ဗမာပြည်ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် ပါတီနေ့အတွက် သစ္စာအဓိဋ္ဌာန်
(ဗမာပြည် ပြည်တွင်းပြည်ပရှိ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များနဲ့ စစ်ဒေသအသီးသီးရှိ PLA တပ်ဖွဲ့ဝင်များအတွက်)
• ငါတို့သည် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်အပေါ် ထာဝစဉ်သစ္စာရှိပါမည်။
• ဂုဏ်ရောင်ပြောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းအစဉ်အလာကို ဆက်ခံထိန်းသိမ်းပြီး ပါတီအလံတော်ကို မြင့်မြင့်မားမား လွှင့်ထူသွားပါမည်။
• ဥက္ကဋ္ဌသခင်သန်းထွန်း၊ ဥက္ကဋ္ဌသခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ် ၊ ဥက္ကဋ္ဌ သခင်ဗသိန်းတင်၊ အတွင်းရေးမှူး ရဲဘော်ထွန်းနှင့်တကွ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအ တွင်း ကျဆုံးသွားသော အာဇာနည်ရဲဘော်များအပေါ် သစ္စာရှိပါမည်။
• ငါတို့သည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၊ ဆိုရှယ်လစ်တော်လှန်ရေး… ထိုမှတဆင့် ကွန်မြူ နစ်စနစ် ထူထောင်ရေးအထိ မျှော်မှန်း၍ ရာသက်ပန်တော်လှန်ရေးသမားအဖြစ် ခံယူကာ လုံးပန်းအားထုတ် တိုက်ပွဲဝင်သွားပါမည်။
• ငါတို့သည်
– ဥက္ကဋ္ဌသခင်သန်းထွန်း၏ ဇွဲလုံ့လကို အတုယူသွားပါမည်။
– ဥက္ကဋ္ဌ၏ စွန့်လွှတ်မှုနဲ့ အကျင့်သိက္ခာသန့်စင်မှုကို အတုယူသွားပါမည်။
– ဥက္ကဋ္ဌကဲ့သို့ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲသည့် စိတ်ဓာတ်ကို မွေးမြူသွားပါမည်။
– ပါတီ၊ တော်လှန်ရေးနဲ့ ပြည်သူအတွက် အရာရာ ပေးလှူကြကုန်အံ့။
ရည်ညွှန်း။ ။ ဥက္ကဋ္ဌ သခင်သန်းထွန်း ကျဆုံးသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ၏ သစ္စာ အဓိဋ္ဌာန်