Category Archives: ဆောင်းပါး

အောသင့်မအောသင့်

ဒီနေ့ဗမာပြည်မှာ သံဃာ့တိုက်ပွဲနဲ့ လယ်သမားလှုပ်ရှားမှုတွေ ပေါ်ထွက်လာ၊ ဒါ့အပြင် အလုပ်သမားတိုက်ပွဲတွေ ကျယ်ပြန့်လာနေပြီး ကျောင်းသားတိုက်ပွဲတွေကလည်း ထပ်ဆင့်ပေါက်ကွဲလာတော့ လူတွေက ရှစ်လေးလုံး အရေးတော်ပုံကြီးလို လူထုအုံကြွမှုကြီးတခု တွေ့မြင်လာရတော့မလားလို့ ပြောဆိုဆွေးနွေးလာကြပါတယ်။             နိုင်ငံရေးအလားအလာဆိုတာ ဗေဒင်ဟောသလို တွက်လို့မရပါဘူး။ အဲဒီလိုတွက်လို့လည်း မဖြစ်ပါဘူး။ သမိုင်းနဲ့ချီတဲ့ အလားအလာ – ဥပမာ ကိုလိုနီကျွန်ပြုခံနေရသူတွေ တနေ့မှာ မုချလွတ်မြောက်ရမယ်ဆိုတာမျိုး- ကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအဆင့်တွေကို ကြိုပြောဖို့ဆိုတာ အကြောင်းရင်းတွေ အများကြီးရှိနေတော့ တိုင်းပြည်မှာ အာဏာရနေတဲ့ လူတွေတောင် ဒီလိုအတိအကျ၊ ဒက်ထိမပြောနိုင်ပါဘူး။             ဒီတော့ ဒီနှစ်တွေအတွင်း ဆက်တိုက်ပေါ်နေတဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေဟာ ဘယ်ဆီကို ရောက်မယ်ဆိုတာ အတိအကျ ပြောရခက်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ၁၉၇၄-၇၅-၇၆ ခုနှစ်များဆီက အလုပ်သမား-ကျောင်းသား တိုက်ပွဲတွေလိုတော့ ဖြစ်မယ်လို့ မှန်းဆနိုင်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အဲဒီဆယ်စုနှစ်တခု မတိုင်မီက တိုက်ပွဲတွေက အစပြုခဲ့တာ၊ အဲဒီတိုက်ပွဲတွေ မပေါ်ခဲ့ဘဲ ရှစ်လေးလုံးအရေးတော်ပုံကြီး မပေါ်နိုင်ဘူးဆိုတာလို ဒီနေ့တိုက်ပွဲတွေဟာလည်း သမိုင်းမှာ ဘယ်လိုမှ… Read More »

ကျားနာခဲခဲလာမှာကို သတိထားကြပါ

အခု နောက်ဆုံးထုတ်လာတဲ့ ဖဲချပ်က ကိုးကန့်ပြဿနာ။             ဒီနေ့ ဗမာပြည်နိုင်ငံရေး၊ မီဒီယာလောက စတာတွေမှာ ဖုံးလွှမ်းနေတဲ့အကြောင်းအရာကတော့ ကိုးကန့်တိုက်ပွဲတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စပေါ်လာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူတွေစိတ်ဝင်စားနေကြတဲ့ ကျောင်းသားသပိတ်ကိစ္စဟာ နောက်တန်းကို ရောက်သွားပါတယ်။ သူတို့စစ်အုပ်စုကပဲ ကျောသပ်ခဲ့တဲ့ ကိုးကန့်ဦးဖုန်ကြားစင်းအဖွဲ့က အတိုက်ခံရတာကို သံသေးသံကြောင်တွေနဲ့  တကမ္ဘာလုံးကြားအောင်အော်ဟစ်၊ ပြည်တွင်းက သူတို့လက်ကိုင်တုတ် အဖွဲ့အစည်းတွေနဲ့ သူတို့ မွေးထားတဲ့ ဖေ့စ်ဘုတ်မြေခွေးတွေကနေ အမျိုးမျိုးဖော်ပြနေတာတွေကို ကြည့်လိုက်ရင်  ဦးသိန်းစိန်စစ်အစိုးရဟာ အကြံအစည်တခုခုနဲ့လုပ်နေတာ ဖြစ်တယ်လို့ လူတိုင်းရိပ်မိကြပါတယ်။             ဗမာပြည်သားတွေ မမေ့သင့်တဲ့အချက်တချက်က လက်ရှိအစိုးရဟာ သူတို့အာဏာရပြီးကတည်းက တိုင်းပြည်မှာ နိုင်ငံရေးလေထုတင်းတင်းမာမာနဲ့  အထိတ်တလန့်ဖြစ်နေအောင် အမြဲဖန်တီးနေတယ်ဆိုတာပါ။ နောက်ပြီး ဘာသာရေး- လူမျိုးရေး ပဋ္ဋိပက္ခတွေ နေရာတကာမှာ ဖန်တီး၊ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်တာလို၊ ကိုပါကြီး-ဒေါ်ခင်ဝင်း တို့ကို သတ်ပြတာမျိုးတွေကို တခါပြီးတခါ ဖော်ထုတ်နေပါတယ်။ ဒါ့အပြင် သပိတ်ဖြိုခွဲဖို့ ဘယ်နေရာမှာဖြင့် ဘယ်လောက်ကြီးတဲ့ တပ်တွေ၊ လက်နက်ကိုင်တွေ စုထားတယ်စတဲ့ ကောလာဟလတွေကိုလည်း မပြတ်ထုတ်လွှင့်နေပါတယ်။ ဒါပေမဲ့ တခုလုံးအခြေအနေကို… Read More »

ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်

ဒီအစိုးရဟာ အစိုးရကောင်းဖြစ်မြောက်ရေးကို ပါးစပ်ကသာ မိုးတလုံး လေတလုံးပြောနေပြီး အစိုးရကောင်းဖြစ်မြောက်ရေးဆိုတာ သူတို့နဲ့လားလားမှ မဆိုင်ဘူး။ အစိုးရကောင်းဖြစ်မြောက်ရေးအတွက် ရှိရမယ့် တိုင်းပြည်နဲ့ လူထုအတွက် စိတ်ကောင်းစေတနာကောင်း မရှိတာ အဓိကပဲ။ နောက်ပြီး အစိုးရကောင်းဖြစ်ဖို့ အရည်အချင်းမရှိဘူး။ သူတို့အုပ်စိုးထားတော့ တိုင်းပြည်မှာ ပြဿနာမီးတောက်တွေဟာ ဟိုနေရာ ဘွားခနဲ ပေါ်လာလိုက်၊ ဒီနေရာမှာ ရုတ်ခြည်း ပေါ်လာလိုက်။ ဘယ်ပြဿနာမှ မှန်မှန်ကန်ကန် သေသေသပ်သပ် မဖြေရှင်းနိုင်ခဲ့ဘူး။ ဘယ်မီးမှ ငြိမ်းမသွားဘူး။ ဒီမီးတွေ ပြဿနာတွေ ဖြစ်ပေါ်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပြီ။ ဟိုပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလိုက်။ ပြဿနာ မဖြေရှင်းနိုင်ခင် နောက်ပြဿနာပေါ်လာလိုက်။ ဦးနင်း ပဲ့ထောင်။ ပဲ့နင်းဦးထောင်။ ပြည်တွင်းစစ်ပြဿနာဆိုတာကို ပြောမနေနဲ့ဦး။ လက်ပံတောင်းတောင် ပြဿနာကိုကြည့်။ နှစ်နဲ့ချီ ကြာခဲ့ပြီ။ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းတာကအစ ဒေါ်ခင်ဝင်းကို ပစ်သတ်ခဲ့တာအဆုံး အကြမ်းဖက်နည်းတွေကို အားကိုးဖြေရှင်းခဲ့တယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ လုပ်ငန်းတွေကိုကျ တိတိကျကျ အကောင်အထည်ဖော်မပေးခဲ့ဘူး။ ပြဿနာ ငြိမ်းအေးသွားပြီလား။ မတရား မြေယာတွေ အာဏာပိုင်တွေနဲ့… Read More »

