အလုပ်သမားသပိတ်အရေး ပြည်သူသို့အစီရင်ခံစာ အပိုင်း(၂)
ခုံသမာဓိကောင်စီဆုံးဖြတ်ချက် အလုပ်သမားများကို အပြစ်တင်ကြသော အချက်များအနက် အပြင်းထန်ဆုံးထိုးနှက်ကြသည့် အချက်မှာ ခုံသမာဓိကောင်စီခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို မနာခံရကောင်းလားဟူသောအချက် ဖြစ်သည်။ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်သည်သာ အဖြေမှန်ဟု အုပ်ချုပ်သူတွေကရော၊ လွှတ်တော်အမတ်တွေကရော၊ ဤဖြစ်စဉ်ကို ကွင်းဆက်မိအောင် ပြည့်ပြည့်စုံစုံမသိသူ တချို့ကပါ ယူဆကြပုံရသည်။ ထိုသို့ယူဆပြီး အလုပ်သမားများကို ပြစ်တင်ဝေဖန်ကြသူများသည် ခုံသမာဓိကောင်စီ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များ ၃၅ မျက်နှာကို အစအဆုံး ဖတ်ခဲ့ကြဖူးပါသလား။ အကယ်၍ ဖတ်ခဲ့ဖူးလျှင် ထို ၃၅ မျက်နှာပါ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များကို မည်သည့် ထွက်ဆိုချက်များ အပေါ်တွင် အခြေခံပြုစုခဲ့သည်ဟူသော အချက်ကို သိကြပါသလား။ ပထမဆုံးသတိပြုရမည့် အချက်မှာ ခုံသမာဓိကောင်စီခုံအဖွဲ့ ဆုံးဖြတ်ချက်သည် အလုပ်သမားဘက်ကို မကြားနာဘဲအလုပ်ရှင်ဘက်က ထွက်ဆိုချက်အပေါ်တွင်သာ မူတည်သုံးသပ်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟူသော အချက်ပင်။ ဒုတိယသတိပြုရမည့် အချက်မှာ ခုံသမာဓိကောင်စီခုံအဖွဲ့သည် ဥပဒေက သတ်မှတ်ထားသော ရက်အတွင်းတွင် ဆုံးဖြတ်ချက်ပြီးစီးအောင် မချမှတ်နိုင်ဘဲ ရက်အများအပြား ကျော်လွန်ခဲ့သည်ဟူသော အချက်ဖြစ်သည်။ ဥပဒေက သတ်မှတ်သောရက်အတွင်း ပြီးပြတ်အောင် မလုပ်ခြင်းသည် ဥပဒေချိုးဖောက် ပျက်ကွက်ခြင်း… Read More »
