းရမည့်ကာလ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ကလှန်ပစ်ရမည့်ကာလလည်း ဖြစ်နေသည်ကို သတိမူကြစေလိုသည်။ ဗမာပြည်ကဲ့သို့သော ခေတ်ပြောင်းခေတ်လွှဲ မင်းပြောင်းမင်းလွှဲများသော နိုင်ငံမျိုးတွင် ဤမျှ သမနိရှည်ကြာသော ပါတီကြီးတရပ်ကို ဘယ်လို ထူထောင်ထားပါသလဲ၊ ဘယ်လိုပုဂ္ဂိုလ်တွေက ထူထောင်ခဲ့သလဲဆိုတာကို ပထမဆုံး စောကြောပြပါရစေ။ မာ့က်စ်ဝါဒအခြေခံထားသည့် တိုင်းချစ်ပြည်ချစ်မျိုးဆက်လေးခုက တည်ထောင်ထားသည့်ပါတီဖြစ်နေခြင်းကို ပထမဆုံး တင်ပြထားပါမည်။ ပါတီသမိုင်းကို စိုက်ထူတိုက်ပွဲဝင်သူများအဖြစ် အစဉ်အဆက်ခေါင်းဆောင်များက မျိုးဆက်လေးခုအဖြစ် ခွဲခြမ်းသတ်မှတ်ပြောဆိုလေ့ရှိပါသည်။ (၁) ပထမမျိုးဆက်အဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင် လှုပ်ရှားခဲ့သူများကိုအခြေခံပြီး သတ်မှတ်ခဲ့သည်။ (၂) ဒုတိယမျိုးဆက်ကိုတော့ ၁၉၄၈/၄၉ (လက်နက်ကိုင်တိုက်ပွဲကာလ) ပါတီဝင်များကို ညွှန်းသည်။… Read More »