Category Archives: ဆောင်းပါး

ပြီးခဲ့တာတွေကိုမပြောကြပါနဲ့စို့-တဲ့

အခုတလော ဗမာပြည်နိုင်ငံရေးမှာ ပြီးခဲ့တာတွေ/အရင်ကဟာတွေကို ပြန်မဖော်ထုတ်နဲ့၊ လက်ရှိဖြစ်နေတာတွေကိုပဲပြော ဆိုတဲ့အဆိုမျိုး မကြာခဏကြားနေရပါတယ်။ သာမန်အချိန်မှာဆိုရင်တော့ ဒါဟာ စကားနည်းရန်စဲဆိုတဲ့ စိတ်ကောင်းသဘောကောင်းနဲ့ ပြောတယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အခုလို ပြောတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဒီလိုအတိတ်ကို ဖျောက်ဖျက်ပစ်ရတာမျိုးလား။ လူတွေဟာ အတိတ်မှာ လုပ်ချင်တာလုပ်ပြီး ဒီနေ့မှာ လူလိမ္မာစကားပြောတာနဲ့ နတ်ရေကန်ထဲဆင်းလိုက်သလို လူကောင်းဖြစ်သွားရောလား။ နောက်ပြီး သမိုင်းဆိုတာဟာ အဖြစ်အပျက်မှန်တွေကို ချောင်ထိုးထားလို့ရတာမျိုးလား။ ပြီးခဲ့တာတွေ၊ အတိတ်တွေကိုပြောတာ မှားသလား။ အမှားတွေကိုပြောတာ မှားသလား။ လူကောင်းကို မကောင်း ပြောတာ၊ မကောင်းတဲ့လူကို လူကောင်းလို့ ပြောတာကရော မှန်သလား။ ဒီလို“ကျေပါတယ်မအေးစိန်”ဆိုတဲ့စကားမျိုးတွေ ကြားရတိုင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကျဆုံးသွားရတဲ့ အာဇာနည်မဝင်းမော်ဦးရဲ့ မိဘများက သူတို့သမီးအတွက် ဒီနေ့အထိရေစက်မချ၊ သပိတ်မသွတ်သေးကြောင်းပြောတာ၊ မဝင်းမော်ဦးက ကျဆုံးကာနီးမှာ ဒီမိုကရေစီမရမချင်းကျမအတွက်အမျှ မဝေပါနဲ့လို့ပြောတာ၊ ကိုပါကြီးရဲ့သူငယ်ချင်း တယောက်က ကိုပါကြီးကျဆုံးတာ တနှစ်ပြည့်တော့ ဖေ့စ်ဘုတ်ပေါ်မှာ တနှစ်တင်းတင်းပြည့်ခဲ့ပြီ……ပါကြီးရေ…… ကမ္ဘာမကြေဘူးဟေ့. လို့ ရေးခဲ့တာတွေကို ပြန်သတိရမိပါတယ်။ နောက်ပြီး လက်ပန်းတောင်းက ဒေါ်ခင်ဝင်းရဲ့အုတ်ဂူပေါ်က… Read More »

