လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။
လူသတ်ဝါဒကျင့်သုံးပြီး တော်လှန်ရေးဒီရေကို ဟန့်တားလို့ရနိုင်မတဲ့လား။(အရေးတော်ပုံစာတည်းအဖွဲ့ အာဘော်) မင်းအောင်လှိုင်စစ်ကောင်စီဟာ စစ်တပ်အားကိုးနဲ့ အာဏာသိမ်းပြီးကတည်းက တတိုင်းပြည်လုံး အတိုက်အခံများတင်မက လူထုကြီးကိုပါ တောရောမြို့ပါမကျန် ဖမ်းဆီး နှိပ်စက် သတ်ဖြတ် လုယက် မီးရှို့ ဖျက်ဆီး ထင်တိုင်းကြဲနေတာ အားလုံးအသိပါ။ အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်ပြလိုက်ရင် တတိုင်းပြည်လုံး ငြိမ် ဝပ် ပိ ပြား သွားမယ်လို့တွက်ပြီး အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ဟာ၊ အာဏာသိမ်းပြီး တနှစ်ခွဲအကြာမှာ ထင်သလိုဖြစ်မလာဘဲ ကျယ်ပြန့်လာနေတဲ့ လက်နက်ကိုင်တော်လှန်ရေး မီးတောက်မီးလျှံများအောက်မှာ အရူးမီးဝိုင်းဖြစ်နေတာပါ။ ပြည်တွင်းပြည်ပ နိုင်ငံရေးဖိအား သံတမန်ရေးဖိအားတွေ လျော့ပါးစေဖို့ EAO များကို (ပုဂ္ဂိုလ်ရေးဆန်တဲ့) ငြိမ်းချမ်းရေးဆွေးနွေးပွဲများနဲ့ ဖြားယောင်းနေပေမယ့် လူလည်းမများ ပွဲလည်း မစည်ပါဘူး။ သူတို့ဟာ တဖက်ကို စေ့စပ်ရေးနဲ့ ဖြားယောင်းပြီး တဖက်ကို ဖိနှိပ်ရေးနဲ့ ချေမှုန်းဖို့ ကြံပါတယ်။ စစ်အုပ်စု စစ်အစိုးရအဆက်ဆက် အတိုက်အခံ နိုင်ငံရေးသမား တော်လှန်ရေးသမားများကို စစ်ပြေပြင်မှာ လမ်းမထက်မှာတင်မက၊ ကျွန်း ထောင် ကြိုးစင် တရားရုံး ပုလိပ်ဂတ် စစ်ကြောရေး စတဲ့… Read More »