Monthly Archives: August 2023

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ရဲရင့်သံလွင်

အပိုင်း(၃)

၁၉၇၆ အောက်တိုဘာလ သွေးမြေကျအစုလိုက်အပြုံလိုက်လူသတ်ပွဲကြီး အပြီးမှာ အင်ဒိုချိုင်းနားကနေ အမေရိကန်တပ်တွေဆုတ်ခွာချိန် အတွင်း ကွန်မြူနစ်နှိမ်နင်းရေးနဲ့ နိုင်ငံကိုပိုတင်းတင်းကျပ်ကျပ်အုပ်စိုးဖို့ စစ်အာဏာသိမ်းပွဲ တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ အရပ်သားအစိုးရအုပ်စိုးမှု တွေကလဲ မတည်မငြိမ်ဖြစ်လိုက်၊ ညွန့်ပေါင်းအစိုးရအမျိုးမျိုးပြောင်းလဲဖွဲ့စည်းလိုက်ဖြစ်နေသလို အရပ်သားအစိုးရကိုခဏနားစေပြီး စစ်တပ်က လွှတ်တော်ဖျက်သိမ်း မာရှယ်လောထုတ် ဥပဒေကဲ့သို့အမိန့်တွေနဲ့အုပ်ချုပ်ကြပြန်တယ်။

၁၉၉၇ ခြေဥကတော့အစိုးရအာဏာကို ထိန်းကျောင်းဖို့ အထိန်းအထေဥပဒေတွေ၊ အခြေခံဥပဒေခုံရုံးတွေ၊ အုပ်ချုပ်ရေးကိုထိန်းကျောင်းတဲ့ ခုံရုံးတွေ၊ သီးခြားစီခွဲပြီး ရွေးကောက်ရတဲ့ ဆီးနိတ်စနစ်တွေ၊ ရွေးကောက်ပွဲကြီးကြပ်ထိန်းသိမ်းရေးကော်မတီတွေဖွဲ့စည်းစေခဲ့တယ်။ ဒီခြေဥအောက်မှာ အရပ်သားအစိုးရနှစ်ဆက်လောက် တည်ငြိမ်စွာအုပ် စိုးလာတုံး ၁၉၉၁ မှာ စစ်အာဏာသိမ်းပွဲပေါ်လာပြီး စစ်အစိုးရက NPKC ဆိုတဲ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးကောင်စီအဖြစ်နဲ့ အုပ်စိုးလိုက်တယ်။ နောက်တော့ ဘုရင့်အမိန့်နဲ့ အရပ်သားအများစုပါတဲ့ ကြားဖြတ်အစိုးရတစ်ခုကိုဖွဲ့ပြီး ၁၉၉၂ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြန်တယ်။ ရွေး ကောက်ပွဲကျင်းပတယ်ဆိုပေမယ့် ဒီရွေးကောက်ပွဲမှာ အနိုင်ရသူတွေက ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆူချင်ဒါကို ဝန်ကြီးချုပ်အဖြစ် တင် မြှောက် လိုက် ကြတယ်။ ဒီအခါမှာ လူထုကြီးက ငြိမ်မခံတော့ဘဲ လမ်းပေါ်ထွက်လာကြတယ်။ လူ ၂သိန်းလောက်ဆန္ဒပြသူတွေဟာ အစိုးရ ဖွဲ့ရာမှာ စစ်တပ်က ဩဇာလွှမ်းတာမျိုး ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြတယ်။ ဒီဆန္ဒပြပွဲကြီးကို စစ်တပ်က ရက်ရက်စက်စက်နှိမ်နင်းပစ်လိုက်တယ်။ ဒီအရေး အခင်းကို ၁၉၉၂ မေ အရေးအခင်းလို့ခေါ်ကြတယ်။ လူ ၅၂ နဲ့ ၁၀၀ ယောက်သေ၊ လူ၆၉၆ ဒဏ်ရာရ လူ၁၇၅ ပျောက်ဆုံးဖြစ်သွားတယ်။

ဒီအခါမှာ ထိုင်းဘုရင်က ဒီပွဲထဲမှာ အတိအလင်းပါဝင်လာတယ်။ စစ်ဗိုလ်ချုပ်တွေကို ခေါ် ငေါက်ပစ်တယ်။ ဒီအရေးအခင်းကြောင့် ထိုင်းနိုင်ငံမှာ တကယ်အာဏာကို ဆုပ်ကိုင်ထားသူဟာ ဘုရင်ပဲဆိုတာ အထင်အရှားပြသလိုက်တယ်လို့လဲ သမိုင်းဆရာတစ်ဦးကရေးပါတယ်။ အဲဒီနောက် ကြားဖြတ်အစိုးရထပ်ဖွဲ့ပြန်တယ်။ကြားဖြတ်အစိုးရက ၁၉၉၂ စက်တင်ဘာမှာ ရွေးကောက်ပွဲကျင်းပပေးလိုက်တယ်။ ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးပါတီမဟာမိတ်အဖွဲ့က စစ်တပ်ကိုယ်စားလှယ်ကို မဲအနည်းငယ်အသာနဲ့ နိုင်ပြီး ၅ ပါတီညွန့်ပေါင်းအစိုးရဖွဲ့ကြတယ်။ အရပ်သားညွန့် ပေါင်းအစိုးရပြိုကွဲသွားတဲ့အခါ ဝန်ကြီးချုပ် ချွန်လိပိုင်က လွှတ်တော်ကိုဖျက်သိမ်းလိုက်တယ်။ နောက်ထပ်ပြုလုပ်တဲ့ရွေးကောက်ပွဲမှာတော့ အရပ်သား နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ချတ်ထိုင်းပါတီက မဲအပြတ်အသတ်အနိုင်ရတယ်။ တစ်နှစ်လောက်အကြာမှာ အစိုးရပျက်သွားပြီး နောက် တကြိမ်ရွေးကောက်ပွဲ လုပ်ကြတယ်။ ကာချုပ်ဟောင်းချောင်ဗာလစ်ညွန့်ပေါင်းအစိုးရတက်လာတယ်။ အာရှဘဏ္ဍာရေးပျက်ကပ်နဲ့တိုးသွားတဲ့အ တွက် သူ့အစိုးရ နေရာမှာ ချွမ်လိပိုင်အစိုးရက အာဏာရယူသွားတယ်။ ချွမ်လိပိုင်ကညွန့်ပေါင်းအစိုးရဖွဲ့ပြီး ဘဏ္ဍာကပ်ကိုရင်ဆိုင်ရင်း ဒီမိုကရေစီအခွင့်အရေး နည်းနည်းတိုးပေးဖို့ ၁၉၉၇ အခြေခံဥပဒေသစ်ကိုရေးဆွဲ ပြဌာန်းလိုက်တယ်။ ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လူထုကတိုက်ရိုက်ရွေးကောက် တင်မြှောက်တဲ့ အောက်လွှတ်တော် အထက်လွှတ် တော်တွေပေါ်လာတယ်။

၂၀၀၁ ခုဇန်နဝါရီမှာတော့ အားလုံးသိနေကြတဲ့ တယ်လီကွမ်းဆက်သွယ်ရေးလုပ်ငန်းရှင်ဘီလီယံနာ သူကြွယ်ကြီး လဲဖြစ် ၁၉၉၀ ခုများမှာ စစ်အုပ်စုနဲ့ ပတ်သက်ခဲ့ဘူးသူလဲဖြစ် ဒုရဲမှူးကြီးဟောင်းလဲဖြစ်တဲ့ သက်ဆင်ရှင်နာ ဝါထနာရဲ့ ထိုင်းရတ်ထိုင်း ပါတီ က ကျေးလက် တောင်သူလယ်သမားတွေရဲ့မဲအပါအဝင် အောက်ခြေလူထုမဲအများစုနဲ့ ရွေးကောက်ပွဲနိုင်သွား ခဲ့ တယ်။ တခြားပါတီ ပေါက်စ လေးတွေကို သိမ်း သွင်းလိုက်တဲ့အခါ အမတ်၅၀၀ လွှတ်တော်မှာ အမတ်၂၉၆နေရာနဲ့ လူများစုဖြစ်လာပြီး အစိုးရသစ်ဖွဲ့ခွင့်ရသွားတယ်။ သက်ဆင်ရဲ့ ပေါ်ပြူလာ ဝါဒ လုပ်ငန်းစဉ်တွေကတော့ ချေးငွေကို အတိုးနည်းနည်းနဲ့ဘဏ်တွေကနေ ချေးလို့ရအောင်လုပ်ပေးတဲ့နည်းနဲ့ အများပြည် သူ ဝယ်လိုအားတက်လာ အောင် အစိုးရအသုံးစရိတ်များများထုတ်ပြီး အခြေခံအဆောက်အဦတွေ စီမံကိန်းကြီးတွေဆောက်လုပ်ပြီး အလုပ် အကိုင်များများဖန်တီးတဲ့ နည်း ဖြစ်ပါတယ်။ များများသုံးလာအောင် အခွန်အတုတ်တွေလျှော့ပေးတာတို့၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေများ များ ဝင်လာအောင် စည်းမျဉ်းစည်း ကမ်းလျှော့ပေးတာ အခွန်လျှော့ချတာတို့ ပါဝင်သလို ကျေးလက်လယ်သမားများဆီက စပါးတွေကို အစိုးရ က နေ ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းပိုပေးပြီး ဝယ်ယူပေးတာတို့၊ စိုက်ပျိုးစရိတ်ချေးငွေကို အတိုးနည်းနည်းနဲ့ ထုတ်ချေးတာတို့၊ လူမှုအသုံးစရိတ် ကို ဒေါ်လာ ၂ ဘီလီယံလောက် သုံးပစ်တာတို့၊ UHC လူတိုင်းကျန်းမာရေးခံစားခွင့်အဖြစ် တကြိမ်ဆေးခန်းလာရင် ဘတ်ငွေ ၃၀ စီထုတ် ပေးတာတို့စသဖြင့် တွေ့ကြရတယ်။သူ့ လက်ထက်မှာ ဆင်းရဲသားဦးရေအများကြီးလျှော့သွားတယ်။ တဖက်မှာလဲ ဇိမ်ခံပစ္စည်းသုံးသူပိုများလာတယ်။ မှောင်ခိုထီလုပ်ငန်းကို တရားဝင် ဖွင့်ပေးလိုက်တဲ့အတွက် ထီရောင်းအားဟာ ဒေါ်လာ ၂ ဘီလီယံအထိထိုး တက်သွားတယ်။ သူ့ ပေါ်ပြူလာဝါဒဟာဆင်းရဲသားတွေအတွက် ငွေတွေပုံသုံးနေတယ်လို့ အပြင်ပန်းအရမြင်ရပေမယ့် သူ့လက်ထက်မှာချမ်းသာ သူတွေဟာ ပိုချမ်းသာသွားကြတယ်။ သူ့မိသားစုကိုယ်တိုင်လဲ ဝန်ကြီးချုပ်ရာထူးစတင်ချိန်က အရပ်ရပ်ပိုင်ဆိုင်မှု တန်ဖိုးဘတ်ငွေ ၁၅.၅ဘီလီ ယံရှိရာက ၂၀၀၆ မှာ သူ့ပိုင်ဆိုင်မှုစုစုပေါင်းဟာ ဘတ်ငွေ ၇၆ ဘီလီယံဖြစ်လာတယ်။ သူ့ငွေတွေဟာ ပုံမှန်အတိုင်းလုပ်ငန်း တွေက ဝင်ငွေတွေ ပါလို့သက်ဆင်ကပြောပေမယ့် သူ့လက်ထက်မှာ အကျင့်ပျက် အဂတိမှုတွေကပိုထူပြောတယ်လို့ဆိုကြတယ်။

၂၀၀၅ဒုတိယသက်တမ်းအနိုင်ရပြီး မကြာခင်မှာ သူ့ရဲ့ ဇက်ရဲလက်ရဲလုပ်တတ်တဲ့အကျင့်အတိုင်း မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲကြီးဆင်ပြီး လူ ၂၅၀၀လောက်မစစ်မဆေး သတ်ပစ်တာခံလိုက်ရတယ်။ သက်ဆင်မိသားစုပိုင်ရှင်းကော်ပိုရေးရှင်းအစုရှယ်ယာအားလုံးကို သာမာဆက်ဦးပိုင် ကုမ္ပဏီကို အခွန်လွတ်စာရင်း သွင်းပြီး ဘတ်ငွေ ၇၃ ဘီလီယံနဲ့ ရောင်းပစ်လိုက်တယ်။ မီဒီယာတွေကိုလဲ ဖိနှိပ်တိုက်ခိုက်တာတွေ လုပ်တယ်။ ဒါတွေ အားလုံး ကြောင့် သူ့ကို ဆန့်ကျင်တဲ့ လေသံတွေပွက်ပွက်ညံလာတယ်။ အကျင့်ပျက်တယ်၊ အာဏာရှင်ဆန်တယ်၊ နိုင်ငံတော်သစ္စာ ဖောက်တယ်၊ နိုင်ငံခြားရေးမှာ သံတမန်မဆန်ဘူး၊ အခွန်မဆောင်ဘဲ ရှောင်တိမ်းတယ်..စတဲ့စတဲ့ စွပ်စွဲ မှုမျိုးစုံပေါ်လာတယ်။

၂၀၀၆ မှာ တော့ ဒီမိုကရေစီပြည်သူ့မဟာမိတ် PAD တနည်းအားဖြင့် ရှပ်ဝါတပ်ဖွဲ့ကြီး ဘန်ကောက်မှာ အင်အားအလုံးအရင်းနဲ့ဆန္ဒပြပြီး သက်ဆင် နှုတ်ထွက်ရေး တောင်းဆိုကြတယ်။ ဆန့်ကျင်မှုကြီးမားလာတဲ့ ဒုရဲမှူးကြီးဟာင်း ဘီလီယံနာသက်ဆင်က ဆင်းမပေးဘဲ ပါလီမံကိုဖျက်သိမ်းပြီး အရေးပေါ်ရွေးကောက်ပွဲတစ်ခုကျ င်းပပေးဖို့ပြင်ဆင်တယ်။ ဒီရွေးကောက်ပွဲမပြီးခင် သူ့ကိုယ်သူလဲ အိမ်စောင့်အစိုးရအဖြစ် ဖွဲ့လိုက်တယ်။ ဧပြီလမှာ ရွေးကောက်ပွဲကျင်းပတော့ အဓိကအတိုက်အခံပါတီတွေသပိတ်မှောက်ကြတယ်။ ဒါနဲ့အောက်တိုဘာလမှာ နောက်တချီရွေးကောက် ပွဲလုပ်ဖို့ပြင်ဆင်ပြန်တယ်။ စစ်တပ်က နောက်တချီအထိစောင့်မနေဘဲ ၂၀၀၆ စက်တင်ဘာမှာအာဏာသိမ်းလိုက်တယ်။


၂၀၀၆ နောက်ပိုင်းမှာစစ်အာဏာသိမ်းပွဲ ၂ကြိမ် ၊ ခြေဥသစ် ၂ ခု၊ ရွေးကောက်ပွဲ ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ် ၇ ယောက်တက်ခဲ့တယ်။ ပြည် တွင်း မငြိမ်မသက်မှုတွေကလဲ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တယ်။ ဒီ ပဋိပက္ခရဲ့ အဓိက သင်္ကေတကတော့ ၂၀၀၆ စစ်အာဏာသိမ်းမှုကိုဖြစ်ပေါ် စေခဲ့ တဲ့ သက်ဆင်ဆန့်ကျင်ရေး ရှပ်ဝါအုပ်စုနဲ့ သက်ဆင်ထောက်ခံ တဲ့ ရှပ်နီအုပ်စုတို့ဖြစ်ပါတယ်။ ဒီပဋိပက္ခဟာ ရှပ်ဝါထောက်ခံတဲ့ ဘုရင်လို လားသူ ဒီမိုကရက်ပါတီအစိုးရတက်လာတော့ ဆန္ဒပြပွဲတွေ တခြိမ်းခြိမ်းအဆက်မပြတ်ပြုလုပ်ကြသလို တရားမဝင်ပါတီ ထိုင်းရတ်ထိုင်းကို နာမည်ပြောင်းပြီးပြန်ဖွဲ့တဲ့ ဖွေထိုင်းပါတီ ကာလမှာလဲ ရှပ်နီအမာခံအဖြစ်ဆက်ရှိနေတယ်။ သက်ဆင်ရဲ့နှမ ယင်းလတ်ဝန်ကြီးချုပ်ဖြစ်ချိန်နဲ့ ယင်းလတ်ကို စစ်အာဏာသိမ်းတော့လဲ ရှပ်နီ အင်အားစုဘဲ ဘန်ကောက်မြို့ထဲမှာ ကြံ့ကြံ့ခိုင် သပိတ်စခန်း တွေဖွင့်ပြီး သွေးမြေကျခံ အင်အား ပြခဲ့ကြတယ်။ စစ်ပဒေသရာဇ်လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ကတော့ အခြေခံဥပဒေတွေနဲ့ သူတို့အာဏာကို ပိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်သလို ဘုရင်ရဲ့အခန်းကိုပိုမြှင့်ပြီး ဘုရင်ကို နည်းနည်းလောက်တောင်ဝေဖန်ခွင့် မရှိတဲ့ Lese-majeste’ အရှင်သခင် အကြည်ညိုပျက်စေမှုပုဒ်မကိုလဲ တရစ်ပြီးတရစ်ထပ်တင်းပေးနေတယ်။ ရှပ်နီ ရှပ်ဝါ ထိပ်တိုက်ပဋိက္ခဆန္ဒပြပွဲမျိုးစုံကို ဆယ်စုနှစ်နဲ့ချီတွေ့နေရတဲ့အခါ ဒါဟာ မြောက်ပိုင်းနဲ့ အရှေ့မြောက် ကျေးလက်တောင်သူတွေနဲ့ ဘန်ကောက်က မြို့နေလူလတ်တန်းစားတွေ အကြားက ပဋိပက္ခလို့တချို့ကထင်ကြတယ်။ ဆန္ဒပြပွဲတွေ ဘုရားပွဲလှည့်သလို တန်းစီလှည့်လည် တဲ့အလုပ်တစ်ခုကို ရက်ရှည်လများလုပ်ဖို့ဆိုတာ ကျေးလက်တောင်သူတွေအတွက်ရော မြို့နေလူလတ်တန်းစားတွေအတွက်ရော ဘယ်သူမှ ရေရှည်လုပ်ဖို့မလွယ်ဘူး၊ ရောင်စုံတီရှပ်တွေ၊ ရောင်စုံရွက်ထည်တဲတွေ၊ ရောင်စုံပိုစတာတွေ၊ ဦးထုပ်ဆင်တူတွေ၊ ပိုးလည်စည်းတွေ၊ တင်ဆောင် လာတဲ့ လော်လီကားတွေ၊ စပီကာအသံချဲ့စက်တွေကနေ မီဒီယာသမားတို့ မီဒီယာလွှင့်ထုတ်ချက်တို့ အပါအဝင် နေ့စဉ်ကျွေးမွေးစရိတ်တွေအထိ တစ်ရက်ကို ဘတ်ငွေ ၅ သန်းလောက်မရှိရင်မရဘူးလို့ သတင်းစာဆရာတစ်ယောက်ကထောက်ပြတယ်။ ရှပ်နီရောရှပ်ဝါရော လမ်းပေါ်တင်ပေး နေသူ oligarch သူကြွယ်ကြီးတွေကပဲ ဒီစရိတ်တွေ ထုတ်ပေးနေကြတယ်လို့ သူကထောက်ပြတယ်။ ဒါကြောင့် ဒါတွေဟာ oligarchs တွေ အကြားတိုက်ပွဲတစ်ခုပဲလို့ သူကဆိုပါတယ်။

