Category Archives: ဆောင်းပါး

ကာချုပ်ရဲ့မူ (၆) ချက် တည်ရှိနေသမျှ ပြည်တွင်းစစ်ရပ်စဲနိုင်မည်မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ တတိယအကြိမ် တွေ့ဆုံခဲ့ကြသည့်သတင်းနှင့် ဒီသတင်းရဲ့ နောက်ဆက်တွဲအဖြစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ရေးအလားအလာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ချေရှိမရှိတို့နှင့် ပတ်သက်သည့် ခန့်မှန်းခြေသတင်းများ ပြည်တွင်းရော ပြည်ပမှပါ ဆက်တိုက်ထွက်လာခဲ့ပါသည်။ မကြာခင် ဖွဲ့စည်းတော့မည့် အစိုးရသစ်ကိစ္စနှင့် ဒီအစိုးရသစ်ခေတ်မှာ လုပ်ဖို့လိုမည့်အရေးကြီးကိစ္စများအတွက် အပြန်အလှန်ထိန်းညှိ စေ့စပ်ဆွေးနွေးကြခြင်း ဖြစ်နိုင်ပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောင်းလဲချိန်တန်ပြီဟု ကြွေးကြော်ပြီးတက်လာတာကြောင့် ပြည်သူလူထုများရဲ့ဘဝကို တိုးတက်ပြောင်းလဲပေးလိုတဲ့ ဆန္ဒနှင့် ပြင်းပြစွာပြင်ဆင်မှုလုပ်နေတာ ဖြစ်နိုင်ပါသည်။ ဒါကြောင့် ဒီချုပ်ပါတီကဖွဲ့မည့် အစိုးရသစ် အဆင်ပြေစွာဖွဲ့နိုင်ပြီး ချောမောစွာ အာဏာလွှဲပြောင်းပေးနိုင်ရေးအတွက် စစ်အုပ်စုဘက်က အရေးပါတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းနေရခြင်းဖြစ်ကြောင်း သိသာထင်ရှားပါသည်။သို့သော် ဤတတိယအကြိမ်တွေ့ဆုံပွဲ မတိုင်မီမှာပင် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ သက်တမ်းကို (၆၅) နှစ်ထိ တိုးပေးလိုက်ကြောင်း သတင်းထွက်လာပါသည်။ ဤသတင်းဆိုးမှာ ဖြစ်နိုင်ချေများကြောင်း နောက်ထပ် အခိုင်အမာသတင်းများ ထွက်မလာမီကတည်းက ကြိုတင်တွက်ဆ၍ ရပါသည်။ အကြောင်းရင်းမှာ ကာချုပ်မူ (၆) ချက် ထုတ်ပြန်ပြီး စစ်အုပ်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ပြတ်ပြတ်သားသား ရပ်ခံကာကွယ်ပေးသော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို… Read More »

