တက္ကသိုလ်ရာပြည့် ရောက်တော့မယ် (ခင်မောင်ဝင်း)
တက္ကသိုလ်ရာပြည့် ရောက်တော့မယ်။ (ကိုယ်တွေ့ သမိုင်းဖြစ်ရပ်မှန်) (ခင်မောင်ဝင်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ကျွန်တော်က အင်္ဂလိပ်ကိုလိုနီကျွန်ဘဝမှာ မွေးဖွားခဲ့ရသူပါ။ ဓမ္မတာအတိုင်း ကိုလိုနီပညာရေးစနစ်အောက်မှာ ကြီးပြင်းခဲ့ရတယ်။ တက္ကသိုလ်ရောက်တော့လည်း ပါလီမန်စနစ်က စစ်အာဏာရှင်စနစ်အကူးအပြောင်းကာလဆိုတော့ ငြိမ်းချမ်းစွာပညာသင်ကြားရေးကို မရရှိခဲ့ပါဘူး။ ပြေးရင်းလွှားရင်း တံတိုင်းကျော်ရင်း ကျည်ဆန်တွေကြားမှာ တက္ကသိုလ်ပညာ သင်ခဲ့ရပါတယ်။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုဟာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်တိုက်ပွဲ။ ဒါဟာ ကိုလိုနီခေတ် ပထမဆုံးပညာရေး တိုက်ပွဲပဲ။ ကျောင်းသားအခွင့်အရေးတိုက်ပွဲပဲ။ ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေးတိုက်ပွဲလည်း ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တလောကမဂ္ဂဇင်း အယ်ဒီတာကထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တယ်။ သခင်လေးမောင်၊ သခင်သိန်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း ဒို့ဗမာအစည်းအရုံးတည်ထောင်ခဲ့ကြတာဖြစ်တယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေါင်းဆောင် “လူကြီးလူကောင်းတွေ” ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊… Read More »