အရှေ့တောင်အာရှစီးပွားရေးဂျာနယ်တစ်ခုမှာပါတဲ့ သုံးသပ်ချက်တစ်ခုမှာတော့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထနာဟာ ကွန်ရက် ကြီး ၂ ခုကိုထူထောင်ပြီး လှုပ်ရှားခဲ့လို့ ရွေးကောက်ပွဲတွေအနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆင် ထူထောင်တဲ့ ပထမကွန်ရက်က သမားရိုးကျ ကွန်ရက်လို့လဲပြောနိုင်တယ်။ သူဝန်ကြီးချုပ်ဖြစ်လာရင် အပြန်အလှန်အကျိုးပြုမှုရလဒ်မျှော်ကိုးပြီး သူ့ကိုထောက်ခံတဲ့ သူကြွယ်တွေ အီလစ် တွေပါဝင်တဲ့ကွန်ရက်ပါဘဲ။ ဒုတိယကွန်ရက်ကတော့ အောက်ခြေထောက်ခံသူတွေ၊ စီးပွားရေးသမားအလယ်အလတ်တွေ နယ်ခံနိုင်ငံရေးသမား တွေပါဝင်တဲ့ကွန်ရက်ဖြစ်ပါတယ်။ ပထမကွန်ရက်ပုံစံက ပိရမစ်လို အဖျားချွန်အောက်ခြေကျယ်ပြန့်တယ်။ ဒုတိယကွန်ရက်ကတော့ ပင့်ကူအိမ် လို ဆက်သွယ်ထားတဲ့ကွန်ရက်ဖြစ်လို့ အလွယ်တကူနှိမ်နင်းဖို့ခက်တယ်။ ဒုတိယကွန်ရက်ထဲမှာ ဒီမိုကရေစီတို့ တရားမျှတမှုတို့ကိုလိုလားသူတွေ ပါသလို ဒေသန္တရအကျိုးစီးပွားတောင်းဆိုသူတွေအပြန်အလှန်ချိတ်ဆက်ထားကြတယ်။ ၂၀၀၆ စစ်တပ်ကအာဏာသိမ်းလိုက်တော့ ပထမကွန် ရက်မှာပါသူ သူကြွယ်တွေနောက်ကိုဆုတ်သွားကြပေမယ့် ဒုတိယကွန်ရက်ကတော့ ကြံ့ကြံ့ခံရပ်တည်နေကြတယ်။ သက်ဆင်ရဲ့ ပေါ်ပြူလာဝါဒ ကို ကြိုက်တဲ့သူတွေကတော့ သက်ဆင်မှ သက်ဆင်ဖြစ်နေပြီး သက်ဆင်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သူတွေပါပေမယ့်ရှပ်နီအုပ်စုထဲက တခြားအင်အား စုတွေက စစ်ပဒေသရာဇ်အော်လီဂါခီစနစ်ကို ပြတ်ပြတ်သားစားဆန့်ကျင်ချင်သူတွေဖြစ်နေတယ်။

၂၀၁၉ ရွေးကောက်ပွဲမှာတော့ ရှပ်နီရှပ်ဝါအပြင် နောက်ထပ်အရောင်တစ်ရောင် မထင်မှတ်ဘဲ အင်အားကြီးထွားလာတယ်။ အဲဒီအင်အားစု သစ်ကတော့ Future Forwrd အနာဂတ်ရှေ့ချီအင်အားစု ဒါမှမဟုတ် လိမ္မောရောင်အင်အားစုဖြစ်ပါတယ်။ FFP ပါတီခေါင်းဆောင် ထနာသွန် ယွန်ဂျန်ရီယန်ကစ်ကို ကနေဒါဝန်ကြီးချုပ်ထရူးဒိုးတို့ ပြင်သစ်သမ္မတ မေခရွန်တို့လိုလူငယ်ခြေတက်အဖြစ်တောင် တချို့မီဒီယာတွေကရေးကြ တယ်။

၂၀၁၇ ထိုင်းခြေဥကိုတော့ အားလုံးသိပြီးဖြစ်ပါတယ်။ အတိုက်အခံအင်အား ဘယ်နည်းနဲ့မှ အာဏာမရနိုင်အောင် ပုဒ်မမျိုးစုံတားဆီး ပိတ်ဆို့ထားတယ်။ ဒီပတ်ဝန်းကျင်မှာ ဖွေထိုင်းပါတီနဲပအတူ FFP လဲ ထောက်ခံမဲအစုလိုက်အပြုံလိုက်ရကြတယ်။ ထုံးစံအတိုင်း အတိုက်အ ခံတွေကို ညွန့်ပေါင်းအစိုးရမဖွဲ့နိုင်အောင် FFP ခေါင်းဆောင်နဲ့ FFP ပါတီကို စစ်တပ်က ခြေဥကိုကိုင်ပြီး မောင်းထုတ်ပစ် ခဲ့တယ်။ အဲဒီနောက်မှာ တော့ ဘန်ကောက်မြို့တော်မှာ လူငယ်ဆန္ဒပြပွဲတွေအင်ကြီးအားကြီးထွက်ပေါ်လာတယ်။ ၂၀၂၃ ရွေးကောက်ပွဲမှာ အဲဒီလိမ္မော်ရောင် လူငယ်ထုရဲ့ အင်အားနဲ့ FFP ပါတိကို MFP ရှေ့သို့ချီပါတီအဖြစ်ပြန်မှတ်ပုံတင်ပြီးရွေးကောက်ပွဲ ဝင်လိုက်တဲ့အခါ အောက်လွှတ်တော်အမတ်နေရာ ၁၅၁ ယောက်နဲ့ မဲအများဆုံးရတဲ့ပါတီဖြစ်လာတယ်။ လူငယ်ထုရဲ့ လိုလားချက်တွေ တောင်း ဆိုချက်တွေအတိုင်း ဆက်လက်အကောင်အထည်ဖော်မဲ့ MFP ကို မဟာမိတ်ဖွဲ့လိုတဲ့ တခြားပါတီတွေရှိသလို တူးတူးခါးခါးဆန့်ကျင်တဲ့ ရှေးရိုး စွဲ ဘုရင့်ဂိုဏ်းသားတွေ စစ်ဗိုလ်ချုပ်တွေလဲရှိနေတဲ့အတွက် MFP ခေါင်းဆောင်ပီတ လင်ဂျာရိုရတ်ကို အပြစ်ရှာပြီး အမတ်ရာထူးကဆိုင်းငံ့ လိုက်တဲ့အတွက် ရွေးကောက်ပွဲပြီးလို့ ၃ လကြာတဲ့အထိ ထိုင်းအစိုးရသစ်ဖွဲ့နိုင်တာမလုပ်နိုင်သေးဘူး၊ ဒါတွေကို အရှေ့တောင်အာရှအာဏာ ရှင်ခေါင်းဆောင်တွေက အားရဝမ်းသာရှိကြတယ်။MFP အင်အားစုတွေကို အမှုန့်ကြိတ် ပစ် ချင်နေတဲ့ အာဏာလက်ရှိ စစ်ပဒေသရာဇ် အော်လီ ဂါခီတွေ နောက်ထပ်ဘယ်ခြေလှမ်းလှမ်းမလဲ ဆိုတာကို တကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်။

ဘန်ကောက်မြို့တော်လမ်းမတွေပေါ်မှာ လူထုကြီး သွေးမြေကျခံတိုက်ပွဲဆင်နေတာဟာ နိုင်ငံရေးသမားတစ်ဦး နိုင်ငံရေးပါတီတစ်ခု အတွက် မဟုတ်ဘူး၊ လူထုကြီးဟာ သူတို့လိုလားတဲ့ပန်းတိုင်က ဘယ်ဟာလဲဆိုတာ သဲသဲကွဲကွဲ သိချင်မှသိမယ်။ ဒါပေမဲ့ သူတို့မလိုလားတဲ့စနစ်နဲ့သူတို့ ဆန့်ကျင်ရမဲ့အရာ ဘာဆိုတာကိုတော့ ကောင်းကောင်းသိတယ်။ ဆင်းရဲခြင်း အလုပ်လက်မဲ့ဖြစ်ခြင်း ငတ်မွတ်ခေါင်းပါးခြင်းတွေထူပြောလှတဲ့ လူ့အဖွဲ့အစည်းကို သူတို့မလိုချင်ဘူး၊ အကျင့်ပျက်အဂတိလိုက်စားတဲ့ ဖောက်ပြန်တဲ့ အော်လီဂါခီသူကြွယ်ကြီးတွေစိုးမိုးနေတာကို မလိုချင်ဘူး။ ထိုင်းနိုင်ငံအပေါ်ယံအဆောက်အဦဖြစ်တဲ့ ထိုင်းနိုင်ငံရေးလောကနဲ့ ဟန်ပြဒီမိုကရေစီထဲမှာပဲ ကျင်လည်နေသူတွေကတော့ ဒီမိုကရေစီရရင် ထိုင်းလူ့အဖွဲ့အစည်း ပြီးပြည့်စုံပြီ၊ ဘာလူတန်းစားတိုက်ပွဲ ဘာလူတန်းစားကွာဟချက်မှ မရှိတော့ဘူးလို့ တွင်တွင်ဝါဒဖြန့်နေကြပေမယ့် လက်တ ဆုပ်စာ နိုင်ငံရေးသမားတစ်စုအကြား ရာဇပလ္လင်လုတဲ့ လွှတ်တော်နိုင်ငံရေး ရွေးကောက်ပွဲနိုင်ငံရေးထဲကို မြို့နေလူ လတ်တန်းစားတွေနဲ့ ကျေး လက်တောင်သူလယ်သမားတွေအလုံးအရင်းဆွဲသွင်းလာကြတယ်။ အဲဒီအောက်ခြေနဲ့ အလယ်အလတ်အင်အားစုတွေဟာ သူတို့ချပေးထားတဲ့ ဘောင်ကလနားကို ကျော်ပြီး စစ်ပဒေသရာဇ်အာဏာကို ပြတ်ပြတ်သားသားထိုးနှက်လာတဲ့အခါမှာတော့ အဲဒီနိုင်ငံရေးသမားသူကြွယ်ကြီးတွေ ဟာ အထိတ်တလန့်ဖြစ်ပြီး နောက်တက်အင်အားတွေကို နှိမ်နင်းဖို့ စစ်ပဒေသရာဇ်လူတန်းစားတွေနဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းကုန်ကြတယ်။

နာမည်ကျော် Journal of Democracy ဒီမိုကရေစီဂျာနယ်ကြီးထဲက ဆောင်းပါးတစ်ပုဒ်ကတော့ ၂၀၂၃ ရွေးကောက်ပွဲကို ထိုင်းနိုင်ငံရဲ့ တော်လှန်တဲ့ရွေးကောက်ပွဲ လို့ ကင်ပွန်းတပ်လိုက်တယ်။ နှစ်ပေါင်း၅၀ ကျော်အတွင်း ဒီမိုကရေစီရွေးကောက်ပွဲနဲ့ စစ်တပ်ရဲ့ ပြောင်ပြောင်တင်း တင်းအုပ်စိုးမှုအကြား တကျော့ပြီးတကျော့သံသရာလည်နေပေမဲ့ စစ်တပ်နဲ့ဘုရင် ရဲ့ သာလွန်အင်အားကြီးမားမှုတွေပဲ တွေ့နေရပြီး ဘာမှ ပြောင်းလဲမှုမရှိခဲ့ဘူးလို့ ဆောင်းပါးကရေးပါတယ်။ လူထုမငြိမ်မသက်မှုတွေကို ရွေးကောက်ပွဲလမ်းကြောင်းထဲကို တွန်းပို့တာ အကြိမ်ကြိမ်လုပ် ခဲ့ကြပေမယ့် ထိုင်းမဲဆန္ဒရှင်တွေဟာ ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို တခါမှမရရှိကြဘူးလို့လဲ သူကပြောပါတယ်။

၂၀၂၃ ရွေးကောက်ပွဲ ကတော့ အနီနဲ့အဝါနှစ်မျိုးထဲ ဆယ်စုနှစ် ၂ ခုပြိုင်နေတဲ့နိုင်ငံရေးထဲကို နောက်ထပ်လိမ္မော်ရောင် ဒီလှိုင်းကြီးဝင်ရောက်လာတာပဲ။ အဲဒီ-ဒီလှိုင်း ကြီးဟာ ပိုပြီးရက်ဒီကယ်ကျတယ်၊ စစ်တပ်ကြီးစိုးမှုနဲ့ ဘုရင်ကြီးစိုးမှုကို ပိုပြီးပွင့်လင်းစွာဆန့်ကျင်တယ်။ ထိုင်းနိုင်ငံရဲ့ အဓိက ပဋိပက္ခဟာ စစ် ပဒေသရာဇ် အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုအချုပ်အခြာအာဏာထိပ်တိုက်ဖြစ်မှုပဲလို့ သူကယူဆတယ်။ ဒါကြောင့် လိမ္မော်ရောင်ဒီလှိုင်း ဟာထိုင်းပဒေသရာဇ်နဲ့ ပေါ်ပြူလာနိုင်ငံရေးအကြား တင်းမာနေတဲ့ ငလျင်ကြောကြီးကို တိုးတိုက်ပစ်မဲ့ ငလျင်ကြီးပဲလို့လဲ သူကရေးပါတယ်။ ထိုင်းလူ့အဖွဲ့အစည်းထဲမှာ လူတန်းစားကွဲပြားမှုတွေ ဆင်းရဲချမ်းသာချောက်ကမ်းပါးခြားမှုတွေဟာ ပဒေသရာဇ်စနစ်ရဲ့ဖိနှိပ်မှု ပဒေသရာဇ် အတွေးအခေါ်ရဲ့ဖိစီးမှုတွေကြောင့် ဒီကွဲပြားမှုကို ထင်ဟပ်တဲ့နိုင်ငံရေးမျိုး၁၉၆၀ တဝိုက်နောက်ပိုင်းမှာ အလွန်ရှားပါးနေတာအမှန်ဘဲ။ အခုမှသာ ထိုင်းအီလစ်နိုင်ငံရေးသမားတွေက လက်ကိုင်တုတ်အဖြစ် သူတို့ကိုနိုင်ငံရေးထဲဆွဲသွင်းလာကြတာဖြစ်ပါတယ်။ အဲသလိုနိုင်ငံရေးနယ် ထဲ ရောက်လာတဲ့အခါ နိုင်ငံရေးလှုပ်ရှားမှုတွေကလဲ လူတန်းစားအနံ့အသက်တွေ လူတန်းစားအတွင်းသဘောတွေ တဖြည်းဖြည်းပါဝင်လာတာ တွေ့ နေရတယ်။ FFP ပါတီတို့ MFP ပါတီတို့ရဲ့ လုပ်ငန်းစဉ်တွေဆိုရင် ရှိရင်းစွဲ နိုင်ငံရေးအဆောက်အဦဖြစ်တဲ့ စစ်ပဒေသရာဇ်အော်လီဂါခီစနစ်ကို ဖယ်ရှားပြီး ပြည်သူလူထုတရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့ တောင်းဆိုတာတွေဖြစ်လာနေတယ်။ လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဖြစ်လာတယ်။ ထိုင်းနိုင်ငံရဲ့ မြေယာ ငါးပုံသုံးပုံကို အထက်လွှာ ၁၀ % ကပိုင်ဆိုင်ပြီ အောက်ခြေ ၁၀%ကတော့ မြေယာ ၀. ၀၇%ကိုပဲ ပိုင်ဆိုင်ကြတယ်၊ အဲသလို မြေပိုင်မှုအများအပြားရှိသူတွေထဲမှာ ထိုင်းလွှတ်တော်အမတ် ၅၀၇ ယောက်လဲ ပါတယ်။ အမတ်လဲဖြစ် မြေလဲပိုင်သူတွေဟာ ကျေး လက်ဒေသမှာ ဘုရင်တစ်ဆူလိုတန်ခိုးကြီးထွားသူတွေဖြစ်ပါတယ်။ စာရင်းတစ်ခုအရ ၂၀၀၈ -၂၀၁၁ ခုအကြား ၃ နှစ်လောက်အတွင်း ထိုင်းနိုင်ငံ အချမ်းသာဆုံးသူကြွယ်ကြီးတွေရဲ့ ဓနဥစ္စာဟာ ၂ ဆတိုးလာတယ်လို့ဆိုပါတယ်။ ဒီသူကြွယ်ကြီးတွေဟာ တက်လာသမျှစစ်အစိုးရတွေအောက် မှာ အခွန်သက်သာခွင့်တွေ အခွန်လျှော့ပေးတာတွေခံစားနေပေမယ့် အစိုးရဘတ်ဂျက်ငွေတနေ့တခြားနည်းလာတဲ့အောက်မှာ ဆင်းရဲသားပြည်သူ အတွက် ကျန်းမာရေးပညာရေး လူမှုဖူလုံရေး အစိုးရအသုံးစရိတ်တွေကတော့ ဖြတ်ပြီးရင်းဖြတ်တောက်တာခံနေရတယ်။ သူကြွယ်ကြီး ၂၀၀ လောက်ဟာ အစိုးရအာဏာပိုင်တွေနဲ့ အလွန်နီးကပ်စွာဆက်နွယ်နေတဲ့အတွက် အစိုးရအတွင်းသတင်းတွေ လုပ်ငန်းကိုင်ငန်းသတင်းတွေ လျှို့ဝှက်ကိန်းဂဏန်းတွေကို သိနေကြလို့ စတော့ရှယ်ယာဈေးကွက်မှာ ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိပြီး တခြားအစုရှယ်ယာရှင်တွေထက် ခေါင်းတ လုံးအသာရနေတယ်။

