Category Archives: ဆောင်းပါး

စစ်တပ်ရဲ့ဘီလူးပါးစပ်ကို ခြေမနဲ့ဖြဲပြီး အစွယ်တွေပြသခဲ့တဲ့ ကိုပါကြီး

ကိုပါကြီးကို ကျွန်တော်မသိ။ မတွေ့ဖူး၊ ၀န်ခံရရင် နာမည်တောင် မကြားဖူးပါဘူး။ ဒါပေမဲ့ အခုတော့ သူ့နာမည်၊ သူ့ဘ၀ဟာ ကျွန်တော့်အာရုံထဲမှာ အမြဲထိပ်ဆုံးနေရာ ရောက်နေပါတယ်။             မဖြူနှင်းထွေး၊ ကိုပါကြီး၊ တလတောင် မကြာဘူး၊ ဒီအစိုးရလက်ထက်မှာ မတရားချုပ်ချယ်သတ်ဖြတ်တယ် ဆိုတာတွေဟာ စိပ်သထက်စိပ်လာနေတာ သတိထားမိကြပါလိမ့်မယ်။ ဒါ့အပြင် ဗိုလ်သိန်းစိန်စစ်အစိုးရက သူတို့နဲ့မတူသူတွေအပေါ် ကိုင်တွယ်မှုတွေဟာ ကြမ်းသထက်ကြမ်းလာ၊ ဖမ်းဆီးသတ်ဖြတ်ခွင့်တွေကိုလည်း အတိုင်းမသိခွင့်ပြုတာ ပိုပြီးများသထက်များလာတာ တွေ့နေရပါတယ်။             “ထွက်ပြေးလို့ ပစ်သတ်လိုက်ရတယ်”ဆိုတဲ့ဆင်ခြေကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ဗမာပြည်ရဲ့ ပထမဆုံးစစ်အစိုးရ (သူတို့အခေါ်“အိမ်စောင့်အစိုးရ”) လက်ထက်မှာ ဗိုလ်အာဠာဝကကို သတ်လိုက်တဲ့ကိစ္စကို ပြန်သတိရမိပါတယ်။ ဗိုလ်အာဠာကို  ဖမ်းမိတာက စစ်ကိုင်းတောင်ပေါ်မှာ ဗိုလ်အာဠာက ဆေးလာကုနေတုန်း ဖမ်းခဲ့တာပါ။ အဲဒီနောက်မှာ သူ့ကို မန္တလေးနန်းတွင်းထဲက စစ်ထောင်ထဲမှာ ချုပ်ထားပြီး စစ်ဆေးပါတယ်။ ဗိုလ်အာဠာဆိုတာက ဂျပန်ခေတ်တလျှောက်လုံး မန္တလေးမှာရှိတဲ့ ဘီအိုင်အေတပ်နဲ့ နေလာခဲ့တာဆိုတော့ သူဟာဗိုလ်မှူးဗထူးလို့ပဲ မန္တလေးက မြို့မျက်နှာ ဖုံးတွေ၊ သံဃာတော်တွေကအစ မန္တလေးသူ… Read More »

ယင်းမာပင် စုစည်းမှုမှသည်…

မတရားမှုတွေကို တွန်းလှန်ဆန့်ကျင်တဲ့ သေးငယ်တဲ့ တိုက်ပွဲလေးတွေ ဗမာပြည်မှာ ဖြစ်နေတာ အချိန်တခု ကြာခဲ့ပြီ။ ဒီတိုက်ပွဲတွေ အဆင့်တခုတော့ တက်လာခဲ့တယ်။ မတရားမှုကို ဆန့်ကျင်ရင်း အဖမ်းခံရတဲ့သူတွေအတွက် သူတို့ရဲ့ မိသားစုနဲ့ပြည်သူတွေက ဂုဏ်ယူတယ်လို့ ပြောလာကြတယ်။ ဒါဟာ တိုက်ပွဲဝင်ရင်း အဖမ်းခံရသူတွေအတွက် အကောင်းဆုံး အားပေးစကားပဲ။ ဒီနမူနာစိတ်ဓာတ် တပြည်လုံးမှာ ပျံ့နှံ့လွှမ်းမိုးပါစေ။ နောက်တချက်က တိုက်ပွဲဝင် ကျောင်းသားတွေ အလုပ်သမားတွေ သက်ကြီးရွယ်အိုတွေ လူငယ်တွေဟာ အဖမ်းခံရမှာ မကြောက်။ ထောင်တန်းကျမှာ မကြောက်တဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်လာတာပဲ။ ဒီနမူနာစိတ်ဓာတ် တပြည်လုံးမှာ ခိုင်မာဖွံ့ဖြိုးပါစေ။ ကိုလိုနီခေတ်က (အမေကမွေး ထောင်ကကျွေး) ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဗမာလူငယ်တွေ ကိုလိုနီစနစ်ကို အန်တုတိုက်ပွဲဝင်ခဲ့ကြတယ်။ ဗမာပြည်အနှံ့ ကိုယ့်အိမ်မှတ်ပါ ကိုယ့်ယာမှတ်ပါ- ဆိုတဲ့ စိတ်ဓာတ်ကလည်း ကိုလိုနီစနစ်ကို အန်တုရင်း ဗမာပြည်တဝန်းလုံး ဒေသအသီးသီးကို မှီခိုမယ်၊ လက်တွဲမယ်၊ ပူးပေါင်းနေထိုင်မယ်-ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ပါဝင်ပါတယ်။ မျက်မှောက်အခြေအနေမှာလည်း ဒီလိုတိုက်ပွဲဝင်စိတ်ဓာတ်တွေ တပြည်လုံးမှာ ပိုမို ပျံ့နှံ့လာဖို့လိုတယ်။ အခု ဗကသ… Read More »