အရှည်ကြာဆုံးပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇာတ်မျောကြီး

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ် ရှိနေပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတယ်ဆိုတာတွေကို အကြိမ် အများဆုံး လုပ်တဲ့နိုင်ငံ၊ အဲဒီဆွေးနွေးပွဲတွေကို အချိန်အတိုဆုံးနဲ့ အကြာဆုံးလုပ်တဲ့ နိုင်ငံကို ပြောပါလို့ဆိုရင် လူတိုင်းက ဗမာပြည်လို့ပဲ ပြောကြမှာပါ။ ဒီပြည်တွင်းစစ်ကြီး ဘယ်လိုက စဖြစ်တာလဲဆိုတာကို အခုအခါမှာ အထူးအငြင်းပွားစရာ မရှိတော့ဘူး ထင်ပါတယ်။ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ အုပ်စိုးသူ ဖဆပလ – ဆိုရှယ်လစ် အစိုးရက ဒီမိုကရေစီ အခွင့်အရေးတွေကို ရိုက်ချိုးကာ လက်နက်နဲ့ ဖိနှိပ်ပြီး ကွန်မြူနစ်ပါတီကို အမြစ်ပါတူးပစ်ဖို့ စီမံလာတဲ့အတွက် ကွန်မြူနစ်တွေဟာ ခုခံဖို့လက်နက်ကို ကိုင်ခဲ့ရပါတယ်၊ အဲဒီကနေ ဖဆပလ အစိုးရရဲ့ ခြေလှမ်းတွေကို မြင်ကြတဲ့ တခြားနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေလည်း လက်နက်ကိုင်ခဲ့ကြပါတယ်။ ၁၉၅ဝ စုနှစ်များရဲ့ အစပိုင်းမှာ ဗမာပြည်ထဲကို ကူမင်တန်တရုတ်ဖြူတပ်တွေ ကျူးကျော် ဝင်ရောက်လာခဲ့ပါတယ်။ တကယ်က အဲဒီတုန်းက တရုတ်ဗမာနယ်စပ်ဆိုတာ ဘယ်အစိုးရကမှ သိပ်ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်တာမဟုတ်ပါဘူး။ ကူမင်တန်အစိုးရ လက်ထက်တုန်းကလည်း သိပ်မချုပ်ကိုင်နိုင်သလို လွတ်မြောက်စ… Read More »

လွှတ်တော်ဆိုတာ စစ်တပ်အဖို့ အာဏာပြစရာ စင်မြင့်ပဲ

ဒေါ်ခင်စန်းလှိုင် တင်ပြတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ထဲက စစ်သားအမတ်အားလုံး မတ်တပ်ထရပ်တာဟာ လူအချို့ရေးသားပြောဆိုနေကြသလို “ဆန္ဒဖော်ထုတ်” တာမဟုတ်ပါဘူး။ သေနတ်ဆိုတာပစ်ရင် မိုးပေါ်ထောင်ဖောက်တာ မပါဘူး၊ တည့်တည့်မှန်အောင်ပစ်တယ်ဆိုတာလို လွှတ်တော်စင်မြင့်ပေါ်ကနေ “အာဏာပြ” လိုက်တာသာ ဖြစ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ ကာချုပ်နဲ့စစ်တပ်ကို တရားဝင်အာဏာပြခွင့်နဲ့ တရားဝင်အာဏာသိမ်းခွင့်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲက ဒီလို “အာဏာပြမှု”ဟာ ကလောနဲ့ဗထူးစစ်ကျောင်းတွေမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောခဲ့တာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတာလည်း ဖြစ်ပါတယ်။ အလားတူပါပဲ။ လွှတ်တော်ရဲ့ဖိတ်ကြားမှုကို လက်ရှိအစိုးရဝန်ကြီးတွေ လာရောက်ဖြေဆိုခြင်းမရှိတာကလည်း အများသူငါ ထင်မြင်ယူဆနေကြသလို အခြေခံဥပဒေကိုု နားမလည်လို့ မဟုတ်ပါဘူး။ ဒီချုပ်အများစု လွှတ်တော်ကို ပမာမခန့်လုပ်ပြလိုက်တာပါ။ “ ကျွန်မတို့ လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်အတွက် အသုံးချဖို့ စင်မြင်လည်း မဟုတ်ပါဘူး။ ရာထူးနေရာရဖို့အတွက် ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး။ သဘောထားမညီတဲ့ ပုဂ္ဂိုလ်များအကြားမှာ နပမ်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး” ဆိုတဲ့ စကားပြောဆိုခဲ့တာ ဘယ်လောက်များ ကြာသေးလို့လဲ။ အခုတဖန် ဖြစ်လာတာကတော့ “၂၀၀၈… Read More »

