ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

By | August 24, 2023

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ရဲရင့်သံလွင်

အပိုင်း(၃)

၁၉၇၆ အောက်တိုဘာလ သွေးမြေကျအစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး အပြီးမှာ အင်ဒိုချိုင်းနားကနေ အမေရိကန်တပ်တွေဆုတ်ခွာချိန် အတွင်း ကွန်မြူနစ်နှိမ်နင်းရေးနဲ့ နိုင်ငံကိုပိုတင်းတင်းကျပ်ကျပ်အုပ်စိုးဖို့ စစ်အာဏာသိမ်းပွဲ တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အရပ်သားအစိုးရအုပ်စိုးမှု တွေကလဲ မတည်မငြိမ်ဖြစ်လိုက်၊ ညွန့်ပေါင်းအစိုးရအမျိုးမျိုးပြောင်းလဲဖွဲ့စည်းလိုက်ဖြစ်နေသလို အရပ်သားအစိုးရကိုခဏနားစေပြီး စစ်တပ်က လွှတ်တော်ဖျက်သိမ်း မာရှယ်လောထုတ် ဥပဒေကဲ့သို့အမိန့်တွေနဲ့အုပ်ချုပ်ကြပြန်တယ်။

၁၉၉၇ ခြေဥကတော့အစိုးရအာဏာကို ထိန်းကျောင်းဖို့ အထိန်းအထေဥပဒေတွေ၊ အခြေခံဥပဒေခုံရုံးတွေ၊ အုပ်ချုပ်ရေးကိုထိန်းကျောင်းတဲ့ ခုံရုံးတွေ၊ သီးခြားစီခွဲပြီး ရွေးကောက်ရတဲ့ ဆီးနိတ်စနစ်တွေ၊ ရွေးကောက်ပွဲကြီးကြပ်ထိန်းသိမ်းရေးကော်မတီတွေဖွဲ့စည်းစေခဲ့တယ်။ ဒီခြေဥအောက်မှာ အရပ်သားအစိုးရနှစ်ဆက်လောက် တည်ငြိမ်စွာအုပ် စိုးလာတုံး ၁၉၉၁ မှာ စစ်အာဏာသိမ်းပွဲပေါ်လာပြီး စစ်အစိုးရက NPKC ဆိုတဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးကောင်စီအဖြစ်နဲ့ အုပ်စိုးလိုက်တယ်။ နောက်တော့ ဘုရင့်အမိန့်နဲ့ အရပ်သားအများစုပါတဲ့ ကြားဖြတ်အစိုးရတစ်ခုကိုဖွဲ့ပြီး ၁၉၉၂ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြန်တယ်။ ရွေး ကောက်ပွဲကျင်းပတယ်ဆိုပေမယ့် ဒီရွေးကောက်ပွဲမှာ အနိုင်ရသူတွေက ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆူချင်ဒါကို ဝန်ကြီးချုပ်အဖြစ် တင် မြှောက် လိုက် ကြတယ်။ ဒီအခါမှာ လူထုကြီးက ငြိမ်မခံတော့ဘဲ လမ်းပေါ်ထွက်လာကြတယ်။ လူ ၂သိန်းလောက်ဆန္ဒပြသူတွေဟာ အစိုးရ ဖွဲ့ရာမှာ စစ်တပ်က ဩဇာလွှမ်းတာမျိုး ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြတယ်။ ဒီဆန္ဒပြပွဲကြီးကို စစ်တပ်က ရက်ရက်စက်စက်နှိမ်နင်းပစ်လိုက်တယ်။ ဒီအရေး အခင်းကို ၁၉၉၂ မေ အရေးအခင်းလို့ခေါ်ကြတယ်။ လူ ၅၂ နဲ့ ၁၀၀ ယောက်သေ၊ လူ၆၉၆ ဒဏ်ရာရ လူ၁၇၅ ပျောက်ဆုံးဖြစ်သွားတယ်။

ဒီအခါမှာ ထိုင်းဘုရင်က ဒီပွဲထဲမှာ အတိအလင်းပါဝင်လာတယ်။ စစ်ဗိုလ်ချုပ်တွေကို ခေါ် ငေါက်ပစ်တယ်။ ဒီအရေးအခင်းကြောင့် ထိုင်းနိုင်ငံမှာ တကယ်အာဏာကို ဆုပ်ကိုင်ထားသူဟာ ဘုရင်ပဲဆိုတာ အထင်အရှားပြသလိုက်တယ်လို့လဲ သမိုင်းဆရာတစ်ဦးကရေးပါတယ်။ အဲဒီနောက် ကြားဖြတ်အစိုးရထပ်ဖွဲ့ပြန်တယ်။ကြားဖြတ်အစိုးရက ၁၉၉၂ စက်တင်ဘာမှာ ရွေးကောက်ပွဲကျင်းပပေးလိုက်တယ်။ ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့က စစ်တပ်ကိုယ်စားလှယ်ကို မဲအနည်းငယ်အသာနဲ့ နိုင်ပြီး ၅ ပါတီညွန့်ပေါင်းအစိုးရဖွဲ့ကြတယ်။ အရပ်သားညွန့် ပေါင်းအစိုးရပြိုကွဲသွားတဲ့အခါ ဝန်ကြီးချုပ် ချွန်လိပိုင်က လွှတ်တော်ကိုဖျက်သိမ်းလိုက်တယ်။ နောက်ထပ်ပြုလုပ်တဲ့ရွေးကောက်ပွဲမှာတော့ အရပ်သား နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ချတ်ထိုင်းပါတီက မဲအပြတ်အသတ်အနိုင်ရတယ်။ တစ်နှစ်လောက်အကြာမှာ အစိုးရပျက်သွားပြီး နောက် တကြိမ်ရွေးကောက်ပွဲ လုပ်ကြတယ်။ ကာချုပ်ဟောင်းချောင်ဗာလစ်ညွန့်ပေါင်းအစိုးရတက်လာတယ်။ အာရှဘဏ္ဍာရေးပျက်ကပ်နဲ့တိုးသွားတဲ့အ တွက် သူ့အစိုးရ နေရာမှာ ချွမ်လိပိုင်အစိုးရက အာဏာရယူသွားတယ်။ ချွမ်လိပိုင်ကညွန့်ပေါင်းအစိုးရဖွဲ့ပြီး ဘဏ္ဍာကပ်ကိုရင်ဆိုင်ရင်း ဒီမိုကရေစီအခွင့်အရေး နည်းနည်းတိုးပေးဖို့ ၁၉၉၇ အခြေခံဥပဒေသစ်ကိုရေးဆွဲ ပြဌာန်းလိုက်တယ်။ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လူထုကတိုက်ရိုက်ရွေးကောက် တင်မြှောက်တဲ့ အောက်လွှတ်တော် အထက်လွှတ် တော်တွေပေါ်လာတယ်။