ကြီးမြတ်တဲ့ ဗမာပြည်ပြည်သူတွေနဲ့အတူ ချီတက်ကြစို့

ဒီနေ့ ဗမာပြည်နိုင်ငံရေးရဲ့ ထူးခြားချက်တရပ်ကတော့ နိုင်ငံရေးအင်အားစု ၉၀% ကျော်တို့က ဒီမိုကရေစီရရှိရေး/ထူထောင်ရေး ကြွေးကြော်သံကို ထိပ်ဆုံးမှာထားကြတာပဲ။ လူထုဆီက မဲရဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်အာဏာတည်မြဲရေးအတွက် လူထုကို လိမ်ညာဖို့ပဲဖြစ်ဖြစ် အားလုံးက ဒီစကားကို ပြောကြရပါတယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင် ဗမာပြည်မှာ ဒီမိုကရေစီမရှိသေးဘူး။ လူထုဟာ ဒီမိုကရေစီကို တောင့်တလိုလားတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ဒီနေ့အခါလောက် အစိုးရရဲ့အဖွဲ့အစည်း မဟုတ်သူတွေ ကွဲပြားနေ၊ လက်မတွဲနိုင်ဘဲဖြစ်နေကြတာ ဒီနေ့ပဲရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအကြားက တပ်ပေါင်းစုဖွဲ့တာတွေ ကစင့်ကလျားဖြစ်ပြီး တချို့သဏ္ဍာန်လောက်ကျန်တာ၊ ဥပဒေတွင်း လှုပ်ရှားနေသူတွေချင်း တူတာတွေ တွဲလုပ်ဖို့မစဉ်းစားကြတာ၊ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်းနေကြတာ စတာတွေကလည်း စောင့် ကြည့်နေသူတွေအဖို့ မမြင်ချင့်အဆုံးလို ဖြစ်နေပါတယ်။ ဒါတွေနဲ့တဆက်ထဲ မြင်တွေ့နေရတာတွေကတော့ နိုင်ငံရေးအင်အား စုတွေဟာ ဒီကနေ့ ဗမာနိုင်ငံ အနှံ့အပြားမှာ တနေ့မပြတ် အရှိန်အဟုန်ပြင်းစွာဖြစ်ပွားနေတဲ့ အလုပ်သမား၊ လယ်သမားနဲ့ အောက်ခြေပြည်သူလူထုတွေရဲ့ တိုက်ပွဲတွေကို မပါဝင်၊ မထောက်ခံရုံမက သူတို့ရဲ့သဘောထား မှတ်ချက်စကားလေးတောင် မပြောတာပါပဲ။… Read More »

