အသက်(၁၀၀)ပြည့်သွားပြီးဖြစ်တဲ့ လေထီးဆင်းရဲဘော်ကြီး။
အသက်(၁၀၀)ပြည့်သွားပြီးဖြစ်တဲ့ လေထီးဆင်းရဲဘော်ကြီး။လှကျော်ဇော ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲဖြစ်စဉ်အတွင်း နိုင်ငံခြားသို့ ထွက်ပြီး အကူအညီရှာဖွေတဲ့ လူငယ်အုပ်စု(၂)ဖွဲ့ရှိခဲ့ပါတယ်။ အမိ ဗမာပြည်ကြီးလွတ်လပ်ရေးရဖို့ဆိုတဲ့တခုတည်းသောရည်မှန်းချက်အောက်မှာ လှုပ်ရှားခဲ့ကြပြီး အရှေ့ထွက်သူများက ဂျပန်ရောက်သွားပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာခဲ့ကြပါတယ်။ အနောက်ထွက်သူများကတော့ဦးသိန်းဖေမြင့်ဦးဆောင်တဲ့ လေးထီးဆင်းရဲဘော်များဖြစ်လာကာ ဗမာပြည်ရဲ့ခေတ်သစ်သမိုင်းမှာ သူရဲကောင်းများအဖြစ်ထင်ရှားခဲ့ကြပါတယ်။ အခု၂၀၂၁ မှာတော့ ရဲဘော်သုံးကျိပ်ဝင်အားလုံး မရှိကြတော့ပါဘူး။ ကွယ်လွန်ကုန်ကြပါပြီ။ လေထီးဆင်းတွေထဲမှာလည်း မကျန်သလောက်ပါ။ ဒီထဲကမှ ရှားရှားပါးပါး တရုတ်ပြည်မှာရောက်ရှိနေတဲ့ လေထီးဆင်းရဲဘော် (ဦး)ကိုကိုကြီးကိုတော့ အသက်(၁၀၀)ပြည့်မွေးနေ့ပွဲကို ကူမင်းမှာ ဗမာပြည်ပေါက်တရုတ်လူမျိုးများ(ဝှာချောင်အဖွဲ့)က၂၀၂၁ အောက်တိုဘာလ ၁၄ ရက်နေ့(တရုတ်ရိုးရာ သက်ကြီးရွယ်အိုများနေ့)က ခမ်းနားစွာ ကျင်းပပေးခဲ့ပါတယ်။ ဗမာပြည်မှာ ရဲဘော်သုံးကျိပ်အကြောင်းကတော့ တစုံတရာ လူသိများပုံရပေမယ့် လေထီးဆင်းရဲဘော်များအကြောင်းကတော့ နည်းနည်း တိမ်မြုပ်နေပါတယ်။ အားလုံးလောက်နီးနီးကလည်း ကွန်မြူနစ်တွေဖြစ်နေတာကိုး။ အဲဒီထဲကမှ ပုံဝတ္တုတွေထဲကထက် ထူးခြားဆန်းကျယ်တဲ့ တကယ့်အဖြစ်အပျက်တွေကလည်း ရှိနေပါတယ်။ ဖဆပလခေတ်မှာ သမ္မတမန်းဝင်းမောင်က သူနဲ့လေထီးဆင်းဖက် (သေဒဏ် အမိန့်ချမှတ်ခံထားရတဲ့ ဗကပဗဟိုကော်မတီဝင်) ဗိုလ်မှူးချစ်ကောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အဖြစ်အပျက်မျိုးပေါ့။ ဒါ့အပြင် လေထီးဆင်း ဗိုလ်အုန်းမောင်ရဲ့ ကိုယ်တွေ့အဖြစ်အပျက် ဆောင်းပါးဆက်တွေ၊ စတဲ့ သူရဲကောင်းပုံပြင်တွေလည်း တပိုင်းတစထွက်လာတာတွေလည်းတွေ့ရပါတယ်။ အဲဒီလေထီးရဲဘော်တွေကရေးသားခဲ့တဲ့… Read More »