Category Archives: ဆောင်းပါး

ရှေ့ကိုဆက်လက်ချီ၊ (တင်ဝင်း)

ရှေ့ကိုဆက်လက်ချီ၊ (တင်ဝင်း) စင်တင်ပေးခဲ့သူ မဲဆန္ဒရှင်များရဲ့မျှော်လင့်ချက်နဲ့ဆန့်ကျင်စွာ ၂၀၁၅ အစိုးရသက်တမ်းကာလမှာ စစ်အုပ်စုနဲ့ရင်ကြားစေ့ရေးဘက်လှည့်သွားတဲ့ NLD ရဲ့ ပေါ်လစီများကြောင့် စစ်အုပ်စုရဲ့ပြည်သူအပေါ် ဖိနှပ်စစ်ပြုတဲ့လုပ်ရပ်များဟာ ပိုအတင့်ရဲလာတယ်။ လက်ဝါးကြီးအုပ်အရင်းရှင်များရဲ့ လုပ်သားပြည်သူများအပေါ်  သွေးစုပ်မှုဟာလည်း ပိုပြင်းထန်ခဲ့တယ်။ ပြည်သူလူထုရဲ့ ဘဝအထွေအထွေအခြေအနေဟာလည်း ပိုဆိုးဝါးလာတယ်။ ဒီနောက်ခံမှာ အုပ်စိုးသူက စီမံခန့်ခွဲတဲ့ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးအစီအစဉ်အရ ၂၀၂၀ ရွေးကောက်ပွဲအတွင်း(၂၀၀၈ ခြေဥ ချည်မန်းကွင်းမှာ) NLD အပြတ်အသတ်အနိုင်ရသွားတယ်ဆိုတာ၊ သူ့အပေါ် လူထုက ဘယ်လောက်အားထားသလဲဆိုတဲ့သဘောဖော်ပြချက်သက်သက်အဖြစ် အပိုင်အနိုင်ကောက်ချက်ချလို့မရပါဘူး။ စစ်အုပ်စုအပေါ် လူထုက ဘယ်လောက်ဆန့်ကျင်သလဲဆိုတဲ့သဘောကို ရောင်ပြန်ဟပ်တာလည်း အဓိကကျတဲ့အကြောင်းရင်းအနေနဲ့ ပါနေမှာဖြစ်ကြောင်း အသေအချာပြောနိုင်ပါတယ် စစ်အုပ်စုနဲ့ ရင်ကြားစေ့ရေးလုပ်ခဲ့တဲ့ NLD ကိုယ်တိုင်အပါအဝင် နိုင်ငံရေးပါတီများအပြင် စစ်အုပ်စုပါ ဒီအချက်ကို ခံစားသိရှိမှာမလွဲပါ။ ၂၀၁၅ တုန်းကလို ” ပြည်သူ့အစိုးရ ” နာမည်ပေး အမွှမ်းတင်တာ ဝေဝေဆာဆာ မတွေ့ရတော့ပါ၊ အပေါ်စီးမယူဘဲ တခြားပါတီများကိုလည်း အခွင့်အာဏာ ဝေမျှပေးမယ်၊ အားလုံးပါဝင်နိုင်မယ့် အမျိုးသားညီညွတ်ရေးအစိုးရ ပုံစံတခုတည်းမှာ အားလုံးပြန်လည်ဆုံတွေ့နိုင်ဖို့မျှော်လင့်ပါတယ်လို့ NLD ကိုယ်တိုင် လုပ်လာရတယ်။ (ဒီလို လေသံထွက်လာတာကလည်း ၂၀၂၀ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ရာမှာ တခြားပါတီတွေရဲ့ ထောက်ခံမှုရယူပြီး အားဖြည့်လိုတဲ့သဘောလည်း ပါနိုင်ပါတယ်။ ) တခုလုံးအနေအထားအရတော့ ဒီချုပ်ဟာ… Read More »

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း)