(၆၆) နှစ်မြောက် မတ်လ၂၈ တော်လှန်ရေး

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့သက်တမ်း ၇၅ နှစ်ပြည့်ဖို့ လပိုင်းသာ လိုပါတော့တယ်။ ပါတီရဲ့အရင်၊ ဒါမှမဟုတ် ပါတီရဲ့နောက်မှ ဖွဲ့စည်းခဲ့ကြတဲ့ ပါတီအမြောက်အမြား ပျောက်ကွယ်သွားကုန်ကြပြီ။ အဲဒီအထဲမှာ ဖဆပလ၊ ပထစ၊ မဆလ လို အာဏာရပါတီတွေလည်း ပါဝင်ပါတယ်။ ဗကပ ကို တောထဲမောင်းပို့ခဲ့တဲ့ ဖဆပလ က ဆိုရင် အာဏာကို အနှစ်လေးဆယ် ချုပ်ကိုင်ထားမယ်လို့တောင် ကြုံးဝါးခဲ့ပါသေးတယ်။ ဖဆပလ နဲ့ ဗကပ ကို ကွဲအောင်လုပ်ခဲ့တဲ့လူတွေ သူတို့ချင်းပါကွဲကြတော့ သူတို့တတွေ စုံးစုံးမြုပ်တာ ဖြစ်သွားခဲ့ပါတယ်။ အာဏာသိမ်းပြီး အာဏာယူခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ မဆလ ပါတီကတော့ လူထုတိုက်ပွဲကြီးကြောင့် လုပ်လိုက်ရတဲ့ “ဟန်ပြ” အာဏာသိမ်းတာနဲ့ပဲ ဇာတ်လမ်း သိမ်းသွားရပါတယ်။ တကယ်က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဗမာပြည်မှာ အုပ်စိုးခဲ့တဲ့ အစိုးရတိုင်းက အမုန်းတီးခံရဆုံးနဲ့ ချေမှုန်းဖို့ ကြိုးစားတာ အခံရဆုံးဖြစ်ပြီး သူတို့ရဲ့ရန်သူတော်နံပါတ်(၁) နေရာမှာ အမြဲတမ်းတည်ရှိခဲ့တာဟာ ဗကပ ပါ။ ဒီလိုဘေးအန္တရာယ်တွေအကြားက ဗကပ ပျောက်ကွယ်မသွားတာဟာ ၁၉၄၈ ခုနှစ် မတ်လ၂၈… Read More »

ရဲဘော်မောင်လေးသို့ အမှတ်တရ (ရဲဘော်ကြင်မောင်)

(၁) ၁၉၄၈ ခု မတ်လ ၂၈ ရက်နေ့မှာ ဖဆပလ အစိုးရက လက်နက်အားကိုးနဲ့ ရန်ကုန်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကို ၀ိုင်းဝန်းချေမှုန်းဖို့ လုပ်ခဲ့တယ်။ ဒါဟာ ပြည်တွင်းစစ်ကို စတင်မီးမွေးလိုက်တာပဲ ဖြစ်တယ်။ အထက်ဗမာပြည်ဘက်မှာ ပါတီအနေနဲ့ ပြန်ပြီးလက်နက်ကိုင်တိုက်မတိုက် ဆုံးဖြတ်ဖို့ အစည်းအဝေးတခု လုပ်ခဲ့ရတယ်။ နေရာက စစ်ကိုင်းတိုင်း မိုးစပ်တောင်ခြေရှိ ဘုန်းကြီးကျောင်းတကျောင်းမှာပါ။ ပြန်တိုက်ဖို့ ဆုံးဖြတ်ချက်ကျသွားတယ်။ အဲဒီမှာ ပထမဆုံး စာရင်းပေးတဲ့ တပ်သားက ၁၃ နှစ်အရွယ်ရှိ ဘုန်းကြီးကျောင်းသား ရဲဘော်မောင်လေး ( နောင် ရဲဘော်မောင်ကို) ပဲ။ (၂) ရဲဘော်မောင်လေးက စူးစူးစိုက်စိုက် လုပ်တတ်တယ်။ လေ့လာရေးကောင်းတယ်။ မန္တလေးတက္ကသိုလ်မှာ ကိုစိုးဝင်းတို့နဲ့ ဆက်စပ်မိသွားပြီး သင့်သလို အဆောင်တွေ လှည့်နေထိုင်ရင်း လုပ်ငန်းတွေ လုပ်ခဲ့တယ်။ လေ့လာရေးကောင်းတဲ့သူဖြစ်လို့ ဘုန်းကြီးကျောင်းသား ဖြစ်ပေမယ့် ပညာရပ်ဆိုင်ရာတွေမှာ ပြောနိုင်ဆိုနိုင်ဆွေးနွေးနိုင်တဲ့အဆင့် ရောက်သွားခဲ့တယ်။ (၃) ၁၉၈၇ ခုနှစ်မှာ သူအရှေ့မြောက်တက်လာတယ်။ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှုကြီးဖြစ်လာတော့ ပြည်တွင်းလုပ်ငန်းတွေလုပ်ဖို့ မိမိတို့ ၂… Read More »

“မျိုးစောင့်ဥပဒေ” သို့မဟုတ် မရိုးနိုင်သောလှည့်စားနည်းတစ်ခု (၂၀၁၄ ခုနှစ်၊ မတ်လ ၄ ရက်)

