သေဒဏ်က မင်းအောင်လှိုင်ကို မကယ်နိုင်ဘူး(မြစမ်းအေး)
ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်တဲ့သေဒဏ်က မင်းအောင်လှိုင်ကို မကယ်နိုင်ဘူး(မြစမ်းအေး) ပြည်တွင်းပြည်ပက ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက မင်းအောင်လှိုင် အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ ကိုဖြိုးဇေယျာသော် နဲ့ ကိုလှမျိုးအောင် ကိုအောင်သူရဇော်တို့လေးဦးကို ၂၄ ဇူလိုင်က သေဒဏ်ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန်တယ်။ မဆလဗိုလ်နေဝင်းက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်ခဲ့ပြီးနောက်ပိုင်း ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်စီရင်ချက် ပြန်အသက်သွင်းလာတာ ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်လိုက်တဲ့အတွက် လူထုက ကြောက်ရွံ့မသွားရုံတင်မက ပိုလို့သာမုန်းတီးရွံရှာ ဆန့်ကျင်လာကြရာက ဗိုလ်နေဝင်းမဆလအစိုးရ တဇာတ်သိမ်းခဲ့ရပါတယ်။ တကယ်က တရားဥပဒေကို ခုတုံးလုပ်(အလွဲသုံးစားလုပ်)ပြီး သေဒဏ်စီရင်တယ်ဆိုပေမယ့် မင်းအောင်လှိုင်ဖက်ဆစ်တပ်က တတိုင်းပြည်လုံးမှာ လက်နက်အားကိုး လူမဆန်စွာ လုယက်ဖျက်ဆီး (အရှင်လတ်လတ်) မီးရှို့သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုများကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတာပါ။ ICJ နိုင်ငံတကာတရားရုံးမှာ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲရာမှာလည်း လောလောလတ်လတ် အရှုံးနဲ့ရင်ဆိုင်နေရတာပါ။ သေဒဏ်ကိုအတည်ပြုပြီး သတ်စေအမိန့်ကို နောက်ဆုံးပေးခဲ့သူဟာ မင်းအောင်လှိုင်ပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ စကစပြောခွင့်ရဆိုသူက ပြစ်ဒဏ်မစီရင်သေးဘူး၊ လုပ်ထုံးအဆင့်ဆင့်အတိုင်း လုပ်မှာပါလို့ပြောပြီး နောက်ရက်မှာပဲ သေဒဏ်စီရင်ခဲ့တာပါ။… Read More »