ဘယ်တော့မှ ဥဒါန်းမကျေပါဘူး (ရဲဘော်ဖိုးသံချောင်း) အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ကိုဌေးလှဟာ ၁၉၆၁ ခုနှစ်မှာ ကျွန်တော်နဲ့အတူတူ တက္ကသိုလ်ကိုရောက်တာပါ။ ဒါပေမဲ့ သူဟာ တက္ကသိုလ်မရောက်ခင်ကတည်းကပဲ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှု၊ လက်ဝဲအင်အားစုတွေနဲ့တွဲမိ၊ ဆက်မိနေပါပြီ။ သာမန်ဆက်မိရုံမဟုတ်ပဲ သူ့ညီတယောက်အပါ အပေါင်းအသင်းတွေ အုံနဲ့ကျင်းနဲ့ဆက်မိကြတာပါ။ ၁၉၆၆ ခုနှစ်မှာ သူနဲ့ကျွန်တော်အဖမ်းခံရတော့ အဲဒီအထဲကတချို့ လည်း အဖမ်းခံရပါတယ်။ အဲဒီတချို့ဟာ ကိုကိုးကျွန်းအထိပါလာပါတယ်။ ပါလာသူတွေထဲမှာ ကဗျာဆရာ ကိုလေးမောင်လည်း ပါတာပေါ့။ သူ့(ရဲဘော်ဌေးလှရဲ့) စိတ်ဓာတ်၊ သူ့ကျဆုံးမှုဟာ ကိုကိုးကျွန်း တိုက်ပွဲတွေအပေါ်ဂယက်ရိုက်၊ အကျိုးပြုတယ်လိုဆိုရင်မမှားဘူးထင်ပါတယ်။ (ကျွန်တော်တို့တတွေ ရက်လေးဆယ် အစာငတ်ခံတိုက်ပွဲ အောင်ပွဲရပြီးတဲ့နောက် အိမ်နဲ့အဆက်အသွယ်ရတဲ့အခါ သူ့ညီ ကိုဌေးမောင်မှာပေးလို့ အိမ်ကပို့ပေးတဲ့ သူ့ဓာတ်ပုံကို ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲဆင်နွှဲတော့ ပန်းချီဆွဲပြီး တိုက်ပွဲဆောင်(၁) နံရံမှာ ချိတ်ပြီး အားမာန်တက်ခဲ့ကြရပါတယ်။) မန္တလေးတက္ကသိုလ်ကို ရောက်တယ်ဆိုရင်ပဲ သူနဲ့ကျွန်တော်ဟာ ဘဝ၊ ဘဝကရေစက်ပါသလို ကျောင်းသားညီညွှတ်ရေးတပ်ဦး၊ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂစတာတို့မှာ တွဲမိသွားကြပါတယ်။ အဲဒီတုန်းက ဒီလောကမှာ ကျွန်တော်ဟာ အငယ်ဆုံး လို့ဆိုရမလိုဖြစ်နေတော့ သူကကျွန်တော့် ကိုမင်းနဲ့ငါနဲ့ပြော၊ အားမနာတမ်းတောင်းဆို၊ ဝေဖန်ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ခင်ဗျားကျွန်တော် နဲ့ပဲပြောပါတယ်။ သူစီနီယာကျတာကို အသိအမှတ်ပြုပါတယ်။ တိုက်ဆိုင်ချင်တော့… Read More »

တက္ကသိုလ်ရာပြည့် ရောက်တော့မယ် (ခင်မောင်ဝင်း)