ရွှေပြည်မသာနိုင်သေးတဲ့ ဗမာပြည်က ရွှေပြည်သာ အလုပ်သမားသပိတ်

ယနေ့ ရွှေပြည်သာစက်မှုဇုန်နယ်မြေမှ အလုပ်သမားသပိတ်များမှာ အလုပ်သမားများ၏ ဘဝအခြေအနေက ပြဌာန်းလိုက်သဖြင့် ဖြစ်ပေါ်လာသော သပိတ်တိုက်ပွဲများ ဖြစ်သည်။ အလုပ်သမားများကို တိုက်ပွဲဝင်စေဖို့ နောက်ကွယ်က ကြိုးကိုင်သူကို အထူးရှာစရာမလို။ သူတို့၏ ဝမ်းပိုက်ပြဿနာက သူတို့ကို ကြိုးကိုင်ထားသည်။ ယနေ့ ဗမာပြည်တွင် ဖြစ်ပေါ်လာနေသော အလုပ်သမားသပိတ်တိုက်ပွဲများ၊ လယ်သမားသပိတ်တိုက်ပွဲများသည် ဗမာပြည်၏ စီးပွားရေးရုပ်ဘဝ ပြဌာန်းမှုကြောင့် ပေါ်ထွက်လာသော ရလဒ်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ယနေ့ တိုက်ပွဲဝင်နေကြသော အလုပ်သမားများ၏ လစာငွေမှာ တလ ကျပ်ငွေ လေးသောင်းမှ ရှစ်သောင်းသာသာလောက်ရသော အလုပ်သမားများက အများစု ဖြစ်နေသည်။ အထည်ချုပ်အလုပ်သမားများသည် မနက် ၈ နာရီမှ ၄ နာရီ ၄၀ မိနစ်အထိ အလုပ်လုပ်ရသည်။ ညနေ ၄ နာရီ ၄၀ မိနစ်မှ ၇ နာရီခွဲအထိ အချိန်ပို အလုပ်ဆင်းရသည်။ အချိန်ပို လုပ်ခကြေးမှာ တနာရီကို သုံးရာသုံဆယ့်ခုနှစ်ကျပ် ဖြစ်သည်။ စုစုပေါင်း အလုပ်လစာမှာ အချိန်ပိုမဆင်းနိုင်ပါက လေးသောင်းငါးရာသာရ၍ အချိန်ပိုဆင်းပါမှ ခုနှစ်သောင်း… Read More »

ရဲဘော်ကြင်မောင် (သို့မဟုတ်) စူးရှတောက်ပသော ကြယ်နီတပွင့်

၂၀၁၅ နှစ်သစ်မှာ ပြည်ထောင်စုနိုင်ငံတော်သစ်တရပ် ပေါ်ထွန်းဖို့ ၀ိုင်းဝန်းကြိုးပန်းကြပါစို့

>

နှစ် ၇၀ ပြည့် ဖက်ဆစ်ဂျပန်တော်လှန်ရေး

ဒီ၂၀၁၅ ခုနှစ်ထဲမှာ ဗမာပြည်သားတွေ ဂုဏ်ယူစွာအထိမ်းအမှတ်ပြုရမယ့် နေ့ထူးနေ့မြတ်တရက်ကို သတိပေးလိုပါတယ်။ သတိပေးတယ်လို့ ဆိုတာက အခုအထိ မီဒီယာတွေထဲမှာ ပြောကြဆိုကြတာ သတိမထားမိလို့ပါ။ လာမယ့်မတ်လ၂၇ ရက်နေ့ဟာ ဗမာပြည်သူတွေက ဖက်ဆစ်ဂျပန်တွေကို စတင်တော်လှန်ခဲ့တာ အနှစ် ၇၀ တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ဖက်ဆစ်ကို တိုင်းပြည်ထဲက လုံးဝမောင်းထုတ်နိုင်တဲ့ အောင်ပွဲဖြစ်သလို၊ အိန္ဒိယကတဆင့် အာရှတိုက်တောင်ပိုင်း အနောက်ဖက်ကိုလှမ်းမယ့် ဖက်ဆစ်ဂျပန်ရဲ့ခြေလှမ်းကို ရိုက်ချိုးပစ်လိုက်နိုင်ပြီး တပါတည်းမှာပဲ ဂျပန်ဖက်ဆစ်တွေရဲ့ တရုတ်ပြည်ကို နောက်ကျောကနေ ထိုးဖောက်ရေး အစီအစဉ်ကြီးကို ခါးကျိုးသွားစေတဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်။ အဲဒါတွေအပြင် မပြောမဖြစ် ထည့်ပြောရမယ့်အချက်က အင်္ဂလိပ်နယ်ချဲ့ကိုလိုနီအစိုးရအောက်မှာ ခြောက်လက်မထက် ပိုရှည်တဲ့ ဓားမြှောင်ကိုတောင် ကိုင်ခွင့်မရခဲ့တဲ့ ဗမာပြည်သားတွေဟာ ခေတ်မီလက်နက်တွေကို ကိုင်တတ်သွားသလို ပြောက်ကျားတိုက်နည်း၊ နေရာယူစစ်တိုက်နည်းစတဲ့ ခေတ်မီစစ်ပညာတွေကိုလည်း ဒီစစ်ကတဆင့် တတ်မြောက်ခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ ဗမာပြည်သားတွေရဲ့ခေါင်းထဲမှာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ဖို့လိုရင်လည်း တိုက်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက် ကျသွားတာပါပဲ။ ဒီစစ်ကြီးပြီးသွားတော့ ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ အင်္ဂလိပ်ကိုလိုနီသမားက စဉ်းစားရာမှာ… Read More »