ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား(မောင်မိုးဦး)
ဗမာပြည်ငြိမ်းချမ်းရေးနီးပြီလား (မောင်မိုးဦး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး —– ဗမာပြည်မှာ ဒီမိုကရေစီရေးကိစ္စကိုပြောရင် တန်းတူရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စ၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စဟာ တွဲဆက်ပါလာပါတယ်။ ဒီကိစ္စ ၃ ခုဟာ တပေါင်းတစည်းတည်းဖြစ်သလို တခုချင်းကိစ္စတွေလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် တခုချင်းကိစ္စကိုကိုင်တွယ်တာနဲ့တပြိုင်တည်းမှာ တပေါင်းတည်းအခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဒါမှ တပေါင်းတည်းအခြေအနေကိစ္စကိုကိုင်တွယ်တဲ့အခါမှာ တခုချင်းကိစ္စတွေနဲ့ ဟသဇာတဖြစ်ပြီး အောင်မြင်ချောမောတဲ့အခြေအနေကို ရရှိမှာဖြစ်ပါတယ်။ ဗမာပြည်ပြည်တွင်းစစ်ဟာ ရှည်ကြာခဲ့သလောက် ပြည်တွင်းစစ်ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးကြိုးပမ်းမှု၊ လိုလားတောင့်တမှုဟာလည်း ရှည်ကြာခဲ့ပြီးဖြစ်ပါတယ်။ ပြည်တွင်းစစ်စတင်ဖြစ်ပွားတာနဲ့ တချိန်တည်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူမနာကိုယ်မနာ ငြိမ်းချမ်းရေးကိုလုပ်ဖို့ တောင်းဆိုကမ်းလှမ်းခဲ့တယ်။ ဆရာကြီးဆိုလိုတာက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲကြပြီး တန်းတူရည်တူညှိနှိုင်းဆွေးနွေးကာ ပြဿနာအရပ်ရပ်ကို ဒီမိုကရေစီနည်းကျကျ ဖြေရှင်းကြဖို့ဖြစ်ပါတယ်။ အဲဒီလို (ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး) ဆိုတဲ့ နိုင်ငံရေးပြဿနာတခုချင်းကို အဆင်ပြေအောင်ကိုင်တွယ်ပြီး တပေါင်းတည်းဖြေရှင်းနိုင်တဲ့ အခြေအနေဖြစ်အောင် ဖန်တီးကြမယ်ဆိုရင် ဗမာပြည်ငြိမ်းချမ်းပြီး ဒီမိုကရေစီထွန်းကားတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စည်းလုံးညီညွတ်တဲ့နိုင်ငံ ဖြစ်တာကြာလောက်ပါပြီ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ သူမနာကိုယ်မနာ ငြိမ်းချမ်းရေးမူကို တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက လက်ခံကြတယ်။… Read More »