အော်လီဂါ့ခီတွေ အစိုးရဝန်ကြီးတွေ စစ်တိုင်းမှူးတွေဟာ စီးပွားရေးလုပ်ကွက်တွေမှာ အမြီးချင်း လိမ်ထားသလို ကွန်ရက် တစ်ခုထူထောင်ထားကြတယ်။ အားလုံးသိကြတဲ့အတိုင်း ထိုင်းစီးပွားရေးမှာ Shadow Economy က အဓိကအများစုလွှမ်းမိုးထားတယ်။ ဩစတြေးလျား ဂျွန်ကက်ပလာ တက္ကသိုလ် ဘောဂဗေဒပညာရှင် ရှနိုက်ဒါးရဲ့ ခန့်မှန်းချက်အရ အဲဒီမှောင်ခိုစီးပွားရေးပမာဏ ဟာ ထိုင်း GDP ရဲ့ ၄၀.၉% တောင်ရှိတယ်။ မူး ယစ်မှောင်ခိုလုပ်ငန်းမပါဘဲနဲ့တောင် အဲသလောက်ရှိတာတဲ့။ အများစုက လောင်းကစားလုပ်ငန်းတွေ လက်နက်ငယ် မှောင်ခိုလုပ်ငန်းတွေ ပါတယ်။ အဓိကကတော့ အစိုရဆီမှာမှတ်ပုံမတင်၊ အစိုးရကိုအခွန်မဆောင်တဲ့ ကုန်ထုတ်လုပ်မှု ဝန်ဆောင်မှုတွေပဲလို့ သူကဆိုပါတယ်။ အဲဒီမှောင်ခိုစီးပွားရေးထဲမှာ နာမည်အပျက်ဆုံးကတော့ loan sharking လို့ခေါ်တဲ့ အတိုးနှုန်းအဆမတန်ကြီးမားတဲ့ ငွေတိုး ကြီးစားလုပ်ငန်းပဲ။

ထိုင်းတနိုင်ငံလုံး အဲသလို ရက်စက်တဲ့အတိုးကြီးစားပေါင်း ၂ သိန်းကျော်ရှိတယ်။ သူတို့ဟာ လူမိုက်တွေလူဆိုးတွေနဲ့ လွှတ် ပေးလေ့ရှိတယ်။ ဝင်ငွေမလုံလောက်တဲ့ မြို့ပြနဲ့ ကျေးလက် ငွေချေးသူတွေဟာ ဒီဒဏ်ကို ကျောကော့အောင်ခံနေရတယ်လို့ သူကရေးပါတယ်။ တကယ်က ထိုင်း နိုင်ငံမှာ လူတန်းစားတိုက်ပွဲမရှိတာမဟုတ်ဘူး၊ အာဏာရနေတဲ့ ထိုင်းစစ်ဗိုလ်ချုပ်တွေ၊ တော်ဝင်မိသားစုတွေနဲ့ အော်လီဂါ့ခ်အရင်းရှင်ကြီးတွေ လောက် သူ့လူတန်းစားအကျိုးကြည့်တာ လူတန်းစားနိုးကြားတာ အမျက်ဒေါသပြင်းတာမရှိဖူးသေးဘူး။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်သူ ၃၈.၃ သန်း(၂၀၁၆စာရင်း) ရှိပြီး အဲဒီထဲက ၄၉% ဟာ လယ်ယာစိုက်ပျိုးရေးမှာအလုပ်လုပ်တယ်။ ဝန် ဆောင်မှုကဏ္ဍမှာ ၃၇% ၊ စက်မှုကဏ္ဍမှာ၁၄ % အလုပ်လုပ်တယ်။ ဝန်ဆောင်မှုကဏ္ဍတစ်ခုတည်း ဝင်ငွေဟာ GDP ရဲ့ ၄၄.၇% (၂၀၀၇ စာ ရင်း) ရှိနေတယ်။ ထိုင်းအလုပ်သမားအများစုဟာ ကျွမ်းကျင်မှုနည်းတဲ့သူတွေဖြစ်လို့ ကမ္ဘာလွှမ်းပတ်ကုန်ထုတ်လုပ်မှုထဲမှာ တပန်းနိမ့်နေတယ် ဒီကြားထဲ ပြည်ပကအလုပ်သမား တွေသန်းနဲ့ချီ ထိုင်းနိုင်ငံမှာအလုပ်လာလုပ်နေကြတယ်။ ဒီအလုပ်သမားတွေကို ဘယ် စစ်အစိုးရကမှ အကာအကွယ်မပေးခဲ့ကြဘူး၊ အလုပ်သမားသမဂ္ဂတို့ လယ်သမားသမဂ္ဂတို့ အလုံအလောက်မရှိသလို လှုပ်ရှားမှုတွေလဲ အကန့်အ သတ်ခံ ထားရတယ်။ ပြည်ပကုမ္ပဏီတွေ များများဝင်လာအောင် အလုပ်သမားအခွင့်အရေးကာကွယ်တဲ့ဥပဒေစည်းမျဉ်းတွေကိုလဲ ဖြေ လျှော့ထား လို့ အလုပ်သမားတွေဟာ ချွေးသံရွှဲရွှဲ လုပ်ခနည်းနည်းအလုပ်လုပ်နေကြတယ်။

ဒီအချက်တွေကိုကြည့်ရင် လက်ငင်းကာလမှာ ထိုင်း နိုင်ငံ ရေး ထဲကို လူတန်းစား အတွင်းသဘောပါတဲ့ နိုင်ငံရေးလိုလားချက်တွေစွဲကိုင်ပြီး ဝင်ရောက်လာတဲ့ အင်အားဟာ နည်းသယောင်ရှိပေမယ့် ၂၀၁၉ နောက်ပိုင်း လတ်တလောနိုင်ငံရေးပါတီတွေနဲ့ ဆန္ဒပြပွဲတောင်းဆိုချက်တွေကိုကြည့်ရင် ထိုင်းအခြေခံလူတန်းစားတွေ ထိုင်းလူ့အဖွဲ့ အစည်း အောက် ခြေပိုင်းတွေဟာ ရွေးကောက်ပွဲနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးသာမက စစ်ပဒေသရာဇ် အော်လီဂါ့ခ်အရင်းရှင်ကြီးတွေ ဆန့်ကျင်ရေး လွှတ်တော်ပလှုပ်ရှားမှုတွေ တနေ့တခြားတိုးများလာမယ်လို့ ယူဆနိုင်ပါတယ်။

ကျားပါးစပ်ကနေ မိချောင်းခံတွင်းထဲဆင်းရာကလွတ်ကြပါစေ။

ရဲရင့်သံလွင်

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ကျားနှင့်မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ရဲရင့်သံလွင်

အပိုင်း(၂)

ဘန်ကောက်တမြို့ထဲမှာတောင် တိုက်ခန်း လွတ် ၅ သိန်းလောက်ဖြစ်လာတယ်။ မိသားစုကြီးတွေကတော့ ဘဏ်တွေကအလွယ်တကူချေးငွေတွေရပြီး ဆောက်လုပ်ရေးတွေတိုးချဲ့နေဆဲ ဖြစ်ပါတယ်။ အမှန်တော့ ထိုင်းဘဏ်တွေဟာ ဗဟိုဘဏ်ရဲ့တင်းကျပ်တဲ့စည်းမျဉ်းနဲ့ ချုပ်ကိုင်ထားတဲ့ဘဏ်တွေဖြစ်ပါတယ်။

ဒါပေမဲ့အဲဒီမိသားစု ကြီး ၅ ခုမှာ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ အာဏာတွေရှိနေကြတော့ ထိုင်းဗဟိုဘဏ်လဲ ချေးငွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး။ ငွေတွေဖော ချင်း သောချင်းလိုသလောက်ရနေတော့ အဲဒီအိုလီဂါ့ဘီလီယံနာတွေဟာ စီးပွားရေးနယ်ပယ်အသီးသီးမှာ လက်ဝါးကြီးအုပ်ပြီး ဘဏ်ကချေးငွေ ကိုအသုံး ပြုတဲ့ အတိုးအမြတ်ယူတဲ့လုပ်ငန်းတွေ ငှားရမ်းခတွေ အခွန်အခတွေကို ထုတ်ယူလို့လဲရနေကြတယ်။ သူတို့လက်ဝါးကြီး အုပ်မှုကို မ လှန်နိုင်တဲ့ အလတ်စားနဲ့ အငယ်စားလုပ်ငန်းလေးတွေ အထောင်အသောင်း စီးပွားပျက်ကုန်ကြတယ် ။ ထိုင်းနိုင်ငံက အိမ်ထောင်စု တစ်ခု တိုင်းတင် ရှိနေတဲ့ ကြွေးမြီပမာဏဟာ ထိုင်းတနိုင်ငံလုံး GDP ရဲ့ ၇၉% ရှိနေချိန်မှာ အဲဒီလုပ်ငန်းစုကြီး ၅ ခုဟာ မြို့တော်မှာရော အခြားမြို့ကြီး တွေမှာပါ လက်လီ ကုန်တိုက်တွေ ဈေးဝယ်စင်တာတွေ အလုံးအရင်းဖွင့်လှစ်နေကြတယ်။

Credit Suisse ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှုစစ်တမ်းထဲမှာ ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တချို့လဲ ပါဝင်တယ်။ ထိုင်းလူဦးရေရဲ့ အပေါ်ဆုံးထပ် ၁% ရဲ့ ကြွယ်ဝမှုဟာ ၂၀၁၆ တုံးက တပြည်လုံးကြွယ်ဝမှုရဲ့ ၅၈% ရှိရာက၂နှစ်အကြာ ၂၀၁၈ ခုမှာ ၆၇% ကိုရောက်ရှိလာတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ CP Group မိသားစုက ဒေါ်လာ၂၉.၅ ဘီလီယံ၊ Central Group မိသားစုက ၂၁ ဘီလီယံ၊ ဘီယာချန်းလို့ခေါ်နေကြတဲ့ ThaiBev လုပ်ငန်းရှင်က ၁၆.၂ ဘီလီယံစသဖြင့် ထိုင်းသူကြွယ်ကြီး ၅၀ စာရင်းမှာထိပ်ဆုံးကပါဝင်နေကြတယ်။ အဲ သလို ဘီလီယံနာ အိုလီဂါ့ကြီးတွေ စည်းစိမ်ဥစ္စာဒီရေအလားတိုးနေချိန်မှာ ၂၀၁၆ ထိုင်းအစိုးရတရားဝင်ထုတ်ပြန်ချက်အရ လူဦးရေ ၁၀% က ဆင်းရဲမှတ်မျဉ်းအောက်ကိုရောက်နေသလို ထိုင်းလူဦးရေ အောက်ပိုင်း ၄၀%က ဝင်ငွေကျဆင်းပြီး စားသုံးမှုနှုန်းကျဆင်းသွားတယ်လို့ ဆိုပါ တယ်။

၂၀၁၉ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလတုံးက ဗိုလ်ချုပ်ကြီးဟောင်း အမတ်လောင်း ပရာယွတ်ဟာ သူ့မဲဆန္ဒနယ်မှာ သုံးဘီးကား မောင်းပြီး ဆင်းရဲသားတွေအကျိုးဆောင်ပါ့မယ်လို့ ရွေးကောက်ပွဲကတိတွေပေးခဲ့ပေမယ့် ကုမ္ပဏီကြီးတွေကို မျက်နှာသာပေးတဲ့ သူ့ပေါ်လစီကြောင့် ထိုင်း စီးပွားရေးဟာ လက်ဝါးကြီးအုပ် အိုလီဂါ့ခ်ဘီလီယံနာမိသားစုကြီး တွေလက်ထဲရောက်သွားသလို အငယ်စားအလတ်စားစီးပွားရေးလုပ် ငန်းအ ထောင်အသောင်းကတော့အရင်းအနှီးခန်းခြောက်ပြီး စီးပွားပျက်ကုန်တယ်။

ခေတ်သစ်ထိုင်းနိုင်ငံရဲ့အုပ်စိုးမှုစနစ်ကို ဂျွန်ဟော့ကင်းတက္ကသိုလ် အကြီးတန်း တွဲဖက်ပါမောက္ခကင်မလီ ပီကက်စ်တိန်းက စစ်ဖက်ကို လက်ကိုင်ပြုထားတဲ့ ဘုရင်စနစ်က အမိန့်ပေးချုပ်ကိုင်တဲ့ စည်းမျဉ်းခံ ဘုရင်စနစ် လို့ခေါ်ခဲ့ဖူးတယ်။ နယူးယောက်တိုင်းသတင်းစာ opinion ဆောင်းပါးရှင် ပက်ဗင် ကတော့ ထိုင်းဘုရင်ဘူမီဘောနဲ့ စစ်အုပ်စုပေါင်းစပ်ထားတဲ့ neoroyalism မင်းဧကရာဇ်စိုးမိုးရေး လက်သစ်စနစ် ကို ထိုင်းမှာ ကျင့်သုံးနေကြတယ်လို့ ရေးပါတယ်။ ၁၉၃၂ ခုမှာ ထိုင်းအကြွင်းမဲ့ဘုရင်စနစ်ကို စစ်တပ်က သွေးထွက်သံယိုမဲ့ ဖြုတ်ချပြီးတဲ့နောက် စည်းမျဉ်းခံဘုရင်စနစ်အဖြစ် ပထမဆုံးအခြေခံဥပဒေရေးဆွဲအတည်ပြုပြဌာန်းခဲ့ကြတယ်။

အဲသလိုစည်းမျဉ်းခံဘုရင်စနစ်ပေါ်လာပေမယ့် နှစ် ပေါင်း ၉၀ နီးပါး အုပ်စိုးမှုစနစ်ဟာ ဒီမိုကရေစီစနစ်ကို ချီတက်မသွားဘဲ ဒီနေ့အချိန်မှာ သုံးပါးပေါင်းစပ် ညွန့်ပေါင်းပုံစံ အာဏာရှင်စနစ်အဖြစ် ရောက်ရှိလာတယ်လို့ ထိုင်းအငြိမ်းစားသံအမတ်ဟောင်းသုတေသီ်တစ်ဦးက ထောက်ပြပါတယ်။ အဲဒီ သုံးပါးပေါင်းစပ် စိုးမိုးမှုစနစ် ထဲမှာ ပါဝင် သူ ၃ ဦးကတော့ စစ်တပ်အင်စတီကျူးရှင်းရယ်၊ ဗျူရိုကရက်ထိပ်ပိုင်းလက်တဆုပ်အီလစ်ရယ်၊ စီးပွားရေးအမယ်စုံလုပ်ငန်းစု ကွန်ဂလိုမရိတ် တွေရယ်ပဲဆိုပြီး သူကပြောပါတယ်။ ထိုင်းနိုင်ငံရေးမှာ ၁၉၃၂ ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို စည်းမျဉ်းခံဘုရင်စနစ်အဖြစ်ပြောင်းလဲတဲ့ အလှည့်အပြောင်းဖြစ်ပေမယ့် ပဒေသ ရာဇ်စနစ်ကနေ အနောက်တိုင်းမှာလို အရင်းရှင်ဒီမိုကရေစီကို တက်လှမ်းသွားတာမဟုတ်ဘူး။ ဘုရင့်အာဏာကို ကန့်သတ်တာလုပ်ခဲ့ပေမယ့် ထိုင်းစစ်ခေါင်းဆောင်တွေဟာ အာဏာကိုပြည်သူလက်ထဲမထည့်ဘဲ သူတို့လက်ထဲမှာပဲ ထားပြီး ထိုင်း ဘုရင် စနစ်နဲ့အပေးအယူလုပ်တယ်။ ရှင်ဘုရင်ကို ဗောဒိသတ် ဘုရားလောင်းလို ကိုးကွယ်နေကြဆဲ ပဒေသရာဇ်တပိုင်းလူ့အဖွဲ့အစည်းထဲမှာ ထိုင်း စစ်တပ်ဟာ သူတို့အုပ်စိုးမှုကို တရားဝင်လက်ခံအောင် ဘုရင့်အကာအကွယ်နဲ့ ဆက်ထိန်းထားခဲ့တယ်။ ထိုင်းဘုရင်နဲ့ ထိုင်းစစ်တပ်ဟာ သူ့ကိုကိုယ်လိုအပ် ကိုယ့် ကိုသူလိုအပ် အပြန်အလှန်ပူးတွဲနေထိုင်ရင်း စစ်ပဒေသရာဇ် အော်လီဂါ့ခ်အရင်းရှင်စနစ်ကို တည်ထောင်လာခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၃ ခု Forbes စစ်တမ်းအရ ထိုင်းမှာအကြွယ်ဝဆုံးပုဂ္ဂိုလ် ၅၀ ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းဟာ ဒေါ်လာ ၁၇၃ ဘီလီယံရှိတယ်။ မနှစ်ကထက် ၁၅% ပိုချမ်းသာလာကြတယ်လို့ဆိုပါတယ်။ ဒီဘီလီယံနာသူကြွယ်ကြီးတွေစာရင်းမှာ မပါတဲ့ နောက်ထပ်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦး ထိုင်းနိုင်ငံ မှာ ရှိနေပါတယ်။ သူ့လက်ထဲမှာ ကမ္ဘာ့အကြီးဆုံး အညိုရောင် စိန်ကြီးတစ်လုံးလဲရှိတယ်။ Golden Jublilee လို့အမည်ပေးထားတဲ့ အဲဒီစိန်တုံး ကြီးက ၅၄၅.၆၇ ကာရက်ရှိပြီး အိန္ဒိယရူပီးငွေ ၉၈ ကုဋေ ( အမေရိကန်ဒေါ်လာ ၁၁.၈ သန်း) တန်တယ်။ ဟယ်လီကော့ပတာ ၂၈ စင်း၊ ဘိုးအင်း တွေ အဲယားဘတ်စ်တွေနဲ့ ဆူခွိုင်းဆူပါဂျက်တိုက်လေယာဉ်တွေအပါအဝင် လေယာဉ်ပေါင်း ၃၈ စင်းကိုလဲ ပိုင်ဆိုင်ထားတယ်တဲ့။ နာမည်ကျော် လီမိုစင်း ဇိမ်ခံကားတွေ၊ မာစီဒီးကားဘင့်တွေပါတဲ့ အဖိုးတန်ကားပေါင်း ၃၀၀ လောက်ကိုလဲပိုင်ဆိုင်တယ်။ တော်ဝင်ဇိမ်ခံသင်္ဘောကြီးအပါအဝင် ရွှေရေးအပြောက်အမွမ်းတွေနဲ့ ဖိတ်ဖိတ်တောက်နေတဲ့ ရေယာဉ်ပေါင်း ၅၂ စီး လဲရှိနေတယ်။ အကျယ်အဝန်း စတုရန်းပေ ၂ သန်း ၃ သိန်းရှိတဲ့ နန်းတော်ကြီးတစ်ခုကိုပိုင်ဆိုင်တဲ့သူဆိုရင် အဲဒီပုဂ္ဂိုလ်ကို ထိုင်းဘုရင်မှန်းလူတိုင်းသိနိုင်မှာပါ။

