ရွေးကောက်ပွဲကော်မရှင်ရောက် စစ်တပ်ကမိုးကျရွှေကိုယ်တွေ
ရွေးကောက်ပွဲကော်မရှင်ရောက် စစ်တပ်ကမိုးကျရွှေကိုယ်တွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ လက်ထောက်ညွှန်မှူးအဆင့် အရာရှိကြီးတွေအဖြစ် တာဝန်ထမ်း ဆောင်ဖို့ စစ်ဘက်အရာရှိ ၆၀ ဦးကို တာဝန်ပေးခန့်ထားလိုက်တယ်ဆိုတဲ့ သတင်းကို ကော်မရှင်က ထုတ်ပြန်ခဲ့တာ တွေ့လိုက်ပါတယ်။ ဒါကို မေးမြန်းကန့်ကွက်သံတွေ ထွက်လာတော့ ၀န်ကြီးဌာနအသီးသီးကို ၀န်ထမ်းတွေလွှဲပြောင်းပေးဖို့ တောင်းခံရာမှာ ဘယ်ဝန်ကြီးဌာနကမှ မပေးဘဲ ကာကွယ်ရေးဝန်ကြီးဌာနကသာ ပေးခဲ့လို့ အခုလိုခန့်အပ်ခဲ့ရတာ ဖြစ်တယ်လို့ ကော်မရှင်က ဖြေရှင်းတာလည်း တွေ့လိုက်ရပါတယ်။ ဒါဘယ်က မြစ်ဖျားခံခဲ့သလဲ ဆိုတာကို ပြန်လည်လေ့လာကြည့်တဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲစာရင်း မမှန်ကန်တာတွေ၊ မဲရေတွက်ရာ မဲရုံစောင့်ရာတွေမှာ မသမာမှုတွေ ပေါ်ပေါက်ခဲ့တာကို ရွေးကောက်ပွဲဝင်ပါတီများက ကန့်ကွက်ခဲ့ရာက စခဲ့တာကို တွေ့ရပါတယ်။ ဒီတော့ ကော်မရှင်ဥက္ကဋ္ဌကြီးက ဒီလိုဖြစ်ရတာတွေဟာ ကော်မရှင်မှာ ကိုယ်ပိုင်ဝန်ထမ်းပြည့်ပြည့်စုံစုံမရှိလို့၊ အခြားဝန်ထမ်းအဖွဲ့အစည်းတွေကို အကူအညီတောင်းလုပ်ကိုင်ခဲ့ရလို့ ဖြစ်ရတာလို့ဆိုပြီး ဆင်ခြေပေးပါတယ်။ အခု ဒီဆင်ခြေကိုသုံးပြီး မိုးကျရွှေ ကိုယ်တွေကို ကော်မရှင်ရဲ့ ရှေ့တန်းတိုက်စစ်မှူးတွေအဖြစ် ထုတ်သုံးတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဗဟိုမှာသာ အမြဲတမ်းအလုပ်ရှိနေတာဖြစ်ပြီး ကျန်တဲ့အဖွဲ့ခွဲတွေ… Read More »
