Category Archives: ပါတီစိန္ရတု

(အပြောင်းအလဲဆိုရာ၌)

(အပြောင်းအလဲဆိုရာ၌)ရင်နှစ် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ UNGA ၌ပြောသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏မိန့်ခွန်းတွင် “ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး”ကိစ္စပါပါသည်။ ရုရှမှာ UNSC ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် ဗီတိုအာဏာသုံးခွင့်ရှိကြောင်းကို လက်ညှိုးထိုးပြောဆိုခဲ့ပါသည်။ ယခုတင်လာသည် သူ့အဆိုပြုချက်မှာ ကုလလုံခြုံရေးကောင်စီ UNSC အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအရေအတွက် တိုးချဲ့ဖွဲ့စည်းရန်ဖြစ်ပါသည်။ လက်ရှိ UNSC အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်သော အမေရိကန်၊ ရုရှ၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်တို့မှာ UNSC ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာဖြင့် ပယ်ချနိုင်ခွင့်ရှိသော်လည်း အလှည့်ကျအဖွဲ့ဝင် နိုင်ငံများတွင်မရှိကြောင်း အများသိပြီးဖြစ်ပါသည်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့က အယ်ဘေးနီးယားနှင့် အမေရိကန်တို့က ရုရှ၏ ယူကရိန်းကျူးကျော်စစ်ကို ပြစ်တင်ရှုတ်ချကြောင်း UNSC တွင် အဆိုတင်ခဲ့သော်လည်း ရှုရှ၏ဗီတိုအာဏာသုံးပယ်ချခြင်း ခံခဲ့ရပါသည်။ ထို အနီးကပ်ကိစ္စကို အကြောင်းပြု၍ အမေရိကန်တို့ဘက်မှ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးကို ဖိဖိစီးစီးပြောလာခြင်း ဖြစ်ပါသည်။ ဧပြီ ၁၉ ရက်နေ့က ကျင်းပသည့် UNSC အစည်းအဝေးတွင် UNSC ၏ ဗီတိုအာဏာသုံးမှုအား… Read More »

၂၁ ရာစု ကမ္ဘာနဲ့ ဗမာပြည်နွေဦးတော်လှန်ရေး

၂၁ ရာစု ကမ္ဘာနဲ့ ဗမာပြည်နွေဦးတော်လှန်ရေး ညီဌေးကျော် စစ်ကောင်စီဟာ အာဏာကိုလွယ်လွယ်သိမ်းခဲ့ပေမယ့် ဗမာပြည်သူလူထုကြီးရဲ့ ခုခံဆန့်ကျင်တော်လှန်မှုက ကြာလေကြီးမားပြင်းထန်လေဖြစ်လာတာကြောင့် အကျပ်အတည်း ကြီးသထက်ကြီးကာ အရူးမီးဝိုင်းဖြစ်နေပါတယ်။ မင်းအောင်လှိုင်ရုရှားမသွားခင် (၂၁ ဇွန်) ပြောခဲ့တဲ့ ကြည်းရေလေစစ်ဆင်ရေး လေးလပတ် အစည်းအဝေး (ပေါက်ကြားလာတဲ့)မိန့်ခွန်းမှာ – ကြေးစားတပ် ထိခိုက်ကျဆုံးများကြောင်း၊ တပ်နေရာ ချထားမှု ချီတက်ရှင်းလင်းမှု တပ်တည်-လိမ်လည်တင်ပြမှု မမှန်ကန်မှုများကြောင့်ဖြစ်ပြီး၊ တိုက်ပွဲမှာ ဦးဆောင်သည့်ခေါင်းဆောင်များရဲ့ အားနည်းချက် အများကြီးတွေ့ရကြောင်း၊ လုပ်ရဲကိုင်ရဲ သတ္တိမရှိဘဲကြောက်ရွံ့ကာ အမိန့်နာခံမှုမရှိသည့် ဖြစ်စဉ်များ တွေ့နေရကြောင်း စသဖြင့် ပြောသွားပါတယ်။ ဒါဟာ ကြေးစားတပ် အထိနာနေတာဖြစ်ကြောင်း ဝန်ခံရတာဖြစ်သလို အောက်ခြေ တပ်မှူးတပ်သားတွေကို လူကြောက်တွေဆိုပြီး အပြစ်ဖို့သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင် အာဏာသိမ်းစစ်ကောင်စီဟာ ပြည်တွင်းစစ်ကိုရပ်ဖို့၊ (လုသတ်ရှို့) ဖြတ်လေးဖြတ်ပေါ်လစီကို စွန့်လွှတ်ဖို့၊ ဆင်းရဲတွင်းနက်နေတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ငဲ့ကွက်ဖို့၊ ဂုဏ်သိက္ခာကျဆင်းနေတဲ့ တိုင်းပြည်ကို တညီတညွတ်တည်း ပြန်လည်တည်ဆောက်ဖို့ ဆိုတာတွေကို – စဉ်းစားချက်မရှိ တဲ့အပြင် စစ်မင်းဆက်တည်တံ့ရေးအတွက် ပြည်တွင်းစစ်ကို ဘက်စုံတိုးချဲ့ကာ၊ စစ်အုပ်စု-… Read More »