၂၀၀၁ ခုဇန်နဝါရီမှာတော့ အားလုံးသိနေကြတဲ့ တယ်လီကွမ်းဆက်သွယ်ရေးလုပ်ငန်းရှင်ဘီလီယံနာ သူကြွယ်ကြီး လဲဖြစ် ၁၉၉၀ ခုများမှာ စစ်အုပ်စုနဲ့ ပတ်သက်ခဲ့ဘူးသူလဲဖြစ် ဒုရဲမှူးကြီးဟောင်းလဲဖြစ်တဲ့ သက်ဆင်ရှင်နာ ဝါထနာရဲ့ ထိုင်းရတ်ထိုင်း ပါတီ က ကျေးလက် တောင်သူလယ်သမားတွေရဲ့မဲအပါအဝင် အောက်ခြေလူထုမဲအများစုနဲ့ ရွေးကောက်ပွဲနိုင်သွား ခဲ့ တယ်။ တခြားပါတီ ပေါက်စ လေးတွေကို သိမ်း သွင်းလိုက်တဲ့အခါ အမတ်၅၀၀ လွှတ်တော်မှာ အမတ်၂၉၆နေရာနဲ့ လူများစုဖြစ်လာပြီး အစိုးရသစ်ဖွဲ့ခွင့်ရသွားတယ်။ သက်ဆင်ရဲ့ ပေါ်ပြူလာ ဝါဒ လုပ်ငန်းစဉ်တွေကတော့ ချေးငွေကို အတိုးနည်းနည်းနဲ့ဘဏ်တွေကနေ ချေးလို့ရအောင်လုပ်ပေးတဲ့နည်းနဲ့ အများပြည် သူ ဝယ်လိုအားတက်လာ အောင် အစိုးရအသုံးစရိတ်များများထုတ်ပြီး အခြေခံအဆောက်အဦတွေ စီမံကိန်းကြီးတွေဆောက်လုပ်ပြီး အလုပ် အကိုင်များများဖန်တီးတဲ့ နည်း ဖြစ်ပါတယ်။ များများသုံးလာအောင် အခွန်အတုတ်တွေလျှော့ပေးတာတို့၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေများ များ ဝင်လာအောင် စည်းမျဉ်းစည်း ကမ်းလျှော့ပေးတာ အခွန်လျှော့ချတာတို့ ပါဝင်သလို ကျေးလက်လယ်သမားများဆီက စပါးတွေကို အစိုးရ က နေ ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းပိုပေးပြီး ဝယ်ယူပေးတာတို့၊ စိုက်ပျိုးစရိတ်ချေးငွေကို အတိုးနည်းနည်းနဲ့ ထုတ်ချေးတာတို့၊ လူမှုအသုံးစရိတ် ကို ဒေါ်လာ ၂ ဘီလီယံလောက် သုံးပစ်တာတို့၊ UHC လူတိုင်းကျန်းမာရေးခံစားခွင့်အဖြစ် တကြိမ်ဆေးခန်းလာရင် ဘတ်ငွေ ၃၀ စီထုတ် ပေးတာတို့စသဖြင့် တွေ့ကြရတယ်။သူ့ လက်ထက်မှာ ဆင်းရဲသားဦးရေအများကြီးလျှော့သွားတယ်။ တဖက်မှာလဲ ဇိမ်ခံပစ္စည်းသုံးသူပိုများလာတယ်။ မှောင်ခိုထီလုပ်ငန်းကို တရားဝင် ဖွင့်ပေးလိုက်တဲ့အတွက် ထီရောင်းအားဟာ ဒေါ်လာ ၂ ဘီလီယံအထိထိုး တက်သွားတယ်။ သူ့ ပေါ်ပြူလာဝါဒဟာဆင်းရဲသားတွေအတွက် ငွေတွေပုံသုံးနေတယ်လို့ အပြင်ပန်းအရမြင်ရပေမယ့် သူ့လက်ထက်မှာချမ်းသာ သူတွေဟာ ပိုချမ်းသာသွားကြတယ်။ သူ့မိသားစုကိုယ်တိုင်လဲ ဝန်ကြီးချုပ်ရာထူးစတင်ချိန်က အရပ်ရပ်ပိုင်ဆိုင်မှု တန်ဖိုးဘတ်ငွေ ၁၅.၅ဘီလီ ယံရှိရာက ၂၀၀၆ မှာ သူ့ပိုင်ဆိုင်မှုစုစုပေါင်းဟာ ဘတ်ငွေ ၇၆ ဘီလီယံဖြစ်လာတယ်။ သူ့ငွေတွေဟာ ပုံမှန်အတိုင်းလုပ်ငန်း တွေက ဝင်ငွေတွေ ပါလို့သက်ဆင်ကပြောပေမယ့် သူ့လက်ထက်မှာ အကျင့်ပျက် အဂတိမှုတွေကပိုထူပြောတယ်လို့ဆိုကြတယ်။

