အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ)
အလုပ်သမားတိုက်ပွဲတွေကို ဖိတ်ခေါ်နေတဲ့ ရင်ကြားစေ့အစိုးရ (မောင်သန်းမြရွှေ) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ၂၀၂၀ သြဂုတ် ၅ နေ့စွဲနဲ့ သတင်းတပုဒ်ဖတ်ရတယ်။ လှိုင်သာယာမြို့နယ်ရှိ Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၉၇ဦးအား ခံဝန်ဝရမ်းထုတ်ပြီး ရုံးချိန်းထပ်မံပျက်ကွက်ပါက ဒဏ်ငွေသိန်း၅၀ ဆောင်ရမည်ဖြစ်ကြောင်း တရားသူကြီးက ပြောလိုက်တယ်လို့ဆိုတယ်။ မလာရင်ခွင့်မဲ့ဝရမ်းထုတ်မယ်။ တရားခံပြေး အဖြစ်ကြေညာမယ်။ ရဲကိုလွှတ်လိုက်ပြီး ရှာမယ်။ ဘယ်နေရာဘယ်အချိန်ဖြစ်ဖြစ် တွေ့တဲ့နေရာဖမ်းမယ်လို့ ဆိုတယ်။ ဖြစ်စဉ်မှာ ဆန္ဒပြသပိတ်စခန်းဖွင့်တောင်းဆိုမှုကြောင့် အလုပ်သမား ၉၇ ဦးအား လှိုင်သာယာမြို့နယ် အလဆဦးစီးမှုးဦးသိန်းမင်းထွန်းက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ပုဒ်မ ၄၆(ဃ) ၄၇ဖြင့် မတ်လ ၁၃ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ အမှုကကြာပြီ။ ရုံးချိန်း ၄ ကြိမ်ရှိပြီ။ ကိုဗစ်၁၉ နဲ့ သင်္ကြန်မတိုင်မီ ကတည်းကဖြစ်ပြီး ၅လကြာနေပြီဖြစ်တယ်။ ဒီကြားထဲ အလုပ်သမတွေ လူစုကွဲ ဖရိုဖရဲဖြစ်၊ တချို့ရွာပြန် တချို့ရရာအလုပ်ရှာလုပ်၊ လက်လှုပ်မှပါးစပ်လှုပ်ရသူတွေ၊ ဘယ်သူက ကျွေးထားလို့လဲ။ တရားသူကြီးက ပြောလိုက်ပုံက နင်တို့က တရားခံတွေဖြစ်နေပြီတဲ့။… Read More »