အားနည်းသူကို ဖေးကူမစေချင်
“လူတိုင်းမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတယ်” ဆိုတာဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းမှာ ဖော်ပြထားတဲ့ အခြေခံလူ့အခွင့်အရေး ဖြစ်ပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ဟာ လူတိုင်းလူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အခြေခံလူ့အခွင့်အရေးလို့ ဥပဒေမှာ သုံးပါတယ်။ အခြေခံလူ့အခွင့်အရေးဆိုတာဟာ အနိမ့်ဆုံးအဆင့်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြောတာပါ။ နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်၊ စနစ်တခုဟာ ဒီမိုကရေစီအခွင့်အရေးကို စစ်စစ်မှန်မှန် မပေးဘူးဆိုရင်တောင်မှ ဒီမိုကရေစီ နာမည်ခံချင်ရင် အနိမ့်ဆုံးအခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်လောက်တော့ မဖြစ်မနေ ပေးရတယ်။ ဒီလောက်ကလေးကိုမှ တွန့်တိုနေတဲ့အစိုးရကို ဘယ်သူကမှ ဒီမိုကရေစီ အစိုးရလို့ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့်လည်း စစ်သားတမတ်သား အခြေခံဥပဒေမှာတောင် လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ပုဒ်မ ၃၅၄ (ဂ) မှာ အာမခံချက်ပေးထားရတယ်။ အခု လက်ရှိအစိုးရဟာလည်း ဒီဥပဒေကို ကျမ်းကျိန်ထားတဲ့အစိုးရ ဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဥပဒေဟာ ဒီမိုကရေစီမကျ၊ တရားမျှတမှု မရှိလွန်းလို့ လူအများပြင်ချင်နေကြတဲ့ ဥပဒေဆိုတာ လူတိုင်းသိပါတယ်။ အခု ဒီဥပဒေက… Read More »