၂၀၀၅ဒုတိယသက်တမ်းအနိုင်ရပြီး မကြာခင်မှာ သူ့ရဲ့ ဇက်ရဲလက်ရဲလုပ်တတ်တဲ့အကျင့်အတိုင်း မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲကြီးဆင်ပြီး လူ ၂၅၀၀လောက်မစစ်မဆေး သတ်ပစ်တာခံလိုက်ရတယ်။ သက်ဆင်မိသားစုပိုင်ရှင်းကော်ပိုရေးရှင်းအစုရှယ်ယာအားလုံးကို သာမာဆက်ဦးပိုင် ကုမ္ပဏီကို အခွန်လွတ်စာရင်း သွင်းပြီး ဘတ်ငွေ ၇၃ ဘီလီယံနဲ့ ရောင်းပစ်လိုက်တယ်။ မီဒီယာတွေကိုလဲ ဖိနှိပ်တိုက်ခိုက်တာတွေ လုပ်တယ်။ ဒါတွေ အားလုံး ကြောင့် သူ့ကို ဆန့်ကျင်တဲ့ လေသံတွေပွက်ပွက်ညံလာတယ်။ အကျင့်ပျက်တယ်၊ အာဏာရှင်ဆန်တယ်၊ နိုင်ငံတော်သစ္စာ ဖောက်တယ်၊ နိုင်ငံခြားရေးမှာ သံတမန်မဆန်ဘူး၊ အခွန်မဆောင်ဘဲ ရှောင်တိမ်းတယ်..စတဲ့စတဲ့ စွပ်စွဲ မှုမျိုးစုံပေါ်လာတယ်။

၂၀၀၆ မှာ တော့ ဒီမိုကရေစီပြည်သူ့မဟာမိတ် PAD တနည်းအားဖြင့် ရှပ်ဝါတပ်ဖွဲ့ကြီး ဘန်ကောက်မှာ အင်အားအလုံးအရင်းနဲ့ဆန္ဒပြပြီး သက်ဆင် နှုတ်ထွက်ရေး တောင်းဆိုကြတယ်။ ဆန့်ကျင်မှုကြီးမားလာတဲ့ ဒုရဲမှူးကြီးဟာင်း ဘီလီယံနာသက်ဆင်က ဆင်းမပေးဘဲ ပါလီမံကိုဖျက်သိမ်းပြီး အရေးပေါ်ရွေးကောက်ပွဲတစ်ခုကျ င်းပပေးဖို့ပြင်ဆင်တယ်။ ဒီရွေးကောက်ပွဲမပြီးခင် သူ့ကိုယ်သူလဲ အိမ်စောင့်အစိုးရအဖြစ် ဖွဲ့လိုက်တယ်။ ဧပြီလမှာ ရွေးကောက်ပွဲကျင်းပတော့ အဓိကအတိုက်အခံပါတီတွေသပိတ်မှောက်ကြတယ်။ ဒါနဲ့အောက်တိုဘာလမှာ နောက်တချီရွေးကောက် ပွဲလုပ်ဖို့ပြင်ဆင်ပြန်တယ်။ စစ်တပ်က နောက်တချီအထိစောင့်မနေဘဲ ၂၀၀၆ စက်တင်ဘာမှာအာဏာသိမ်းလိုက်တယ်။