“ဆိုင်းငံ့ရေး” စိတ်ကူး တကယ်ဖြစ်နိုင်/ မဖြစ်နိုင်

(ဇော်လတ်)(၂၀၁၆ ဖေဖေါ်ဝါရီ ၅ ) (ဒီချုပ်ပါတီ) က ဦးစီးတဲ့ လွှတ်တော်နှစ်ရပ်တော့ ပေါ်လာခဲ့ပြီ။ မတ်လကုန်ရင် “အစိုးရသစ်” ပေါ်လာပါတော့မယ်။ပေါ်လာတဲ့ “လွှတ်တော်နဲ့အစိုးရ” ဘယ်လိုလွှတ်တော်နဲ့ဘယ်လိုအစိုးရ ဖြစ်သလဲဆိုတာကို သူတို့ ဘာတွေဘယ်လောက်လုပ် ဆောင်နိုင်သလဲဆိုတဲ့ (မူ၊ပေါ်လစီနဲ့အကောင်ထည်ဖော်မှု) လက်တွေ့ကိုကြည့်ပြီး အကဲဖြတ်ရမှာပါ။ ဘာတွေကိုအမှန်တကယ် ပြောင်းလဲ နိုင်သလဲ။ ပေးထားတဲ့ ရွေးကောက်ပွဲကတိတွေ (တရားဥပေဒစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေး) ကို ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်သလဲ။ ဒါတွေဟာ အကဲဖြတ်ရမယ့် နယ်ပယ်တွေ ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားပြီး အဓမ္မအတည်ပြုထားတဲ့ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲက နိုင်ငံရေး ပါတီတစ်ရပ်၊ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့အစိုးရဟာ တသွေးတသံတမိန့်အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ပြောင်းလဲနိုင်/မပြောင်းနိုင်ဆိုတာကို မျက်ဝါးထင်ထင်တွေ့ကြမယ့် ခေတ်ပြိုင် လှုပ်ရှားမှုတစ်ခုလည်း ဖြစ်တယ်။ စမ်းသပ်မှုတစ်ခုလည်း ဖြစ်တယ်။ အဲဒီလို လက်တွေ့စမ်းသပ်မှုတွေ အပေါ်ကနေ ပြည်သူတွေ၊ဒီမိုကရေစီ နို်င်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီနိုင်ငံရေးသမားတွေကို အတွေ့အကြုံသစ်နဲ့ သင်ခန်းစာသစ်တွေ ရရှိလာစေမှာလည်း ဖြစ်ပါတယ်။ လွှတ်တော်တွေ… Read More »

တခြားကမ္ဘာက ဂြိုဟ်သားများ

ဗမာပြည်က တောနဲ့မြို့ကြားမှာ ချောက်ကမ်းပါးကြီးခြားနေတယ်။ အဲဒီချောက်ကမ်းပါးကြီးက ချမ်းသာ၊ ဆင်းရဲ ကွာဟချက် ချောက်ကမ်းပါးကြီး။ တောနဲ့မြို့ဟာ ကမ္ဘာတခုစီက လူတွေလို ဖြစ်နေတယ်။ တောကလူတွေ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစား၊ ဘယ်လိုသောက်၊ ဘယ်လိုတွေး၊ ဘယ်လိုခေါ်သလဲဆိုတာကို မြို့ကလူတွေ နားမလည်နိုင်ဘူး။ မြို့ကလူတွေနဲ့ ပတ်သက်ရင်လည်း တောကလူတွေရဲ့ စိတ်ထဲမှာ အလားတူ။ တပြည်တည်းနေ၊ တရေတည်း သောက်၊ တမြေတည်းမှာ ကြီးပြီး လူလူချင်း အဆင့်အတန်း ကွဲပြားကွာဟနေတာဟာ ရင်နာစရာလည်း ကောင်းတယ်။ အဲသလို အဆင့်အတန်းကွာဟ ကွဲပြားတဲ့စနစ်ကို သိသိနဲ့ လျစ်လျူရှု မသိဟန်ဆောင်နေကြတာဟာလည်း ရှက်စရာ ကောင်းတယ်။ ဘဝချင်းသိပ်ကွာတယ်။ ဘာ့ကြောင့်ကွာသလဲလို့ မေးရင် မွေးတဲ့နေရာမှားလို့ ကွာတယ်လို့ ဆိုရတော့မလိုဖြစ်နေတယ်။ အင်္ဂလိပ်စကားလုံးမှာတော့ အဲသလို မွေးရပ်ကလေး ကွာသွားတာနဲ့ ဖြစ်ပေါ်လာမယ့် ဘဝတခုလုံး၊ အနာဂတ်တခုလုံး၊ ကံကြမ္မာတခုလုံး အစစအရာရာ ကွဲပြားသွားတာကို Accident of Birth ကြောင့် ဘဝချင်းခြားနားသွားရတယ်လို့ ပြောလေ့ရှိကြတယ်။ သူမွေးချင်ရာ မွေးတဲ့သဘောကြောင့် ဘဝချင်းကွာ ခြားသွားရတယ်ဆိုတဲ့… Read More »

