နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ပထမပိုင်း)
နိုင်ငံတကာ မာ့က်စ်ဝါဒီတွေပြောတဲ့ ပြောက်ကျားစစ်(ပထမပိုင်း)ထွန်းဇင်အောင် ပြောက်ကျားစစ်ဟာ သေနင်္ဂဗျူဟာအားဖြင့် ခံစစ်၊ နည်းပရိယာယ်အားဖြင့် ထိုးစစ်ဖြစ်တယ်။ ဖိနှိပ်အုပ်စိုးတဲ့ အစိုးရတရပ်အောက်မှာ အလုပ်သမား/လယ်သမားတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်စေ၊ အမျိုးသားလွတ်မြောက်ရေးအကျိုးစီးပွားအတွက် ကျူးကျော်လာတဲ့ပြည်ပရန်သူကို ခုခံတွန်းလှန်ဖို့ဖြစ်စေ ပေါ်ထွက်လာကြလို့ သေနင်္ဂဗျူဟာအားဖြင့် ခံစစ်ဖြစ်တယ်။ ဖိနှိပ်အုပ်စိုးတဲ့အစိုးရ ဖြုတ်ချရေး သို့မဟုတ် ကျူးကျော်လာတဲ့တပ်တွေကိုမောင်းထုတ်ရေးရည်ရွယ်ချက်တွေရှိလို့ နည်းပရိယာယ်အားဖြင့် ထိုးစစ်ဖြစ်တယ်။ ပြောက်ကျားစစ် ဆိုတာမျိုးဟာ သူ့အလိုလို ပေါ်ထွက်လာလေ့ရှိပေမယ့် တော်လှန်ရေးတိုက်ပွဲနည်းနာ တခုအဖြစ် သုံးနိုင်ပါတယ်။ပြောက်ကျားစစ်ဟာ စုဖွဲ့ပြီး ဂရုတစိုက် စီစဉ်ကြံဆရတဲ့တိုက်ပွဲဖြစ်တယ်။ သမားရိုးကျစစ်ပွဲ နည်းပရိယာယ်တွေနဲ့ပေါင်းစပ်ပြီး တိုက်လေ့ရှိတယ်။ တပ်စိတ်တွေက လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ကြပေမယ့် လူထုရဲ့လိုလားတောင့်တမှုတွေနဲ့ ဆက်စပ်တဲ့ ဘုံနိုင်ငံရေးဦးတည်ချက်တရပ် (ဥပမာ တည်ဆဲအစိုးရကို ဖြုတ်ချရေး၊ နယ်ချဲ့တပ်တွေကို အနိုင်ယူရေး စသဖြင့်) ရှိကြတယ်။ ပြောက်ကျားစစ်သဏ္ဌာန်ကို “နိုင်ငံရေးစစ်” လို့လည်း ရည်ညွှန်းကြပေမယ့် တကယ်ကတော့ စစ်သဏ္ဌာန်တိုင်းက နိုင်ငံရေးလက္ခဏာဆောင်တာချည်းပါပဲ။ စစ်တိုက်တာဟာ အစိုးရတရပ်ကိုကိုယ်စားပြုပြီး တိုက်တာမဟုတ်ရင် အစိုးရတရပ်ကိုထူထောင်ဖို့တိုက်တာပဲ ဖြစ်တယ်။ အဲဒီလို စစ်တိုက်နေတဲ့ စစ်တပ်မှာ နိုင်ငံရေး အဖွဲ့အစည်းတွေ/အကျိုးစီးပွားတွေ တမျိုးမဟုတ်တမျိုး ရှိကြတယ်။ ဒီအဖွဲ့အစည်းတွေ/အကျိုးစီးပွားတွေက… Read More »