ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။
ကျွန်မဆက်၍ ရေးချင်သောဖေဖေ့အကြောင်းများ။ဆောင်းပါးအမှတ်( ၅၅)။ ဖေဖေ ကို အသက်ကယ်ခဲ့ရစဉ်က။အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ် ၅ မှာ ဖော်ပြမယ့်ဆောင်းပါး။ ဖေဖေစစ်တပ်ကအနားယူရတဲ့(၁၉၅၇)ခုနှစ်ကစလို့(၁၉၇၃)ခုနှစ်မြောင်းမြလမ်းအိမ်ကိုပြောင်းတဲ့အထိ ၁၆နှစ်ကျော်ကျော် ကျွန်မတို့မိသားစုတွေ စမ်းချောင်းကဆီဆုံလမ်းအိမ်အမှတ်(၃၆)မှာနေခဲ့ကြရပါတယ်။ အဲဒီအိမ်လေးဟာပေ(၂၅-၅၀)မြေအပြည့်ဆောက်ထားတဲ့ တလိုင်းအိမ်လေးပါ။ ထပ်ခိုးလေးလည်းပါပါတယ်။ အိမ်လေးကကျဉ်းလည်းကျဉ်းမှောင်လည်းမှောင်၊ ဒီကြားထဲကျွန်မတိုမောင်နှမတသိုက်က တန်းစီပြီးတယောက်ပြီး တယောက်ဖျားကြနာကြနဲ့၊ နှစ်အချို့ အတော့်ကို ကသီလိုက်ပါတယ်။နေရေး ထိုင်ရေး စားရေးသောက်ရေး ဘက်စုံ ကသီတာပါ။ မောင်နှမ(၅)ယောက်စလုံး အနီးအနားက စိန့်ဖီလိုမီနာ သာသနာပြုကျောင်းမှာနေတော့ ကျောင်းစရိတ်၊ ကျောင်းကားခနဲ့ ဖေဖေနဲ့ မေမေ ဘယ်လို များကျော်ဖြတ်ခဲ့တယ်ဆိုတာ မတွေးရက်ပါဘူး။ ဖေဖေက သူစာအုပ်မှာ ဒီလိုရေးထားတာတွေ့ရပါတယ်။—–ကျောင်းဖွင့်စရက်များဆိုလျှင် နှစ်စဉ်ကြေး အဝတ်အစားဖိုး စာအုပ်ဖိုး အားကစားဖိုး စသဖြင့် နင့်နေအောင်ပေးရရာ ကျွန်တော့်ဇနီး က ဒီလတော့ ဆင်နဲ့ဆွဲရမ်းသလိုပဲဟု ညည်းတွားတတ်ပါသည် —–တဲ့။ အဲဒီအိမ်မှာနေစဉ် ဖေဖေအစာအိမ်အနာ ရောဂါရခဲ့တာပါ။ အစားအသောက်အနေအထိုင်ဆင်းရဲမှုကြောင့်ဖြစ်နိုင်ပါတယ်။ သိပ်အပြင်းအထန်တော့မဟုတ်ပါဘူး။ တခါတလေနာလာလိုက် ပျောက်သွားလိုက်နဲ့။ လအမှတ်တမဲ့ပါပဲ။ ဆေးတခါစစ်မိတော့မှ အစာအိမ်မှာအနာရှိကြောင်းသိလိုက်ရတာပါ။ ဘဖေဖေကလည်းသိပ်အရေးတယူပြောမနေပါဘူး။ ၁၉၇၆ခုနှစ် ကျွန်မတို့ပါတီဆီပြန်ရောက်ပြီး အခြေခံဒေသတွင်းဝင်ခါနီးမှာ ဆေးတခါစစ်တော့… Read More »