၂၀၀၆ နောက်ပိုင်းမှာစစ်အာဏာသိမ်းပွဲ ၂ကြိမ် ၊ ခြေဥသစ် ၂ ခု၊ ရွေးကောက်ပွဲ ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ၇ ယောက်တက်ခဲ့တယ်။ ပြည် တွင်း မငြိမ်မသက်မှုတွေကလဲ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တယ်။ ဒီ ပဋိပက္ခရဲ့ အဓိက သင်္ကေတကတော့ ၂၀၀၆ စစ်အာဏာသိမ်းမှုကိုဖြစ်ပေါ် စေခဲ့ တဲ့ သက်ဆင်ဆန့်ကျင်ရေး ရှပ်ဝါအုပ်စုနဲ့ သက်ဆင်ထောက်ခံ တဲ့ ရှပ်နီအုပ်စုတို့ဖြစ်ပါတယ်။ ဒီပဋိပက္ခဟာ ရှပ်ဝါထောက်ခံတဲ့ ဘုရင်လို လားသူ ဒီမိုကရက်ပါတီအစိုးရတက်လာတော့ ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းအဆက်မပြတ်ပြုလုပ်ကြသလို တရားမဝင်ပါတီ ထိုင်းရတ်ထိုင်းကို နာမည်ပြောင်းပြီးပြန်ဖွဲ့တဲ့ ဖွေထိုင်းပါတီ ကာလမှာလဲ ရှပ်နီအမာခံအဖြစ်ဆက်ရှိနေတယ်။ သက်ဆင်ရဲ့နှမ ယင်းလတ်ဝန်ကြီးချုပ်ဖြစ်ချိန်နဲ့ ယင်းလတ်ကို စစ်အာဏာသိမ်းတော့လဲ ရှပ်နီ အင်အားစုဘဲ ဘန်ကောက်မြို့ထဲမှာ ကြံ့ကြံ့ခိုင် သပိတ်စခန်း တွေဖွင့်ပြီး သွေးမြေကျခံ အင်အား ပြခဲ့ကြတယ်။ စစ်ပဒေသရာဇ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ကတော့ အခြေခံဥပဒေတွေနဲ့ သူတို့အာဏာကို ပိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်သလို ဘုရင်ရဲ့အခန်းကိုပိုမြှင့်ပြီး ဘုရင်ကို နည်းနည်းလောက်တောင်ဝေဖန်ခွင့် မရှိတဲ့ Lese-majeste’ အရှင်သခင် အကြည်ညိုပျက်စေမှုပုဒ်မကိုလဲ တရစ်ပြီးတရစ်ထပ်တင်းပေးနေတယ်။ ရှပ်နီ ရှပ်ဝါ ထိပ်တိုက်ပဋိက္ခဆန္ဒပြပွဲမျိုးစုံကို ဆယ်စုနှစ်နဲ့ချီတွေ့နေရတဲ့အခါ ဒါဟာ မြောက်ပိုင်းနဲ့ အရှေ့မြောက် ကျေးလက်တောင်သူတွေနဲ့ ဘန်ကောက်က မြို့နေလူလတ်တန်းစားတွေ အကြားက ပဋိပက္ခလို့တချို့ကထင်ကြတယ်။ ဆန္ဒပြပွဲတွေ ဘုရားပွဲလှည့်သလို တန်းစီလှည့်လည် တဲ့အလုပ်တစ်ခုကို ရက်ရှည်လများလုပ်ဖို့ဆိုတာ ကျေးလက်တောင်သူတွေအတွက်ရော မြို့နေလူလတ်တန်းစားတွေအတွက်ရော ဘယ်သူမှ ရေရှည်လုပ်ဖို့မလွယ်ဘူး၊ ရောင်စုံတီရှပ်တွေ၊ ရောင်စုံရွက်ထည်တဲတွေ၊ ရောင်စုံပိုစတာတွေ၊ ဦးထုပ်ဆင်တူတွေ၊ ပိုးလည်စည်းတွေ၊ တင်ဆောင် လာတဲ့ လော်လီကားတွေ၊ စပီကာအသံချဲ့စက်တွေကနေ မီဒီယာသမားတို့ မီဒီယာလွှင့်ထုတ်ချက်တို့ အပါအဝင် နေ့စဉ်ကျွေးမွေးစရိတ်တွေအထိ တစ်ရက်ကို ဘတ်ငွေ ၅ သန်းလောက်မရှိရင်မရဘူးလို့ သတင်းစာဆရာတစ်ယောက်ကထောက်ပြတယ်။ ရှပ်နီရောရှပ်ဝါရော လမ်းပေါ်တင်ပေး နေသူ oligarch သူကြွယ်ကြီးတွေကပဲ ဒီစရိတ်တွေ ထုတ်ပေးနေကြတယ်လို့ သူကထောက်ပြတယ်။ ဒါကြောင့် ဒါတွေဟာ oligarchs တွေ အကြားတိုက်ပွဲတစ်ခုပဲလို့ သူကဆိုပါတယ်။

အရှေ့တောင်အာရှစီးပွားရေးဂျာနယ်တစ်ခုမှာပါတဲ့ သုံးသပ်ချက်တစ်ခုမှာတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထနာဟာ ကွန်ရက် ကြီး ၂ ခုကိုထူထောင်ပြီး လှုပ်ရှားခဲ့လို့ ရွေးကောက်ပွဲတွေအနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆင် ထူထောင်တဲ့ ပထမကွန်ရက်က သမားရိုးကျ ကွန်ရက်လို့လဲပြောနိုင်တယ်။ သူဝန်ကြီးချုပ်ဖြစ်လာရင် အပြန်အလှန်အကျိုးပြုမှုရလဒ်မျှော်ကိုးပြီး သူ့ကိုထောက်ခံတဲ့ သူကြွယ်တွေ အီလစ် တွေပါဝင်တဲ့ကွန်ရက်ပါဘဲ။ ဒုတိယကွန်ရက်ကတော့ အောက်ခြေထောက်ခံသူတွေ၊ စီးပွားရေးသမားအလယ်အလတ်တွေ နယ်ခံနိုင်ငံရေးသမား တွေပါဝင်တဲ့ကွန်ရက်ဖြစ်ပါတယ်။ ပထမကွန်ရက်ပုံစံက ပိရမစ်လို အဖျားချွန်အောက်ခြေကျယ်ပြန့်တယ်။ ဒုတိယကွန်ရက်ကတော့ ပင့်ကူအိမ် လို ဆက်သွယ်ထားတဲ့ကွန်ရက်ဖြစ်လို့ အလွယ်တကူနှိမ်နင်းဖို့ခက်တယ်။ ဒုတိယကွန်ရက်ထဲမှာ ဒီမိုကရေစီတို့ တရားမျှတမှုတို့ကိုလိုလားသူတွေ ပါသလို ဒေသန္တရအကျိုးစီးပွားတောင်းဆိုသူတွေအပြန်အလှန်ချိတ်ဆက်ထားကြတယ်။ ၂၀၀၆ စစ်တပ်ကအာဏာသိမ်းလိုက်တော့ ပထမကွန် ရက်မှာပါသူ သူကြွယ်တွေနောက်ကိုဆုတ်သွားကြပေမယ့် ဒုတိယကွန်ရက်ကတော့ ကြံ့ကြံ့ခံရပ်တည်နေကြတယ်။ သက်ဆင်ရဲ့ ပေါ်ပြူလာဝါဒ ကို ကြိုက်တဲ့သူတွေကတော့ သက်ဆင်မှ သက်ဆင်ဖြစ်နေပြီး သက်ဆင်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေပါပေမယ့်ရှပ်နီအုပ်စုထဲက တခြားအင်အား စုတွေက စစ်ပဒေသရာဇ်အော်လီဂါခီစနစ်ကို ပြတ်ပြတ်သားစားဆန့်ကျင်ချင်သူတွေဖြစ်နေတယ်။