စေ့စပ်ရေးပရိယာယ်နှင့် ၂၀၀၈ ဒိုင်အာခီ

on compromise ပြည်သူ့အာဏာ အမှတ် (၃၉) မှဆောင်းပါးကို ကြိုတင်ဖော်ပြခြင်း ဖြစ်ပါသည်။

ဤခရီးဝေးသေးသည်

ကမ္ဘာ့နိုင်ငံရေးလောကမှာ အစိုးရထဲကအစိုးရ (state within a state) ဆိုတဲ့ဆိုနည်းတခု ရှိပါတယ်။ အဓိပ္ပာယ်က အစိုးရတရပ် တရားဝင်ရှိနေလျက်နဲ့ နောက်ကွယ်မှာ၊ ဒါမှမဟုတ် ဒီအစိုးရထဲမှာပဲ ဒီအစိုးရကို ညွှန်ကြားနေ၊ ချုပ်ကိုင်နေတဲ့ အင်အားစုတရပ် တည်ရှိနေတယ်လို့ ဆိုလိုတာပါ။ဒါဆိုရင် ဘာကိုရေးချင်လို့ အစချီနေတယ်ဆိုတာကို သိကြမှာပါ။ဟုတ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ တက်လာမယ့်အစိုးရနဲဲ့့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အခွင့်အာဏာတွေ ကျင့်သုံးနေမယ့် ကာလုံနဲ့စစ်တပ်တို့ရဲ့အခန်း ဖြစ်ပါတယ်။အခုအခါမှာ ကမ္ဘာကရော ဗမာပြည်သားတွေက ပူပန်မှုအပြည့်နဲ့ စောင့်ကြည့်နေကြတာဟာ စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို တကယ်ပဲ အာဏာလွှဲပေးပါ့မလား ဆိုတာပါ။ ဗိုလ်သိန်းစိန်က လွှဲပေးမယ်ပြောပြီး ဗိုလ်မင်းအောင်လှိုင်ကတော့ “တကယ်လို့”၊ “ဒါပေမဲ့”ဆိုတဲ့ စကားတွေခံပြီး ပြောပါတယ်။ ဒါဟာ သူတို့တလျှောက်လုံး က’နေတဲ့ ဇာတ်ထုပ်အတိုင်း တယောက်က မင်းသားလုပ်၊ တယောက်က ကုန်း (ဂုန်း) ရုပ်လုပ်ဆိုတဲ့ ဇာတ်ခွဲပုံအတိုင်း ဆက်က’နေတာ ဖြစ်ပါတယ်။ တနည်း- ဆက်ညာနေတာ ဖြစ်ပါတယ်။ပြည်တွင်းစစ်ကို တမင်မွေးထား၊ မီးမငြိမ်းအောင် မပြတ်လုပ်နေတဲ့… Read More »