ဒသမမြောက်ရာမဘုရင်ဟာ ထိုင်းနိုင်ငံအဝှမ်းမှာ မြေယာတိုက်တာအိုးအိမ်တွေကိုလဲ ခေတ်အဆက်ဆက်ပိုင်ဆိုင်လာသူဖြစ်ပြီး အဲဒီမြေယာတွေပေါ်က မြေငှားခတွေ တိုက်လခတွေ တနင့်တပိုး ခံစားနေရတယ်။ သူပိုင်မြေချည့် ဧကပေါင်း ၁ သောင်း ၆ ထောင်ကျော်ရှိပြီး တိုက်တာအိုးအိမ်အငှားချထားတာက ၄ သောင်းကျော်ရှိတယ်။ သူ့ မြေပေါ်မှာ ဟော်တယ်တွေ ဈေးဝယ်စင်တာကြီးတွေ၊ အစိုးရရုံးအဆောက်အဦးတွေကိုဆောက်ပြီး ငှားတာမျိုးလဲလုပ်တယ်။ Siam Cement Group စက်မှုလုပ်ငန်းစုကွန်ဂလိုမရိတ်ရဲ့ အစုရှယ်ယာ၃၃%ကိုပိုင်ဆိုင်သလို ထိုင်းမှာ ဒုတိယအကြီးဆုံးSiam Commercial Bank ဘဏ်ကြီးရဲ့ အစုရှယ်ယာ ၂၃%ကိုလဲ ပိုင်ပါတယ်။ နဝမမြောက်ရာမဘုရင် ဘူမီဘော ၂၀၁၆ မှာနတ်ရွာစံသွားပြီးနောက် လူတွေသိပ်မကြည်ညိုတဲ့ ဒသမ မြောက်ရာမဘုရင် မဟာဝါရိယလုံကွန် ဟာ နန်းတက်စမှာခဏလောက်ပူဆွေးပြပြီး သူ့အစီအစဉ်အတိုင်း စစ်အာဏာသိမ်းအစိုးရနဲ့လက်ဝါးရိုက် အကောင်အထည်ဖော်ပါတယ်။ သူ့ကိုယ်သူ ထိုင်းလက်နက်ကိုင်တပ်ရဲ့ အကြီးအကဲအဖြစ်ပြန်လည် ခန့်အပ်သလို နန်းတော်စောင့်တပ်နဲ့ အရာ ရှိတွေကို ဘုရင့်ကိုယ်ရံတပ်အဖြစ် အဆင့်တိုးလိုက်တယ်။ သူခမည်းတော်လက်ထက်တုန်းက ခမည်းတော်ရဲ့ ပုံတော်ကြီးတွေတပြည်လုံးချိတ်ဆွဲ စိုက်ထူသလို သူ့ပုံတော်တွေကိုလဲ စိုက်ထူစေတယ်။ သူ့ခမည်းတော်လက်ထက်က အများပြည်သူနဲ့ဆိုင်တဲ့ အစိုးရပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ပြီး Crown Propety Bureau ဆိုတဲ့ အများဆိုင်ရာဌာနကြီးနဲ့ချုပ်ကိုင်ထိန်းသိမ်းခိုင်းထားတဲ့ အရပ်ရပ်ပိုင်ဆိုင်မှု ဒေါ်လာ ၃၀ ဘီလီယံကို ဘုရင်ပိုင် အဖြစ်ပြန်လည်သတ်မှတ်ပြီး သူကိုယ်တိုင် တိုက်ရိုက်ချုပ်ကိုင်လိုက်တယ်။

အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုးချားနဲ့ စစ်အာ ဏာရှင်များကလဲ ဘုရင့်အာဏာနဲ့ စစ်အာဏာကို ပိုပြီးခိုင်မာတောင့်တင်းအောင် ၂၀၁၇ အခြေခံဥပဒေသစ်ကိုပြဋ္ဌာန်းပြီး သူတို့အာဏာကိုဆန့် ကျင်မယ့် ရွေးကောက်ပွဲတွေ နိုင်ငံရေးအင်အားစုတွေ လွှတ်တော်အတိုက်အခံအင်အားတွေကို တင်းတင်းကျပ်ကျပ်ဖိနှိပ်လိုက်တယ်။ ခမည်းတော် နဝမ ရာမဘုရင် ဟာ အမေရိကန် ဘော့စတွန်မှာမွေးဖွားခဲ့သူဖြစ်ပြီး ၁၉၄၆ နောင်တော်ထိုင်းဘုရင်အလုပ်ကြံခံရပြီးနောက် သူ ဟာ ထိုင်းဘုရင်ဖြစ်လာတယ်။ ၁၉၃၂ ခု စစ်အရာရှိတချို့ရဲ့ အာဏာသိမ်းပွဲကို တချို့က တော်လှန်ရေးတစ်ခုလို့မြင် သလို တိုးတက်မှုကြီး တခုလို့လဲမြင်ကြတယ်။ အဒီအာဏာသိမ်းခဲ့တဲ့ထိုင်းစစ်ခေါင်းဆောင်တွေဟာ ၁၉၄၀ ဆယ်စုနှစ်ကုန်လုလုအထိ ဂျပန်ဖက်ဆစ်တွေနဲ့ ပလူးနေ ကြပြီး စစ်ပြီးခေတ်ဘူမီဘောနန်းတက်ချိန်မှာ ဘုရင်စနစ်ကလဲ အင်အားချည့်နဲ့နေတယ်။ ဘူမီဘောရဲ့ခြိုးခြံချွေတာစွာနေထိုင်မှု၊ ဘုရား တရား ကိုင်းရှိုင်းမှုတွေကို လူတွေကတွေ့ကြတော့ လူတွေက ကြည်ညိုလာတယ်။ အဲဒီကာလတုန်းက ထိုင်းကျေးလက်နေလူသူအများအပြား ကျေး လက်ကိုစွန့်ခွာထွက်ပြေးနေရလို့ လူတွေကတော်တော်လေးစာနာသနားနေကြချိန်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်တွေပေါင်းဆုံမိသွားတဲ့အခါ လူတွေအ ကြားမှာ ဘုရင်သည်သာကိုးကွယ်ရာအဖြစ်ရှုမြင်လာပြီး ဘုရင့်ရဲ့ဩဇာအာဏာလဲ တက်လာခဲ့တယ်။ ၁၉၅၀ ခုတွေမှာ ဘုရင်ဘူမီဘော ဟာ တတိုင်းပြည်လုံး လှည့်လည်ပြီး အဆမတန်ကြွယ်ဝတဲ့ ဘုရင့်ဘဏ္ဍာတော်တွေကိုအသုံးပြုပြီး ကျေးလက်နေတောင်သူလယ်သမားတွေကို ဖွံ့ဖြိုး တိုးတက်စေမယ့် နည်းပညာသင်ကြားဖြည့်ဆည်းရေးတွေ လမ်းတံတားတွေ ဈေးကွက်တွေကိုဖြည့်တင်းတဲ့ စီမံချက်ထောင်ပေါင်းများစွာ ထူထောင် ပေးတယ်။ တဖက်ကလဲ သဘာဝတရားနဲ့ သဟဇာတမျှရေး မိမိဖာသာဖူလုံအောင်ကြိုးစားရေးစတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမတွေကို သင်ကြား နေခဲ့တယ်။ ပဒေသရာဇ်တပိုင်းကျေးလက်နဲ့ လယ်ယာလုပ်ငန်းကြီးစိုးတဲ့ ထိုင်းလူမှုအဖွဲ့အစည်းမှာ စည်းမျဉ်းခံဘုရင်အဖြစ် ရုပ်ပြဘဝနဲ့ နေထိုင် နေတဲ့ ထိုင်းဘုရင်ဟာ ဒီလိုနဲ့ တဖြည်းဖြည်းချင်း လူအများရဲ့ အညှာကိုကိုင်မိသွားပြီး သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြန်သွားဖို့လမ်းရှာနေခဲ့တယ်။

၁၉ ရာစုနှောင်းပိုင်းမှာ ပဒေသရာဇ်စီးပွားရေးစနစ်ကနေ အရင်းရှင်ကူးသန်းရောင်းဝယ်ရေးစနစ်ကိုကူးပြောင်းလာတဲ့ ထိုင်းနိုင်ငံမှာ ဈေးကွက် တွေ အသပြာတွေ ဆန်စက်ဆီစက်တွေ ငွေချေးလုပ်ငန်း ဘဏ်လုပ်ငန်းတွေတိုးပွားလာတယ်။ အရင်က ကျေးလက်မှာ လွှမ်းမိုးထားတဲ့ သူကောင်းမျိုး မြို့သူကြီးရွာသူကြီးတွေအာဏာက တစတစမှေးမှိန်လာပြီး ဗဟိုအစိုးရဖြစ်တဲ့ ဘုရင်ရဲ့အာဏာလဲ ပိုတောင့်တင်းလာတယ်။ဒုတိ ယကမ္ဘာစစ်ပြီးသွားတဲ့နောက်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြည်ပကုန်သွယ်ရေးတွေ တိုးတက်များပြားလာပြီး ထိုင်းဟာ ဆန်တင်ပို့တဲ့နိုင်ငံ၊ ရော်ဘာတို့ ပြောင်းတို့ သကြားတို့တင်ပို့တဲ့နိုင်ငံဖြစ်လာတယ်။ ပြည်ပပို့ကုန်ဦးတည်လုပ်ကိုင်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသုံး ဓာတု ပစ္စည်းထုတ်လုပ်မှုတို့ စက်ယန္တရားတို့ လျှပ်စစ်ပစ္စည်းတို့ထုတ်လုပ်အောင် အစိုးရက စီးပွားရေးလုပ်ငန်းတွေကို အစိုးရပိုင်အဖြစ်နဲ့လဲ လုပ်သ လို ပုဂ္ဂလိကကိုလဲ အားပေးခဲ့တယ်။ ၁၉၆၀-၁၉၇၀ ခုတွေမှာ ထိုင်းစီးပွားရေးဟာ ကမ္ဘာမှာအလျင်မြန်ဆုံးတိုးတက်တဲ့စာရင်းထဲမှာပါ ဝင်လာ တယ်။ အပေါ့စားစက်မှုလုပ်ငန်းတွေ ချွေးထွက်သံယိုများပြီး လုပ်ခနည်းနည်းသာရတဲ့ လုပ်ငန်းတွေ ပြည်ပကနေ ထိုင်းနိုင်ငံကို အလုံး အရင်း ရောက်လာတယ်။ ကွန်ပျူတာအစိတ်အပိုင်းထုတ်လုပ်တာတို့ ကွန်ပျူတာတပ်ဆင်တာတို့လိုလုပ်ငန်းတွေရောက်လာသလို ဂျပန်ကား ကုမ္ပဏီ တွေရဲ့ စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တတ်ဆင်တဲ့စက်ရုံတွေလဲရောက်လာတယ်။ အာရှရဲ့ ဂျပန်မော်တော်ကားထုတ်လုပ်မှု အကြီး ဆုံးနိုင်ငံအဖြစ် ရောက်လာတယ်။ အာရှ ကျား ၄ ကောင်ဆိုတဲ့ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ စင်္ကာပူတို့ နောက်မှာ ကပ်လိုက် လာတဲ့အဆင့်ဖြစ်လာတယ်။

၁၉၈၆-၁၉၈၉ အကြား နိုင်ငံခြားပိုက်ဆံပမာဏအဆ ၄၀၀ တိုးလာတယ်။ ၁၉၈၆ နဲ့ ၁၉၉၅ အကြား ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ ဟာ ၈.၅ဆ အထိတက်လာပြီး ၁၉၉၆မှာအမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိဖြစ်လာတယ်။ ၁၉၉၃-၁၉၉၆ အကြား ပြည်ပချေးငွေတွေ ဒေါ်လာ ၅၀ ဘီလီယံအထိရောက်လာတယ်။ ပုဂ္ဂလိကကုမ္ပဏီကြီးတွေရဲ့ချေးယူငွေပမာဏကလဲ GDP ၃၉ %ရှိရာကနေ ၁၂၃% အထိဖြစ်လာတယ်။ အဲဒီကာလတွေမှာ ထိုင်းလူလတ်တန်းစားတွေတိုးများလာသလို သုံးဟယ်ဖြုန်းဟယ်မျိုး ဆက်တစ်ခုလဲ ကြီးထွားလာတယ်။

ထိုင်းစည်းမျဉ်းခံဘုရင်စနစ်ကို တကယ်လက်တွေ့ ကြိုးကိုင်ထိန်းကျောင်းတဲ့သူတွေအဖြစ် စစ်ပဒေသရာဇ်အော်လီဂါ့ခ်အရင်းရှင်တွေကို ပြုစုပျိုးထောင်ရာမှာ ပြည်တွင်း လူမှုစီးပွားအခြေအနေတစ်ခုတည်း မဟုတ်ဘူး၊ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်နဲ့ စစ်အေးကာလ အင်အား လွန်နိုင်ငံကြီးဖြစ်လာတဲ့ အမေရိကန်နိုင်ငံလဲပါဝင်နေတယ်။

အားလုံးသိကြတဲ့အတိုင်းအမေရိကန်ဟာ စစ်ပြီးခေတ် စစ်အေးကာလအတွင်း ကွန်မြူနစ်ဝါဒ မပြန်ပွားရေးနဲ့ ဆိုဗီယက်ပြည်ထောင်စုကို ဝိုင်းပတ်ထိန်းချုပ်ရေးမဟာဗျူဟာကို ကိုင်စွဲခဲ့တယ်။ ၁၉၅၀ ကိုးရီးယားစစ်ပွဲဖြစ်ပွား တဲ့အခါမှာ အမေရိကန်ဟာ အရှေ့တောင်အာရှမှာ ဆိုဗီယက်ပြည်ထောင်စုဆန့်ကျင်ရေး မဟာမိတ်ရှာဖွေတယ်။ ဒီအခါမှာ ထိုင်းနိုင်ငံမှာ သူတို့ လိုချင်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး လက္ခဏာ တွေကိန်းအောင်းနေတယ်လို့ ယူဆကြတယ်။ ပထမလက္ခဏာက ထိုင်းတွေဟာ သူတို့ကြည်ညို ကိုးကွယ်ရမဲ့ ဘုရင်မင်းမြတ်ကြီးရှိနေတဲ့အတွက် ဟိုချီမင်းတို့ မော်စီတုန်းတို့လို့ ကွန်မြူနစ်တွေကြည်ညိုစရာမလိုဘူးလို့မြင်တယ်။ ဒုတိယအချက် ကတော့ အမေရိကန်လက်နက်တွေခြေဆုံးခေါင်းဆုံးတပ်ဆင်ထားတဲ့ ထိုင်းစစ်တပ်ဟာ သူ့ပြည်တွင်းကွန်မြူနစ်သူပုန်ရော အိမ်နီးချင်းကွန်မြူနစ် ခြိမ်းခြောက်မှုတွေကိုပါ ထိရောက်စွာတားဆီးနှိမ်နင်းနိုင်တယ်။ တတိယအချက်က စီးပွားရေးပိုင်းမှာလဲ ကွန်မြူနစ်စီးပွားရေးစနစ်ကို ချောင်ပိတ် ထားအောင်လုပ်နိုင်တယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်အထက်လွှာလူတန်းစားဟာ အစိုးရထိပ်ပိုင်းအီလစ်တွေနဲ့ ခိုင်မာအားကောင်းတဲ့ ဆက် သွယ်မှုတွေရှိသလို စစ်ခေါင်းဆောင်တွေ အငြိမ်းစားဗိုလ်ချုပ်တွေဟာ စီးပွားရေးလုပ်ငန်းတွေပိုင်သူကပိုင်၊ ကုမ္ပဏီအကြီးအကဲလုပ်သူကလုပ်၊ အကြံပေးလုပ်သူကလုပ် လုပ်နေကြတယ်။ ထိုင်းအုပ်စိုးသူတွေအတွက် ဒီလက္ခဏာ ၃ ရပ်ဟာ ဖြစ်တည်မှုအကျိုးအကြောင်း raison d’etre လိုဖြစ်နေပြီ လို့ ပညာရှင်တွေက ထောက်ပြကြတယ်။

စစ်အေးခေတ် ထိုင်းအောင်ပွဲရသူ ဇာတ်ကို ကပြအသုံးတော်ခံခဲ့ကြသူ ၃ ဦးကတော့ ဘုရင်ရယ်စစ်တပ်ရယ် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ရယ် ဆိုတာ အထူးပြောစရာမလိုတော့ဘူး၊ ဂျပန်ကုန်ချောထုတ်လုပ်ငန်းတွေနဲ့ ကားလုပ်ငန်းတွေရဲ့ supply chain အဖြစ် ကိုယ့်မှာရှိတဲ့ ဈေး ပေါ တဲ့လုပ်အားတွေ သယံဇာတတွေနဲ့ လှလှပပအသုံးတော်ခံရင်း အရှေ့တောင်အာရှအံဖွယ်အောင်မြင်မှုကိုရစေလိုက်တယ်။ ဒီအောင်မြင်မှု အသီး အပွင့်ကို ဘယ်သူတွေခံစားကြရပါသလဲ၊ ရှေ့ပိုင်းမှာဖော်ပြခဲ့တဲ့အတိုင်း လက်တဆုပ်စာ ထိုင်း စစ်ပဒေသရာဇ်အော်လီဂါ့ခ်အရင်းရှင်ကြီး တွေက သိမ်းပိုက်သွားကြတာဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလတလျှောက် အမေရိကန်စစ်အခြေစိုက်စခန်းကြီးတွေ ချရပ်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ တောင်ကိုးရီးယား၊ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့လိုဘဲ ကမ္ဘာလုံးဆိုင်ရာလွှမ်းပတ်အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်လုပ်မှု supply chain နဲ့ အထူးစီးပွားရေး ဇုံတွေ ငွေကြေးဈေးကွက်တွေနဲ့ စည်ပင်နေသလို အမေရိကန်စစ်အခြေစိုက်စခန်းကြီးနဲ့ နီးကပ်တဲ့ ပတ္တရားလိုပင်လယ်ကမ်းခြေမြို့တွေမှာတော့ စစ်အေးအမွေ ပြည့်တန်ဆာလုပ်ငန်းတွေ ကျန်နေတယ်။ ပတ္တရားဟာ ကမ္ဘာလှည့်ခရီးသွားတွေဖျော်ဖြေတဲ့လိင်လုပ်ငန်းအဖြစ် အခုထိရှိနေဆဲဘဲ။