၂၀၁၉ ရွေးကောက်ပွဲမှာတော့ ရှပ်နီရှပ်ဝါအပြင် နောက်ထပ်အရောင်တစ်ရောင် မထင်မှတ်ဘဲ အင်အားကြီးထွားလာတယ်။ အဲဒီအင်အားစု သစ်ကတော့ Future Forwrd အနာဂတ်ရှေ့ချီအင်အားစု ဒါမှမဟုတ် လိမ္မောရောင်အင်အားစုဖြစ်ပါတယ်။ FFP ပါတီခေါင်းဆောင် ထနာသွန် ယွန်ဂျန်ရီယန်ကစ်ကို ကနေဒါဝန်ကြီးချုပ်ထရူးဒိုးတို့ ပြင်သစ်သမ္မတ မေခရွန်တို့လိုလူငယ်ခြေတက်အဖြစ်တောင် တချို့မီဒီယာတွေကရေးကြ တယ်။

၂၀၁၇ ထိုင်းခြေဥကိုတော့ အားလုံးသိပြီးဖြစ်ပါတယ်။ အတိုက်အခံအင်အား ဘယ်နည်းနဲ့မှ အာဏာမရနိုင်အောင် ပုဒ်မမျိုးစုံတားဆီး ပိတ်ဆို့ထားတယ်။ ဒီပတ်ဝန်းကျင်မှာ ဖွေထိုင်းပါတီနဲပအတူ FFP လဲ ထောက်ခံမဲအစုလိုက်အပြုံလိုက်ရကြတယ်။ ထုံးစံအတိုင်း အတိုက်အ ခံတွေကို ညွန့်ပေါင်းအစိုးရမဖွဲ့နိုင်အောင် FFP ခေါင်းဆောင်နဲ့ FFP ပါတီကို စစ်တပ်က ခြေဥကိုကိုင်ပြီး မောင်းထုတ်ပစ် ခဲ့တယ်။ အဲဒီနောက်မှာ တော့ ဘန်ကောက်မြို့တော်မှာ လူငယ်ဆန္ဒပြပွဲတွေအင်ကြီးအားကြီးထွက်ပေါ်လာတယ်။ ၂၀၂၃ ရွေးကောက်ပွဲမှာ အဲဒီလိမ္မော်ရောင် လူငယ်ထုရဲ့ အင်အားနဲ့ FFP ပါတိကို MFP ရှေ့သို့ချီပါတီအဖြစ်ပြန်မှတ်ပုံတင်ပြီးရွေးကောက်ပွဲ ဝင်လိုက်တဲ့အခါ အောက်လွှတ်တော်အမတ်နေရာ ၁၅၁ ယောက်နဲ့ မဲအများဆုံးရတဲ့ပါတီဖြစ်လာတယ်။ လူငယ်ထုရဲ့ လိုလားချက်တွေ တောင်း ဆိုချက်တွေအတိုင်း ဆက်လက်အကောင်အထည်ဖော်မဲ့ MFP ကို မဟာမိတ်ဖွဲ့လိုတဲ့ တခြားပါတီတွေရှိသလို တူးတူးခါးခါးဆန့်ကျင်တဲ့ ရှေးရိုး စွဲ ဘုရင့်ဂိုဏ်းသားတွေ စစ်ဗိုလ်ချုပ်တွေလဲရှိနေတဲ့အတွက် MFP ခေါင်းဆောင်ပီတ လင်ဂျာရိုရတ်ကို အပြစ်ရှာပြီး အမတ်ရာထူးကဆိုင်းငံ့ လိုက်တဲ့အတွက် ရွေးကောက်ပွဲပြီးလို့ ၃ လကြာတဲ့အထိ ထိုင်းအစိုးရသစ်ဖွဲ့နိုင်တာမလုပ်နိုင်သေးဘူး၊ ဒါတွေကို အရှေ့တောင်အာရှအာဏာ ရှင်ခေါင်းဆောင်တွေက အားရဝမ်းသာရှိကြတယ်။MFP အင်အားစုတွေကို အမှုန့်ကြိတ် ပစ် ချင်နေတဲ့ အာဏာလက်ရှိ စစ်ပဒေသရာဇ် အော်လီ ဂါခီတွေ နောက်ထပ်ဘယ်ခြေလှမ်းလှမ်းမလဲ ဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်။

