Category Archives: ဆောင်းပါး

ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက်

“အခုတလော အပြောများနေကြတဲ့ ဂိုရှယ်စစ်တမ်းဆိုတာ တကယ်ရှိသလား” ဒါနဲ့ပတ်သက်ပြီး ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ပြည်သူ့အာဏာဂျာနယ် အမှတ် (၁၁) မှ ဆောင်းပါးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတင်ပြချက် ဂျာမနီနိုင်ငံ၊ ဟင်းဘတ်မြို့တွင် သိမ်းဆည်းထားသော သုတေသနအချက်အလက် ဖိုင်တွဲများအထဲတွင် “ဗမာပြည်ရှိ ကွန်မြူနစ်ဝါဒနှင့်ပတ်သက်သော စာရွက်စာတမ်းများ ၁၉၄၅ – ၁၉၇၇ ခုနှစ်” ဟူသည့် ဖိုင်တွဲတတွဲ ရှိသည်။ ယင်းဖိုင်တွဲ၏ စာမျက်နှာ ၈၃ တွင် “ဗမာပြည် မျက်မှောက်နိုင်ငံရေးအခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူ ဗတင်၊ ၁၉၄၈ ခုနှစ်၊ မတ်လ (?) ဟူသော စာတမ်းစောင်လည်း ပါရှိသည်။ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း အထူးသဖြင့် ပြည်တွင်းစစ် စတင်ပေါ်ပေါက်မှုအကြောင်း ရေးသားပြောဆိုကြရာတွင် အနောက်တိုင်းမှ စာရေးသူများရော၊ ဗမာပြည် အုပ်စိုးသူလူတန်းစားအား ကိုယ်စားပြုရေးသူများပါ ဤစာတမ်းကို မကြာခဏ ကိုးကားလေ့ရှိကြသည်။ ဤစာတမ်းနှင့်ပတ်သက်ပြီး ထိုစဉ်က ကောင်းကောင်းသိရှိသူတဦး၏ ရှင်းပြချက်ကို အောက်တွင်ဖော်ပြလိုက်ပါသည်။ အဲဒီစာတမ်းထဲမှာပါတဲ့ အယ်ဒီတာရဲ့မှတ်ချက်များ၊ စာမျက်နှာ… Read More »

စစ်နဲ့ဒီမိုကရေစီ

တလောဆီတုန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်က တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်ဘူး ဆိုတဲ့အဓိပ္ပာယ်မျိုး ပြောသွားပါတယ်။ အဲဒီနောက်တော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဆိုတာမှာလည်း“ငြိမ်းချမ်းရေးမရလို့ရှိရင် ဒီမိုကရေစီကို ဘယ်လိုမှ သွားလို့ရမှာမဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးကိုယူတာ ဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ တိုင်းပြည်တပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီမထွန်းကားဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေး မရှိရင် စီးပွားရေးမတိုးတက်ဘူး၊ တိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးမရှိရင် အမျိုးသားစည်းလုံးညီညွတ်ရေးမရှိနိုင်ဘူး။ အဲဒီလိုစဉ်ပြီး ပြောလိုက်ရင် ဟုတ်နေသလိုလိုပါပဲ။ ဒါပေမဲ့ ပြည်တွင်းစစ်ဖြစ်နေလို့ ဒီမိုကရေစီမရှိတာလား၊ ဒီမိုကရေစီ မရှိလို့ ပြည်တွင်းစစ်ဖြစ်တာလား။ သေချာ စဉ်းစားကြည့်သင့်ပါတယ်။ ဒီစစ်နဲ့ဒီမိုကရေစီပြဿနာဟာ ကြက်ဥနဲ့ကြက်မ ပြဿနာလို ဘယ်ဟာက အရင်လဲဆိုတာ ရှင်းမရတဲ့ပြဿနာမျိုး မဟုတ်ပါဘူး။ ဗမာပြည် ကိုလိုနီဘ၀ကို ပြန်စဉ်းစားပါ။ အဲဒီတုန်းက ဗမာပြည်မှာ ပြည်တွင်းစစ်မရှိပါဘူး။ ဒါပေမဲ့ ဗမာနိုင်ငံသားတွေဟာ ဒီမိုကရေစီကို အင်္ဂလိပ်က သဒ္ဒါသလောက်ပဲ ခံစားရပါတယ်။ နောက်ပြီး ၁၉၄၈ ခုနှစ်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတွေရဲ့ကိစ္စကို ပြန်ကြည့်ပါ။ အာဏာရနေတဲ့ အုပ်စိုးသူတွေက ပါတီရပ်တည်ခွင့်မပေးဘဲ လူတွေကို ဖမ်းဆီးချုပ်နှောင်ဖို့လုပ်လို့၊ တနည်းအားဖြင့် ဒီမိုကရေစီရဲ့ အနိမ့်ဆုံးအခွင့်အရေးကိုတောင်… Read More »

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ( တစတစပြုပြင်ပြောင်းလဲရေးလမ်းစဉ်နဲ့သွားလို့ရမလား)

ဘန်ကီမွန်းလာတုန်းက ဒေါ်စုနဲ့တွေ့ခွင့်မပေးဘူး၊ ဂျင်ဝက်ကိုတော့တွေ့ခွင့်ပေးတယ်။ ဘာကြောင့်လဲ။