တက္ကသိုလ်ရာပြည့် ရောက်တော့မယ်။ (ကိုယ်တွေ့ သမိုင်းဖြစ်ရပ်မှန်) (ခင်မောင်ဝင်း) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး ကျွန်တော်က အင်္ဂလိပ်ကိုလိုနီကျွန်ဘဝမှာ မွေးဖွားခဲ့ရသူပါ။ ဓမ္မတာအတိုင်း ကိုလိုနီပညာရေးစနစ်အောက်မှာ ကြီးပြင်းခဲ့ရတယ်။ တက္ကသိုလ်ရောက်တော့လည်း ပါလီမန်စနစ်က စစ်အာဏာရှင်စနစ်အကူးအပြောင်းကာလဆိုတော့ ငြိမ်းချမ်းစွာပညာသင်ကြားရေးကို မရရှိခဲ့ပါဘူး။ ပြေးရင်းလွှားရင်း တံတိုင်းကျော်ရင်း ကျည်ဆန်တွေကြားမှာ တက္ကသိုလ်ပညာ သင်ခဲ့ရပါတယ်။ မြန်မာ့ခေတ်သစ်သမိုင်းရဲ့ အကြီးဆုံးနိုင်ငံရေးလှုပ်ရှားမှုဟာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ပထမကောလိပ်သပိတ်တိုက်ပွဲ။ ဒါဟာ ကိုလိုနီခေတ် ပထမဆုံးပညာရေး တိုက်ပွဲပဲ။ ကျောင်းသားအခွင့်အရေးတိုက်ပွဲပဲ။ ပထမဆုံး အမြင့်ဆုံး အမျိုးသားရေးတိုက်ပွဲနဲ့ ပထမဆုံး ဒီမိုကရေစီရေးတိုက်ပွဲလည်း ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ သခင်ဗသောင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂန္တ​လောကမဂ္ဂဇင်း အယ်ဒီတာကထွက်ပြီး ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်တယ်။ သခင်လေးမောင်၊ သခင်သိန်းမောင်၊ သခင်ဗစိန် စတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ထဲမှာ ဒို့ဗမာသီချင်းဆိုရင်း ဒို့ဗမာအစည်းအရုံးတည်ထောင်ခဲ့ကြတာဖြစ်တယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေါင်းဆောင် “လူကြီးလူကောင်းတွေ” ဒူးညွှတ်ကုန်ကြတော့ ဒို့ဗမာသခင်ကျောင်းသားတွေက လွတ်လပ်ရေးတိုက်ပွဲအလံကို ဆက်လက်သယ်ဆောင်ခဲ့ကြတယ်။ ၁၉၃၆ ခုနှစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်၊ မအုန်း၊… Read More »

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု (မြစမ်းအေး)

လင်ကွန်း၊ ကားလ်မာ့က်စ် နဲ့ ဗြိတိသျှအလုပ်သမားများအကြား သွေးစည်းမှု (မြစမ်းအေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄) မှာ ဖော်ပြမယ့်ဆောင်းပါး စာမျက်နှာ ၄၀၅ မျက်နှာရှိ အေဗဟင်လင်ကွန်းရဲ့ ရေးသားချက်နဲ့မိန့်ခွန်းများဆိုတဲ့စာအုပ်ထဲမှာ ဇန္နဝါရီ ၁၉၊ ၁၈၆၃ ရက်စွဲနဲ့ ပေးစာတစောင်ပါရှိပါတယ်။ “မန်ချက်စတာ အင်္ဂလန်အလုပ်သမားများသို့”လို့ လိပ်မူပြီး ‘ယခုလအစောပိုင်းမှာ ကျွန်ုပ်ထံ ပေးပို့လိုက်သော သင်တို့၏ ထုတ်ဖော်ပြောဆိုချက်များနှင့်ဆုံးဖြတ်ချက်များကို လက်ခံရရှိတဲ့အတွက် အသိအမှတ်ပြု ဂုဏ်ယူပါတယ်’ လို့ အစချီထားပါတယ်။  ဒီစာမှာ လင်ကွန်းက မန်ချက်စတာ ချည်စက်အလုပ်သမားများရဲ့ မုန်တိုင်းထန်သော ၁၈၆၂ နှစ်ကုန် ပိုင်းမှာကျင်းပခဲ့တဲ့ လွတ်လပ်စွာကုန်သွယ်ရေး မြို့တော်ခန်းမဆောင်ညီလာခံဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောဆိုတာဖြစ်တယ်။ (တောင်ပိုင်းခွဲထွက်)ကွန်ဖက်ဒရေစီများရဲ့ အတ္တလန်တိတ်ဆိပ်ကမ်းများကို (မြောက်ပိုင်းယူနီယံ) ပြည်ထောင်စုတပ်များကပိတ်ဆို့ထားမှုကို ထောက်ခံတဲ့အနေနဲ့ တောင်ပိုင်းကျွန်တွေ စိုက်ပျိုးဆွတ်ခူးပေးရတဲ့ ဝါဂွမ်းထုပ်တွေကို (အင်္ဂလိပ်အလုပ်သမားများက) သယ်ပို့ပေးဖို့ ငြင်းဆန်တာဖြစ်တယ်။ ထိုစဉ်က ဗြိတိသျှနန်းရင်းဝန် လော့ပါမာစတန် Lord Palmerston က ဗြိတိသျှ ချည်စက်ပိုင်ရှင်များနဲ့ သင်္ဘောကုမ္ပဏီများရဲ့တောင်းဆိုချက်အတိုင်း ပိတ်ဆို့မှုအား အင်အားသုံးဖြိုခွဲဖို့ တော်ဝင်ရေတပ်ကိုအမိန့်ပေးတယ်။ ကျွန်ပြည်နယ်များအပေါ် အမှီပြုကာ တင်သွင်းလာတဲ့ဝါဂွမ်းထုပ်များ ပြတ်လပ်မှုကြောင့် ထိခိုက်နေတဲ့ ဗြိတိသျှချည်ထည်လုပ်ငန်းရဲ့အနာဂတ်ကို ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့… Read More »