၃။ ကျားနဲ့မိချောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ထိုင်းနီတိတွေထဲမှာ ကျားနဲ့မိချောင်း ပုံပြင်တစ်ပုဒ်ရှိတယ်။ ကျားပါးစပ်ကနေ အသက်လုရုန်းထွက်လာသူဟာ မိချောင်းပါးစပ်ထဲရောက်သွား တာမျိုးလဲရှိနိုင်ကြောင်း ရှေးလူကြီးသူမတွေဆုံးမတဲ့ ပုံပြင်ဖြစ်ပါတယ်။ ၁၉၃၂ ခု ပထမဆုံးအခြေခံဥပဒေကနေ ၂၀၁၇ အခြေခံဥပဒေအထိ ထိုင်းနိုင်ငံမှာ အဟောင်းဖျက်လိုက် အသစ်ရေးလိုက်လုပ်လာခဲ့တဲ့ အခြေခံဥပဒေပေါင်း ၂၀ လောက် ရှိနေပြီ။ အဲသလိုအခြေခံဥပဒေသစ်ရေးလိုက် ရွေးကောက်ပွဲလုပ်လိုက်၊ တက်လာတဲ့ အရပ်သားအစိုးရလက် ကနေ အာဏာပြန်သိမ်းလိုက်လုပ်ကြတာလဲ စစ်အာဏာသိမ်းပွဲ ၁၈ ခါထက်မနည်းရှိသွားပြီ။ ဒီအချက်က ဘာကိုပြသလဲဆိုရင် ထိုင်းမှာ အာဏာ လက်ရှိ စစ်ပဒေသရာဇ်အာဏာရှင်စနစ်ဟာ သူ့ကိုဆန့်ကျင်တဲ့ ဘယ်အင်အားစုကိုမှ အာဏာမပေးဘူးဆိုတာပြသတာဖြစ်သလို ထိုင်းနိုင်ငံရေး မှာ လက်နက်ကိုင်စစ်တပ်ရှိသူကသာ နိုင်ငံရေးမှာ ဦးဆောင်မယ်ဆိုတာကိုပြသတာဖြစ်ပါတယ်။ တဖက်မှာတော့ထိုင်းနိုင်ငံရေး ဟာ တည်ငြိမ် မှုကင်းမဲ့နေတယ်ဆိုတာကိုလဲ ပြသလိုက်တာဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းရေးရှုထောင့်ကပြောတာဖြစ်ပါတယ်။

နိုင်ငံတကာ့ အင် အားကြီး နိုင်ငံတွေနဲ့ ဆက်ဆံမှုတွေ၊ ပထဝီနိုင်ငံရေးတွေနဲ့ ဆက်နွယ်ပြီး မတည်ငြိမ်မှုတွေက ဘယ်လောက်တောင်ရှိနေမလဲ ဆိုတာ အထူးပြော ဖို့မလိုတော့ဘူး။ ၁၉၃၂ ခြေဥဟာ တော်လှန်တဲ့ခြေဥလို့ပြောကြပေမယ့် သက်ဦးဆံပိုင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ကိုပြောင်းလဲလိုက်တဲ့အတွက် နိုင်ငံရေး နယ်ပယ်ဟာလဲ အီလစ်လက်တဆုပ်စာအထက်လွှာအသစ်နဲ့အဟောင်းအကြား၊ ဗျူရိုကရက်တွေ၊ စစ်ဗိုလ်ချုပ်တွေအသစ်နဲ့အဟောင်းအကြား ဂိုဏ်းအုပ်စုတိုက်ပွဲဆင်ရာ ကွင်းတစ်ခုဖြစ်သွားတယ်။ ၁၉၃၃ မှာ စစ်အာဏာသိမ်းပွဲပေါ်လာပြီး ပထမခြေဥဖျက်၊ စစ်ဗိုလ်ချုပ်တွေ ဗျူရိုကရက် တွေ နိုင်ငံရေးသမားတွေအကြား ယာယီနိုင်ငံရေးတည်ငြိမ်မှုပြန်ရအောင် အပေးအယူလုပ်စေ့စပ်ကြပြီးနောက်ထပ်အသစ်တစ်ခုရေး ကြတယ်။ ဒီလိုနဲ့လွှတ်တော်တစ်ရပ်တည်း ထားလိုက်၊ အထက်လွှတ်တော်အောက်လွှတ်တော် နှစ်ရပ်ထားလိုက်လုပ်ကြ၊ အမတ်တွေကို ရွေးကောက်ပွဲနဲ့ ရွေး သူအဖြစ်သာလုပ်ခွင့်ပေးလိုက်၊ အထက်ကခန့်တဲ့အမတ်တွေနဲ့ စုပေါင်းစပ်ပေါင်း လွှတ်တော်တက်ခိုင်းလိုက်ကြ၊ အမတ်အရေအတွက်ဘယ်၍ ဘယ်မျှ၊ မဲဆန္ဒနယ်ဘယ်၍ဘယ်မျှ ဆိုတဲ့ကိစ္စကတော့ မျက်စိလည်လောက်စရာပြောင်းနေတယ်။ ရွေးကောက်ပွဲကော်မရှင်အမျိုးမျိုး အခြေခံဥပ ဒေခုံရုံးအမျိုးမျိုး၊ နိုင်ငံရေးပါတီတည်ရှိခွင့်စည်းကမ်းအမျိုးမျိုးပြောင်းနေကြတာကိုတော့အထူးပြောဖို့လိုမယ်မထင်ဘူး။ ဘုရင်ရဲ့ အာဏာကိုလဲ တိုးလိုက်လျှော့လိုက်လုပ်နေခဲ့ကြတယ်။ မှတ်မှတ်သားသား ဒီမိုကရေစီအရိပ်လက္ခဏာပါတဲ့ အခြေခံဥပဒေတစ်ခုတော့ ပေါ်ဖူးတယ်။ အဲဒါက တော့ ၁၉၉၇ အခြေခံဥပဒေဖြစ်ပါတယ်။ ဒီခြေဥကလဲ ၁၉၆၀ ခုများမှာကျေးလက်မြေယာတော်လှန်ရေးတွေ ထိုင်းကွန်မြူနစ်လက်နက် ကိုင် တော်လှန်ရေးတွေ၊ ၁၉၇၃ တက္ကသိုလ်ကျောင်းသားတွေရဲ့ဒီမိုကရေစီတောင်းဆိုပွဲတွေ ၁၉၇၆ အောက်တိုဘာလသွေးမြေကျအရေးအခင်းတွေ၊ စစ်တပ် ရဲ့ အာဏာသိမ်းပွဲတွေအမျိုးမျိုးဖြတ်ကျော်ပြီးမှ ရရှိလာတာဖြစ်ပါတယ်။

အပိုင်း(၃) မှာ ဆက်လက်ဖတ်ရှုကြပါရန်

ကျားနှင့် မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ကျားနှင့် မိကျောင်း နှစ်ကောင်ကြားက ထိုင်းနိုင်ငံရေး

ရဲရင့်သံလွင်

အပိုင်း(၁)

၁။ ဟောင်ကောင်မဟာ့မဟာ အရောင်းအဝယ်ပွဲ

၂၀၁၄ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်အဖြစ်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ မေလတွင်ကျင်းပခဲ့ပြီး ရလဒ် ကိုလည်းရှင်းရှင်းလင်းလင်းသိခဲ့ကြပါပြီ။ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် အာဏာလက်ရှိ ကာချုပ်တဖြစ်လဲ ဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချားပါတီက ၃၆ နေရာနှင့် သူ့မဟာမိတ် ဗိုလ်ချုပ်ကြီး ပရာဝစ်ဝန်ဆူးဝမ်ရဲ့ ပါတီက အမတ် နေရာ ၄၀ ပဲ ရကြပြီး မျက်နှာသစ် ဖြစ်တဲ့ ရှေ့သို့ချီပါတီ Move Forward က အမတ် ၁၅၁ နေရာ၊ ယခင်အတိုက်အခံဟောင်း ရှပ်နီ ဖွေထိုင်းပါတီ PhueThai က အမတ် ၁၄၁ နေရာရရှိခဲ့ကြတယ်။ အဲဒီရွေးကောက်ပွဲရလဒ်ကိုကြည့်ရုံနဲ့ ရှေ့သို့ချီပါတီနဲ့ ဖွေထိုင်းပါတီ နှစ်ခုပေါင်း အမတ်နေရာ၂၉၂ နေရာဟာ အမတ် ၅၀၀ အောက်လွှတ်တော်မှာ အပြတ်အသတ်အများစုအင်အားအဖြစ် တန်းသိနိုင်တယ်။ သူတို့ ၂ ပါတီအပြင် တခြားတိုးတက်တဲ့ပါတီ ၅ ခု ၆ ခုလောက် ကလဲ မဟာမိတ်ဖွဲ့ကြဦးမှာဖြစ်တဲ့အတွက် ၂၀၂၃ မေလရွေးကောက်ပွဲဟာ အာဏာလက်ရှိ စစ်တပ်နဲ့ဘုရင်စနစ်ဂိုဏ်းသားတွေအရေးနိမ့်ပြီး အ တိုက်အခံတိုးတက်တဲ့အင်အားစုက အစိုးရဖွဲ့လို့ရသွားပြီလို့ ထင်ကြလိမ့်မယ်။ နောက်ပြီး အမတ်နေရာအများဆုံးရတဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတ လင်ဂျာရွန်ရတ်ကပဲ အဲဒီအစိုးရသစ်ရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လိမ့်မယ်လို့ တွက်ဆကြလိမ့်မယ်။

ဒီနေရာမှာ အားလုံးမမေ့သင့်တဲ့အချက်တစ်ခုကတော့ ၂၀၁၄ ခုအာဏာသိမ်းအပြီး စစ်ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်စနစ်နဲ့ ဘုရင် စနစ်ကို ပိုမိုခိုင်မာအားကောင်းအောင် အခြေခံဥပဒေသစ်တစ်ခုကို ပြဋ္ဌာန်းပြီး ထိုင်းနိုင်ငံရေးလောကထဲက အရပ်သားအတိုက်အခံတွေရဲ့ ခြေတွေ လက်တွေရိုက်ချိုးတုပ်နှောင်ထားခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ အဲဒီ ၂၀၁၇ ထိုင်းအခြေခံဥပဒေအရ အထက်လွှတ်တော်ဆိုတဲ့ ဆီးနိတ်လွှတ် တော်ကိုဖန်တီးပြီး ဆီးနိတ်လွှတ်တော်အမတ်မင်း၂၅၀ သတ်မှတ်ထားတယ်။ အဲဒီဆီးနိတ်အမတ်မင်း ၂၅၀ စလုံးဟာ ကာချုပ်က ခေါင်းခေါက် ရွေးထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေ စီးပွားရေးသမားကြီးတွေ အတတ်ပညာရှင်ဗျူရိုကရက်တွေဖြစ်ပါတယ်။ ဒါ့အပြင် လူထုကရွေးကောက်တင် မြှောက်ရမယ့် ပါတီတွေမဲကွဲအောင် ဗိုလ်ချုပ်ကြီးတွေရဲ့ ပါတီတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ပွား proxy ပါတီလေးတွေအများကြီး ပါဝင်ယှဉ်ပြိုင်ခိုင်းထား တယ်။ နောက်ပြီး PR အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပါတီစာရင်းအရ ပါတီကြီးငယ်လတ်အတွက်အမတ်နေရာတွေကိုလဲ သတ်မှတ်ပေးထားတယ်။ အဲဒီ ၂၀၁၇ ခြေဥအရ အောက်လွှတ်တော်မှာ အတိုက်အခံတွေ မဲအများစုရဖို့ခက်သွားတယ်။ မဲအများစုရခဲ့တဲ့တိုင် ဝန်ကြီးချုပ်သစ်ခန့်တာ အစိုးရ သစ်ဖွဲ့တာတွေလုပ်တော့လဲ စစ်ဖက်နဲ့ ဘုရင်ဂိုဏ်းသားအထက်လွှတ်တော် ဆီးနိတ်ကအမတ် ၂၅၀ က တသံတည်း ထွက်ပြီး ကန့်ကွက်လို့ရနေတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခြေဥအောက်ကကျင်းပတဲ့ ပထမအကြိမ်ရွေးကောက်ပွဲမှာ ဒီနည်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ်ဟာ အောက် လွှတ်တော်မှာမဲအလုံအလောက်မရဘဲ ဆီးနိတ်မဲ ၂၅၀ နဲ့ ဝန်ကြီးချုပ်တက်လုပ်သွားခဲ့တယ်။ အဲဒီတုန်းက တိုးတက်ရေးလှုပ်ရှားမှုလို့ခေါ်တဲ့ လူထု ဆန္ဒပြပွဲတွေ Progressive Movement ကို ရှေ့ဆောင်ခဲ့သူတွေနဲ့ ထူထောင်လိုက်တဲ့ အနာဂတ်ချီပါတီ Future Forward Party ( FFP) က အတိုက်အခံအဖြစ် ဒုတိယမဲအများဆုံးရခဲ့တယ်။ ဒါပေမဲ့ ၂၀၁၇ ခြေဥအောက်မှာ အတိုက်အခံဆိုရင် မညှာတမ်းနှိပ်ကွပ်ခွင့်ရှိလေတော့ FFP ခေါင်းဆောင် ထနားသွန် ယွမ်ဂျွန်ဂရွန်ကစ် ကို ခြေဥခုံရုံးက အမှုတစ်ခုနဲ့တရားစွဲပြီးအမတ်ရာထူးကဖြုတ်ရုံမက ပါတီကိုလဲ ဖျက်သိမ်းပစ်လိုက်ကြ တယ်။ ၂၀၂၃ မေလရွေးကောက်ပွဲရလဒ်ကတော့ ရှေးရိုးစွဲ စစ်တပ်နဲ့ဘုရင်ဂိုဏ်းသားတွေ အနာပေါ် တုတ်ကျ ဆတ်ဆတ်ခါနာကြည်းစရာပိုဖြစ် စေပါတယ်။ ဒါကြောင့် မဲအများဆုံးရတဲ့ MFP ပါတီကို အပြစ်ရှာဖို့ချောင်းနေကြတယ်။ မကြာခင်မှာပဲ ခေါင်းဆောင်ပီတဟာ မီဒီယာလုပ် ငန်းတစ်ခုမှာ ရှယ်ယာပိုင်ဆိုင်ခဲ့ကြောင်း မကြေညာခဲ့မှုကို သူတို့တွေ့သွားကြတယ်။ ဒီအမှုနဲ့ပဲ အောက်လွှတ်တော်တက်နေတဲ့ ပီတကို အမတ် ရာထူးကနေဖြုတ်ပစ်လိုက်ကြတယ်။

လူထုအကြားမကျေနပ်မှုတွေနဲ့ နိုင်ငံတကာစိုးရိမ်မှုတွေဖိအားများလာတဲ့အခါ ပီတအမှုကိုအချိန်ဆွဲထားပြီး ဝန်ကြီးချုပ်သစ်ရွေးချယ်ရေးကိစ္စကိုလဲ နှစ်ခါသုံးခါပြန်ပြီး ရွှေ့ဆိုင်းလိုက်ကြတယ်။ ၂၀၁၇ ခြေဥအောက်ဒုတိယရွေးကောက်ပွဲနောက်ပိုင်း ရှေးရိုး စွဲဂိုဏ်းသားတွေဟာ ပထမအကြိမ်တုံးက FFP တရားမဝင်ကြေညာသလို အခု MFP ကိုလဲ ပါတီဖျက်သိမ်းခိုင်းမလားဆိုပြီး ကမ္ဘာက စောင့်ကြည့် နေရတဲ့ အနေအထားဖြစ်နေပြီ။ ထိုင်းနိုင်ငံရေးဟာ ဒီလိုပဲ အဆိုးကျော့သံ သရာ အထပ်ထပ်လည်နေတော့မှာလားလို့ စိုးရိမ်သူကလဲ စိုးရိမ်နေ ကြတယ်။ ရွေးကောက်ပွဲပြီးအဲသလို့ ၃ လကျော်ကြာချိန်အထိ အစိုးရသစ်မ ဖွဲ့နိုင်သေးတဲ့ လိပ်ခဲတည်းလည်းအကျပ်အတည်းကာလမှာ ပါလီမန်စနစ် ညွန့်ပေါင်းအစိုးရအဖွဲ့တစ်ခုပေါ်ထွက်နိုင်ဖို့ နိုင်ငံရေးအင်အားစုမျိုးစုံက နည်းမျိုးစုံ သုံးပြီး Horse trading လို့ခေါ်တဲ့ လက်သိပ်ထိုးအပေးအယူလုပ်တာ၊ ကြိတ်ပြီး သဘောတူချက်ယူတာ၊ ခြံခုန်ဘက်ပြောင်းတာစတဲ့ ကြားနေကျသတင်းတွေကို ထိုင်းမှာလဲ ကြားလာရတယ်။ ဇူလိုင်လကုန်ခါနီးမှာ အဲသလိုနိုင်ငံရေးအပေးအယူလုပ်မှုတစ်ခု လူသိရှင်ကြားပေါ်ထွက်လာတယ်။

ထိုင်းနိုင်ငံရေးကိစ္စကို ဟောင်ကောင်မှာ အပေးအယူလုပ်ခဲ့ကြတယ်ဆိုရင် ယုံချင်မှယုံလိ်မ့်မယ်။ နိုင်ငံရေးအုပ်စုတွေတကယ်အခြေစိုက်လှုပ်ရှားရာနေရာဟာ ထိုင်းနိုင်ငံဖြစ်ပါလျက် ဘာ ဖြစ်လို့ ဟောင်ကောင်ကိုဆွဲထည့်ကြတာလဲလို့မေးစရာရှိလာတယ်။ အခုရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေက ထိုင်းမှာရှိတာမှန်ပေမယ့် ဒီပြကွက်မှာ အဓိက

ဇာတ်လိုက်ကြီးတဦးက

ထိုင်းနိုင်ငံမှာမရှိဘဲ ပြည်ပရောက်နေလို့ဖြစ်ပါတယ်။ အဲဒီဇာတ်လိုက်ကြီးကတော့ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ မီဒီယာသူဌေးကြီးလဲဖြစ် ဘီလီယံနာ oligarch ကြီးလဲဖြစ်တဲ့ ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထနာပဲ ဖြစ်ပါတယ်။

သက်ဆင်ဟာ အခု ဖွေထိုင်းပါတီလို့နာမည်ပြောင်းထားတဲ့ ယခင်ထိုင်းရပ်ထိုင်းပါတီကိုတည်ထောင်ခဲ့ပြီး ဒီပါတီအလံနဲ့ မဲအများအပြားရကာ ထိုင်း ဝန်ကြီးချုပ်အဖြစ်တန်ခိုးထွားခဲ့ဖူးသူလဲဖြစ်ပါတယ်။ ၂၀၂၃ မေလရွေးကောက်ပွဲမှာတော့ သူ့ရဲ့ ဖွေထိုင်းပါတီဟာ ဒုတိယမဲအများဆုံးရထားတဲ့ ပါတီဖြစ်ပြီး MFP ရှေ့သို့ချီပါတီသာ အစိုးရဖွဲ့ခွင့်မရရင် ဖွေထိုင်းကဦးဆောင်ပြီး အစိုးရဖွဲ့ခွင့်ရသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်လိုက်ကြီး သက်ဆင်ဟာ သူခိုလှုံရာ အရှေ့အလယ်ပိုင်း ဒူဘိုင်းနိုင်ငံကနေ ဟောင်ကောင်ကို ရောက်လာတယ်။ ထိုင်းမှာရှိတဲ့ ဖွေထိုင်းမဟုတ်တဲ့ တခြားပါ တီခေါင်းဆောင်တွေကလဲ လေယာဉ်နဲ့ တစ်ညအိပ်ခရီးထွက်ပြီး ဇာတ်လိုက်ကြီးနဲ့ ကြိတ်ပြီး သဘောတူညီချက်တွေယူကြသတဲ့။