ဘန်ကောက်မြို့တော်လမ်းမတွေပေါ်မှာ လူထုကြီး သွေးမြေကျခံတိုက်ပွဲဆင်နေတာဟာ နိုင်ငံရေးသမားတစ်ဦး နိုင်ငံရေးပါတီတစ်ခု အတွက် မဟုတ်ဘူး၊ လူထုကြီးဟာ သူတို့လိုလားတဲ့ပန်းတိုင်က ဘယ်ဟာလဲဆိုတာ သဲသဲကွဲကွဲ သိချင်မှသိမယ်။ ဒါပေမဲ့ သူတို့မလိုလားတဲ့စနစ်နဲ့သူတို့ ဆန့်ကျင်ရမဲ့အရာ ဘာဆိုတာကိုတော့ ကောင်းကောင်းသိတယ်။ ဆင်းရဲခြင်း အလုပ်လက်မဲ့ဖြစ်ခြင်း ငတ်မွတ်ခေါင်းပါးခြင်းတွေထူပြောလှတဲ့ လူ့အဖွဲ့အစည်းကို သူတို့မလိုချင်ဘူး၊ အကျင့်ပျက်အဂတိလိုက်စားတဲ့ ဖောက်ပြန်တဲ့ အော်လီဂါခီသူကြွယ်ကြီးတွေစိုးမိုးနေတာကို မလိုချင်ဘူး။ ထိုင်းနိုင်ငံအပေါ်ယံအဆောက်အဦဖြစ်တဲ့ ထိုင်းနိုင်ငံရေးလောကနဲ့ ဟန်ပြဒီမိုကရေစီထဲမှာပဲ ကျင်လည်နေသူတွေကတော့ ဒီမိုကရေစီရရင် ထိုင်းလူ့အဖွဲ့အစည်း ပြီးပြည့်စုံပြီ၊ ဘာလူတန်းစားတိုက်ပွဲ ဘာလူတန်းစားကွာဟချက်မှ မရှိတော့ဘူးလို့ တွင်တွင်ဝါဒဖြန့်နေကြပေမယ့် လက်တ ဆုပ်စာ နိုင်ငံရေးသမားတစ်စုအကြား ရာဇပလ္လင်လုတဲ့ လွှတ်တော်နိုင်ငံရေး ရွေးကောက်ပွဲနိုင်ငံရေးထဲကို မြို့နေလူ လတ်တန်းစားတွေနဲ့ ကျေး လက်တောင်သူလယ်သမားတွေအလုံးအရင်းဆွဲသွင်းလာကြတယ်။ အဲဒီအောက်ခြေနဲ့ အလယ်အလတ်အင်အားစုတွေဟာ သူတို့ချပေးထားတဲ့ ဘောင်ကလနားကို ကျော်ပြီး စစ်ပဒေသရာဇ်အာဏာကို ပြတ်ပြတ်သားသားထိုးနှက်လာတဲ့အခါမှာတော့ အဲဒီနိုင်ငံရေးသမားသူကြွယ်ကြီးတွေ ဟာ အထိတ်တလန့်ဖြစ်ပြီး နောက်တက်အင်အားတွေကို နှိမ်နင်းဖို့ စစ်ပဒေသရာဇ်လူတန်းစားတွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းကုန်ကြတယ်။

နာမည်ကျော် Journal of Democracy ဒီမိုကရေစီဂျာနယ်ကြီးထဲက ဆောင်းပါးတစ်ပုဒ်ကတော့ ၂၀၂၃ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံရဲ့ တော်လှန်တဲ့ရွေးကောက်ပွဲ လို့ ကင်ပွန်းတပ်လိုက်တယ်။ နှစ်ပေါင်း၅၀ ကျော်အတွင်း ဒီမိုကရေစီရွေးကောက်ပွဲနဲ့ စစ်တပ်ရဲ့ ပြောင်ပြောင်တင်း တင်းအုပ်စိုးမှုအကြား တကျော့ပြီးတကျော့သံသရာလည်နေပေမဲ့ စစ်တပ်နဲ့ဘုရင် ရဲ့ သာလွန်အင်အားကြီးမားမှုတွေပဲ တွေ့နေရပြီး ဘာမှ ပြောင်းလဲမှုမရှိခဲ့ဘူးလို့ ဆောင်းပါးကရေးပါတယ်။ လူထုမငြိမ်မသက်မှုတွေကို ရွေးကောက်ပွဲလမ်းကြောင်းထဲကို တွန်းပို့တာ အကြိမ်ကြိမ်လုပ် ခဲ့ကြပေမယ့် ထိုင်းမဲဆန္ဒရှင်တွေဟာ ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို တခါမှမရရှိကြဘူးလို့လဲ သူကပြောပါတယ်။