အုပ်စိုးသူများသည် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးပြီး လူမျိုးပေါင်းစုံပြည်သူများအကြား သွေးခွဲရန်တိုက်ပေးသည့် လုပ်ငန်းတွေ လုပ်ကြံဖန်တီးရန် အံခွနေသူတွေ၊ သွေးအေးလက်ယဉ်သူတွေ၊ လက်မရွံ့သူတွေ၊ လက်မြန်သူတွေ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ဘက်ပေါင်းစုံခေတ်နောက်ကျ ချွတ်ခြုံကျနေသော အချက်ကလည်း အုပ်စိုးသူများအတွက် အခါကောင်း၊ အခွင့်ကောင်းတစ်ခုသဖွယ် ဖြစ်နေပါသည်။ ယင်းတို့အနက် ဘာသာရေးနဲ့လူမျိုးရေး သွေးခွဲရန်တိုက်လှည့်စားခြင်းသည် ဖောက်ပြန်သော အုပ်စိုးသူများအတွက် မရိုးနိုင်သော လက်သုံးနည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ယခုအခါ “မျိုးစောင့်ဥပဒေ” သည် သမ္မတ (ဗိုလ်)ဦးသိန်းစိန် ကိုယ်တိုင် လွှတ်တော်တင်ပေးသည့် အဆင့်ထိ ပုံပေါ်လာခဲ့ပြီ။ ဗိုလ်ရွှေမန်းလွှတ်တော်နဲ့ ဗိုလ်သိန်းစိန်ကြံ့ဖွံ့အစိုးရ၊ ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေး အပြန်အလှန်ဘောလီဘောပုတ်နေကြပြီလည်း ဖြစ်သည်။ “မျိုးစောင့်ဥပဒေ” ယခုလို လွှတ်တော်ထဲရောက်လာနိုင်ရန် (ဗိုလ်) ဦးသိန်းစိန်တို့ ကြံ့ဖွံ့အစိုးရနဲ့ ကြံ့ဖွံ့ပါတီဟာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာက ရာဇဝတ်မှုတစ်ခုကို အရင်းပြုပြီး သံတွဲ ၊ တောင်ကုတ်၊ မိတ္တီလာ၊ ဥက္ကံ၊ လားရှိုး၊ ထန်းကုန်းကျေးရွာတို့မှ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးတွေ၊ အသက်တွေ၊… Read More »

ဖွတ်က မိကျောင်းဖြစ် မြစ်မချမ်းသာ

ဖွတ် မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလို ကြံ့ဖွံ့ စစ်အစိုးရ ပေါ်လာမှ ပြည်သူစိတ်ဝမ်း မငြိမ်းချမ်းမှုတွေ တနေ့တခြား တိုးပွားများပြားလာနေပါတယ်။ ဦးသိန်းစိန် ကြံ့ဖွံ့စစ်အစိုးရအကြောင်းပြောရင် ဒီအစိုးရဟာ ရွေးကောက်ပွဲအလိမ်အညာနဲ့ အစိုးရတက်လုပ်နေတယ်ဆိုတာ သတိပြုကြရမှာပါ။ စစ်အာဏာရှင်စနစ် သက်တမ်းတလျှောက် အစိုးရအဆက်ဆက် လိမ်ညာမှုကို နည်းဗျူဟာတရပ်အဖြစ် သုံးခဲ့တယ်ဆိုတာလည်း သတိပြုဖို့ လိုပါတယ်။ တော်လှန်ရေးကောင်စီ၊ မဆလ ဆိုတဲ့ အလိမ်အညာခေတ်က တခေတ်။ ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျားပြန်ပါမယ်ဆိုတာက ကြားဖြတ်တီးလုံး။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လုံးလုံးလျားလျား ပစ်ပယ်လိုက်တာက တိုင်းပြည်အပေါ် ကြီးမားလှတဲ့ ကတိဖောက်ဖျက်မှုကြီး။ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အသေးအမွှားကအစ အလွန်ကြီးလေးလှတဲ့ ကိစ္စများကို လိမ်လည်ဖို့ နှစ်များစွာကတည်းက ကလိမ်စေ့ ငြမ်းဆင်တဲ့ အလုပ်တွေ အချိန်ယူလုပ်ခဲ့ရတယ်။ လမ်းပြမြေပုံတို့ ညောင်နှစ်ပင်ညီလာခံတို့၊ ကြံ့ဖွံ့အသင်းကို တစတစ မွေးမြူမြေတောင်မြှောက်ခဲ့ရတာတို့ကို ကြည့်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုက အတည်ပြုခဲ့တယ်ဆိုတာတို့၊ သူတို့ဟာ ပြည်သူလူထု ဆန္ဒအရ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရပါဆိုတာတို့ကို ကြံ့ဖွံ့စစ်အစိုးရထိပ်သီးတွေကိုယ်တိုင် မရှက်မကြောက်နဲ့… Read More »