နိုင်ငံတကာစစ်ပွဲများကိုလည်း ဆန့်ကျင်ရမယ်
ဒီကမ္ဘာမှာ အမေရိကန်ကနေ“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး (War on Terror)”စတင်လိုက်တဲ့ နောက်ကစပြီး ကမ္ဘာကြီးတခုလုံး မငြိမ်မသက်ဖြစ်ပြီး နေရာအနှံ့ တိုက်ခိုက်မှုတွေ ပေါ်နေတာဟာ ဒီနေ့အထိ ဖြစ်ပါတယ်။ အစကတော့ အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်း၊ အခုတော့ အာရှတိုက်နဲ့ဥရောပမှာပါ စစ်ဆင်မှုမျိုးစုံနဲ့ ကြုံတွေ့နေရပါတယ်။ ဥရောပကမ်းခြေတွေအပေါ် နိုင်ငံပေါင်းစုံက ဒုက္ခသည်အမျိုးမျိုး လှိုင်းတွေက ပုတ်တင်လိုက်သလို တသုတ်ပြီးတသုတ် ရောက်လာနေတာကို တွေ့ကြရသလို နေတိုးနဲ့ရုရှားကြားမှာ စစ်ရေးတင်းမာမှုတွေ သည်းသန်လာနေတာကိုလည်း ထိတ်လန့်စိုးရိမ်ဖွယ် တွေ့နေရပါတယ်။ နယ်စပ်အငြင်းပွားမှုတွေကို ရှေ့တန်းပြန်တင်လာကြသလို ဒေသအလိုက် စစ်အင်အားဖြည့်တာ၊ တည်ဆောက်တာတွေလည်း အလျင်အမြန်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာ့သတင်းတွေမှာ ပူးတွဲစစ်လေ့ကျင့်ရေးတွေ၊ ပူးတွဲကင်းလှည့်တာတွေ၊ လက်နက်အသစ်အဆန်း ထုတ်လုပ်တာတွေ၊ စစ်စကားပြောတာတွေကို နေ့စဉ်လို တွေ့နေရတာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အိမ်ဖြူတော်ရဲ့“အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကြီး”ရယ်လို့ လူကြားကောင်းအောင် နာမည်တပ်ထားတဲ့ စစ်ဆင်မှုကြီးကြောင့် လူသန်းချီ သေကြေခဲ့ရပြီး အိုးအိမ်စွန့်ပစ်ရသူ အရေအတွက်ဟာ သန်း ၆ဝ ရှိတယ်လို့ ဆိုကြပါတယ်။ ဒီ ၁၅ နှစ်တာ ထင်သလို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဘယ်အစိုးရထိပ်သီး၊ ဘယ်စစ်ဗိုလ်ချုပ်ကိုမှ အရေးယူတယ်လို့… Read More »
