လေ့လာရေး ပြဿနာများ အပိုင်း(၂)

လေ့လာရေး ပြဿနာများ အပိုင်း(၂) (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ဆွေးနွေးရာမှာ ဘယ်သူက တင်ပြပြောဆိုသလဲ၊ ဘယ်ဟန်ဘယ်လေသံနဲ့ပြောဆိုသလဲ စတာတွေကို အစွဲမထားဘဲ၊ ဘာအကြောင်းအရာ ဘာအတွင်းသဘောကို တင်ပြပြောဆိုသလဲဆိုတာကို အဓိက အလေးထားသင့်တယ်၊ တင်ပြပြောဆိုတာက ကျိုးကြောင်းဆီလျှော်မှု ရှိမရှိကို အလေးထားဆန်းစစ်သင့်တယ်။ မေးခွန်းထုတ်တာကို အားပေးသင့်တယ်၊ အမေးနွားကျောင်း အဖြေဘုရားလောင်းဆိုသလို ရိုးရိုးသာမန် မေးခွန်းတွေက(ဥပမာ စကြာဝဠာထဲရှိအရာဝတ္ထုတွေဟာ ဘာဖြစ်လို့ တခုနဲ့တခု အပြန်အလှန်ဆွဲနေတာလဲဆိုတဲ့ မေးခွန်းမျိုးတွေက) မမျှော်လင့်ပဲ အဖြေရခက်တာမျိုး ဆက်လက်စူးစမ်းလေ့လာစရာခေါင်းစဉ်မျိုး ဖြစ်နေတတ်တယ်။ အဲဒီအချက်များကို သတိထားလုပ်ကိုင်ပါက၊ ဆွေးနွေးကြသူများအတွင်း အထက်အောက် အဆင့်တာဝန်ကွဲပြားမှု၊ ပညာရေချိန် ကွာခြားမှု၊ အတွေ့အကြုံ ကွဲပြားမှုစတဲ့ ပကတိအခြေအနေများ ရှိနေတဲ့ကြားကပဲ၊ ဒီအခြေအနေတွေက လေ့လာရေးကိုအကျိုးရှိစေ နိုင်ပါတယ်။ ခံစားချက်ကိုအသာထား ပကတိဘာဝကို သိအောင်ကြိုးစား ဘာကိုမုန်းသလဲ ဘာကိုချစ်သလဲ စတာနဲ့ဆိုင်တဲ့ ကိုယ်ကျင့်တရားကိစ္စကိုလည်း လူတန်းစားလက္ခဏာတံဆိပ် ခပ်နှိပ်ထားတဲ့အရာအဖြစ် နားလည်သင့်တယ်၊ တော်လှန်ရေးအတွက် စိတ်ဓါတ်အင်အား စိတ်ဓါတ်တွန်းအား ဖြစ်စေတဲ့ တော်လှန်ရေးဆန်တဲ့ကိုယ်ကျင့်တရားကို ရင်မှာပိုက်ရမှာဖြစ်တယ်၊ ဒါပေမဲ့… Read More »

လေ့လာရေး ပြဿနာများ အပိုင်း(၁)

လေ့လာရေး ပြဿနာများ အပိုင်း(၁) (ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် ပါတီမွေးနေ့အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ်မှာ ထည့်သွင်းဖော်ပြမယ့်ဆောင်းပါး) ဆိုလိုချက် ဒီနေရာမှာ လေ့လာရေးပြဿနာများ ဆိုတာ၊ အရာကိစ္စတွေရဲ့ အတွင်းပိုင်းသဘောသဘာဝကို သိအောင်လုပ်ရာမှာ သတိထားသင့်တဲ့အရာများကို ဆိုလိုပါတယ်။ ဒီလိုသိအောင်လုပ်ပြီး သက်ဆိုင်ရာအရာကိစ္စဆိုင်ရာ အမြင် အာဘော်တွေ ပြဿနာဖြေရှင်းရေး နည်းနာတွေဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ ကွန်မြူနစ်တွေဟာ အရာကိစ္စများ အခြေအနေများကို ကွန်မြူနစ်ဆန်တဲ့အမြင်နဲ့သာတင်ပြဖို့ လီနင်က တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်ဟာ ကျွန်တော့် တင်ပြချက်အတွက် အနှစ်ချုပ်ဖြစ်ပါတယ်။ စင်ပြိုင် အမြင်နဲ့စင်ပြိုင် အကျိုးစီးပွား မျက်မှောက် လူ့အဖွဲ့အစည်းမှာ အနှစ်သာရအရ အခြေခံအားဖြင့် စင်ပြိုင်ဖြစ်တဲ့အမြင်ကြီး နှစ်ရပ်ရှိပါတယ်။ တခုက ကွန်မြူနစ်အမြင်ဖြစ်ပြီး ကျန်တခုက သွေးစုတ်သူလူတန်းစားများရဲ့အမြင်ဖြစ်ပါတယ်။ ဒုတိယအမြင်က သမိုင်းတလျှောက် လူ့အဖွဲ့စည်း လူတန်းစားတွေအတွင်း အနှံ့အပြား လွှမ်းမိုအမြစ်တွယ်နေခဲ့တာဖြစ်လို့၊ ဒီအမြင်ကို (လက်ယာ လက်ဝဲ) အများကြိုက်အမြင်လို့ ယေဘုယျအားဖြင့် ခေါ်ဆိုနိုင်ပါတယ်။ အမြင်နှစ်ရပ်မှာ အခေါ်အဝေါ် တူညီတာရှိရင်တောင်မှ အနှစ်သာရ မတူညီဘူး။ စိန့်ဆိုင်မွန်တို့ခေတ်မှာ ဓနရှင်အမြင်နဲ့တင်ပြခဲ့တဲ့ ဆိုရှယ်လစ်ဝါဟာ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒဖြစ်ပြီး မာ့က်စ်တို့ခေတ်မှာတင်ပြခဲ့တဲ့… Read More »

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးမှပေးပို့သည် သဝဏ်လွှာ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှပေးပို့သည့် သဝဏ်လွှာ

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့မှပေးပို့သည့် သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှပေးပို့သည့် သဝဏ်လွှာ

ပြည်သူ့တော်လှန်ရေးတပ်ဦးမှပေးပို့သည့် သဝဏ်လွှာ