သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ
သေနတ်ပြောင်းကို အမိန့်ပေးနိုင်မှ အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ‘ပြောင်းလဲချိန်တန်ပြီ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ ဝင်ရောက်အရွေးခံခဲ့ပြီး တောင်ပြိုကမ်းပြို အနိုင်ရခဲ့တယ်။ ဒါကြောင့် (NLD) ဟာ အစိုးရအဖွဲ့ကိုလည်း လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ခြေဥကြောင့် ဒေါ်အောင်ဆန်းစုကြည် (DASSK) ကတော့ သမ္မတလုပ်ခွင့်မရပါဘူး။ သမ္မအထက်မှာနေမယ်လို့ ကြွေးကြော်ခဲ့တဲ့ (DASSK) ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးကို တီထွင်ရယူခဲ့တယ်။ (NLD) အစိုးရဖြစ်လာပြီးနောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကို အဓိကဦးစားပေး ဆောင်ရွက်လာတာကို တွေ့ရတယ်။ ဦးသိန်းစိန်တို့ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်ပြီးအမွေခံ လုပ်ကိုင်ရတာဖြစ်တယ်။ ဦးသိန်းစိန်လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မာရသွန်ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီး ပြည်လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ဆိုတာ ပေါ်ထွက်လာတယ်။ ဒါပေမဲ့ တကယ်လက်မှတ်ထိုးတဲ့အခါမှာတော့ (၈) ဖွဲ့ပဲ လက်မှတ်ထိုးတာ ဖြစ်တယ်။ အဖွဲ့တချို့ (KIA, NMSP) က အဖွဲ့အားလုံး… Read More »