Category Archives: သတင်း

စစ်ဗျူရိုကရက်လူတန်းစား စစ်အာဏာရှင်စနစ် နဲ့ စစ်တပ်အာဏာသိမ်းမှု

ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်ပြီ။ အာဏာသိမ်းတာ မဟုတ်ဘူး၊ မာရှယ်လောစစ်အုပ်ချုပ်ရေး ကြေညာတာပဲဖြစ်တယ်လို့ ပြောပြီးနှစ်ရက်အကြာမှာ အာဏာသိမ်းကြောင်း စစ်တပ်က တရားဝင် ကြေညာလိုက်တယ်။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ခေါင်းဆောင် ၁၅၀ ကျော်ကို ထိန်းသိမ်းလိုက်တယ်။ ထိန်းသိမ်းခံရမယ့် နိုင်ငံရေးသမားများဟာ စစ်တပ်က ထုတ်ပြန်ထားတဲ့ စာရင်းအတိုင်း သွားရောက်သတင်းပို့ပြီး အဖမ်းခံကြရတယ်။ ဒီတကြိမ် စစ်တပ်အာဏာသိမ်းတာဟာ သွေးထွက်သံယိုမရှိ ညင်သာလှတယ်။ ထိုင်းနိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ၆ လ ကျော် ၇ လ လောက် ကြာနေခဲ့ပြီ။ လွှတ်တော်လည်း ဖျက်သိမ်းထားရတယ်၊ ဝန်ကြီးချုပ်လည်း ပြုတ်သွားပြီး ယာယီဝန်ကြီးချုပ်နဲ့ ထိန်းထားရတယ်။ အစိုးရယန္တရားလည်း (လွှတ်တော် အစိုးရအဖွဲ့ နိုင်ငံခြားရေးစတဲ့) မလည်ပတ်နိုင် ဖြစ်နေတာ ကြာပြီဖြစ်တယ်။ နိုင်ငံရေးပါတီကြီး နှစ်ပါတီမှ ရှပ်နီတွေ ရှပ်ဝါတွေ အပြိုင်အဆိုင် ရက်ရှည်လများ လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့အတွက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေလည်း ပေါ်ပေါက်နေတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အကြမ်းဖက်လုပ်ရပ်များလည်း ပေါ်ပေါက်လာတယ်။… Read More »

အိုဘားမားကဗိုလ်သိန်းစိန်တို့ကို ဘိသိက်မြှောက်လိုက်တာလား

၂၇-၅-၁၄ နေ့က အမေရိကန်နိုင်ငံရဲ့စစ်တက္ကသိုလ်မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက ဗမာပြည်က ဗိုလ်သိန်းစိန်အစိုးရကို ဗန်းတင်ပြလိုက်တာဟာ တခြားသူတွေ ဘယ်လိုထင်မယ်မသိရပေမယ့် ဒါဟာ အရင်က၀ှက်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ထုတ်ပြောလိုက်တာလို့ ယူဆရပါတယ်။ ဒါဟာ အိုဘားမားက ဗိုလ်သိန်းစိန်ကို “လိမ္မာလာပြီ” လို့ကျောသပ်ပြလိုက်တာဖြစ်သလို အရှေ့တောင်အာရှမှာ သူ့ရဲ့ဂိုဏ်သားတဦး တိုးလာပြီလို့ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးလောက ကတော့ “အိမ်ဖြူတော်ဟာ ဗမာပြည်ကနိုင်ငံရေးထဲ သူတို့ဝင်စွက်နေတာကို ၀န်ခံလိုက်တာ၊ ဗိုလ်သိန်းစိန်တို့စစ်အာဏာရှင်တသိုက် သူတို့အိတ်ထဲရောက်ပြီလို့ပြောလိုက်တာ၊ တရုတ်ကို မီးနီပြလိုက်တာ”လို့ သဘောပေါက်ကြပါတယ်။ ဒီနေ့ဗမာပြည်မှာ ပြည်သူလူထုတွေ၊ အထူးသဖြင့်အောက်လွှာပြည်သူလူထုတွေ အလူးအလဲ ဒုက္ခရောက်နေကြပြီး နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးဖိနှိပ်မှုတွေ မပြတ်ပေါ်ပေါက်နေလို့ ပြည်သူလူထုကြီးရဲ့ မျက်လုံးထဲမှာ ဗိုလ်သိန်းစိန်တို့ဟာလည်း ဒီပုတ်ထဲကဒီပဲဖြစ်တယ်လို့ ပိုပြီးသဘောပေါက်လာနေချိန်မှာ အိုဘားမားပြောလိုက်တာဟာ အိမ်ဖြူတော်က တလျှောက်လုံး လုပ်နေခဲ့တာတွေဟာ ဗမာပြည်ပြည်သူလူထုအတွက်မဟုတ်ဘဲ သူတို့အကျိုးအတွက်သာဖြစ်တယ်ဆိုတာ ပိုပြီးပေါ်လာပါတယ်။ ဒီကနေ ဆက်ပြောနိုင်တာက ဗမာပြည်ဟာ အရပ်ဝတ်အစိုးရရဲ့လုပ်ရပ်ကြောင့် အမေရိကန်-တရုတ်ပဋိပက္ခမှာပိုမို နက်ရှိုင်းစွာကြားညပ်တော့မယ်ဆိုတာပါပဲ။ အိုဘားမားပြောတာနဲ့ပတ်သက်လို့ ဗိုလ်သိန်းစိန်တို့ဘက်က ပြန်ပြောတာဘာမှ မကြားရသေးပါဘူး။ တကယ်တော့ ဆိတ်ဆိတ်နေရင်… Read More »

