အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ
အာဖဂန်စစ်ပွဲ ဘယ်လိုအဆုံးသတ်မလဲ-မြစမ်းအေး- အာဖဂန်စစ်ပွဲမှာ ဂန္တဝင်မြောက်ရှုံးနိမ့်မှုကြောင့် အမေရိကန်ရဲ့ ကမ္ဘာလွှမ်းခြုံကော်ပိုရိတ်ပါဝါဟာ ဘာလဲဆိုတာအပေါ် မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ အထူးသဖြင့် အမေရိကန်ကဖန်တီးလိုက်တဲ့ ကြီးကျယ်သောစစ်ပွဲကြောင့် အပျက်အစီးဒဏ်ခံရတဲ့ ကျယ်ပြန့်တဲ့ ဒေသကြီးအတွက် ဒီရှုံးနိမ့်မှုက ဘယ်လိုအဓိပ္ပာယ် ဆောင်ပါသလဲ။ အာဖဂန်နစ္စတန်မှစလို့ အီရန် အီရတ် ဆီးရီးယား လက်ဘနွန် (လစ်ဗျား ယီမင်) အထိ လွတ်မြောက်ရေး ယုံကြည်ချက်သစ်များ ပေါ်ပေါက်လာမှုကို အမေရိကန်နယ်ချဲ့ ရင်ဆိုင်နေရတယ်။ ဗဟိုအာရှမှ အနောက်အာရှအထိ အမေရိကန် ကျူးကျော်စွက်ဖက်ထားရာ ဒေသများမှာ စိန်ခေါ်မှုများ တိုးပွားလာနေတယ်။အာဖဂန်ရုပ်သေးအစိုးရ ပြိုလဲမှုသတင်းက – ဘဂ္ဂဒက်(အီရတ်)ရှိ အမေရိကန်သံရုံးကို ဒုံးကျည်များ ဒရုန်းများဖြင့်ပစ်ခတ်တဲ့သတင်း၊ အမေရိကန် နုတ်ထွက်သွားပြီးနောက် ပြန်လည်ဖော်ထုတ်လာတဲ့ ဘယ်လိုဆွေးနွေးပွဲမှာဖြစ်ဖြစ် အီရန်အမာဂိုဏ်း အားကြီးလာတဲ့သတင်းတို့ အပေါ် သက်ရောက်မှုရှိနေပါတယ်။ အီရတ်က သူ့နိုင်ငံတွင်း အခြေဆိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့များ အဆုံးသတ်ဖို့ တောင်းဆိုတယ်။ ဆီးရီးယားက အမေရိကန် ဗုံးကြဲနေတဲ့ကြားက သူ့အချုပ်အခြာအာဏာကို အခိုင်အမာ ကာကွယ်ထားတယ်။ လက်ဘနွန်မှာ ဟစ်ဘိုလာ(ပြောက်ကျား)များကို ချေမှုန်းလို့မရဘူး။ ဂါဇာ(ပါလက်စတိုင်း)က ကြံ့ကြံ့ခိုင်ရပ်တည်နေတယ်။ ဒေသတွင်း… Read More »