ဒီသတင်းတွေကို ပထမဆုံးဖောက်သယ်ချသူက နာမည်ကျော် အနှိပ်ခန်းလုပ်ငန်း တိုက်ကွမ်းသူကြွယ်ကြီး ချူဘစ်ကမိုဗီဆစ်ဖြစ်ပါတယ်။ သူက တီးတိုးသတင်းလွှင့်တာမဟုတ်ဘူး။ သတင်းထောက်တွေခေါ်ပြီး သတင်းစာရှင်းလင်းပွဲအဖြစ်နဲ့ ထုတ်ပြန်တာပါ။ သူ့ထုတ်ပြန်ချက်အရ ဒီသဘောတူညီချက်ကို MOU နားလည်မှုစာချွန်အဖြစ်လက်မှတ်တောင်ထိုးပြီးသွားပြီလို့ဆိုပါတယ်။ သက်ဆင်နဲ့ အပေးအယူသွားလုပ်တဲ့ အဓိက ပါတီလတ် ၂ ခုကတော့ Bhumjaiithai နဲ့ PPRP ( Palang Pracharath Party )ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ ဒီပါတီနှစ်ခုနဲ့ လက်တွဲမယ် ဆိုရင် MFP ရှေ့သို့ချီပါတီကို ဘေးကန်ထုတ်လိုက်တဲ့တိုင် ဖွေထိုင်းပါတီမှာ အမတ်နေရာ ၂၇၉ နေရာရှိနေပြီဖြစ်ပါတယ်။ ဆီနိတ်လွှတ်တော် အမတ် ၂၅၀ ကကန့်ကွက်တောင် ဖွေးထိုင်းပါတီက အမတ်အများစုနဲ့ အစိုးရဖွဲ့လို့ရသွားပြီဖြစ်ပါတယ်။

အဲဒီအနှိပ်ခန်းတိုက်ကွမ်ကြိးက “ MFP အတွက်လဲ ဘာမှမစိုးရိမ်ပါနဲ့ဗျာ၊ လက်ရှိမဟာမိတ်ထဲမှာကျန်သေးတဲ့ ညီညွတ်သောထိုင်းအမျိုးသားပါတီ UTNP (United Thai Nation Party) တို့၊ ဒီမိုကရက်ပါတီ Democrat Party တို့နဲ့ လက်တွဲပြီး ဖွေထိုင်းညွန့်ပေါင်းအစိုးရကို အတိုက်အခံလုပ်နိုင်ပါသေးတယ်”လို့ ပြောလိုက်တယ်။ ဟောင်ကောင် အပေးအယူပွဲကို သက်ဆင်နဲ့ တွေ့ပြီး MFP ပါတီကို ဖွေထိုင်းနဲ့လက်တွဲခွင့်ပေးဖို့ အမြန်ပြေးပြောတဲ့သူတစ်ဦးရှိသေးတယ်။ သူက တော့ယခင်FFPပါတီခေါင်းဆောင် ထနားသွန်ဖြစ်ပါတယ်။

MFP အတွက်အချိန်မီးသွားပေမယ့် ဒီအပေးအယူမှာ စာရင်းသွင်းမခံရသူလို့ပြောရမှာပါ။ ဟောင်ကောင်မှာမွေးနေ့ပွဲလုပ်ရင်း ထိုင်းနိုင်ငံရေးကံကြမ္မာကို အလဲအထပ်လုပ်ကြတာကို သတင်းစာတွေက မဟာ့မဟာ အရောင်းအဝယ်ကြီးလို့ ကင်ပွန်းတပ်ကြတယ်။ ဒီမွေးနေ့ပွဲပြီးတာနဲ့ သက်ဆင်ရှင်နာဝတ်တနာရဲ့ အငယ်ဆုံးသမီး ဖေ့ထုံ့တန်က သူ့အဖေဟာ ဩဂုတ်လ ၁၀ ရက်နေ့မှာ ဒွန်မောင်းလေဆိပ်ကို လေယာဉ်နဲ့ ပြန်လာမယ်ဆိုပြီး လူသိရှင်ကြားကြေညာလိုက်တယ်။ ပြည်ပမှာခိုလှုံနေရတဲ့ သက်ဆင်ဟာ သူမကြာမီထိုင်းကိုပြန်လာမယ်ဆိုပြီး အနည်းဆုံး အကြိမ် ၂၀ လောက်ပြောခဲ့ဖူးသူဖြစ်ပါတယ်။ ခုတချီ တော့ တကယ်ပြန်လာဖို့ နီးစပ်နေပြီလို့ သူ့မိသားစုက ယူဆကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဟောင်ကောင်မှာပြုလုပ်တဲ့ လက်သိပ်ထိုး နိုင်ငံရေး အရောင်းအဝယ်ပွဲက ရရှိလိုက်တဲ့ ရှေးရိုးစွဲဝါဒီတွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့သဘောတူညီချက်တွေထဲမှာ သက်ဆင် ထိုင်းကိုပြန်လာနိုင်ရေးအစီအစဉ် သဘောတူညီချက်တွေလဲ ပါဝင်လို့ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း သက်ဆင်ဟာ ပေါ်ပြူလာဝါဒမဲဆွယ်မှုတွေနဲ့ မဲအများစုရပြီး ၂၀၀၁ ခု ဖေဖော်ဝါရီမှာ ဝန်ကြီးချုပ်ဖြစ်လာတယ်။ ရှေးရိုးစွဲဘုရင်စနစ်နဲ့ စစ်တပ်လွှမ်းမိုးမှုစနစ်ကို စိန်ခေါ်မှုတွေလုပ်လာတဲ့အတွက် နယူးယောက်ကို သူရောက်နေချိန် ၂၀၀၆ ခုစက်တင်ဘာမှာ စစ်တပ်ကဖြုတ်ချလိုက်တယ်။ သူ့ကို အခွန်တော်လှည့်စားလိမ်လည်မှုနဲ့ ထိုင်းတရားရုံးက ဆင့်ခေါ်တဲ့အခါ ထိုင်းကနေထွက်ပြေးသွားတယ်။ ဒါနဲ့မြေဝယ်ယူရာမှာမူမမှန်ခြင်းအတွက် သူ့ကိုမျက်ကွယ်မှာထောင်ဒဏ် ၂ နှစ်ချလိုက်တယ်။ သက်ဆင်ဟာ ပြည်ပမှ နှစ်ပေါင်း ၁၅ နှစ်လောက်ရှောင်တိမ်းရင်း မိသားစုနဲ့အတူနေချင်ပြီလို့ ထပ်တလဲလဲ မျက်ရည်ခံထိုးနေခဲ့တယ်။ သူ့ရဲ့ ၇၄ နှစ်မြောက် ဟောင်ကောင်မွေးနေ့ပွဲမှာတော့ ရှေးရိုးစွဲပါတီလတ် ၂ ခုနဲ့ အပေးအယူလုပ်ရာမှာသူ့လုံခြုံရေးကို အာမခံချက်ပေးတဲ့အပြင် ထောင်ကျရင်တောင် သိပ်မကြာစေရဘူးဆိုတဲ့ ကတိတွေ ဟိုဖက်ကပေးခဲ့တယ်လို့ သတင်းတွေထွက်လာတယ်။ အဲသလို သက်ဆင်ပြည်တော်ပြန်အစီအစဉ်အတွက် ဖွေထိုင်းပါတီက အပြန်အလှန်အနေနဲ့ မူလ ၈ ပါတီမဟာမိတ်ထဲက MFP ရှေ့သို့ချီပါတီကို ကန်ထုတ်ပစ်ပါမယ်ဆိုတဲ့ ကတိဖြစ်ပါတယ်။ ဒါကြောင့် ဟောင်ကောင် လက်သိပ်ထိုးဆွေးနွေးပွဲကို မဟာ့မဟာအရောင်းအဝယ်ပွဲကြီးလို့ သတင်းစာတွေကရေးကြတာဖြစ်ပါတယ်။ ရှေးရိုးစွဲ ဘုရင်စနစ်ဝါဒီနဲ့စစ်အာဏာရှင်စနစ်ဝါဒီတွေမှာလဲ ၂၀၂၃ ရွေးကောက်ပွဲကြောင့် အကျပ်တည်းမျိုးစုံရှိနေတယ်။ အရင်တုံးကတော့ ရှပ်နီဆိုတဲ့ ထိုင်းရပ်ထိုင်းပါတီ၊နောက်တော့ဖွေထိုင်းပါတီအင်အားနဲ့ သက်ဆင် မောင်နှမတွေနဲ့ ရွေးကောက်ပွဲ စည်းချင်းထိုးခဲ့ရတယ်။ ရှေးရိုးစွဲတွေရဲ့ ရှပ်ဝါပါတီတွေ နဲ့ ယှဉ်ပြိုင်ခဲ့ကြတယ်။ စစ်တပ်က သူ့လူရွေးကောက်ပွဲမနိုင်ရင် အာဏာသိမ်းတယ်။ ၁၉၉၃ ခြေဥသစ်နောက်ပိုင်းမှာ အဲသလို ရှပ်နီ ရှပ်ဝါ ဘတပြန်ကျားတပြန် ယှဉ်ပြိုင်နေရာက ၂၀၁၄ စစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာ ရှေးရိုးစွဲတွေလက်ထဲကနေ တခြားသူတွေလက် အာဏာမရောက်နိုင်ရေး ပိုမိုစိတ်ချ တင်းကျပ်တဲ့ ၂၀၁၇ ခြေဥသစ်ကိုရေးဆွဲပြီး ရှပ်နီရှပ်ဝါပဋိပက္ခကို ဖြေရှင်းပစ်ခဲ့တယ်။ ရှပ်နီတွေဟာ အဲဒီခြေဥအောက်မှာ ဉာဏ်ကစားပြီး လွှတ်တော်တွင်းရောက်ရှိရေးဗျူဟာကိုချမှတ်ပြီး ၂၀၁၇ ခြေဥကိုဆန့်ကျင်တာမလုပ်သလို ဘုရင်စနစ်နဲ့ စစ်တပ်ကို ထိပါးစေတာမှန်သမျှ ဝေးဝေးက ရှောင် ခဲ့ကြတယ်။ ဖွေထိုင်းရဲ့ ကြိုးကိုင်သူ သက်ဆင်ဆိုရင် ၂၀၂၃ ရွေးကောက်ပွဲမှာ လူငယ်အင် အားနဲ့တက်လာသူတွေတောင်းဆိုတဲ့ ဘုရင်ကို အကြည်ညိုပျက်စေတဲ့ပုဒ်မ ပြင်ဆင်ရေးတောင်းဆိုချက်ကို လုံးဝလက်မခံသူဖြစ်ပါတယ်။ သူဟာ ပေါ်ပြူလာဝါဒနဲ့ လူပြိန်းကြိုက်ကြွေးကြော်သံ တွေ ဆင်းရဲသားတောင်သူလယ်သမားတွေကို ထောက်ပံ့မှုတွေပေးရေးမက်လုံးတွေနဲ့ မဲအများစုကို ရယူခဲ့သူဖြစ်သလို သူဝန်ကြီးချုပ်ဖြစ်တော့လဲ ဘုရင်ကို ခွာရာတိုင်းတဲ့လေသံတွေ ဘုရင်စနစ်ကိုလှောင်ပြောင်တာတွေအများကြီးပြောဆိုခဲ့ဖူးတယ်။ ဒါပေမဲ့ ထိုင်းကနေထွက်ပြေးလာပြီးနောက်ပိုင်း ဖွေထိုင်းပါတီရဲ့ အာဏာသိမ်းစစ်အာဏာရှင်အောက်လှုပ်ရှားမှုတွေကို လမ်းညွှန်ရာမှာ တော့ ကြည်ညိုဖွယ်ဘုရင်စနစ်နဲ့ စစ်အာဏာရှင်စနစ် ကို ဝိုင်းရံကာကွယ်ရေးဖက်က ရပ်ခံခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ရှေးရိုးစွဲဝါဒီတွေဖက်က သက်ဆင်ရဲ့ဖွေထိုင်းပါတီဟာ အရင်က ရန်ဖက်ပါတီဖြစ် ခဲ့ပေမယ့် အခုမိတ်ဖက်အဖြစ်ရောက်လာပြီလို့ယူဆကြ တယ်။ လက်ငင်းရန်ဖက်ဟာ ဖွေထိုင်းမဟုတ်၊ MFP ဆိုတဲ့ နိုင်ငံရေးတစ္ဆေအသစ်ဖြစ်သွားပြိ။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရတဲ့ ဖွေထိုင်းပါတီကို မရရအောင် ဝိုင်းသိမ်းသွင်းဖို့ စဉ်းစားထားကြတယ်။ ၂၀၂၃ မေလရွေးကောက်ပွဲမဲရလဒ်တွေကလဲ ရှေးရိုးစွဲတွေကို လူထုအကြား အလွန်အရှက်ရစေတဲ့ရလဒ်တွေဖြစ်နေတယ်။ ဆီးနိတ်လွှတ်တော်သာမရှိရင် ငါးပါးမှောက်တာကြာပြီ။ ဒီအချက်ကလဲ ဖွေထိုင်းပါတီသာ သူတို့ နဲ့ ညွန့်ပေါင်းဖွဲ့နိုင်ရင် ပြည်သူလူထုအကြားကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နိုင်မယ်၊ အထူးသဖြင့် သူတို့နဲ့ ကူးလူးဆက်ဆံမှု သိ်ပ်များတဲ့ ဩစတြေးလျားနဲ့ အနောက်နိုင်ငံတွေရဲ့ အမြင်မှာ ဒီမိုကရေစီမျက်နှာဖုံးနည်းနည်းစွပ်ပြလို့ရနိုင်မယ်လို့လဲ တွက်ဆကြတယ်။

ဟောင်ကောင်မဟာ့မဟာအရောင်းအဝယ်ပွဲကြီးကတော့ နားလည်မှုစာချွန်တွေဘာတွေနဲ့ အဆင်ချောသွားပါပြီ။ ဒါပေမဲ့ လက်တွေ့နိုင်ငံရေး မှာတော့ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။ အခုအပေးအယူအရ ဖွေထိုင်းပါတီက တင်မယ့်ဝန်ကြီးချုပ်လောင်း ဆရက်ထာ သာဗီဆင်းက တိုက်တာ အိမ်မြေလုပ်ငန်းရှင် တိုက်ကွမ်းသူကြွယ်ကြီးဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံမရှိသူ၊ လူသိထင်ရှားမရှိ လူကြိုက်များမှုမရှိသူဖြစ်နေတယ်။ အထူးသဖြင့် ဟောင်ကောင်မှာ ပူပူနွေးနွေးညွန့်ပေါင်းဖွဲ့ခဲ့တဲ့ Bumjaithai ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အန်နူတင်ချန်ဘီရာခူနဲ့ ဖွေထိုင်းဝန်ကြီးချုပ်လောင်း ဆရက်ထာအကြား အစေးဘယ်လောက်ကြာကြာကပ်မလဲဆိုတဲ့ မေးခွန်းလဲရှိနေတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၂၃ မေလရွေးကောက်ပွဲ မဲ ဆွယ်ချိန်အတွင်း တယောက်နဲ့တယောက် အပြန်အလှန်ထိုးနှက်မှုတွေသိပ်ကြီးမားခဲ့တဲ့ အခံတွေရှိနေတယ်လို့ သတင်းထောက်တစ်ဦးကထောက် ပြတယ်။

အမေရိကန်ထုတ် နယူးယောက်တိုင်းသတင်းစာကြီးကတော့ ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အသီးသီးအသကအသက ကိုယ်စီကိုယ်င ရသွားကြတယ်။ ဒီအထဲမှာ မဲဆန္ဒရှင်တွေမပါရှာဘူး လို့ ရေးသားလိုက်တယ်။ အစိုးရသစ်မဖွဲ့ခင်အပေးအယူတွေ အပြောင်းအလဲတွေဘယ် လောက်ရှိဦးမလဲမသိဘူး။ မဲ ဆန္ဒရှင်အများစုဟာ အပြောင်းအလဲကို မျှော်ပြီး အသည်းကြားက မဲတပြားကိုပေးခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ သူ့တို့မျှော်လင့်ချက်ကိုတော့ ဘယ်နိုင်ငံရေး အီလစ်ကမှ ထည့်မတွက်ဘူး၊ အထူးသဖြင့် ဖွေထိုင်းပါတီရဲ့ မဟာ့မဟာ အရောင်းအဝယ်ပွဲကြီးကို လူငယ်မဲဆန္ဒရှင်တွေက သစ္စာဖောက် ပွဲကြီးလို့မြင်ကြတယ်။ ဘန်ကောက်မြို့လယ်က ဒီမိုကရေစီရင်ပြင်မှာ ဒီမိုကရေစီဈာပနကို ကျင်းပကြတယ်။ ဖွေထိုင်းပါတီရုံးရှေ့မှာ အာဏာရှင် အစိုးရကိုလိုချင်လို့ ဒို့မဲပေးခဲ့တာမဟုတ်ဘူးလို့ ကြွေးကြော်ကြတယ်။ ၂။ ဘုရင်ရယ် စစ်အာဏာရှင်ရယ်၊ အိုလီဂါ့ခ် သူကြွယ်တွေရယ် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ ပြိုင်ဖက် အီလစ် elites တွေအကြားသပွတ်အူလို ပွေရှုပ်နေတဲ့ အာဏာကစားပွဲ power game ပွဲစဉ် ထဲက ထိပ်တိုက်ပဋိပက္ခတစ်မျိုးဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်ပြီဆိုတိုင်း ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းပြီလို့ ထင်သူတွေအတွက် ထိုင်းရွေး ကောက်ပွဲတွေက ပြက်ရယ်ပြုနေကြတယ်။ ဒီနိုင်ငံမှာတော့ ဒီမိုကရေစီဆိုတာ အများထင်ထားသလိုမဟုတ်ဘဲ ထောက်ချောက်ထဲပိတ်မိနေတဲ့ အရာ တစ်ခုဖြစ်နေတယ်လို့ သတင်းစာဆရာတစ်ဦးကပြောပါတယ်။ ထိုင်းဒီမိုကရေစီ အဆောက်အဦတွေဟာ ဒီမိုကရေစီကို ရိုးရိုးသားသား ထူထောင် ဖို့ အရင်မျိုးဆက်တွေ ကြိုးစားထားတာဖြစ်ကောင်းဖြစ်ပေမယ့် သူနိုင်ငါနိုင်ပြိုင်ဆိုင်နေတဲ့ အီလစ်ရေပေါ်ဆီအလွှာတွေရဲ့ ဇောက်ထိုးမိုးမျှော်မှောက်လှန် ပစ်တာခံလိုက်ရတာ တော်တော်တောင် ကြာသွားပါပြီ။ ပါဝါဂိမ်း အာဏာကစားပွဲမှာပါဝင်တဲ့ အီလစ်ရေပေါ်ဆီအလွှာတွေထဲမှာ ဘုရင်နဲ့ ဆွေတော် မျိုးတော်တွေ၊ စစ်တပ်ထိပ်သီးဗိုလ်ချုပ်တွေ၊ အစိုးရယန္တရား ဗျူရိုကရက်ကြီးတွေအပြင် နိုင်ငံရေးနဲ့ ခပ်ကင်းကင်းနေကြတယ်လို့ ထင်နေကြတဲ့ ငွေကြေးကျိကျိတက်ချမ်းသာနေတဲ့ အာဏာစက်ပိုင်ရှင် oligarchs တွေ၊ နောက်တက်မီဒီယာတို့ ဝန်ဆောင်လုပ်ငန်းတို့ကလုပ်ငန်းရှင်တွေ စတဲ့စတဲ့ အုပ်စုတွေ ပါဝင်နေတာတွေ့နေရတယ်။