နိုင်ငံတော်အစိုးရနှင့်တော်လှန်ရေး

state-rev

အသိပေးအပ်ပါတယ်

(ဗကပ)  မှာ တရားဝင်ဝဘ်ဆိုက် (www.cp-burma.org) ဒီတခုပဲ ရှိပါတယ်။ ဒီဝဘ်ဆိုက်မှာ ဖော်ပြထားတာတွေသာ (ဗကပ) ရဲ့ တရားဝင် သဘောထားအမြင်တွေ ဖြစ်ပါတယ်။ ဖဘ၊ ဘလော့ စတာတွေ (ဗကပ) က တင်ထားခြင်း  မရှိပါ။ Admin cp-burma.org

(၆၆) နှစ်မြောက် မတ်လ၂၈ တော်လှန်ရေး

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သက်တမ်း ၇၅ နှစ်ပြည့်ဖို့ လပိုင်းသာ လိုပါတော့တယ်။ ပါတီရဲ့အရင်၊ ဒါမှမဟုတ် ပါတီရဲ့နောက်မှ ဖွဲ့စည်းခဲ့ကြတဲ့ ပါတီအမြောက်အမြား ပျောက်ကွယ်သွားကုန်ကြပြီ။ အဲဒီအထဲမှာ ဖဆပလ၊ ပထစ၊ မဆလ လို အာဏာရပါတီတွေလည်း ပါဝင်ပါတယ်။ ဗကပ ကို တောထဲမောင်းပို့ခဲ့တဲ့ ဖဆပလ က ဆိုရင် အာဏာကို အနှစ်လေးဆယ် ချုပ်ကိုင်ထားမယ်လို့တောင် ကြုံးဝါးခဲ့ပါသေးတယ်။ ဖဆပလ နဲ့ ဗကပ ကို ကွဲအောင်လုပ်ခဲ့တဲ့လူတွေ သူတို့ချင်းပါကွဲကြတော့ သူတို့တတွေ စုံးစုံးမြုပ်တာ ဖြစ်သွားခဲ့ပါတယ်။ အာဏာသိမ်းပြီး အာဏာယူခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ မဆလ ပါတီကတော့ လူထုတိုက်ပွဲကြီးကြောင့် လုပ်လိုက်ရတဲ့ “ဟန်ပြ” အာဏာသိမ်းတာနဲ့ပဲ ဇာတ်လမ်း သိမ်းသွားရပါတယ်။ တကယ်က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဗမာပြည်မှာ အုပ်စိုးခဲ့တဲ့ အစိုးရတိုင်းက အမုန်းတီးခံရဆုံးနဲ့ ချေမှုန်းဖို့ ကြိုးစားတာ အခံရဆုံးဖြစ်ပြီး သူတို့ရဲ့ရန်သူတော်နံပါတ်(၁) နေရာမှာ အမြဲတမ်းတည်ရှိခဲ့တာဟာ ဗကပ ပါ။ ဒီလိုဘေးအန္တရာယ်တွေအကြားက ဗကပ ပျောက်ကွယ်မသွားတာဟာ ၁၉၄၈ ခုနှစ် မတ်လ၂၈… Read More »

ရဲဘော်မောင်လေးသို့ အမှတ်တရ (ရဲဘော်ကြင်မောင်)

