Category Archives: ကဗျာ

သဘာဝအနီနဲ့ ထာဝရအနီ

တမျိုးရှိုးထုတ်ကာ မကြွားလိုသော်လည်း ဟိုး မိုးကုတ်က ပတ္တမြားဆိုတာ ဒို့လူထုနဲ့သာဆိုင်ရာ သဘာဝရတနာဖြစ်ကြောင်း ကမ္ဘာသူ ကမ္ဘာသားအပေါင်း သိကြပါတယ်။   သဘာဝပတ္တမြားဟာ မြေသားများအောက်ရော ကျောက်လွှာအထပ်ထပ်တွင်ပါ ဓာတ်အင်အားများစွာပေါင်းပြု နှစ်ထောင်သောင်းသိန်းသန်း စုစည်း ဖြစ်တည်ပြီး လာခဲ့တာပါ။   ဤအနီကျောက်များထဲမှ ငမောက်မည်ခေါ် ပြည်တော်တန်လို့မှတ်ထား ပတ္တမြားနီခဲ ရွဲရွဲလဲ့လဲ့ကို နယ်ချဲ့ရဲ့ဗိုလ် ခိုးယူသွားခဲ့တယ်။ ဗိုလ်စလေဒင်သက်သက်လား နယ်ချဲ့လက်ချက်လား အငြင်းပွားရန်မလိုပါ။   ယခင်တချိန်တခါက ဦးမကောင်း ကင်းဝန်ဟာ အင်္ဂလန်မှာရောက်စဉ် ဟိုဘုရင်ကို ပြောပြလိုက်ရာ လွန်စွာအံ့သြ လိုချင်ဇောကပ်ခါ စာချုပ်တွေ ချုပ်ခဲ့ကြတယ်။   နိုင်ငံတော်လည်း ပြန်ရောက်ရော မင်းသီပေါထံ လျှောက်ထားတင်ပြ ဘုရင်သီပေါမင်း ဒေါသစိတ်ဝင် ဟင် – နင်ဘာတွေ လုပ်ခဲ့တာလဲ ငါဟာ နင့်ကို ဘာအာဏာပေးခဲ့လို့လဲ စိတ်မထိန်းနိုင်တော့ဘဲ ငေါက်လိုက်တယ်။   ထိုမှတဆင့် ဘုရင့်သဘောကျ ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ တာဝန်ယူခဲ့ကာ နယ်ချဲ့ကိုယ်စားလှယ်အား သွားခေါ်စေခိုင်းလို့ရောက်လာ ဆွေးနွေးပါတော့တယ်။   ဆွေးနွေးပွဲပြုကြရာတွင် နန်းစဉ်ငယ်ပတ္တမြား ထုတ်ပြသွားပြီးကာ… Read More »

လွမ်းကြပါတော့

(၁) ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူလူထုအပေါင်းတို့ စိမ်းစိမ်းညို့ညို့ တောင်တန်းတွေကို ဖြတ်ကျော် သံလွင်ပေါ်ကနေ ဧရာဝတီ ဒုဌဝတီ၊ ချင်းတွင်း၊ စစ်တောင်း မြစ်ရိုး၊ ချောင်းဖျား လျှိုကြား၊ မြောင်ကြား တောကြား၊ လယ်ကွင်း အိမ်တွင်း၊ တဲတွင်း ဆားကျင်း၊ သတ္တုတွင်း မိုင်းတွင်းတွေထဲ လူထုထဲအနှံ့ ဖြန့်ကျက်လိုက်တဲ့ အသံ ထားဝယ်သံ သြသြကြီးနဲ့ ဥက္ကဋ္ဌကြီးရဲ့ အဖွင့်နှုတ်ခွန်း ပဌမဆုံးသော ပြည်သူတရပ်လုံးသို့ မိန့်ခွန်းဟာ မြရာတောလယ် ကြွေခ ကြယ်စင်မြများကို အလေးပြုရင်း အရှင်းလင်းဆုံး ဖော်ပြ အလယ်ရိုးမရဲ့ ဗဟိုချက် ရှမ်းကုန်းပြင်မြင့်ဘက်က ဆက်ခံ တော်လှန်တဲ့ သမိုင်းကြောင်း သွေးသစ်လောင်း နှိုးဆော် ရဲဘော်တို့ ကြိုးစင်ပေါ်မှာ ထောင်ထဲမှာ တရားရုံးမှာ အချုပ်ဂါတ်ထဲမှာ ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ဒူးမထောက်ရဘူး ဒူးမထောက်ရဘူး ဒူးမထောက်ရဘူးတဲ့ ရင်ထဲကိုစူးဝင် နားဆင်လိုက်ရ ဘယ်တော့မှ မမေ့စရာ ဒါ ဥက္ကဋ္ဌကြီးရဲ့အသံ ဒုတိယမ္ပိ ကြားမိဖူးခြင်းပါ။   ပဌမဆုံးအကြိမ်က ကျနော်အသက်က ဆယ့်သုံးလေးနှစ် ၁၉၆၇… Read More »

