Monthly Archives: August 2024

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့မှပေးပို့သည့် သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှပေးပို့သည့် သဝဏ်လွှာ

ပြည်သူ့တော်လှန်ရေးတပ်ဦးမှပေးပို့သည့် သဝဏ်လွှာ

“မွေးနေ့ အဓိဋ္ဌာန်”

“မွေးနေ့ အဓိဋ္ဌာန်”

(ဗမာပြည်ကွန်မြူနစ်ပါတီ ၈၅ နှစ်မြောက် အထိမ်းအမှတ် အရေးတော်ပုံဂျနယ်မှာ ထည့်သွင်းဖော်ပြမယ့် ကဗျာ)

၈၅ နှစ် ပြည့်

မွေးနေ့ မဟာမှာ

အာဇာနည် အထောင်အသောင်းကို

ဦးခိုက်မိတယ် အကြိမ်ကြိမ်

ငြိမ်သက်ချိန် မရှိလောက်အောင်

တိုက်ပွဲဝင် စွမ်းအားများ

သင်တို့ထံမှ ငါ ရ၏။

ရန်တကာရဲ့

ဖိနှိပ် ရက်စက်မှုများ

ငါ့ ပြည်သူအကြား

မုန်ယိုဆင်ရိုင်းလို မွှေနှောက်နေလည်း

သွေးသားသစ် ကလပ်စည်းများ

မပြတ်…စဉ်ဆက် ဖြစ်တည်တိုးပွား

သံမဏိသားနှယ် ကြံ့ခိုင်တယ်။

ငါ့ရဲ့ ရှင်သန်ခြင်းမှာ

လေ‌ပြေညှင်းရဲ့ ညနေခင်းမရှိခဲ့။

မုန်တိုင်းနဲ့ လေနီကြမ်း

အကြမ်းဖက်ချေမှုန်းသမျှ

နေ့ , ည မပြတ်ခဲ့။

ငါ ဟာ

မုန်တိုင်းကြားမှာ

သမိုင်းသစ်များ ရေးခဲ့ဘူးတယ်။

နောက်ထပ် မုန်တိုင်းထဲမှာ

ရဲရင့် နီစွေးတဲ့ သမိုင်းသစ်ကို

ရေးပြပါဦးမယ်

ပြည်သူ့အကျိုးဆောင်ရွက်ရင်း

ပြည်သူများနဲ့အတူ အောင်ပွဲခံရင်းပေါ့။ ။

A D

13th Aug 2024

မိခင်ကြယ်နီ

မိခင်ကြယ်နီ

-အနာဂတ်ကို မျှော်တွေး

၁၃၀၀ပြည့် အတွေ့ကြုံ

သင်ခန်းစာ ပြုရင်း

တော်လှန်သော အတွေးခေါ်

ပါတီတခု

တိုးတက်သော ခေါင်းဆောင်မှုကို

အသိပြုရင်း

အောင်ဆန်း ဗဟိန်း သန်းထွန်း

ဇင် ချစ် ဗသိန်းတင် တို့ခေါင်းဆောင်မှုနှင့်

အတွေးခေါ်သစ်

ရပ်တည်ချက်မှန်မှန်

လူထုကို ဗဟိုပြု

ဖက်ဆစ်ကို မြေလှန်

နယ်ချဲ့ကို သဂြိုလ်ပစ်ရေး

မာ့က်စ်လီနင် မော်အတွေး

ဦးထိပ်ပန်ရင်း သွေးသစ်တွေလောင်း

တိုက်ပွဲထဲက ပါတီ

လူထုထဲက ပါတီ

ဖေါက်ပြန်သူတို့ အကြံယုတ်နှင့်

ဟန်လုပ်ပြီး ဝါဒတွေဖြန့်

ကြံကြံခံတဲ့ လူထုပါတိ

လူထုအတွက် မြေအောက်မှာရပ်

ဖေါက်ပြန်တဲ့ ကျော်ငြိမ်း ဗဆွေ

မောင်နုတို့ကို ဆန့်ကျင်

တဖန်လည် စစ်အာဏာကို အံတု

စစ်အာဏာရှင် လူထုပါတီအင်အားကို

တုန်လှုပ် ထိုးစစ်တွေထိုး

ကြံ့ကြံ့ခံရင်း

နေ၀င်း စန်းယု အပြုတ်တိုက်ရေး

လမ်းစဉ်တွေချ ခေါင်းဆောင်မှုမှန်စွာ

ယနေ့တိုင် မြေအောက်ရပ်တည်

လူထုအကျိုးအတွက် မျိုးဆက်မပြတ်

အဆင့်ဆင့် လက်ဆင့်ကမ်း

သမိုင်းပေးတာ၀န် ကြယ်နီပေါ်ရေး

ဗမာပြည် အနီရောင်လွှမ်း

ချမ်းမြေ့စေရေး အသက်သွေးပေး

နီတဲ့သမိုင်း ဗမာပြည်သစ်

တိုက်ပွဲတခုစီ သင်ခန်းစာပြု

တိုက်ပွဲသစ်တွေ ဖန်တီး

တောမှာ အခြေပြု

မြို့ကို ၀န်းရံ

ပြည်သူ့အာဏာသိမ်းရေး

ဥက္ကဋ္ဌမော်တရား နှလုံးသွင်း

မျိုးဆက်သစ်ရဲ့လက်

နီစွေးသော ကြယ်နီရောင်

လက်ဆင့်တွေကမ်း

သစ်လွင်တဲ့ပါတီ

သစ်လွင်တဲ့ အတွေးခေါ်

ခြေလှမ်းညီညီ ရှေ့ကိုချီ

ကြယ်နီပေါ်ရမည်။ ။

အိုက်နီ(ဖြူး)

သြဂုတ် ၁၅ရက်၊ ၂၀၁၃ခုနစ်

ကယန်းပြည်သစ်ပါတီမှပေးပို့သည့်သဝဏ်လွှာ

ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ပေးပို့သည့် သဝဏ်လွှာ