တူရကီမှာ သူခိုးတွေ ဖမ်းနေပြီ
တူရကီမှာ သူခိုးတွေ ဖမ်းနေပြီ တူရကီနိုင်ငံ အီစတန်ဘူလ်မြို့တော်၊ အန်ကာရာမြို့တွေမှာ ပြီးခဲ့တဲ့ သောကြာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဝန်ကြီးချုပ် ရီဂျက် ၊ တိုင်ရိ၊ အာရဂွန် အစိုးရရဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်။ သောင်းချီတဲ့ ဆန္ဒပြသူတွေက “သူခိုးတွေဖမ်းဟေ့၊ သူခိုးတွေဖမ်းလို့” ကြွေးကြော်ဆန္ဒပြကြတယ်။ “တူရကီလူမျိုးတွေဆီက ဓါးပြတိုက်နေတာ ၊ လုယက်နေတာကို ရပ်တန်းကရပ်ပါ။ ကျွန်တော် ဒီနေရာကို ရောက်နေတာဟာ အကျင့်ပျက်မှုကို ရှုတ်ချဖို့၊ အစိုးရ နုတ်ထွက်ပေးရေး တောင်းဆိုဖို့ပါ” လို့ ဆန္ဒပြသူတယောက်က ဘီဘီစီ သတင်းထောက် တယောက်ကို ပြောပြတယ်။ ဝန်ကြီးချုပ်အာရဂွန် အစိုးရဝန်ကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုကို ထောက်ပြဝေဖန်တဲ့ အာဏာလုအားပြိုင်မှုတွေနဲ့ အတူ ရာနဲ့ချီတဲ့ စစ်တပ်အရာရှိတွေကို အာဏာသိမ်းဖို့ကြံစည်တယ်ဆိုပြီး တရားရုံးက ပြစ်ဒဏ်ချမှတ်မှု ဖြစ်ပွားပြီးနောက်မှာ အခုဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုံးကလည်း ဂေဇီပန်းခြံကို ခရိုနီလက်အပ်မယ့်အစီအစဉ်ကို ကန့်ကွက်ပြီး ဂေဇီပန်းခြံနဲ့၊ တက်ဆင် ရင်ပြင်တို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေမှာ အစိုးရက… Read More »