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ် (ကိုထွေး)

ကာချုပ်ရဲ့ ဒီလိုသဘောထားမျိုးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဝေးလွန်းပါတယ်။ (ကိုထွေး) အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၄)မှာ ဖော်ပြမယ့်ဆောင်းပါး ဗမာပြည်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေမှု မတားဆီးနိုင်ခြင်းမှာ ပြည်ပက ကူညီမှုတွေရှိနေတာကြောင့်လို့ သူ့ရဲ့ ရုရှားမီဒီယာတခုနဲ့အင်တာဗျူးမှာ ပြောသွားပါတယ်။ ဒီပြောဆိုပုံဟာ ကိုယ့်ကြောင့် ဖြစ်နေတာဆိုတဲ့အကြောင်းရင်းကို ဖုံးကွယ်ပြီး ကိုယ့်အပြစ်ကိုသူများတွေအပေါ် ပုံချလိုက်တဲ့ အပြောပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။  ဒီလိုစကားကို ရုရှားနိုင်ငံမှာ၊ မီဒီယာမှာ၊ ခုလို ရွေးကောက်ပွဲ အကြိုကာလမှာ ပြောလိုက်တယ်ဆိုတော့ သူ့မှာ တခြားရည်ရွယ်ချက် တွေလည်း ရှိလိမ့်မယ်ဆိုတာ အားလုံးက သဘောပေါက်ကြမှာပါပဲ။ ဒီမှာ သူ့ရဲ့တခြားရည်ရွယ်ချက်များအကြောင်းမပြောဘဲ ငြိမ်းချမ်းရေးမရ ရတဲ့အကြောင်းကိုပဲ ပြောချင်ပါတယ်။ အင်တာဗျူးမှာပြောတဲ့သူ့စကားကို အဓိပ္ပာယ်ကောက်ရရင် ပြည်ပက ကူညီမှုတွေမရှိခဲ့ရင်တော့ စစ်တပ်က ပြည်တွင်းရှိ လက်နက် ကိုင်အင်အားစုအားလုံးကို အပြတ်ချေမှုန်းနိုင်ပြီး သူတို့လိုချင်တဲ့ပုံစံနဲ့ခင်းပေးထားတဲ့ ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်နိုင်မှာပဲလို့ ပြောလိုက်တာဖြစ်ပါတယ်။  အဓိက- က ဒီစိတ်ဓာတ်၊ ဒီစိတ်နေသဘောထား၊ ဒီအတွေးအခေါ်ကြောင့်ပဲ ပြည်တွင်းစစ် အဆုံးမသတ်နိုင်ဘဲ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်တာဖြစ်ပါတယ်။ ဒီစိတ်ဓာတ်မျိုးကိုကိုင်စွဲနေသမျှ ခုခံဆန့်ကျင်တိုက်ပွဲဝင်နေသူများက ဆက်လက်တိုက်ပွဲဝင် နေမှာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ရဖို့ကလည်း အလှမ်းဝေးနေဦးမှာသာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတာရဲ့ အရင်းခံပြဿနာဟာ ဒီမိုကရေစီရေးနဲ့အမျိုးသားတန်းတူရေးမရှိလို့ဆိုတာ စစ်အုပ်စုက မှန်ကန်တဲ့ စိတ်ရင်းသဘောထားနဲ့ လက်ခံတာမျိုး မရှိပါ၊… Read More »