၂၀၂၃ ရွေးကောက်ပွဲ ကတော့ အနီနဲ့အဝါနှစ်မျိုးထဲ ဆယ်စုနှစ် ၂ ခုပြိုင်နေတဲ့နိုင်ငံရေးထဲကို နောက်ထပ်လိမ္မော်ရောင် ဒီလှိုင်းကြီးဝင်ရောက်လာတာပဲ။ အဲဒီ-ဒီလှိုင်း ကြီးဟာ ပိုပြီးရက်ဒီကယ်ကျတယ်၊ စစ်တပ်ကြီးစိုးမှုနဲ့ ဘုရင်ကြီးစိုးမှုကို ပိုပြီးပွင့်လင်းစွာဆန့်ကျင်တယ်။ ထိုင်းနိုင်ငံရဲ့ အဓိက ပဋိပက္ခဟာ စစ် ပဒေသရာဇ် အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုအချုပ်အခြာအာဏာထိပ်တိုက်ဖြစ်မှုပဲလို့ သူကယူဆတယ်။ ဒါကြောင့် လိမ္မော်ရောင်ဒီလှိုင်း ဟာထိုင်းပဒေသရာဇ်နဲ့ ပေါ်ပြူလာနိုင်ငံရေးအကြား တင်းမာနေတဲ့ ငလျင်ကြောကြီးကို တိုးတိုက်ပစ်မဲ့ ငလျင်ကြီးပဲလို့လဲ သူကရေးပါတယ်။ ထိုင်းလူ့အဖွဲ့အစည်းထဲမှာ လူတန်းစားကွဲပြားမှုတွေ ဆင်းရဲချမ်းသာချောက်ကမ်းပါးခြားမှုတွေဟာ ပဒေသရာဇ်စနစ်ရဲ့ဖိနှိပ်မှု ပဒေသရာဇ် အတွေးအခေါ်ရဲ့ဖိစီးမှုတွေကြောင့် ဒီကွဲပြားမှုကို ထင်ဟပ်တဲ့နိုင်ငံရေးမျိုး၁၉၆၀ တဝိုက်နောက်ပိုင်းမှာ အလွန်ရှားပါးနေတာအမှန်ဘဲ။ အခုမှသာ ထိုင်းအီလစ်နိုင်ငံရေးသမားတွေက လက်ကိုင်တုတ်အဖြစ် သူတို့ကိုနိုင်ငံရေးထဲဆွဲသွင်းလာကြတာဖြစ်ပါတယ်။ အဲသလိုနိုင်ငံရေးနယ် ထဲ ရောက်လာတဲ့အခါ နိုင်ငံရေးလှုပ်ရှားမှုတွေကလဲ လူတန်းစားအနံ့အသက်တွေ လူတန်းစားအတွင်းသဘောတွေ တဖြည်းဖြည်းပါဝင်လာတာ တွေ့ နေရတယ်။ FFP ပါတီတို့ MFP ပါတီတို့ရဲ့ လုပ်ငန်းစဉ်တွေဆိုရင် ရှိရင်းစွဲ နိုင်ငံရေးအဆောက်အဦဖြစ်တဲ့ စစ်ပဒေသရာဇ်အော်လီဂါခီစနစ်ကို ဖယ်ရှားပြီး ပြည်သူလူထုတရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့ တောင်းဆိုတာတွေဖြစ်လာနေတယ်။ လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဖြစ်လာတယ်။ ထိုင်းနိုင်ငံရဲ့ မြေယာ ငါးပုံသုံးပုံကို အထက်လွှာ ၁၀ % ကပိုင်ဆိုင်ပြီ အောက်ခြေ ၁၀%ကတော့ မြေယာ ၀. ၀၇%ကိုပဲ ပိုင်ဆိုင်ကြတယ်၊ အဲသလို မြေပိုင်မှုအများအပြားရှိသူတွေထဲမှာ ထိုင်းလွှတ်တော်အမတ် ၅၀၇ ယောက်လဲ ပါတယ်။ အမတ်လဲဖြစ် မြေလဲပိုင်သူတွေဟာ ကျေး လက်ဒေသမှာ ဘုရင်တစ်ဆူလိုတန်ခိုးကြီးထွားသူတွေဖြစ်ပါတယ်။ စာရင်းတစ်ခုအရ ၂၀၀၈ -၂၀၁၁ ခုအကြား ၃ နှစ်လောက်အတွင်း ထိုင်းနိုင်ငံ အချမ်းသာဆုံးသူကြွယ်ကြီးတွေရဲ့ ဓနဥစ္စာဟာ ၂ ဆတိုးလာတယ်လို့ဆိုပါတယ်။ ဒီသူကြွယ်ကြီးတွေဟာ တက်လာသမျှစစ်အစိုးရတွေအောက် မှာ အခွန်သက်သာခွင့်တွေ အခွန်လျှော့ပေးတာတွေခံစားနေပေမယ့် အစိုးရဘတ်ဂျက်ငွေတနေ့တခြားနည်းလာတဲ့အောက်မှာ ဆင်းရဲသားပြည်သူ အတွက် ကျန်းမာရေးပညာရေး လူမှုဖူလုံရေး အစိုးရအသုံးစရိတ်တွေကတော့ ဖြတ်ပြီးရင်းဖြတ်တောက်တာခံနေရတယ်။ သူကြွယ်ကြီး ၂၀၀ လောက်ဟာ အစိုးရအာဏာပိုင်တွေနဲ့ အလွန်နီးကပ်စွာဆက်နွယ်နေတဲ့အတွက် အစိုးရအတွင်းသတင်းတွေ လုပ်ငန်းကိုင်ငန်းသတင်းတွေ လျှို့ဝှက်ကိန်းဂဏန်းတွေကို သိနေကြလို့ စတော့ရှယ်ယာဈေးကွက်မှာ ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိပြီး တခြားအစုရှယ်ယာရှင်တွေထက် ခေါင်းတ လုံးအသာရနေတယ်။

အော်လီဂါ့ခီတွေ အစိုးရဝန်ကြီးတွေ စစ်တိုင်းမှူးတွေဟာ စီးပွားရေးလုပ်ကွက်တွေမှာ အမြီးချင်း လိမ်ထားသလို ကွန်ရက် တစ်ခုထူထောင်ထားကြတယ်။ အားလုံးသိကြတဲ့အတိုင်း ထိုင်းစီးပွားရေးမှာ Shadow Economy က အဓိကအများစုလွှမ်းမိုးထားတယ်။ ဩစတြေးလျား ဂျွန်ကက်ပလာ တက္ကသိုလ် ဘောဂဗေဒပညာရှင် ရှနိုက်ဒါးရဲ့ ခန့်မှန်းချက်အရ အဲဒီမှောင်ခိုစီးပွားရေးပမာဏ ဟာ ထိုင်း GDP ရဲ့ ၄၀.၉% တောင်ရှိတယ်။ မူး ယစ်မှောင်ခိုလုပ်ငန်းမပါဘဲနဲ့တောင် အဲသလောက်ရှိတာတဲ့။ အများစုက လောင်းကစားလုပ်ငန်းတွေ လက်နက်ငယ် မှောင်ခိုလုပ်ငန်းတွေ ပါတယ်။ အဓိကကတော့ အစိုရဆီမှာမှတ်ပုံမတင်၊ အစိုးရကိုအခွန်မဆောင်တဲ့ ကုန်ထုတ်လုပ်မှု ဝန်ဆောင်မှုတွေပဲလို့ သူကဆိုပါတယ်။ အဲဒီမှောင်ခိုစီးပွားရေးထဲမှာ နာမည်အပျက်ဆုံးကတော့ loan sharking လို့ခေါ်တဲ့ အတိုးနှုန်းအဆမတန်ကြီးမားတဲ့ ငွေတိုး ကြီးစားလုပ်ငန်းပဲ။

