ဂရိကွန်မြူနစ်ပါတီသို့ ပေးပို့သည့်သဝဏ်လွှာ

ရက်စွဲ- ၂ဝ၁ရခုနှစ်၊ မတ်လ ၂၈ရက်။ သို့- သဘာပတိအဖွဲ့ (၂ဝ)ကြိမ်မြောက်ပါတီကွန်ဂရက် ဂရိကွန်မြူနစ်ပါတီ မှ- ဗဟိုစည်းရုံးရေးကော်မတီ ဗမာပြည်ကွန်မြူနစ်ပါတီ အကြောင်းအရာ။ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း။ ချစ်လှစွာသောရဲဘော်များခင်ဗျား- ရဲဘော်တို့နှင့်ကွန်ဂရက်ကိုတက်ရောက်လာသူများ၊ ဂရိကွန်မြူနစ်ပါတီဝင်များအား ဂုဏ်ယူ၊ ကျေနပ်မှုအပြည့်ဖြင့် ဤညီနောင်ချင်းဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ကမ္ဘာအဝှမ်းရှိညီနောင်ပါတီများ၏ လုပ်ဆောင်မှုများကို အတတ်နိုင်ဆုံး မျက်ခြေမပြတ်အောင် လုပ်နေပါသည်။ ဂရိကွန်မြူနစ်ပါတီကွန်ဂရက်တွင် ဖတ်ကြားမည့်စာတမ်းကို ဖတ်ရသောအခါ လွန်စွာမှ အားတက်ရပါသည်။ ဗမာနိုင်ငံမှ အဖိနှိပ်ခံပြည်သူများအတွက် နည်းနည်းမှ အကျိုးမရှိသော နိုင်ငံကြီးများအတွင်း အားပြိုင်မှုမှာ သိသိသာသာ ထင်ရှားလာနေပြီး ဤသည်က ကျွန်တော်တို့ပြည်သူများ၏ နေထိုင်မှုအဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ကို ဇောက်ထိုးကျဆင်းစေခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းတို့မှာ အရင်းရှင်နိုင်ငံကြီးတွေက ထင်သလိုကြဲနေသကဲ့သို့ပင် ကျွန်တော်တို့နိုင်ငံက စစ်အုပ်စုနှင့် အုပ်စိုးသူလူတန်းစားသည်လည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ လှုံ့ဆော်ဖန်တီးနေပါသည်။ အစိုးရနှင့် စစ်တပ်က“ငြိမ်းချမ်းရေး” စကားကို ပရိတ်ရွတ်သလို နေ့စဉ်ရွတ်နေကြသည့်အကြားမှပင် စစ်ပွဲများမှ ာအရင်ထက် ပိုများလာခဲ့သဖြင့် သောင်းနှင့်ချီသော လူထုတွေမှာ… Read More »

To CP Greece

ToCPgreece20 Th by aungpwe on Scribd toCPgreece20 th

ပြည်သူ့အာဏာ အမှတ် (၄၀)

pd40

သတင်းနှင့် မှတ်ချက်

သတင်းနှင့် မှတ်ချက် (၂၉-၁၁-၂၀၁၆) – ကာချုပ်က နိုဝင်ဘာလ ၂၆ ရက်နေ့က ကာကွယ်ရေးတက္ကသိုလ်မှာ ပြောသောမိန့်ခွန်းတွင် ‘အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်”အကြောင်း ထည့်သွင်းပြောဆိုပြီး မျက်ရိပ်ပြလိုက်သည်။ – ၁၃ ပါတီတို့က အမျိုးသားကာကွယ်ရေးှနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို အမြန်ဆုံး ခေါ်ဆိုရန် နိုဝင်ဘာ ၂၈ ရက်နေ့မှာ နှပ်ကြောင်းပေး လမ်းခင်းလိုက်ပြန်သည်။ – ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်အရ အာဏာအားလုံးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချုပ်ကိုင်ခွင့် ရယူတော့မှာလား။ – ရခိုင်ပြည်နယ် အရေးအခင်း၊ အရှေ့မြောက်ဒေသ စစ်ပွဲ၊ရန်ကုန်မြို့မှ ပေါက်ကွဲမှု ဖြစ်ရပ်များ၊ တနေ့တခြား ကျပ်တည်းလာသော စီးပွားရေးပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့မှာ နိုင်ငံတော်အကျပ်အတည်း၊ တမျိုးသားလုံးကို ခြိမ်းခြောက်သည့်အန္တရာယ်များအဖြစ် သူတို့က (၁၃ ပါတီက) သတ်မှတ်လိုက်ကြသည်။ စစ်ပွဲတွေ ဆက်တိုက်နေခြင်းမှာ စစ်တပ်၏ မမှန်ကန်သော သဘောထားကြောင့် ဖြစ်ရသည် ဆိုသည်ကိုလည်းကောင်း၊ ဘယ်သူတွေ ဖောက်ခွဲမှန်းမသိရသော ရန်ကုန်မြို့မှ အသေးစား ပေါက်ကွဲမှုများအတွက် လုံခြုံရေး၊ ကာကွယ်ရေးကို… Read More »

ကာစတရို သို့မဟုတ် အနောက်တိုင်းက မီးရှူးတန်ဆောင်

> castro

သတင်းနဲ့မှတ်ချက်

သတင်းနဲ့မှတိချက်(၂၄-၁၁-၂၀၁၆) မူဆယ်၊ ၁၀၅ မိုင်၊ ဗန်ဆိုင်း၊ မုံဂူဘက်မှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ ကြိုးတုပ်ခံထားရတဲ့ အခြေအနေက လွတ်မြောက်အောင် အဝိုင်းခံထားရတာကို ဖောက်ထွက်တာ၊ နှောင်ကြိုးကို ဖြတ်တောက်တာ (သို့မဟုတ်) ကြိုးကို ဖြေ(ဖြီ) လိုက်တာပဲလို့ မြင်တယ်။ နိုင်ငံရေးအရ NCA ကိစ္စ၊ ၂၁ ရာစု ပင်လုံကိစ္စတွေမှာ ကြိုးတုပ်ခံထားရတယ်။ ပြဿနာတွေကို တဆင့်ချင်း ဖြေရှင်းသွားမယ်။ ပထမဆုံး NCA ကို လက်မှတ်ထိုးပါ။ လက်မှတ် ထိုး-မထိုးအပေါ်မှာ မူတည်ပြီး အခွင့်အရေးပေးမယ်၊ UNFC နဲ့ ကျန် ၃ ဖွဲ့ကို တတန်းတည်း မထားနိုင်ဘူး၊ သူတို့ကို ပိုပြီး ဂိုက်ပဲ့မယ့်တောင်းဆိုချက် တွေ တောင်းတယ်။ ၁။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးလမ်းစဉ်ကို သွားမယ်ဆိုတဲ့ ကြေညာချက် ထုတ်ပေးရမယ်။ ၂။ လက်နက်တွေကို တခြားတတိယအဖွဲ့အစည်းတခုခုထံမှာ အပ်နှံသိမ်းဆည်းထားမယ့် အစီအစဉ် ဆောင်ရွက်ရမယ်။ စစ်ရေး အရ (လိုရင်းပြောရရင်) လက်နက်ချကြရမယ်၊ ဒီကာလမှာ ဆက်ကြေးမတောင်းရ၊ လူသစ်မစုဆောင်းရ၊… Read More »

အရေးတော်ပုံဂျာနယ် အတွဲ (၂) အမှတ် (၇)

aydp2-7