မင်းအောင်လှိုင် ရုရှားသွားတောလား မောင်သန်းမြရွှေ

မင်းအောင်လှိုင် ရုရှားသွားတောလား မောင်သန်းမြရွှေ အာဆီယံအထူးသံကော ကုလသမဂ္ဂသံပါ ဗမာပြည်ခရီးစဉ်မှာ လက်ဗလာနဲ့ပြန်သွားရရုံတင်မက အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရကောင်းလားလို့ မင်းအောင် လှိုင်(ဝန်ကြီးချုပ်ဆိုသူ)က ကြေညာချက်ထုတ်ပြီး ရန်ထောင်တာ ခံခဲ့ရပါတယ်။ လာမယ့်လတွေမှာ ကုလသမဂ္ဂအထွေထွေညီလာခံ နီးကပ်လာတာနဲ့အမျှ စစ်ကောင်စီဟာ နိုင်ငံခြားဆက်ဆံရေး သံတမန်အကျပ်အတည်းက လွတ်ရာလွတ်ကြောင်းအားကိုးရှာရင်း မင်းအောင် လှိုင်ရဲ့ ရုရှားခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် ရုရှားကို အကြောင်းရှာပြီး အခေါက်ခေါက်အခါခါ (၈ ကြိမ်) သွားခဲ့ပေမယ့် သာမန်နိုင်ငံခြားဧည့်သည်အနေနဲ့ သွားခဲ့တာဖြစ်ပါတယ်။ ယခုခရီးစဉ်မှာ ဗလာဒီဗော့စတော့ အရှေ့ ဖျားစီးပွားရေးဖိုရမ် EFF တက်ရောက်ဖို့ ဖိတ်ကြားချက်ကြောင့် သွားရောက်တာဖြစ်ပြီး သမ္မတ ပူတင်နဲ့လည်း သီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပူတင်နဲ့တွေ့ရာမှာ မင်းအောင်လှိုင်က (သမ္မတပူတင်ရဲ့ဦးဆောင်မှုကြောင့် ရုရှားနိုင်ငံ ယခုလို ထိပ်တန်းနိုင်ငံ ဖြစ်လာကြောင်း၊ ပူတင်ဟာ ရုရှားနိုင်ငံခေါင်းဆောင်တဦးသာမက ကမ္ဘာ့ခေါင်းဆောင် တယောက်ဖြစ်ပြီး ကမ္ဘာ့ရေးရာမှာ သမာသမတ်ကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်နေသဖြင့် များစွာချီးကျူးဂုဏ်ပြုပါကြောင်း) စသဖြင့်ပြောပါတယ်။ မစ္စတာပူတင်တော့ ဘယ်လိုနေမလဲမသိ၊ ဗမာပြည်သူတွေကတော့ မင်းအောင်လှိုင်ရဲ့ “မြင်းထိန်း ငတာချီးမွမ်းခန်း”ကို… Read More »

