စစ်နဲ့ဒီမိုကရေစီ
တလောဆီတုန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်ဘူး ဆိုတဲ့အဓိပ္ပာယ်မျိုး ပြောသွားပါတယ်။ အဲဒီနောက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဆိုတာမှာလည်း“ငြိမ်းချမ်းရေးမရလို့ရှိရင် ဒီမိုကရေစီကို ဘယ်လိုမှ သွားလို့ရမှာမဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးကိုယူတာ ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ တိုင်းပြည်တပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီမထွန်းကားဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် စီးပွားရေးမတိုးတက်ဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် အမျိုးသားစည်းလုံးညီညွတ်ရေးမရှိနိုင်ဘူး။ အဲဒီလိုစဉ်ပြီး ပြောလိုက်ရင် ဟုတ်နေသလိုလိုပါပဲ။ ဒါပေမဲ့ ပြည်တွင်းစစ်ဖြစ်နေလို့ ဒီမိုကရေစီမရှိတာလား၊ ဒီမိုကရေစီ မရှိလို့ ပြည်တွင်းစစ်ဖြစ်တာလား။ သေချာ စဉ်းစားကြည့်သင့်ပါတယ်။ ဒီစစ်နဲ့ဒီမိုကရေစီပြဿနာဟာ ကြက်ဥနဲ့ကြက်မ ပြဿနာလို ဘယ်ဟာက အရင်လဲဆိုတာ ရှင်းမရတဲ့ပြဿနာမျိုး မဟုတ်ပါဘူး။ ဗမာပြည် ကိုလိုနီဘ၀ကို ပြန်စဉ်းစားပါ။ အဲဒီတုန်းက ဗမာပြည်မှာ ပြည်တွင်းစစ်မရှိပါဘူး။ ဒါပေမဲ့ ဗမာနိုင်ငံသားတွေဟာ ဒီမိုကရေစီကို အင်္ဂလိပ်က သဒ္ဒါသလောက်ပဲ ခံစားရပါတယ်။ နောက်ပြီး ၁၉၄၈ ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ကိစ္စကို ပြန်ကြည့်ပါ။ အာဏာရနေတဲ့ အုပ်စိုးသူတွေက ပါတီရပ်တည်ခွင့်မပေးဘဲ လူတွေကို ဖမ်းဆီးချုပ်နှောင်ဖို့လုပ်လို့၊ တနည်းအားဖြင့် ဒီမိုကရေစီရဲ့ အနိမ့်ဆုံးအခွင့်အရေးကိုတောင်… Read More »