(၁) ၁၉၄၈ ခု မတ်လ ၂၈ ရက်နေ့မှာ ဖဆပလ အစိုးရက လက်နက်အားကိုးနဲ့ ရန်ကုန်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကို ၀ိုင်းဝန်းချေမှုန်းဖို့ လုပ်ခဲ့တယ်။ ဒါဟာ ပြည်တွင်းစစ်ကို စတင်မီးမွေးလိုက်တာပဲ ဖြစ်တယ်။ အထက်ဗမာပြည်ဘက်မှာ ပါတီအနေနဲ့ ပြန်ပြီးလက်နက်ကိုင်တိုက်မတိုက် ဆုံးဖြတ်ဖို့ အစည်းအဝေးတခု လုပ်ခဲ့ရတယ်။ နေရာက စစ်ကိုင်းတိုင်း မိုးစပ်တောင်ခြေရှိ ဘုန်းကြီးကျောင်းတကျောင်းမှာပါ။ ပြန်တိုက်ဖို့ ဆုံးဖြတ်ချက်ကျသွားတယ်။ အဲဒီမှာ ပထမဆုံး စာရင်းပေးတဲ့ တပ်သားက ၁၃ နှစ်အရွယ်ရှိ ဘုန်းကြီးကျောင်းသား ရဲဘော်မောင်လေး ( နောင် ရဲဘော်မောင်ကို) ပဲ။ (၂) ရဲဘော်မောင်လေးက စူးစူးစိုက်စိုက် လုပ်တတ်တယ်။ လေ့လာရေးကောင်းတယ်။ မန္တလေးတက္ကသိုလ်မှာ ကိုစိုးဝင်းတို့နဲ့ ဆက်စပ်မိသွားပြီး သင့်သလို အဆောင်တွေ လှည့်နေထိုင်ရင်း လုပ်ငန်းတွေ လုပ်ခဲ့တယ်။ လေ့လာရေးကောင်းတဲ့သူဖြစ်လို့ ဘုန်းကြီးကျောင်းသား ဖြစ်ပေမယ့် ပညာရပ်ဆိုင်ရာတွေမှာ ပြောနိုင်ဆိုနိုင်ဆွေးနွေးနိုင်တဲ့အဆင့် ရောက်သွားခဲ့တယ်။ (၃) ၁၉၈၇ ခုနှစ်မှာ သူအရှေ့မြောက်တက်လာတယ်။ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှုကြီးဖြစ်လာတော့ ပြည်တွင်းလုပ်ငန်းတွေလုပ်ဖို့ မိမိတို့ ၂… Read More »

“မျိုးစောင့်ဥပဒေ” သို့မဟုတ် မရိုးနိုင်သောလှည့်စားနည်းတစ်ခု (၂၀၁၄ ခုနှစ်၊ မတ်လ ၄ ရက်)

အုပ်စိုးသူများသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးပြီး လူမျိုးပေါင်းစုံပြည်သူများအကြား သွေးခွဲရန်တိုက်ပေးသည့် လုပ်ငန်းတွေ လုပ်ကြံဖန်တီးရန် အံခွနေသူတွေ၊ သွေးအေးလက်ယဉ်သူတွေ၊ လက်မရွံ့သူတွေ၊ လက်မြန်သူတွေ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ဘက်ပေါင်းစုံခေတ်နောက်ကျ ချွတ်ခြုံကျနေသော အချက်ကလည်း အုပ်စိုးသူများအတွက် အခါကောင်း၊ အခွင့်ကောင်းတစ်ခုသဖွယ် ဖြစ်နေပါသည်။ ယင်းတို့အနက် ဘာသာရေးနဲ့လူမျိုးရေး သွေးခွဲရန်တိုက်လှည့်စားခြင်းသည် ဖောက်ပြန်သော အုပ်စိုးသူများအတွက် မရိုးနိုင်သော လက်သုံးနည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ယခုအခါ “မျိုးစောင့်ဥပဒေ” သည် သမ္မတ (ဗိုလ်)ဦးသိန်းစိန် ကိုယ်တိုင် လွှတ်တော်တင်ပေးသည့် အဆင့်ထိ ပုံပေါ်လာခဲ့ပြီ။ ဗိုလ်ရွှေမန်းလွှတ်တော်နဲ့ ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေး အပြန်အလှန်ဘောလီဘောပုတ်နေကြပြီလည်း ဖြစ်သည်။ “မျိုးစောင့်ဥပဒေ” ယခုလို လွှတ်တော်ထဲရောက်လာနိုင်ရန် (ဗိုလ်) ဦးသိန်းစိန်တို့ ကြံ့ဖွံ့အစိုးရနဲ့ ကြံ့ဖွံ့ပါတီဟာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာက ရာဇဝတ်မှုတစ်ခုကို အရင်းပြုပြီး သံတွဲ ၊ တောင်ကုတ်၊ မိတ္တီလာ၊ ဥက္ကံ၊ လားရှိုး၊ ထန်းကုန်းကျေးရွာတို့မှ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေ၊ အသက်တွေ၊… Read More »