ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ
ရဲဆေးတင်နေတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေ ဇော်လတ် (အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇) ပြည်ထဲရေးဝန်ကြီး ဗိုလ်ကျော်ဆွေရဲ့ ပြောစကားတွေကြားလိုက်ရပါတယ်။ “ ရဲဆေးတင်တယ်”ဆိုတဲ့ စကားက ဒီတခါတော့ အသုံးအနှုန်းနဲ့ ဖြစ်ရပ်က ကွက်တိပဲလို့ ဆိုရမယ်။ ဘာလို့လဲဆိုတော့ “ကျီးကန်းပြင် – ကိုးတန်ကောက် – ငါးခူရအရေး ” မှာ အရှက်တကွဲ အကျိုးနည်းဖြစ်သွားရတဲ့ သူ့လက်အောက်က ရဲတပ်ဖွဲ့အတွက် ရဲဆေးတင်ပေးဖို့ အဓိကသွားရတဲ့ ခရီးစဉ်မို့ပဲ။ သူက ဘိုလိုလည်းပြောပါတယ်။ “ moral courage ရအောင် ငါပြန်လုပ်ပေးမယ်” တဲ့။ ရဲဆေးတင်ပုံ တင်နည်းကတော့ သင်းတယ်။ (ဗကပ)နဲ့ တိုက်ခဲ့ဖူးသူကို ပွဲထုတ်ပြီး ရဲဆေးတင်ရတာဖြစ်တယ်။ စစ်ဗိုလ်စစ်သားထဲမှာတော့ (ဗကပ)နဲ့ စစ်တိုက်ရတာက သူတို့အကြား မှာ ကြွားစရာ၊ ဂုဏ်ယူစရာတစ်ခုပဲ ထင်ပါတယ်။ ဒီအချက်နဲ့ သူတို့စစ်ဗိုလ်တွေ အချင်းချင်းအကြားမှာလည်း အပြန်အလှန် ကျောကြပုံပေါ်တယ်။ ပြည်ထဲရေးဝန်ကြီးတင် (ဗကပ)နဲ့ ရဲဆေးတင်နေတာ မဟုတ်ပါ။ စစ်တပ်ပိုင် “မြဝတီသတင်းစာ” အာဘော်ကနေ ၃… Read More »