အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက်
အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ဗမာ့ကွန်မြူနစ်များရဲ့ ထုတ်ဖော်ပြောကြားချက် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အင်တာဗျူးပြောကြားချက်(ဒုတိယပိုင်း)(ဗြိတိန်နိုင်ငံမှာ ထုတ်ဝေတဲ့ Morning Star နေ့စဉ်သတင်းစာရဲ့ ဧပြီလ ၂၆ ရက်နေ့စွဲနဲ့ ဖော်ပြထားတဲ့ ဆောင်းပါးကို ဘာသာပြန်ဆိုတင်ပြပါတယ်။) ဗမာပြည် စစ်အာဏာသိမ်းမှုနဲ့ (ဒေါ်)အောင်ဆန်းစုကြည်ဗမာပြည်ကွန်မြူနစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူနဲ့ Morning Star သတင်းစာရဲ့သီးသန့်အင်တာဗျူး ဒုတိယပိုင်းမှာ စစ်တပ်ထိပ်သီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားက ပဋိပက္ခရဲ့ဇာစ်မြစ်တွေအပေါ် သူတို့ရဲ့ ခွဲခြမ်းစိတ်ဖြာပုံကို KENNY COYLE က မေးမြန်းထားပါတယ်။ စစ်ခေါင်းဆောင်တွေက ၁၉၆၂ ခုနှစ်ကတည်းက ဗမာပြည်ရဲ့ နိုင်ငံရေးစင်မြင့်ကို တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဖုံ လွှမ်းမိုးချုပ်ကိုင်ထားတာပါ။ အာဏာရှင်စနစ်ကို ဗြောင်ကျင့်သုံးပြီးဖြစ်စေ၊ အဓိက အရပ်သားပါတီဖြစ်တဲ့ (ဒေါ်)အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မရေရာမခိုင်မာတဲ့ ညွန့်ပေါင်းဖွဲ့ပြီးဖြစ်စေ ချုပ်ကိုင်ခဲ့ပါတယ်။ သို့ပေမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့အဆိုအရ စစ်အုပ်စုထိပ်သီးတွေနဲ့ပတ်သက်လို့ စစ်တပ်ကို နိုင်ငံရေးအင်အားစု တရပ်အဖြစ်သာ ရိုးရိုးလေး ရှုမြင်လို့မရပါဘူး၊ စီးပွားရေးအင်အားစုတရပ်အဖြစ်ပါ ရှုမြင်ရပါလိမ့်မယ်။ “စစ်တပ်နဲ့ ဒီချုပ်ကြားက ပဋိပက္ခတွေက ကြာတော့ကြာပါပြီ။ အဓိက အကြောင်းကတော့ တိုင်းပြည်ရဲ့ အာဏာရအုပ်စိုးသူတွေကြားမှာ စစ်တပ်က သူ့ဘာသာသူကို… Read More »