ထိုင်းမှာ အိုလီဂါ့ခ် ဘီလီယံနာ မိသားစုကြီး ၅ ခုက စီးပွားရေး ကဏ္ဍပေါင်းစုံကို ထိန်းချုပ်ထားတဲ့ မိသားစုကြီးတွေလို့ပြောကြတယ်။ သူတို့ လက်ထဲမှာ လယ်ယာလုပ်ငန်းကနေ အရက်ဘီယာချက်လုပ်ငန်းအထိ၊ အားဖြည့်အဖျော်ယမကာကနေ လက်လီဆိုင်လုပ်ငန်းစုတွေအထိရှိ တယ်။ ၂၀၁၉ ဗိုလ်ချုပ်ကြီးပရာယွတ်ရွေးကောက်ပွဲဝင်တော့ အဲဒီမိသားစုကြီး ၅ ခုဆီက ရန်ပုံငွေတွေအပုံအပင်ရရှိခဲ့တယ်။၂၀၁၄ ခု စစ် ခေါင်းဆောင်ပရာယွတ်လက်ထက် ၅ နှစ်လောက်အတွင်း ဒီမိသားစု ၅ ခုရဲ့တန်ခိုးအာဏာက ပိုကြီးထွားလာတယ်လို့ စစ် တမ်း တစ်ခုကဆို ပါတယ်။

ပရာယွတ်ခေတ်မှာ စီးပွားရေးလုပ်ကွက်သစ်ဖြစ်တဲ့ တိုက်တာခြံမြေလုပ်ငန်းတွေထွက်ပေါ်လာတော့ ဒီမိသားစုတွေ လက်ထဲဘဲ ထပ် ရောက်သွားတယ်။ CP Group နဲ့ Central Group တွေဟာ မြို့ကြီးတွေမှာသာမက ခရိုင်တွေအထိဆင်းပြီး လက်လီဆိုင်လုပ် ငန်းစုတွေ တိုးချဲ့ ကြတယ်။ အစိုးရက ချပေးတဲ့ လုပ်ကွက်သစ်တွေ ကံထရိုက်စာချုပ်ကြီးတွေကိုလဲ သူတို့ပဲ ရရှိသွားတယ်။ ပရာယွတ်ရဲ့ မတ်လရွေး ကောက်ပွဲပြီးလို့ ၂ လတောင် မကြာလိုက်ခင်မှာ ယခင်က သုဝဏ္ဏဘုမ္မိလေဆိပ်အတွင်း အခွန်ကင်းလွတ်လက်လီဆိုင်ကြီးလုပ်ခွင့်ရရှိထားပြီး သားဖြစ်တဲ့ King Power မိသားစုဟာ နောက်ထပ် အဓိကလေဆိပ်ကြီး ၃ ခုမှာ ဆယ်နှစ်တာ တိုးချဲ့ဖွင့်လှစ်ခွင့်တွေရသွားတယ်။ CP Group မိသားစုဦးစီးတဲ့ စီးပွားရေးအုပ်စုကလဲ ဘန်ကောက်မြို့တွင်းနဲ့မြို့ပြင်မှာရှိတဲ့ လေဆိပ် ၃ ခုကိုဆက်သွယ်တဲ့ အရှည် ကီလိုမီတာ ၂၂၀ ရှိတဲ့ မြန်နှုန်းမြင့်ရထားလမ်း သစ်တွေဖောက်ဖို့ ဒေါ်လာ ၇.၅ ဘီလီယံတန်ကံထရိုက်ကို ရသွားတယ်။

ဒီမိသားစုကြီး ၅ ခုက ဘယ်လောက်ခြေလှမ်းကျဲသလဲဆိုရင် နောက်ထပ်တိုးချဲ့စီးပွားရေးကဏ္ဍဖြစ်တဲ့ တိုက်တာအိုးအိမ်လုပ်ငန်းတွေထဲမှာ အလုံးအရင်း အလုအယက်ဝင်လုပ်ကြတယ်။ ဘယ်နေရာကြည့်ကြည့် ဆောက်လုပ်ဆဲ၊ ဆောက်လုပ်စ ကွန်ဒိုတိုက်ခန်းအိမ်ယာတွေ ကံထရိုက် အိမ်ယာတွေ အပြိုင်းအရိုင်းတွေနေပြီး တချို့တိုက်တာတွေက ဝယ်သူမရှိနေသူမရှိဖြစ်လာတယ်။

(ဆက်လက် ဖော်ပြသွားပါမယ်)

“၈၄” ဒိုင်ယာရီ

“၈၄” ဒိုင်ယာရီ

( ဗမာပြည် ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် သို့ ဂုဏ်ပြုခြင်း)

ခေတ်သစ်သမိုင်းကို

မုန်တိုင်းကြားမှာ

ငါတို့ ရေးသားခဲ့

ရေးသားဆဲ မို့

ဖြတ်သန်းခဲ့တဲ့ မှတ်တမ်းများ

စမ်းတဝါးဝါးနဲ့ မကျန်ရစ်စေရ ။

ငါတို့ မွေးဖွားခဲ့တဲ့ ရက်

ရက် ရာဇာ၊ ပြဿဒါး မရှိ,မသိ

နိုင်ငံရေးအသိကပဲ

အဓိက လက်သည်ဖြစ်ခဲ့တယ်။

နယ်ချဲ့ရဲ့ ထမ်းပိုးအောက်မှာ

အသက်ဗီဇဖြစ်တည်လာ။

ဖက်ဆစ်ဓားအောက်မှာ

ပြားပြားမမှောက်ဘဲ

ရှင်သန် ထမြောက်လာ

တပြည်လုံး လွတ်မြောက်စေရေးမှာ

ရှေ့ တန်းက ငါတို့ ပါရှိခဲ့။

နယ်ချဲ့ နဲ့ ဖက်ဆစ်စနစ်တို့

ခေတ်ရဲ့ တော်လှန်ဒီရေလှိုင်းက

နေ့မဆိုင်း ညမဆိုင်း မောင်းထုတ်နိုင်ခဲ့ပြီ။

ငါတို့

လွတ်လပ်တဲ့ တိုင်းပြည်

ဖြစ်တည်လာခဲ့။

ငါတို့

ပြည်တွင်းစစ်ပွဲ

ဆက်လက်ဆင်နွှဲရ။

ရှောင်မရ၊ တားမရတဲ့

လူတန်းစားတိုက်ပွဲများ

စဉ် ဆက် မပြတ်ဆင်နွှဲရင်း

ငါတို့ ရဲ့ ရှင်သန်မှုဟာ

ပြည်တွင်းစစ်မီးလျှံကြားမှာ

သံမဏိသား အနှစ်ကျစေခဲ့တယ်လေ။

နှစ်ကာလ ရှည်ကြာပေမယ့်

အောင်ပွဲတွေနဲ့ ဝေးကွာခဲ့တာ

အမှန်ပါ။

နိုင်ခြင်း၊ ရှုံးခြင်းတွေနဲ့

ပူးသတ်၊ ခွာသတ် ရင်း

အသက်မျှဉ်းမျှဉ်း ရှူသွင်းရတဲ့ အထိ

ဒါဏ်ရာနက်ရှိုင်းခဲ့။

ငါတို့

ဆက်လက်ရှင်သန်ဖို့

တိုက်ပွဲကြားမှာ ဆေးဝါးရှိတယ်

တိုက်ပွဲကြားမှာ အင်အားရှိတယ်

ဒီ ယုံကြည်ချက်နဲ့ နိုးထနိုင်ခဲ့ပြီ။

ရှင်သန်ခြင်းသမိုင်းမှာ

ရန်တကာ နဲ့လည်း ရင်ဆိုင်ရ။

ခေတ်ပြိုင် တိုက်ဖော်များတောင်

ပြိုဆင်းသွား၊ ငုတ်လျှိုးသွား

အို မင်း ရင်း ပျောက်ကွယ်ကြလေပြီ။

ငါတို့ကား

ခေတ် အဆက်ဆက်ရဲ့

ခေတ်ပြိုင်မျိုးဆက်များနဲ့

လက်ချင်းချိတ်လို့

ခေတ်တိုင်းရဲ့ တာဝန်

ဆက်လက်ယူနေဆဲ။

ဒါပေမဲ့

ခြေဖျားထောက်

လမ်းလျှောက်သူအချို့ကား

ငါတို့ မပါတဲ့ “ညီညွတ်ရေး” လုပ်နေကြ။

ငါတို့ မပါတဲ့

“တော်လှန်ရေး” လုပ်နေကြ။

သူ့ တရားနဲ့ သူ မို့

ရှိစေတော့… ရှိစေတော့ ။

ဒါပမဲ့

“ဆန်ကျင်ဖက်” က ပေးမယ့်

သင်ခန်းစာများ

ယခင် လူများလို မရရှိစေချင်။

ငါ့တို့ ရဲ့

၈၄ နှစ် ဖြတ်သန်းခြင်း

ဒိုင်ယာရီမှာ

“ပြည်သူ့ အကျိုးဆောင်ကြ” ဆိုတဲ့

ကြွေးကြော်သံ တိုင်, ဟစ်ရင်း

သက္ကရာဇ်တွေ၊ ရှင်သန်နေခဲ့တယ်။

ဒီ “ကြွေးကြော်သံ”

တိုးမြှင့် တိုင်, ဟစ်ရင်းနဲ့

မိုးသက် မုန်တိုင်း ပြင်းထန်ပစေ

ရှင်သန်ကြီးထွားနေဉီးမှာ

သံသယ မရှိကြစေချင်။ ။

ရဲဘော် ဒိုးငြိမ်းချမ်း

၁၅. ၈. ၂၃

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် ပါတီနေ့အတွက် သစ္စာအဓိဋ္ဌာန်

ဗမာပြည်ကွန်မြူနစ်ပါတီ ၈၄ နှစ်မြောက် ပါတီနေ့အတွက် သစ္စာအဓိဋ္ဌာန်

(ဗမာပြည် ပြည်တွင်းပြည်ပရှိ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များနဲ့ စစ်ဒေသအသီးသီးရှိ PLA တပ်ဖွဲ့ဝင်များအတွက်)

• ငါတို့သည် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်အပေါ် ထာဝစဉ်သစ္စာရှိပါမည်။

• ဂုဏ်ရောင်ပြောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းအစဉ်အလာကို ဆက်ခံထိန်းသိမ်းပြီး ပါတီအလံတော်ကို မြင့်မြင့်မားမား လွှင့်ထူသွားပါမည်။

ဥက္ကဋ္ဌသခင်သန်းထွန်း၊ ဥက္ကဋ္ဌသခင်ဇင်၊ အတွင်းရေးမှူး သခင်ချစ် ၊ ဥက္ကဋ္ဌ သခင်ဗသိန်းတင်၊ အတွင်းရေးမှူး ရဲဘော်ထွန်းနှင့်တကွ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအ တွင်း ကျဆုံးသွားသော အာဇာနည်ရဲဘော်များအပေါ် သစ္စာရှိပါမည်။

• ငါတို့သည် ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၊ ဆိုရှယ်လစ်တော်လှန်ရေး… ထိုမှတဆင့် ကွန်မြူ နစ်စနစ် ထူထောင်ရေးအထိ မျှော်မှန်း၍ ရာသက်ပန်တော်လှန်ရေးသမားအဖြစ် ခံယူကာ လုံးပန်းအားထုတ် တိုက်ပွဲဝင်သွားပါမည်။

• ငါတို့သည်

– ဥက္ကဋ္ဌသခင်သန်းထွန်း၏ ဇွဲလုံ့လကို အတုယူသွားပါမည်။

– ဥက္ကဋ္ဌ၏ စွန့်လွှတ်မှုနဲ့ အကျင့်သိက္ခာသန့်စင်မှုကို အတုယူသွားပါမည်။

– ဥက္ကဋ္ဌကဲ့သို့ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲသည့် စိတ်ဓာတ်ကို မွေးမြူသွားပါမည်။

– ပါတီ၊ တော်လှန်ရေးနဲ့ ပြည်သူအတွက် အရာရာ ပေးလှူကြကုန်အံ့။

ရည်ညွှန်း။ ။ ဥက္ကဋ္ဌ သခင်သန်းထွန်း ကျဆုံးသည့် ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ၏ သစ္စာ အဓိဋ္ဌာန်

အမေရိကန်အကျ

အမေရိကန်အကျ

မြစမ်းအေး

အနောက်အုပ်စု အူမြူးနေတဲ့ Wagner ဝက်ဂနာကြေးစားတပ် ပုန်ကန်မှုဟာ မှေးမှိန်ပျောက်ကွယ် သွားပါပြီ။ ပုန်ကန်မှုဟာ ရှရှားစစ်တပ် ခေါင်းဆောင်ပိုင်းအတွင်းမှ အားပြိုင်မှုဖြစ်ပြီး၊ ပူတင်အနေနဲ့ အားလျော့တာ အားကြီးတာ ဖြစ်မှာမဟုတ်ပါဘူး။ စစ်မြေပြင် အခြေအနေလည်း ပြောင်းလဲမသွားပါဘူး။ ဝက်ဂနာခေါင်းဆောင်ရဲ့ မန်တက်မှုအပေါ် ယူကရိန်းမှ အမြတ်မထုတ်နိုင်ခဲ့ပါ။ ရုရှားခံစစ်ကို ထိုးဖောက်ပြီး အဇော့ပင်လယ် Sea of Azov ကို အရှေ့တောင်ဘက်မှ ချဉ်းကပ်ကာ ခရိုင်းမီးယားသို့ ဆက်သွယ်ရာလမ်းကြောင်းကို ဖြတ်တောက်ဖို့ဆိုတဲ့ (ယူကရိန်း)ရည်မှန်းချက်ဟာ မဖြစ်နိုင်တော့တာ ထင်ရှားလာပါတယ်။

ဒါကြောင့် ယူကရိန်းစစ်အတွင်း အရေးအကြီးဆုံးအရာဟာ ယူကရိန်းနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများရဲ့ ကံကြမ္မာပဲဖြစ်တယ်ဆိုတဲ့ အခြေခံပဋိပက္ခအပေါ် ပြန်လည်အာရုံစိုက်လာပါတယ်။ စစ်ရေးထိပ်တိုက်တွေ့မှုဟာ စတင်ဖြစ်ပွားပြီး သီတင်းပတ်အချို့အကြာမှာ ပြီးဆုံးဖို့ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က မတ်လထဲမှာ ပူတင်နဲ့ဇာလင်စကီးတို့အကြား၊ ရုရှားတပ်များရုပ်သိမ်းဖို့နဲ့ အပြန်အလှန်အားဖြင့် ယူကရိန်းဟာ ထာဝရကြားနေနိုင်ငံအဖြစ် ဖွဲ့စည်အုပ်ချုပ်ပုံထဲမှာ ထည့်သွင်းရေးဆွဲဖို့ ဆိုတာကို သဘောတူလုနီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိဖ်(ယူကရိန်း)ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် ရေးဆွဲကာ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ဘောရစ်ဂျွန်ဆင် (ဗြိတိသျှဝန်ကြီးချူပ်) က ဆုတ်ဖြဲပစ်ခဲ့ပါတယ်။ သူက တူရကီကိုလာရောက်ပြီး ယူရို – အမေရိကန်အုပ်စု အနေနဲ့ ဘာငြိမ်းချမ်းရေးမှ မလိုချင်၊ ရုရှားကိုဆက်လက် ရန်ပြုသွားမှာဖြစ်ကြောင်း ဇာလင်စကီးထံ သတင်းစကားပါးတာဖြစ်တယ်။ အလားတူ အစ္စရေးဝန်ကြီးချုပ်ဟောင်းရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဟာလည်း ပယ်ချခံရပါတယ်။

ရုရှားစစ်တပ်ဟာ ပိုကြီးထွားလာတယ်။ စစ်သည် ၃၀၀,၀၀၀ ကျော် ပါဝင်တဲ့ ရုရှားစစ်တပ်ဟာ စစ်ရေးနည်းပရိယာယ် အကြီးအကျယ် ပြန်လည်ပြုပြင်ထားကြောင်း အကဲခတ်သူအားလုံးက အသိအမှတ်ပြုကြတယ်။ မော်စကိုရဲ့ လေကြောင်းရန်ကာကွယ်ရေးက အသာစီးရနေတယ်။ ယူရို – အမေရိကန်ရဲ့ F-16 ဂျက်တိုက်လေယာဉ် ဒါဇင်အနည်းငယ်က စစ်ပွဲဒီရေကို ပြောင်းပြန်လှန်မပစ်နိုင်ဘူး။ ဘယ်သူကမှ ယူကရိန်းအောင်ပွဲဆိုတာကို မပြောတော့ဘူး။

အမေရိကန်ပြည်ထောင်စု မြေပြင်တပ်စေလွတ်ဖို့ ဆိုတာကို ဘိုင်ဒင်က ရွေးကောက်ပွဲမဲဆွယ်စဉ်မှာ ရှင်းရှင်းလင်းလင်း ပယ်ချခဲ့ပြီးဖြစ်ပါတယ်။ သူက ကိုရီးယားလို အေးခဲနေတဲ့ပဋိပက္ခပဲ ဖြစ်ချင်တာပါ။ ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြောင့် မျက်နှာပျက်ရမယ့်အရေးကို ရှောင်ရှားပြီး၊ ရုရှားနဲ့ ပဋိပက္ခဆက်ဖြစ်ပွားနေမယ့် မရေမရာအပစ်ရပ်စဲရေးနဲ့၊ ယူကရိန်းကို အပိုင်းပိုင်းဖြတ်ပြီး ပျက်သုဉ်းစေရေးပဲ ဖြစ်ပါတယ်။ ယူကရိန်းပြန်လည်နိုးထရေးကို လျစ်လျူရှူခံရကာ ကံမကောင်းအကြောင်းမလှတဲ့ နိုင်ငံအတွက် ဘာမှလုပ်ဆောင်ပေးတာ မရှိပါဘူး။

