ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ (ညီဌေးကျော်)
ကယ်တင်ရှင်လည်း မမျှော်နဲ့ ဘုံရန်သူလည်း မပျောက်နဲ့ညီဌေးကျော် ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြင်ဖို့ခက်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်လို့ နိုင်ငံရေးသုခမိန်များ ပညာရှင်ဆိုသူများက (ခေတ်စကားနဲ့ပြောရရင်) ဂျင်းထည့်လိုက်တာကို ဒေါ်စုဟာ(rule of Law)အရ ရိုကျိုးလိုက်နာခဲ့သော်လည်း၊ ပြင်ချင်လည်း ရတယ်၊ ဖျက်ချင်လည်း ရတယ်၊ ဘာရေးထားထား လုပ်ချင်သလိုလုပ်လို့ရကြောင်း ဗိုလ်မင်းအောင်လှိုင်က အာဏာသိမ်းပြီး ပြသလိုက်ပါတယ်။ မဲမသမာမှုကြောင့် အာဏာသိမ်းရတာပါလို့ ဗိုလ်မင်းအောင်လှိုင်က လူရယ်စရာစကားနဲ့ ဆင်ခြေပေးပေမယ့် တကယ့်အကြောင်းရင်းက စစ်သူကြီးမင်းဆက် နန်းဆက်မပြတ်ဖို့နဲ့ သက်ဦးဆံပိုင်အာဏာဓား ထက်သထက် ထက်စေဖို့ပဲ ဖြစ်ပါတယ်။ အနှစ်နှစ်အလလ မျိုသိပ်ထားရတဲ့ လူထုကြီးက ရက်ရှည်လများ လမ်းပေါ်ထွက် အုံကြွဆန့်ကျင် လာတဲ့အခါ၊ ထင်သလိုဖြစ်မလာတဲ့ စစ်အုပ်စုဟာ ကြေးစားတပ်အားကိုးနဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်တော့တာပါပဲ။ လူထုကြီးတရပ်လုံး သွေးမြေကျခံတိုက်နေရတဲ့ သဏ္ဌာန်စုံ မြို့ပေါ်လူထုတိုက်ပွဲများဟာ ကျေးလက်ခုခံတွန်းလှန်မှုများနဲ့ပေါင်းစပ်ပြီး နွေဦးတော်လှန်ရေး စစ်အာဏာရှင်အမြစ်ဖြုတ်ရေး လက်နက်ကိုင်တိုက်ပွဲအထိ ဦးတည်နေတဲ့အခြေအနေတွေကို တွေ့မြင်လာရပါတယ်။ ဒီလက်နက်ကိုင်တိုက်ပွဲဟာ ရန်သူစစ်အုပ်စုက အကြမ်းဖက်ဖိနှိပ် တွန်းပို့လိုက်လို့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တိုက်ပွဲပါ။ ခုခံရေးနဲ့အစပြုသော်လည်း ရန်သူကိုချေမှုန်းရေးနဲ့ အနိုင်တိုက်မှရမယ့် တော်လှန်စစ်လည်း ဖြစ်ပါတယ်။… Read More »