ထိုင်းတနိုင်ငံလုံး အဲသလို ရက်စက်တဲ့အတိုးကြီးစားပေါင်း ၂ သိန်းကျော်ရှိတယ်။ သူတို့ဟာ လူမိုက်တွေလူဆိုးတွေနဲ့ လွှတ် ပေးလေ့ရှိတယ်။ ဝင်ငွေမလုံလောက်တဲ့ မြို့ပြနဲ့ ကျေးလက် ငွေချေးသူတွေဟာ ဒီဒဏ်ကို ကျောကော့အောင်ခံနေရတယ်လို့ သူကရေးပါတယ်။ တကယ်က ထိုင်း နိုင်ငံမှာ လူတန်းစားတိုက်ပွဲမရှိတာမဟုတ်ဘူး၊ အာဏာရနေတဲ့ ထိုင်းစစ်ဗိုလ်ချုပ်တွေ၊ တော်ဝင်မိသားစုတွေနဲ့ အော်လီဂါ့ခ်အရင်းရှင်ကြီးတွေ လောက် သူ့လူတန်းစားအကျိုးကြည့်တာ လူတန်းစားနိုးကြားတာ အမျက်ဒေါသပြင်းတာမရှိဖူးသေးဘူး။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်သူ ၃၈.၃ သန်း(၂၀၁၆စာရင်း) ရှိပြီး အဲဒီထဲက ၄၉% ဟာ လယ်ယာစိုက်ပျိုးရေးမှာအလုပ်လုပ်တယ်။ ဝန် ဆောင်မှုကဏ္ဍမှာ ၃၇% ၊ စက်မှုကဏ္ဍမှာ၁၄ % အလုပ်လုပ်တယ်။ ဝန်ဆောင်မှုကဏ္ဍတစ်ခုတည်း ဝင်ငွေဟာ GDP ရဲ့ ၄၄.၇% (၂၀၀၇ စာ ရင်း) ရှိနေတယ်။ ထိုင်းအလုပ်သမားအများစုဟာ ကျွမ်းကျင်မှုနည်းတဲ့သူတွေဖြစ်လို့ ကမ္ဘာလွှမ်းပတ်ကုန်ထုတ်လုပ်မှုထဲမှာ တပန်းနိမ့်နေတယ် ဒီကြားထဲ ပြည်ပကအလုပ်သမား တွေသန်းနဲ့ချီ ထိုင်းနိုင်ငံမှာအလုပ်လာလုပ်နေကြတယ်။ ဒီအလုပ်သမားတွေကို ဘယ် စစ်အစိုးရကမှ အကာအကွယ်မပေးခဲ့ကြဘူး၊ အလုပ်သမားသမဂ္ဂတို့ လယ်သမားသမဂ္ဂတို့ အလုံအလောက်မရှိသလို လှုပ်ရှားမှုတွေလဲ အကန့်အ သတ်ခံ ထားရတယ်။ ပြည်ပကုမ္ပဏီတွေ များများဝင်လာအောင် အလုပ်သမားအခွင့်အရေးကာကွယ်တဲ့ဥပဒေစည်းမျဉ်းတွေကိုလဲ ဖြေ လျှော့ထား လို့ အလုပ်သမားတွေဟာ ချွေးသံရွှဲရွှဲ လုပ်ခနည်းနည်းအလုပ်လုပ်နေကြတယ်။

ဒီအချက်တွေကိုကြည့်ရင် လက်ငင်းကာလမှာ ထိုင်း နိုင်ငံ ရေး ထဲကို လူတန်းစား အတွင်းသဘောပါတဲ့ နိုင်ငံရေးလိုလားချက်တွေစွဲကိုင်ပြီး ဝင်ရောက်လာတဲ့ အင်အားဟာ နည်းသယောင်ရှိပေမယ့် ၂၀၁၉ နောက်ပိုင်း လတ်တလောနိုင်ငံရေးပါတီတွေနဲ့ ဆန္ဒပြပွဲတောင်းဆိုချက်တွေကိုကြည့်ရင် ထိုင်းအခြေခံလူတန်းစားတွေ ထိုင်းလူ့အဖွဲ့ အစည်း အောက် ခြေပိုင်းတွေဟာ ရွေးကောက်ပွဲနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးသာမက စစ်ပဒေသရာဇ် အော်လီဂါ့ခ်အရင်းရှင်ကြီးတွေ ဆန့်ကျင်ရေး လွှတ်တော်ပလှုပ်ရှားမှုတွေ တနေ့တခြားတိုးများလာမယ်လို့ ယူဆနိုင်ပါတယ်။

ကျားပါးစပ်ကနေ မိချောင်းခံတွင်းထဲဆင်းရာကလွတ်ကြပါစေ။

ရဲရင့်သံလွင်

Leave a Reply

Your email address will not be published. Required fields are marked *