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက်ပါတီနေ့ကို အထိမ်းအမှတ်ပြုခြင်း

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက်ပါတီနေ့ကို အထိမ်းအမှတ်ပြုခြင်း ရဲဘော်ဗလူ အခုလာမယ့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက် နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ပါတီရဲ့ အရှေ့မြောက်လွတ်မြောက်ရေး အခြေခံဒေသကို ရောက်တဲ့အခါမှာတော့ အဲဒီနေ့ ကို သြဂုတ်လ ၁၅ ရက်ကို သင်္ကေတပြုပြီး (၈၁၅)နေ့ လို့ခေါ်တယ်လို့ သိရှိနားလည်ခဲ့ရပါတယ်။ ပါတီရဲ‌ဘော်များဟာ တော်လှန်ရေးတရပ်ရဲ့ အကွေ့အကောက်၊ အတက်အဆင်းများကိုဖြတ်သန်းရင်း ကိုယ့်ပါတီရဲ့ပါတီနေ့နဲ့ တော်လှန်ရေး နေ့များကိုတော့ ရောက်တဲ့နေရာ၊ ရတဲ့အနေအထားနဲ့ အထိမ်းအမှတ်ပြုလိုကြပြီး  အထိမ်းအမှတ်လည်း ပြုကြ စမြဲပါပဲ။ အခုလည်း ကျရောက်လာတော့မယ့် မိခင် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၃ နှစ်မြောက် မင်္ဂလာအခါသမယကို ဒီဆောင်းပါးနဲ့ အထိမ်းအမှတ်ပြုလိုက်ပါတယ်။  (၁) ပါတီနေ့ အထိမ်းအမှတ်ပြုမှုအကြောင်းများကို မပြောမီ ကွန်မြူနစ်ပါတီဆိုတာဘာလဲဆိုတဲ့ပြဿနာကို အရင်ပြောဖို့ လိုပါတယ်။  ကွန်မြူနစ်ပါတီဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဘူး။ မြေကြီးထဲက ပေါ်ပေါက်လာတာလည်း မဟုတ်ဘူး။ ကွန်မြူနစ်ပါတီဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှ  သမိုင်းလိုအပ်မူအရ ပေါ်ပေါက်လာတာပါ။ အားလုံးသိကြတဲ့အတိုင်း လူ့အဖွဲ့အစည်းဆိုတာ ရှေးပဒေသာပင်ခေတ်၊ ကျေးကျွန်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်-ကွန်မြူနစ်ခေတ်… Read More »

သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့။

သုံ့ပန်းပေါ်လစီကို လက်တွေ့ကျင့်သုံးကြပါစို့။ လှကျော်ဇော ၁၉၈၉-စက်တင်ဘာ(၁၉)ရက်နေ့ န၀တ အာဏာသိမ်းအပြီးမှာ တိုင်းပြည်တ၀န်းက ၈ လေးလုံးအရေးတော်ပုံကြီးမှာပါဝင်ခဲ့သူအများအပြားနီးစပ်ရာ တောတွင်းအဖွဲ့အစည်းများထဲသို့ ပြေးဝင်ခိုလှုံ ရောက်ရှိလာကြပါတယ်။ ဒီမှာတင်ကျွန်မတို့ဗမာပြည်ကွန်မြူနစ် ပါတီဌာနချုပ်ရှိရာ ပန်ဆန်းကို ရှမ်းပြည်တဝိုက်က လူငယ်တွေအသုတ်လိုက် ရောက်ရှိလာကြပါတယ်။ ဒီတော့ ပါတီက လက်ခံစောင့်ရှောက်ထားပြီး စစ်ရေး-နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ တနေ့တော့ သင်တန်းဆရာက ပါတီရဲ့စည်းကမ်းကြီး(၃)ရပ်။ သတိပြုရန်(၈)ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပို့ချပါတယ်။(ဒီအထဲမှာ သုံ့ပန်းများကိုညှင်းပန်းနှိပ်စက်ခြင်းမပြုရ ဆိုတဲ့သုံ့ပန်းပေါ်လစီပါပါတယ်။) အမေးအဖြေ အချိန်ရောက်တော့ သင်တန်းသားတဦးက ကျွန်တော်ကျန်တာအားလုံး လိုက်နာနိုင်တယ်။ သုံ့ပန်းပေါ်လစီ တော့ မလိုက်နာနိုင်ဘူးလို့ဆိုပြီး သူမျက်စေ့အောက် ဆန္ဒပြပွဲတွေမှာ စစ်သားတွေပစ်တဲ့ ကျည်ဆန်ကြောင့် သေဆုံးကုန်ကြရတဲ့ သူ့တိုက်ဖော်တိုက်ဖက်ရဲဘော်များအကြောင်း ငိုကြီးချက်မနဲ့ ပြောပြပါတော့တယ်။ ကျန်သင်တန်းသားများကလည်းတယောက်တပေါက် ၀င်ပီးထောက်ခံပြောဆိုပါတော့တယ်။ ဒီလိုပြည်သူတွေအပေါ်ရက်စက်ထားတဲ့စစ်သားတွေပြန်မိလို့ကတော့ဘယ်လိုလုပ်ခွင့်လွှတ်နိုင်မှာလဲတဲ့။ သူတို့ရက်စက်ခဲ့သလို ပြန်ပြီး ရက်ရက်စက်စက်ကို နှိပ်စက်ရမှာတဲ့။ သင်တန်းဆရာက ပြောသမျှ အားလုံးနားထောင်ပြီးမှ အခု ခင်ဗျားတို့ကိုစစ်သင်တန်းပေးနေတဲ့ဆရာကိုဘယ်လိုသဘောရသလဲလို့မေးပါတယ်။ ဆရာက သိပ်သဘောကောင်းတာ၊ကျွန်တော်တို့အပေါ်လည်း ညီရင်းအစ်ကိုလိုဆက်ဆံပြီး သင်တန်းပေးရာမှာလည်း သိပ်စိတ်ရှည်တာ။ ကျွန်တော်တို့အားလုံးက သူ့ကို ချစ်လည်း ချစ် လေးလည်းလေးစားတယ်တဲ့။ ဒီတော့မှ သင်တန်းမှူးက အဲဒီ… Read More »

သေဒဏ်က မင်းအောင်လှိုင်ကို မကယ်နိုင်ဘူး(မြစမ်းအေး)

ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်တဲ့သေဒဏ်က မင်းအောင်လှိုင်ကို မကယ်နိုင်ဘူး(မြစမ်းအေး) ပြည်တွင်းပြည်ပက ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက မင်းအောင်လှိုင် အာဏာသိမ်း စစ်ကောင်စီက ကိုဂျင်မီ ကိုဖြိုးဇေယျာသော် နဲ့ ကိုလှမျိုးအောင် ကိုအောင်သူရဇော်တို့လေးဦးကို ၂၄ ဇူလိုင်က သေဒဏ်ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးစီးကြောင်း ထုတ်ပြန်တယ်။ မဆလဗိုလ်နေဝင်းက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်ခဲ့ပြီးနောက်ပိုင်း ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့အပေါ် သေဒဏ်စီရင်ချက် ပြန်အသက်သွင်းလာတာ ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ကို သေဒဏ်စီရင်လိုက်တဲ့အတွက် လူထုက ကြောက်ရွံ့မသွားရုံတင်မက ပိုလို့သာမုန်းတီးရွံရှာ ဆန့်ကျင်လာကြရာက ဗိုလ်နေဝင်းမဆလအစိုးရ တဇာတ်သိမ်းခဲ့ရပါတယ်။ တကယ်က တရားဥပဒေကို ခုတုံးလုပ်(အလွဲသုံးစားလုပ်)ပြီး သေဒဏ်စီရင်တယ်ဆိုပေမယ့် မင်းအောင်လှိုင်ဖက်ဆစ်တပ်က တတိုင်းပြည်လုံးမှာ လက်နက်အားကိုး လူမဆန်စွာ လုယက်ဖျက်ဆီး (အရှင်လတ်လတ်) မီးရှို့သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုများကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတာပါ။ ICJ နိုင်ငံတကာတရားရုံးမှာ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲရာမှာလည်း လောလောလတ်လတ် အရှုံးနဲ့ရင်ဆိုင်နေရတာပါ။ သေဒဏ်ကိုအတည်ပြုပြီး သတ်စေအမိန့်ကို နောက်ဆုံးပေးခဲ့သူဟာ မင်းအောင်လှိုင်ပဲဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ စကစပြောခွင့်ရဆိုသူက ပြစ်ဒဏ်မစီရင်သေးဘူး၊ လုပ်ထုံးအဆင့်ဆင့်အတိုင်း လုပ်မှာပါလို့ပြောပြီး နောက်ရက်မှာပဲ သေဒဏ်စီရင်ခဲ့တာပါ။… Read More »

စစ်နဲ့တော်လှန်ရေးကြားက ဗမာပြည် (ကိုတူး)

စစ်နဲ့တော်လှန်ရေးကြားက ဗမာပြည် (ကိုတူး) အာဆီယံအထူးသံ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ဖနွမ်းပင်ပြန်ရောက်တော့ သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ – မင်းအောင်လှိုင်က တွေ့ဆုံဆွေးနွေးပွဲအတွက် ကြိုတင်သတ်မှတ်ချက်သုံးရပ်ကို ပြောတယ်လို့ The Nation သတင်းစာက ဖော်ပြပါတယ်။ (စကစ)အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့နဲ့ ၂၀၀၈ ခြေဥကို ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ အခြေခံမူအဖြစ်ထားဖို့ ဖြစ်တယ်လို့ဆိုတယ်။ အဓိပ္ပာယ်က (အာဏာသိမ်းတာကိုလက်ခံ၊ NUG ကိုဖျက်၊ ၂၀၀၈ အောက်ကိုပြန်ဝင်) ဖို့ပါပဲ။ ပရက်ဆော့ခွန်း တလက်စတည်း ပြောတာက – ကျန်ခြောက်လသက်တမ်းမှာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် မိမိ(အထူးသံ)မှာ နတ်ဆေးလည်းမရှိ၊ မှော်ဆရာလည်းမဟုတ်ဘူး လို့ဆိုပါတယ်။ နောက်ဆက်ပြောတာက – ကမ္ဘောဒီးယားမှာ ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများမှာ ဝဏ္ဏမောင်လွင်ကို မဖိတ်၊ နိုင်ငံရေးကိုယ်စားမပြုသူ အရာရှိတဦးကိုသာ ဖိတ်ထားကြောင်း ပြောတယ်လို့ဆိုပါတယ်။ အာဆီယံအထူးသံရဲ့နောက်မှာ ကုလသမဂ္ဂနဲ့တကွ အရှေ့ အနောက် နိုင်ငံကြီးများက ရပ်ခံပေးထားတာဖြစ်လို့၊ သူ့မှတ်ချက်စကားက ဘယ်လောက်တာသွားတယ် ၊ မင်းအောင်လှိုင်(စကစ)ဟာ နိုင်ငံတကာ့အလယ်မှာ အထီးကျန်ဖြစ်ပြီး ဘယ်လိုဆရာမနိုင်နှစ်ဆောင်ပြိုင် ဖြစ်နေတယ်ဆိုတာ… Read More »