ကမ္ဘာတည်သရွေ့ တည်ပါစေ

( ၁ ) *   ဥက္ကဋ္ဌကြီး သခင်ဇင် အသင်ဟာ – ငါတို့ရဲ့ ကြီးမြတ်တဲ့ ဥက္ကဋ္ဌကြီးပါ။   *  အတွင်းရေးမှူးကြီး သခင်ချစ်  ဗော်ရှီဗစ် ပီသ ဂုဏ်ပြောင်လှတဲ့ ငါတို့ရဲ့ ခေါင်းဆောင်ကြီးပါ။   *  ဥက္ကဋ္ဌကြီးတို့ တွေဟာ အာဇာနည်ပီပီ ဘာမထီစိတ်ဓာတ် အပြတ်သားဆုံး စိုက်ထူ ရန်သူနဲ့ တိုက်ခိုက်ရင်း သွေးချင်းချင်းနီ သေသည်အထိ သတ္တိအားမာန်  အောင်လံမစွန့် မတွန့်မဖောက်  မရွံ့ကြောက်ခဲ့ “ ဒူးထောက်တယ် ဆိုတာ ကွန်မြူနစ်တို့ အဘိဓမ္မာမှာ ဘယ်ခါမှ မရှိဘူးဟေ့ – ”  လို့ လက်တွေ့နဲ့ ပြသသွားခဲ့ကြတယ်။   ( ၂ ) *  ဥက္ကဋ္ဌကြီးတို့တွေဟာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့ရပါပြီ။   * ဒါပေမဲ့ ဗမာပြည်ရဲ့ သမိုင်းမှာ ဘယ်အခါမှ မသေဆုံး အဝင်းပဆုံး ဆက်ရှင်သန် အဖန်ဖန် ထွန်းပြောင်နေမှာ သေချာတယ်။   * … Read More »

ရိုးမ ချစ်သူ

               ( ၁ )     “ ကြေကွဲမှုအား         အင်အားအဖြစ်         ပြောင်းလဲ ပစ်ကြ” ထားရစ် တရား မမေ့ငြားလည်း တားဆီးမရ  မျက်ရည်စနဲ့ ရိုးမ တောင်ညို  ရိုးမ ငိုပြီ။   *   မြရာတောလည်း ရှိုက်မော ပင့်သက်  မျက်ရည်စက်နဲ့  ပွေ့ဖက်နမ်းရှုံ့ ခေါင်းကို ငုံ့ကာ  ဦးညွှတ်ရှာပြီ။   *   ရိုးမရပ်ဖွား   ရိုးမသားကို ရိုးမကြိုရှာ  ကြေကွဲစွာဖြင့်။   *  သခင်သန်းထွန်း – တဲ့ မော်ကွန်းအစဉ်  ကမ္ပည်းတင်ရစ် ရိုးမချစ်သူ လူထုခေါင်းဆောင် အာဇာနည်။   ( ၂ ) *   ကျောက်တိုင်ထူစိုက် ပန်းခြံစိုက်ပြီး ကမ္ဗည်းမဆင် စာမတင်လဲ ဝမ်းနည်းလိမ့်မည် မဟုတ်ပါ ။   *  ရိုးမတောင်သည်  အာဇာနည်ရဲ့ တကယ့်ကျောက်တိုင်  မော်ကွန်းတိုင်ပေါ့ မယိုင်မပျက် ထာဝစဉ်။   * … Read More »