ပွဲမဝင်မီ ဆိုင်းဆော်သံ ကြားရုံမျှနဲ့

ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ဘူးဆိုတာ အစကတည်းက တွက်ဆထားကြပြီးသားမို့ သိပ်အံ့သြစရာ မရှိပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ရွေးကောက်ပွဲဟာ ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်မယ်။ ၇၀ ရာခိုင်နှုန်းမှားနိုင်တယ်လို့ ပြောလိုက်တာဟာ သူတို့ဘယ်လမ်းကြောင်းသွားမယ်ဆိုတာ ဗြောင် ကြေညာလိုက်တာပဲ။ မဲစာရင်း ဒုတိယအကြိမ်ထုတ်ပြန်လိုက်တော့ ပိုပြီး ပွဲဆူသွားတယ်။ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ကတောင် ဗဟို ရွေးကောက်ပွဲကော်မရှင်ကို မကျေမလည်ဖြစ်ရတဲ့အထိ သူတို့ရဲ့ ညစ်ပတ်တဲ့ လုပ်ရပ်က ပေါ်လွင်ထင်ရှားနေတယ်။ ဦးဥာဏ်ဝင်းက ရွေးကောက်ပွဲဟာ တရားမှာ မဟုတ်ဘူးဆိုတာကို ဖွင့်ပြောလာတဲ့အထိ ဖြစ်နေပြီ။ ရွေးကောက်ပွဲဟာ မတရားရင် မမှန်ကန်ဘူး။ မလွတ်လပ်ဘူး။ မတရားတဲ့ ရွေးကောက်ပွဲကနေ ဘယ်လို ရလဒ်ကောင်း ထွက်ပေါ်လာမှာလဲ။ ဒါ့အပြင် ရွေးကောက်ပွဲမှာ မတရားတဲ့ လုပ်ရပ်တွေ လာနေဆဲ၊ လာလတ္တံ့တွေ အများကြီးပါ။ ရှေ့မှာလည်း ကြုံတွေ့ရပါလိမ့်ဦးမယ်။ ဒီလို ရွေးကောက်ပွဲ မတရားမှာကို မအံ့သြပေမယ့် အံ့သြရတဲ့ အချက်တွေ မြင်တွေ့လာရတယ်။ အဲဒါကတော့ မဲစာရင်းကို ပြည်သူတွေက မစစ်ဆေးရင် ပြည်သူတွေရဲ့ အပြစ်ပဲဆိုပြီး တင်ပြလာတဲ့အတွေးအခေါ် အယူအဆဖြစ်တယ်။ ပြည်သူတွေ… Read More »

ရွေးကောက်ပွဲကာလ စစ်အုပ်စုရဲ့အတွင်းသဘော

အာဏာရှင်စနစ် နံပါတ်ဝမ်း ဘယ်သူလဲဆိုတာ စိတ်ဝင်တစား တွက်ချက်ကြည့်နေကြသူတွေ ရှိနေပါတယ်။ တွက်ချင်သူတွေ တွက်ကြည့်ကြပါ။ သေချာကတော့ ဘယ်သူဟာ ထိပ်ဆုံးအာဏာပိုင်ဖြစ်နေပါစေ၊ စစ်အုပ်စုရှိနေရင် စစ်အာဏာရှင်စနစ် ရှိနေမှာပါပဲ။ စစ်ဗျူရိုကရက် ယန္တရားကြီးလည်း ဆက်လက်လည်ပတ်နေမှာပါပဲ။ ထိပ်ဆုံးအာဏာပိုင်ဆိုတာလည်း တယောက်မဟုတ် နောက်တယောက်တော့ ဖြစ်နေမှာပါပဲ။ ရှေ့ထွက်ရပ်သူ ဖြစ်ချင်ဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်ချင်ဖြစ်မယ်။ ထိပ်ဆုံးအာဏာပိုင် ဘယ်သူဆိုတာ သူတို့ ကာလတခု ဖုံးကွယ်ထားလို့ ရချင်ရပါလိမ့်မယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ သဘောထားဟာ ဘာလဲဆိုတာတော့ သူတို့ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ လိမ်ညာစကား၊ ဟန်ဆောင်စကား၊ ပရိယာယ်စကား စသဖြင့် ဘယ်လိုပဲ သုံးနေသည် ဖြစ်ပါစေ၊ စစ်အုပ်စုရဲ့ အတွင်းအဇ္ဈတ္တကို စစ်အုပ်စုထဲက ကိုယ်စားပြုသူတဦးဦးက ထွက်ပြောကြရတာချည့်ပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုပါတော့။ လိမ်ညာဖုံးကွယ်မှုတွေနဲ့ လှည့်ဖြားခဲ့တာ ကြာလှပါပြီ။ လက်ရှိစစ်အစိုးရလက်ထက်မတိုင်မီကတည်းက လိမ်ညာလှည့်ဖြားလာခဲ့တာ ခုအထိ လိမ်ညာလည့်ဖြားနေတုန်းပါ။ ဒါပေမဲ့ သူတို့မှာ တကယ်တမ်း ပြည်တွင်းငြိမ်းချမ်းရေး လိုအင်ဆန္ဒမရှိဘူးဆိုတာ ကာချုပ်ရဲ့စကားတွေကို အသေအချာ လေ့လာကြည့်ရင် အထင်အရှား တွေ့နိုင်ပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ မလိုချင်တာ၊… Read More »