ဒါဟာ အမေရိကန်အင်ပိုင်ယာ ဆုတ်ယုတ်ကျဆင်းမှုကို နှောင့်နှေးစေဖို့ရာ စစ်အေးနည်းနဲ့ တုံ့ပြန်ခြင်းပဲဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဝင်ရိုးစုံအသွင် ဆောင်လာတာနဲ့အမျှ အမေရိကန်အခွင့်ထူးခံများဟာ သူတို့ အချိန်နီးလာပြီဆိုတာကို ကောင်းကောင်း သတိပြုမိပါတယ်။ ဝါရှင်တန်ဟာ နည်းပေါင်းစုံသုံးပြီး သူ့ရဲ့နောက်ဆုံးခရီးကို နှောင့်နှေးအောင်လုပ်မှာပဲ။ သူ့လက်အောက်ခံ မဟာမိတ်တွေကိုလည်း ဖြစ်နိုင်သမျှ အကုန်အကျခံခိုင်းမှာပဲ။ ရုရှားဆန့်ကျင်ရေး ကိုယ့်ကိုယ်ကိုယ် ချေမှုန်းရေးစစ်ပွဲအတွင်း ဥရောပကိုဆွဲခေါ်သွားပြီး၊ ကမ္ဘာ့အင်အားကြီး ဖြစ်လာတဲ့ တရုတ်ဆန့်ကျင်ရေးဘက် ဦးလှည့်ဖို့ အမေရိကန်က ကြံရွယ်ပါတယ်။

ယူကရိန်းစစ်ပွဲကို စစ်ပြေပြင်အခြေအနေထက် ကျော်လွန်ပြီး ကြည့်ဖို့လိုပါတယ်။ အမေရိကန်အဖို့ စစ်ပွဲအတွင်းကထွက်ခွာဖို့ အချိန်နဲ့နည်းနာပဲ လိုပါတယ်။ အမေရိကန်ဗဟိုထောက်လှမ်းရေး CIA အကြီးအကဲက အမေရိကန်ဟာ ကမ္ဘာ့စားပွဲ ထိပ်ဖျားထိုင်ခုံနေရာမှာ တာရှည်ထိုင်လို့ မရနိုင်တော့ဘူးလို့ ပြောလာတယ်။ အဓိပ္ပာယ်က တန်ပြန်မဟာဗျူဟာများ အသင့်ပြင်ထားဖို့ ဆိုတာပါပဲ။ အမေရိကန် နိုင်ငံရေးသမားများအတွင်း အုပ်စုနှစ်စုကွဲတယ်။ ပထမအမျိုးအစားက တရုတ် ရုရှားနဲ့ တတိယကမ္ဘာကို ဖက်ပြိုင်နိုင်ဖို့ ဥရောပနှင့်အတူ သူတို့ရဲ့ကျဆုံးမှုကို တားဆီးနိုင်လိမ့်မယ်လို့ မရေမရာ ယူဆထားသူတွေဖြစ်တယ်။ ဘိုင်ဒင်ကိုယ်စားပြုတဲ့ နိုင်ငံတကာ လစ်ဘရယ်ဝါဒီတွေပဲ။ အမေရိကန်စိုးမိုးထားတဲ့ (ဒေါ်လာ၊ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့၊ လက်နက်ကိုင်တပ်) ကို ကမ္ဘာတဝန်း အဓမ္မအသုံးပြုဖို့ အသင့်ဖြစ်တယ်။ နောက်တမျိုးကတော့ ခေတ်သစ်အထီးကျန်ဝါဒီ ထရမ့် Neo – isolationists a la Trump ဖြစ်တယ်။ သူတို့က အမေရိကန်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်၊ ကိုယ့်အခြေခံအကျိူစီးပွားကိုပဲ ကာကွယ်၊ အခြေခံအဆောက်အအုံနဲ့ ကုန်ထုတ်စနစ်ကို ပြန်လည်တည်ဆောက်၊ ကိုယ့်ထက်ပိုချမ်းသာလာနေတဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးအတွက် အကုန်အကျမခံဖို့ပဲဖြစ်တယ်။

ဒီနေရာမှာ ရွှေပြည်အေးသမားတွေ pacifists တွေကို စကားထဲ ထည့်မပြောတော့ဘူး။ သူတို့က ပြည်ပမှာ လက်နက်ကိုင်စွက်ဖက်မှုကို မူအရ မဆန့်ကျင်ပါဘူး။ သယံဇာတပေါများတဲ့ ဗင်နီဇွဲလားလိုနိုင်ငံမှာ အာဏာသိမ်းတာကို ကောင်းသောအာဏာသိမ်းမှုတဲ့။ တရုတ်လို အင်အားပြိုင်နိုင်ငံကြီးရဲ့ အကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းအတွက် ဘာလို့ အင်အားမသုံးရမှာလဲတဲ့။

အရေးကြီးတာက လတ်တလော အကျိူးအမြတ်မရှိဘဲ ငွေမဖြုန်းဖို့နဲ့ ပိုအန္တရာယ်များတဲ့ ခြိမ်းခြောက်မှုအပေါ် အာရုံစိုက်ဖို့ပဲဖြစ်တယ်။ ထရမ့်နဲ့နောက်လိုက်များရဲ့ အမြင်မှာ ပိုမိုအန္တရာယ်များတာက ပူတင်ရုရှားမဟုတ်ဘဲ မြင့်တက်လာနေတဲ့ ပါဝါပြိုင်ဘက် နိုင်ငံကြီးပဲဖြစ်ပါတယ်။ ရှေ့နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ဒီအမြင်သာ အသာစီးရသွားရင် အမေရိကန်အင်ပိုင်ယာရဲ့ အဆုံးသတ်ကျဆုံးခန်းအတွက် နောက်ထပ် ယူကရိန်းလိုနိုင်ငံများ ပိုမိုတန်ဖိုးပေးရဖို့ ရှိလာနိုင်ပါတယ်။

အခု ဖော်ပြထားတဲ့ အမြင်များမှာ စဉ်းစားစရာတွေ ပါပါတယ်။ သဘောတူမတူက တပိုင်းပဲ။ အဓိကအာဘော်က အမေရိကန်အကျပိုင်းရောက်နေပြီ၊ ဝင်ရိုးစုံကမ္ဘာ ပုံစံသစ်နဲ့ပေါ်နေပြီ ဆိုတာပါပဲ။

အီးယူတွင်း အမေရိကန်နဲ့သဘောတားကွဲတာကို အင်းတာနေရှင်နယ် ပေတံနဲ့တိုင်းနေလို့ မရဘူး။ ဝင်ရိုးစုံဆိုတာ( မေကော် + အီးယူ)နဲ့ BRICS တင်မကဘူး။

အမေရိကန်ရဲ့ အာရှပစိဖိတ်သို့ တရုတ်ထိန်းချုပ်ရေးခြေလှမ်း လာတော့မှာပါ။ ယူကရိန်းစစ် ရုရှားလုပ်ရပ် မှန်မမှန် နောက်ဆက်တွဲဖြစ်ရပ်တွေက ရှင်းပေးသွားပါလိမ့်မယ်။

ရည်ညွှန်း။ ။ (War, the stake is the end of the US empire. By Pino Arlacchi, originally published on www.marx21.it.)

မြစမ်းအေး (၂၂ ဇူလိုင် ၂၀၂၃)

အမေရိကန်ရဲ့ ယူကရိန်းအိပ်မက်

အမေရိကန်ရဲ့ ယူကရိန်းအိပ်မက်

မြစမ်းအေး

ယူကရိန်းတန်ပြန်ထိုးစစ် ရှုံးနိမ့်သွားပြီ။ ထိုးစစ်အစပိုင်းမှာ အချက်အလက် မပြည့်စုံတာကြောင့် ခန့်မှန်းဖို့ခက်ခဲသော်လည်း၊ ယခုအခါမှာ ယူကရန်းစစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာစာမှာ ဆက်လက်တိုက်ခိုက် နေသေးသော်လည်း မထိန်းချုပ်နိုင်တော့ဘူးဆိုတာ ထင်ရှားလာပါတယ်။ ကိဖ် Kyiv အစိုးရဟာ ဒွန်းဘတ်စ်ရုရှားခံစစ်ကြောင်း ပထမစည်းကိုပင် မချဉ်းကပ်နိုင်ပဲ လူသူလက်နက် အမြောက်အမြား ဆုံးရှုံးသွားပါတယ်။

အနောက်အုပ်စုဟာ ယူကရိန်းပြည်သူတွေရဲ့ အသက်ကို ထည့်မတွက်ဘူး။ ကိဖ်(ယူကရိန်း)အစိုးရကလည်း ငွေကြေးနဲ့ စစ်လက်နက် ဆုံးရှုံးမှုကိုသာတွက်ချက်ပြီး လူ့အသက်တွေ ဆုံးရှုံးတာကို စာရင်းထဲမထည့်ဘူး။ ဇွန် ၁၉ Bloomberg News ဖော်ပြချက်အရ ဥရောပသမဂ္ဂ EU မှ ယူကရိန်းသို့ ဘဏ္ဍာရေးအထောက်အပံ့ နောက်ထပ် ယူရို ၅၀ ဘီလီယံ (ဒေါ်လာ ၅၅ ဘီလီယံ) ပေးဖို့ရှိတယ်လို့ဆိုတယ်။ ဥရောပသမဂ္ဂအနေနဲ့ သူတို့အပေါ် ဝန်မိမှာကိုရှောင်ရှားတဲ့အနေနဲ့ အထောက်အပံ့၊ ဦးစားပေးချေးငွေ၊ အာမခံ စတဲ့ပုံစံများနဲ့ ပေးမှာဖြစ်ပါတယ်။ မဟာမိတ်ဥရောပနိုင်ငံတွေ စီးပွားရေးနွံနစ်နေသော်လည်း အမေရိကန်အဖို့ အခြေအနေကောင်းနေတာ မဟုတ်ပါဘူး။

အမေရိကန်ဘီလီယံနာနဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင် ဒေးဗစ်ဆက်စ် က (လာမယ့်နေတိုးထိပ်သီး အစည်းအဝေးက ဥရောပမှာ ထာဝရစစ်ပွဲ ဆင်နွှဲတော့မှာလား) David Sacks: Will upcomming NATO summit launch forever war in Europe? ဆိုတဲ့ ဆောင်းပါးဖြင့် Responsible Statecraft (Quincy Institute)တွင်၊ ယူကရိန်းတန်ပြန်ထိုးစစ် ရှုံးနိမ့်မှုနဲ့ ဘိုင်ဒင်အစိုးရ လမ်းပျောက်နေပုံကို ဇွန် ၁၆ ရက်နေ့က သုံးသပ်ဖော်ပြလာပါတယ်။

Sacks က ယခုလိုရေးပါတယ် (မော်စကိုက ယူကရိန်း နေတိုး NATO အဖွဲ့ဝင်ဖြစ်ရေးကို လုံးဝလက်မခံနိုင်ကြောင်း၊ ဒါဟာပြင်ပခြိမ်းခြောက်မှုဖြစ်ပြီး စစ်ရေးအရ အဓိကရည်မှန်းချက်အဖြစ် တားဆီးသွားမှာဖြစ်ကြောင်း၊ ထုတ်ပြန်ကြေညာထားပါတယ်။ လစ်သူရေးနီးယား Vilnius မြို့မှာ ရှေ့လကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်ဖို့ရှိတဲ့၊ စစ်ပွဲပြီးဆုံးသွားပြီးနောက် ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံမယ်ဆိုတာဟာ၊ စစ်ပွဲဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် ယူကရိန်းကြားနေနိုင်ငံဖြစ်ရေးဆိုတဲ့ အပေးအယူလုပ်မှုမှ အနောက်အုပ်စု ဖယ်ခွာသွားတာပဲဖြစ်တယ်။)

ဇာလင်စကီး Zelensky နဲ့ အရှေ့(ဥရောပ)နေတိုးအဖွဲ့ဝင် နိုင်ငံတချို့ အထူးသဖြင့် ပိုလန်နှင့် ဘော်လတစ်နိုင်ငံများက (အမေရိကန်)သမ္မတဘိုင်ဒင်အပေါ်(ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်ဖို့) ဖိအားပေးမှာ သေချာပါတယ်။ ဇာလင်စကီးက အကယ်လို့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် အခိုင်အမာထောက်ခံမှု မရှိခဲ့ရင် ထိပ်သီးအစည်းအဝေးသို့ တက်မှာမဟုတ်ကြောင်း ပြောပါတယ်။

အမေရိကန်က ယူကရိန်းကို စစ်ရေးနဲ့ဘဏ္ဍာရေး အထောက်အကူ ဒေါ်လာ ၁၀၀ ဘီလီယံကျော် ခွင့်ပြုပြီးဖြစ်တယ်။ အမေရိကန်ပြည်သူတွေအတွက် လောလောဆယ် စီးပွားရေးအခက်အခဲ ကြီးမားနေချိန်မှာ ပိုမိုလိုအပ်တဲ့နေရာမှာမသုံးပဲ ယူကရိန်းစစ်မှာ သုံးစွဲတာဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်မျက်နှာမှာ အောင်မြင်မှုရလဒ်ကောင်းမရဘဲ အနောက်အုပ်စုအတွက် ယူကရိန်းစစ်ဟာတွင်းနက်ကြီး ဖြစ်လာပြီး အရင်းအမြစ်တွေ ကြာလေခန်းခြောက်လေ ဖြစ်နေပါတယ်။

ရူးကြောင်ကြောင်နိုင်တာက ယူကရိန်းစစ်ကြောင့် အကြွေးဝန်ပိသထက်ပိလာတာကို အနောက်အုပ်စုက စိတ်အနှောင့်အယှက် မဖြစ်ကြပါဘူး။ ယူကရိန်းအောင်ပွဲရပြီးရင် ရုရှားထံမှ အလျော်တောင်းမယ်လို့ ဆိုတယ်။ ကိဖ်အစိုးရကလည်း အနောက်နိုင်ငံများရဲ့ ထောက်ပံ့မှုမလုံလောက်၊ ကောင်းကောင်းမထောက်ပံ့ဘူးလို့ ပြောတယ်။ တယ်ဟုတ်ကြပါလား။ တကယ်က ယူကရိန်းအစိုးရရဲ့မိုက်မဲမှုကြောင့် ယူကရိန်းပြည်သူ ထောင်သောင်းချီ အသက်ဆုံးရှုံးနေတာကို အပြစ်မမြင်ကြတာပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ယူကရိန်းအိပ်မက်ကို ဖြည့်ဆည်းဖို့ တည်ရှိနေတဲ့အနေအထားကို ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

အနောက်အုပ်စုက ဒီပြန်လှန်ထိုးစစ်ဟာ အောင်မြင်မှု သေးပေမယ့်အစသာရှိသေးတယ် လို့ ဆိုတာလည်း ရှိနေပါတယ်။ အောင်မြင်မှု မရလည်း ရအောင်ဆိုပြီး ဆက်လက် ထောက်ပံ့မဲ့သဘော၊ လူကိုယ်တိုင်ဝင်တိုက်တဲ့ နီးပါး ထောက်ကူမဲ့သဘောထားတွေလည်း ရှိနေကြသေးတာတော့ တွေ့နေရပါသေးတယ်၊ အစပိုင်းမှာ ပေးထားတဲ့ “ခပ်ဝေးဝေးကအားပေး” သဘောထားတွေကို တခုပြီးတခု ချိုးဖောက် စစ်ရှိန်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။

ရီပါဘလစ်ကန် ထဲမှာ ငွေကုန်သလောက် အကျိုးမရှိ ဆိုပြီး ထောက်ပံ့မှုကို ဆန့်ကျင်တဲ့ “ထရမ့် ဘက်သား” တွေလဲရှိတယ်။ ရုရှား အသာထား တရုတ်ကို ပုံအောတိုက်ရေး ကိုတင်ကြသူတွေ ဖြစ်တယ်။ ဘိုင်ဒင်တို့ကတော့ ရုရှားကို အရင်ဦးချိုး၊ ပြီးမှ တရုတ်ဖက် စိတ်ချလက်ချ တိုက်ရေး ကိုင်စွဲကြတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ နီးလာတာနဲ့အမျှ (ယူကရိန်းစစ်ပွဲ)ရှုံးနိမ့်လို့မဖြစ်ပါဘူး။ ဒီလိုသာဖြစ်ခဲ့ရင် ဒီမိုကရက်တစ်ပါတီရဲ့ ရှုံးနိမ့်မှုဟာ ရှက်ဖွယ်ကောင်းပြီး ဟိုးလေးတကျော်ဖြစ်သွားပါလိမ့်မယ်။

ယူကရိန်းနဲ့ အာဖဂန်ကို နှိုင်းယှဉ်ပြီး အမေရိကန်ရဲ့ တပ်ရုပ်သိမ်းမှုဟာ ရှက်ဖွယ်ကောင်းတဲ့ ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်သွားပါလိမ့်မယ်။

လောလောဆယ်အခြေအနေမှာ ဒေသအများအပြားမှာ အမေရိကန်ဩဇာ ကျဆင်းလာနေပြီး ယူကရိန်းမှာ ထပ်မံအရှုံးနဲ့ ရင်ဆိုင်ရရင် ကမ္ဘာ့ဗိုလ်ကျလွမ်းမိုးသူ အဖြစ်မှာ လျှောကျတော့မှာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ခေါင်းဆောင်တွေအတွက် ပြည်တွင်းနိုင်ငံရေး အကျပ်အတည်းသာမက ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းလည်း ဖြစ်စေပါတယ်။

ယူကရိန်းအကျပ်အတည်းဟာ တစတစ လုံးပါးပါးလာပြီး နက်သည်ထက်နက်အောင် ကိုယ့်ကိုယ်ကိုယ် မြေမြှုပ်သင်္ဂြိုဟ်ပါလိမ့်မယ်။ အနောက်အုပ်စုအဖို့ ပထဝီနိုင်ငံရေးအရ လောလောဆယ်မဟုတ်တောင် များမကြာမီမှာ အရှုံးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ‘Zugzwang’ ကျားပိတ်(ဝိုင်းပိတ်ကျား) ကစားသလိုပဲ နောက်ဆုံးမှာ ထွက်ပေါက်မရှိဘဲ ဖြစ်နေပါတယ်။

ရည်ညွန်း။ Irina Alksnis ရဲ့ The West has fullfilled the main Ukrainian dream, and fallen into Russia’s trap

မြစမ်းအေး (၃ ဇူလိုင် ၂၀၂၃)