မင်းအောင်လှိုင် ရုရှားသွားတောလား မောင်သန်းမြရွှေ
မင်းအောင်လှိုင် ရုရှားသွားတောလား မောင်သန်းမြရွှေ အာဆီယံအထူးသံကော ကုလသမဂ္ဂသံပါ ဗမာပြည်ခရီးစဉ်မှာ လက်ဗလာနဲ့ပြန်သွားရရုံတင်မက အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရကောင်းလားလို့ မင်းအောင် လှိုင်(ဝန်ကြီးချုပ်ဆိုသူ)က ကြေညာချက်ထုတ်ပြီး ရန်ထောင်တာ ခံခဲ့ရပါတယ်။ လာမယ့်လတွေမှာ ကုလသမဂ္ဂအထွေထွေညီလာခံ နီးကပ်လာတာနဲ့အမျှ စစ်ကောင်စီဟာ နိုင်ငံခြားဆက်ဆံရေး သံတမန်အကျပ်အတည်းက လွတ်ရာလွတ်ကြောင်းအားကိုးရှာရင်း မင်းအောင် လှိုင်ရဲ့ ရုရှားခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် ရုရှားကို အကြောင်းရှာပြီး အခေါက်ခေါက်အခါခါ (၈ ကြိမ်) သွားခဲ့ပေမယ့် သာမန်နိုင်ငံခြားဧည့်သည်အနေနဲ့ သွားခဲ့တာဖြစ်ပါတယ်။ ယခုခရီးစဉ်မှာ ဗလာဒီဗော့စတော့ အရှေ့ ဖျားစီးပွားရေးဖိုရမ် EFF တက်ရောက်ဖို့ ဖိတ်ကြားချက်ကြောင့် သွားရောက်တာဖြစ်ပြီး သမ္မတ ပူတင်နဲ့လည်း သီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပူတင်နဲ့တွေ့ရာမှာ မင်းအောင်လှိုင်က (သမ္မတပူတင်ရဲ့ဦးဆောင်မှုကြောင့် ရုရှားနိုင်ငံ ယခုလို ထိပ်တန်းနိုင်ငံ ဖြစ်လာကြောင်း၊ ပူတင်ဟာ ရုရှားနိုင်ငံခေါင်းဆောင်တဦးသာမက ကမ္ဘာ့ခေါင်းဆောင် တယောက်ဖြစ်ပြီး ကမ္ဘာ့ရေးရာမှာ သမာသမတ်ကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်နေသဖြင့် များစွာချီးကျူးဂုဏ်ပြုပါကြောင်း) စသဖြင့်ပြောပါတယ်။ မစ္စတာပူတင်တော့ ဘယ်လိုနေမလဲမသိ၊ ဗမာပြည်သူတွေကတော့ မင်းအောင်လှိုင်ရဲ့ “မြင်းထိန်း ငတာချီးမွမ်းခန်း”ကို… Read More »