နိုင်ငံရေးအမြော်အမြင် ပီပြင်ပါစေ

vision

သူရဦးရွှေမန်း အဖြုတ်ခံရတာဟာ အာဏာပြဿနာဖြစ်တယ်

usdp crack

ဒီနေ့အထိ ဂုဏ်ပြောင်၊ ဒီနေ့အထိ စံပြဖြစ်နေတဲ့ အရေးတော်ပုံကြီး

ဗမာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံလို့ ပြောလိုက်ရင် မျက်နှာဝင်းပသွားသူ၊ မျက်စိမျက်နှာ ပျက်သွားသူ၊ မျက်ရည်လည်လာသူ၊ မျက်နှာလွှဲသွားသူ စသဖြင့် အမျိုးမျိုးရှိပါတယ်။ အံကြိတ်တဲ့လူ၊ တက်ခေါက်တဲ့လူ ရှိသလို၊ သရော်ပြုံးပြုံးသူ၊ ကျေနပ်ပြုံးပြုံးသူတွေလည်း ရှိပါမယ်။ ရှစ်လေးလုံးရဲ့ တောင်းဆိုချက်တွေလို့ ပြောလိုက်ရင်လည်း တုံ့ပြန်ချက်တွေ အမျိုးမျိုးတွေ့ရမှာပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ၊ တောင်းဆိုချက်တွေ ဘယ်အထိအကောင်အထည် ပေါ်ခဲ့ပြီလဲလို့ မေးလိုက်ရင် လေးလေးနက်နက်ပြန်ဆွေးနွေးတဲ့လူလည်းရှိ၊ ကိုယ်နဲ့မဆိုင်သလို ရှောင်ဖယ်သူ၊ ဒိတ်အောက်နေတဲ့/ခေတ်နောက်ကျတဲ့ ပြဿနာကို တင်လာရကောင်းလားလို့ နှာခေါင်းရှုံ့သူလည်း ရှိပါမယ်။ ဘာပဲပြောပြော စစ်အုပ်စုထိပ်သီးတွေကတော့ ဒီလိုငြင်းခုံနေတာကိုကြည့်ပြီး ဒူးနှန့် ပြုံးနေကြမှာ သေချာပါတယ်။ ဒီနေ့ဗမာပြည်ရဲ့သမိုင်းဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆက်ဖြစ်တယ်လို့ဆိုရင် ကွဲလွဲမှု နည်းနိုင်ပါတယ်။ ဒါပေမဲ့ အရေးတော်ပုံကြီးက တောင်းဆိုခဲ့တာတွေ၊ ကျဆုံးသွားတဲ့ အာဇာနည်တွေ မျှော်မှန်းခဲ့တာတွေ အကောင်အထည်ပေါ်ပြီလားလို့ မေးရင်တော့ လက်ရှိကိုယ့်အခြေအနေ၊ ကိုယ့်ရပ်တည်ချက်အပေါ် မူတည်ပြီး အဖြေအမျိုးမျိုး ပေးကြပါလိမ့်မယ်။ ဖြေကြည့်ကြရအောင်ပါ။ အလွယ်ဆုံး ခြုံပြီးပြောရမယ်ဆိုရင် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဓိကဦးတည်ချက်ဟာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ထွန်းကားရေးပါ။ ဒါဖြင့် ဒီကနေ့တိုင်းပြည်မှာ… Read More »

ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ အစိုးရ

gov31july