ကမ္ဘာကြီးကို စစ်နှုတ်ခမ်းဆွဲပို့နေတဲ့အိမ်ဖြူတော်နဲ့ပင်တာဂွန်ကအာဏာရှိသူတွေ

စစ်အေးစစ်ပွဲဆိုတာကြီး ပြီးသွားတာ အနှစ်သုံးဆယ်နီးပါး ရှိပြီဖြစ်ပေမယ့် စစ်အေးစစ်ပွဲပြီးဆုံးသွားတာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နယ်မြေလုပွဲတွေကတော့ ဒီနေ့အထိ မပြီးဆုံးနိုင်တာကို ကမ္ဘာအနှံ့အပြားမှာ တွေ့နေကြရပါတယ်။ စစ်အေးစစ်ပွဲနဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့အကြားမှာ မတူတာတခုက တကယ်အားပြိုင်တဲ့ဘက်နှစ်ဘက်တို့ တဦးနဲ့တဦး ထိပ်တိုက်စစ်ရေးအရ မရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ကမ္ဘာစစ်တွေဟာ နယ်မြေလုတဲ့စစ်ပွဲလို့ ခေါ်ဆိုနိုင်သလို စစ်ကြီးတွေ ပြီးသွားတဲ့အခါမှာလည်း ကိုလိုနီ၊ ဒါမှမဟုတ် ကိုလိုနီတပိုင်းနိုင်ငံတွေ၊ သြဇာခံနယ်မြေတွေ ခွဲဝေပြီးသားဖြစ်သွားပေမယ့် စစ်အေးစစ်ပွဲ ပြီးသွားတဲ့နောက်မှာတော့ နယ်မြေလုပွဲ၊ သြဇာခံဒေသလုပွဲတွေဟာ ဒီတော့မှ စတယ်လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို အနှစ်လေးဆယ်ကျော် ပြဋ္ဌာန်းခဲ့တယ်လို့ ဆိုနိုင်လောက်တဲ့ စစ်အေးစစ်ပွဲဟာ ဆိုဗီယက်ယူနီယံနဲ့ ဝါဆောအုပ်စုပြိုကွဲပြီးတဲ့နောက်မှာ ပြီးဆုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။ ထူးခြားတာက စစ်အေးစစ်ပွဲလို့ ဆိုတဲ့အတိုင်း ကမ္ဘာစစ်ကြီးတွေလို ပစ်တာခတ်တာ၊ ဗုံးကြဲတာ၊ ဒုံးပစ်တာတွေနဲ့ ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အေးစစ်ပွဲ ပြီးဆုံးသွားတဲ့နောက်မှာ ဆက်လက်ဖြစ်ပေါ်လာတာက အရင်စစ်ပွဲတွေပြီးဆုံးတဲ့နောက်မှာလိုပဲ (ကိုလိုနီ မဟုတ်ပေမယ့်) ကိုယ်ထင်သလိုလုပ်နိုင်တဲ့ သြဇာခံနယ်ပယ်တွေ လုယက်တာ၊ တိုးချဲ့တာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ နည်းနာတွေကလည်း စုံလှပါတယ်။… Read More »

ကာစတရို သို့မဟုတ် အနောက်တိုင်းက မီးရှူးတန်ဆောင်

> castro